ဒီကောင်လေးက ဘယ်သူလဲ
Vol. 52 Ch. 1033
“ငါ့ကိုပါ ထည့်လိုက်ရင်ရော သခင်ကြီး”
သန်မာသောဖိနှိပ်မှုကို သယ်ဆောင်လာသည့် ကြည်လင်ပြီး စူးရှသော အသံတစ်သံသည် မြေပေါ်မှထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် မြေပေါ် မှ အနက်ရောင်ပုံရိပ်တစ်ခုသည် သူတို့ဆီသို့ပြေးလာလေသည်။ အသံဆုံးသည် နှင့် ပုံရိပ်ပေါ်လာပြီး မိုးပေါ်တွင် ပျောက်ကွယ်သွားကာ အားလုံးသည် မြေပေါ်မှ ပုံရိပ်ယောင်များကိုသာ မြင်လိုက်ရလေသည်။ ထိုမြင်ကွင်းသည် အားလုံးကို ထိတ်လန့်စေသည်။
“နတ်ဘုရာအးဆင့်လား” အားလုံး၏စိတ်ထဲတွင် ထိုစကားလုံးများကိုသာ တွေးမိလေသည်။ ဤလူငယ်သည် နတ်ဘုရားအဆင့်ဖြစ်သည်လား။ ဤမျှ ငယ်ရွယ်သည့် နတ်ဘုရားလား။
ပေထင်းဟွမ်၏အသွင်အပြင်သည် ရင်ပြင်တစ်ခုလုံး၏လေထုကို ရုတ်တရက် ထိုင်းမှိုင်းသွားစေသည်။ ဖေးကာပင်လျှင် ထိတ်လန့်ကာ အတန် ကြာသည်အထိ သတိပြန်မဝင်ပေ။ သူ့ရှေ့မှလူသည် လူငယ်လေးဖြစ်သည်ကို ရှင်းလင်းစွာမြင်ရပြီးနောက် အရှက်ရရာမှ ရုတ်တရက်ဒေါသထွက်လာသည်။ သူသည် လူငယ်ကြောင့် ကြောက်လန့်ရာမှ ပျာယာခတ်သွားသည်။ သူ၏ အကြောက်တရားသည် ဒေါသအဖြစ်ပြောင်းကာ ထိုဒေါသများအားလုံးကို ပေထင်းဟွမ်အပေါ်သို့ ပုံချလေသည် “သောက်ကောင် မင်းက ဘယ်သူလဲ၊ ဒါ ဘယ်လိုနေရာလဲဆိုတာသိလား၊ မင်းက ဘယ်လိုများ ဝင်စွက်ဖက်ရဲရတာလဲ၊ မင်းက စိတ်မရှည်တော့ဘူးထင်တယ်”
“နှင်းဝံပုလွေကြေးစားအဖွဲ့က ကျုပ်နဲ့ ဟွမ်ချန်းမှာ ပူးပေါင်းလိုက်ပြီလို့ ခင်ဗျားပြောခဲ့တာမဟုတ်ဘူးလား၊ ကျုပ်ထွက်မလာရင် ပူးပေါင်းတယ်ဆိုတာ ကို ဘယ်လိုသက်သေပြမှာလဲ” ပေထင်းဟွမ်သည် မိုးပေါ်တွင်ရပ်ကာ လက်ပိုက်နေသည်။ သူမ၏အသံမှ အလွန်အေးစိမ့်နေသည် “ပြီးတော့ ခင်ဗျား တို့က ကျုပ်ကို ထွက်လာအောင်လုပ်လိုက်တာပဲ”
သူမကို မည်သို့များ 'သောက်ကောင်' ဟုခေါ်ရဲသနည်း။
ဤမျှမောက်မာသည့်လူငယ်သည် ဓား ၉ လက်ဝိညာဉ်ဂိုဏ်းကို 'အမတ အဘိုးကြီး' ဟုခေါ်ရဲသည်။ သူမသည် သာမန်မျက်နှာမျိုးဖြစ်ကာ လူအုပ်ထဲကျ သွားလျှင်တောင် ရှာနိုင်မည်မဟုတ်ပေ။ ကြယ်များကဲ့သို့တောက်ပသော မျက်လုံးများမှလွဲပြီး သူမ၏တစ်ကိုယ်လုံးတွင် ပြောင်မြောက်သည့်အရာမရှိ ပေ။ ဤလူငယ်သည် မည်သူနည်း။
