Chapters

မြောက်ပိုင်းကိုရှာဖို့က ရူးလွန်းတယ်ျ

Vol. 52 Ch. 1032

မြောက်ပိုင်းကိုရှာဖို့က ရူးလွန်းတယ်ျ

Vol. 52 Ch. 1032

“ဥက္ကဌဖေးကာ သခင်ဟွမ်ကျို့က ကျုပ်သားကို ထျန်းလင်အသီးပေးခဲ့တ တာကိုမသိဘူးလား၊ ခင်ဗျားက သူများကိုအထင်သေးမှတော့ သူ့ဆီကနေ ဘာလို့ ထျန်လင်အသီးလိုဦးမှာလဲ” ချင်းသွမ့်သည် အေးစက်သောမျက်နှာနှင့် ပြောလေသည် “ပြီးတော့ ထျန်လင်သီးကို သုံးပြီးတာကြာပြီလို့ ပြောပြီပြီလေ၊ ခင်ဗျားပြောတဲ့ အကျိုးအမြတ်ကို ကျုပ်တို့နှင်းဝံပုလွေက လိုလည်းမလိုဘူး လက်လည်းမခံဘူး”

နှင်းဝံပုလွေသည် ထပ်ပြီး မရှုပ်ချင်တော့ပေ။ သူသည် သာမန်ဦးနှောက် နှင့်လူဖြစ်သည်။ ထိုအရာမှအကျိုးအမြတ်မထုတ်ချင်တော့ပေ။

“ကြည့်ရတာ ခင်ဗျားက စားတာသောက်တာထက်ပိုပြီး ဘာမှမလုပ် တတ်ဘူးထင်တယ်၊ အက်စ်အဆင့်တာဝန်ပြီးတာနဲ့ အက်စ်အဆင့်ကြေးစား အဖွဲ့ဖြစ်လာမယ်လို့ တကယ်ထင်နေတာလား၊ ဟင်း အေအဆင့်ရာထူးကို စိုက်ကြည့်နေကြတဲ့ ကြေးစားအဖွဲ့တွေအများကြီးရှိတယ်၊ သူတို့အနောက်မှာ ရာချီရှိတယ်” ဖေးကာသည် စည်းဝိုင်းဘေးနားမှ ကြေးစားများကို လက်ညှိုးထိုး ပြီး အော်လေသည်။

စင်ပေါ်တွင်ရပ်ပြီး ချင်းသွမ့်သည် အလွန်ပင်ရှက်လာသည်။ သူသည် သုန်မှုန်သောမျက်နှာနှင့် ခန္ဓာကိုယ်မှ ညှဉ်းပန်းသည့်ရောင်ဝါထုတ်လေသည် “ဥက္ကဌဖေးကာ လွန်မလာဖို့ အကြံပေးချင်ပါတယ်၊ ခင်ဗျားရဲ့လက်ရှိရာထူးမှာ အရမ်းကြီးတင်းမနေနဲ့”

“ဟားဟား ခင်ဗျားလေသံကိုနားထောင်ရတာ ကျုပ်ကို တွန်းချတော့မှာ လား” ဖေးကာသည် ဟာသတစ်ခုကို ကြားလိုက်ရသလိုပင်။ သူ့ခန္ဓာကိုယ်မှ မိုးပြာရောင်စွမ်းအင်သည် မီးတောက်ကဲ့သို့ တောက်လောင်လာပြီး ဓား ၉ လက် ဝိညာဉ်ဂိုဏ်း၏ခွန်အားနှင့် ကိုယ်ထင်ပြကဲ့သို့ ချင်းသွမ်၏ရှေ့တွင် ရန်စသော အဓိပ္ပာယ်နှင့်ပေါ်လာလေသည်။ သူ၏လက်သည် ချင်းသွမ့်အား အသာအယာ ပုတ်လေသည် “နှင်းဝံပုလွေကြေးစားအဖွဲ့က ဟွမ်ချန်းနဲ့ ပူးပေါင်းပြီးတော့ ကြေးစားအစည်းအရုံးရဲ့ ပေါင်းစည်းမှုကို လက်မခံဘူး၊ ဒီနေ့ ကြေးစား အစည်း အရုံးရဲ့ ကိုယ်စား သင်ခန်းစာကောင်းကေင်းပေးမယ်”