သို့သော် သူမသည် ဟွမ်ချန်းမှလာသည်ဟု ဆိုသောကြောင့် မည်သူမှ ဤလူငယ်အား လျစ်လျူမရှုရဲပေ။ သိသည့်အတိုင်းပင် ဇာမဏီမြို့သည် လူဆိုး လူမိုက်များကို မမွေးမြူဖူးပေ။ အရင်မိသားစုကြီးလေးခု ယခုဟွမ်ချန်းအပြင် အင်ပါယာကျောင်းတော်၏ခေါင်းဆောင်အပါအဝင် ဟွမ်ချန်းမှ ခွေးတစ်ကောင် ကြောင်တစ်မြီးသည် ပြည်မကြီးတွင် လူအများ၏အာရုံကို ဆွဲဆောင်နိုင်ကြ သည်။
လူငယ်၏အသွင်အပြင်သည် မထူးခြားသော်လည်း ဟွမ်ချန်းရှိ သရုပ်မှန် ကိုထုတ်ပြနေသော်လည်း သူ၏တစ်ကိုယ်လုံးတွင် စွမ်းအင်အတက်အကျမရှိ ပေ။ သူမသည် ဟွမ်ချန်းမှ တကယ်လာသလားဆိုသည်ကို မည်သူသိမည်နည်း။ ဖေးကာသည် ဒေါသတကြီးနှင့်စိုက်ကြည့်ပြီးပြောလေသည် “မင်း မင်း မင်း.. ငါ ဘယ်သူလဲဆိုတာ သိလား၊ မင်းက ငါ့ကြေးစားအစည်းအရုံးကို ရန်စရဲတယ်ပေါ့ မင်း မင်း မင်းရဲ့ သံမဏိကေးစားအဖွဲ့ကို ကြေးစားအစည်းအရုံးက ပိုင်တာကို မသိဘူးလား, ဟုတ်ပြီ ဟုတ်ပြီ ဒီအစည်းအရုံးခေါင်းဆေငါ်က မင်းကို သွေးသံ ရဲရဲဖြစ်အောင်လုပ်ပေးမယ်”
“မလိုတော့ပါဘူး” ပေထင်းဟွမ်သည် ဖေးကာအား အထင်သေးသည့် မျက်လုံးများနှင့် အထက်အောက်ကြည့်လေသည်။ သူမ၏နှုတ်ခမ်းထောင့်များ သည် အပေါ်သို့တက်သွားကာ ထူးဆန်းသောအပြုံးပြုံးလေသည် “ကျုပ်ကို အပြစ်ဖို့တဲ့သူတွေကို ဘယ်တော့မှ အသက်ရှင်ခွင့်မပေးဘူး၊ ကြေးစား အစည်းအရုံးခေါင်းဆောင်လည်း ကျုပ်ကို ထိခိုက်အောင်လုပ်ချင်နေတာလေ ခင်ဗျားက အသက်ကြီးလို့ ရှုပ်ထွေးသွားတာဖြစ်မယ်”
ထိုမှတ်ချက်ထွက်လာသည်နှင့် အပ်ကျသံမကြားလောက်အောင် တိတ်ဆိတ်သွားလေသည်။
ကောင်လေး မည်သို့ပြောလိုက်သနည်း။ လေထုသည် အေးခဲသွားသလို အားလုံးသည် အသက်အောင့်ထားကာ ပေထင်းဟွမ်၏ စကားများကို စဉ်းစား ရင်း ကြက်သီးများထမိကြသည်။ ကြောက်လန့်သောမျက်လုံးများသည် သူမ အပေါ်ကျရောက်လာသည်။ ပြိုင်ဘက်၏ခွန်အားကို သူမ သိသည်လား။ ဥက္ကဌ ဖေးကာသည် ကြယ် ၉ ပွင့်ဓားသမားဖြစ်သည်။ သူမကိုယ်သူမ ပေထင်းဟွမ်ဟု ထင်နေသည်လား။ သူမသည် တခြားသူများကို သတ်ချင်လျှင်တောင် ဖေးကာ ၏ သားရဲတွင်း တာဝမြို့သို့မလာသင့်ပေ။
ထိုအချိန်တွင် မူရှီ၊ ထောင်နောင့်နှင့်တခြားသူများသည် ပေထင်းဟွမ်အား လေးစားသည့်မျက်လုံးများဖြင့်ကြည့်ကာ ပေထင်းဟွမ်သည် အလွန်ခန့်ညားလှ သည်ဟု ခံစားမိကြလေသည်။ တခြားသူများသည် ပေထင်းဟွမ်၏သရုပ်မှန်ကို မသိကြသော်လည်း သူတို့သိကြသည်။ သူတို့သည် ထိုမျက်နှာကိုမမြင်ဖူးသော် လည်း သူမ၏ အကျင့်မှာအလွန်တရင်းတနှီးရှိလှသဖြင့် မြင်နိုင်ကြသည်။
မောက်မာလွန်းသည်။ တိုက်ကြီးတစ်ခုလုံးတွင် သခင်ပေထင်းဟွမ် တစ် ယောက်သာ ထိုသို့လုပ်နိုင်သည်။