ဖေးကာ၏ခန္ဓာကိုယ်မှ လေလှိုင်းတစ်ခုပေါ်ထွက်လာသည်။ ထိုအချိန် တွင် မရေမတွက်နိုင်သော ပုံရိပ်များသည် ကြေးစားအစည်းအရုံး၏ကောင်းကင် အထက်တွင် ပျံလာလေသည်။ သူတို့သည် ဝိညာဉ်းဂိုဏ်းအဆင့်ရှိသော သခင် များဖြစ်ကြသည်။ တာဝမြို့တွင် အထိုင်ကျသော သန်မာသောလူ အများအပြား ရှိကြသည်။ သို့သော် စဉ်းစားကြည့်လျှင်လည်း အဓိပ္ပာယ်ရှိသည်။ ထို့အပြင် ရာချီသော ကြေးစားတပ်ဖွဲ့များလည်း ဤနေရာတွင် လာစုနေကြသည်။ ပုရွက်ဆိတ်သည် ဆင်ကိုသတ်နိုင်သည်။ တာဝန်ကျသခင်မှာ မနည်းသလို ကြေးစားတပ်စုမှာလည်း အများအပြားပင်။ မည်သူက ဖိနှိပ်နိုင်သနည်း။

ထို့ကြောင့်ပင် ဖေးကာသည် လွန်သထက်လွန်နေခြင်းပင်။ သို့သော် မည်သည့်ကြေးစားအဖွဲ့ကမှ ရှေ့ထွက်မလာရဲပေ။ အကြောင်းအရင်းမှာ ဤနေရာတွင်ရှိသည်။

အားလုံးပေါင်း ဝိညာဉ်ဂိုဏ်းငါးယောက်ပါဝင်သည်။ ထိုအချိန်တွင် မိုးပေါ် တွင်ရပ်လေသည်။ ထိုဝိညာဉ်းဂိုဏ်းငါးယောက်သည် အဆင့်နိမ့်ဓားများသာ ဖြစ်သော်လည်း နှင်းဝံပုလွေကြေးစားအဖွဲ့နှင့် ဖြေရှင်းရန်လုံလောက်သည်။

“ဟေ့လူ မြို့နဲ့လူတွေက ကြောက်မယ်လို့ထင်နေတာလား၊ ခင်ဗျား ထျန်လင်အသီးလိုချင်ရင် နောက်ဘဝမှရလိမ့်မယ်ဆိုတာ အကုန်သိတယ်၊ မြို့ကလူတွေအကုန်သေရင် ကောင်းကင်က ခင်ဗျားလက်ထဲကိုရောက်မှာ မဟုတ်ဘူး” ချင်းသွမ့်သည် လက်ကိုမြှောက်လေသည်။ သူ့လက်သည် ကောင်းကင်အထက်သို့ မြှောက်ကာ မောက်မာပြီး ဒေါသကြီးသောကြေးစား တစ်ယောက်သည် သေရည်ကောင်း ၁၈ လုံးသောက်ပြီး သွေးဆူသကဲ့သို့ဖြစ်နေ လေသည်။

အားကြီးသူ၏ စော်ကားခြိမ်းခြောက်ခြင်းကို ခံရပြီးနောက် သူသည် ယောက်ျားတစ်ယောက်ဖြစ်သော်လည်း ထိုအသံနေအသံထားကို မခံနိုင်ပေ။

သွေးများသည် သူ့ရင်ထဲတွင် ဆူပွက်လာသည်။ ချင်းယွိသည် ချင်းသွမ့် စစ်ကြေညာသည်ကိုကြားပြီးနောက် ခြေဖျားထောက်ကာ မိုးပေါ်သို့ ပျံသွား လိုက်သည်။ မိုးပေါ်တွင်ရပ်ပြီး မျက်နှာချင်းဆိုင်တွင်ရှိနေသော ဝိညာဉ်ဂိုဏ်းကို ကြောက်ရွံ့မှုနည်းနည်းမှမရှိသလိုနှင့် ရပ်လေသည်။

“ဟား ဟား မင်းတို့သားအဖက ဝိညာဉ်ဂိုဏ်းအဆင့်ပဲရှိတာကို ကြေးစား အစည်းအရုံးနဲ့ တိုက်ခိုက်ချင်သေးတယ်၊ ကိုယ့်သေလမ်းကိုယ်ရှာတာပဲ” ဖေးကာသည် လေပေါ်တွင်ရပ်နေသော ချင်းသွမ့်နှင့်သားဖြစ်သူတို့ကို လက်ညှိုးထိုးကာ ရယ်မောလေသည်။

ဓား ၉ လက်ဝိညာဉ်ဂိုဏ်းသည် ပြည်မကြီးတွင်ရှိနှင့်နေပြီဖြစ်သည်။ တာဝမြို့ကဲ့သို့ မြို့ငယ်တွင်မဆိုထားနှင့် နတ်ဘုရားအဆင့်အောက်မှလူများမှ လွဲပြီး တိုက်ကြီးတစ်ခုလုံးတွင် အားကောင်းသူမှာ နည်းပါးသည်။ ထို့ကြောင့်ပင် ဖေးကာသည် ရူးခါနေခြင်းပင်။