တိုက်ခိုက်ကြမယ်
Vol. 52 Ch. 1034
မှင်တက်ပြီးသည့်နောက် အရှက်ရမှုကြောင့် ဒေါသပါပါလာသည်။ ဖေးကာ၏မျက်နှာသည် ချက်ချင်းပင် မည်းနက်သါားသည်။ သူ၏မျက်လုံးများ သည် ပေထင်းဟွမ်အား အဆိပ်လူးမြားကဲ့သို့ ပစ်လွှတ်လေသည်။ ထိုကောင်စုတ်လေးသည် သူ့ကို ထိုကဲ့သို့စကားလုံများကို ပြောရဲသည်။ ထိုစကားလုံးများသည် ကြမ်းတမ်းသောစကားများနှင့် စော်ကားသည်ထက်ပင် ပိုဆိုးသည့် အသက်ကိုခြိမ်းခြောက်နေသလိုပင်။
“လူငယ်ဆိုတိုင်း အဘိုးကြီးက ညှာနေမှာမဟုတ်ဘူး” ဖေးကာသည် ရင်ပြင်အထက်တွင် ရပ်ပြီး ဖိအားပါပါပြောလိုက်ရာ ရင်ပြင်ထဲမှ အားနည်း သောလူများသည် ကျောပြင်တွင် ချွေးအေးများပြန်လာလေသည်။
မရေမတွက်နိုင်သောမျက်လုံးများသည် မိုးပေါ်သို့မော်ကာ မိုးပေါ်မှ လူငယ်ကိုကြည့်ကြသည်။ ဖေးကာ၏ရောင်ဝါ၏ သက်ရောက်မှုကို မခံရ သကဲ့သို့ သူမ၏မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်သည်။ သူမ၏မျက်နှာတွင် အပြုံးတစ်ခုပင် စီးဆင်းနေကာ လက်မြှောက်ကာ ဖေးကာအား လက်ညှိုးထိုး လေသည်။ သူမ၏မျက်လုံးများမှ ဓားသွားကဲ့သို့ချွန်ထက်သော ရွှေရောင် အလင်းဖျော့ထွက်လာသည် “အဘိုးကြီး တိုက်ခိုက်ကြတာပေါ့”
အပိုတွေပြောမနေနဲ့ တိုက်ခိုက်ကြမယ်။
စကားဆုံးသည်နှင့် သူမ၏ပုံရိပ်သည် ပြိုင်ဘက်ဆီသို့ မိုးကြိုးသွားအလား ပြေးသွားရာ လေထဲတွင် ပုံရိပ်ယောင်များသာ ကျန်ခဲ့သဖြင့် အားလုံး၏မျက်လုံး များ ဝေဝါးသွားကြသည်။
ရွှေ့ပြောင်းခြင်း။ ဤအရာသည် နတ်ဘုရားအဆင့်မှသာ ဖြစ်နိုင်သည့် ရွှေ့ပြောင်းခြင်းပင်။
“သူ့အရှိန်က မြန်လိုက်တာ” မိုးပေါ်တွင် စူးရှသောအသံထွက်ပေါ်လာပြီး ဖေးကာ၏နှလုံးသည် ရုတ်တရက် တုန်ခါသွားလေသည်။ အစောလေးတင်က ပင် ပေထင်းဟွမ်၏မျက်လုံးထဲတွင် ရွှေရောင်ဖျော့အလင်းတစ်ခုကို မြင်လိုက်ရ သည်။ နတ်ဘုရားများတွင်သာရှိနိုင်သည့် ရွှေရောင်ဖျော့အလင်းတစ်ခုပင်။ ဤလူငယ်သည် အမှန်တကယ်ပင် နတ်ဘုရားဖြစ်နေသည်လား။ မဖြစ်နိုင်ပေ။ မည်သို့ဖြစ်နိုင်မည်နည်း။ နတ်ဘုရားအဆင့်ဖြစ်လျှင်တောင် သူမ၏နာမည် သည် တိုက်ကြီးတစ်ခုလုံးတွင် ပြန့်နေမည်။ ဖေးကာသည် ထပ်မံဒေါသထွက် လာပြန်သည်။ အစောလေးကတင် သူသည် စိတ်ထဲတွင် ကြောက်ရွံ့မှုကို ခံစား ရလေသည်။
သူသည် နှစ်ပေါင်းနှစ်ရာမျှ နေလာပြီဖြစ်သည်။ သူသည် မည်သို့များ လူငယ်တစ်ယောက်ကို ကြောက်နေရသနည်း။ အလွန်ပင် ရှက်ဖွယ်ကောင်းလှ သည်။
သို့သော် ပြိုင်ဘက်သည် နတ်ဘုရားအဆင့်ဖြစ်စေ သို့မဟုတ် သူမသည် သေလမ်းကိုလာရှာသဖြင့် သူ ပြန်သည်းခံနေရန်မလိုပေ “လုပ်လိုက်ကြတာပေါ့”
အသံဆုံးသည်နှင့် အားကောင်းသော အင်အားတစ်ခုသည် ဖေးကာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ့အနောက်တွင် အမိန့်ကိုလက်ခံရ ပြီးနောက် ဝိညာဉ်ဂိုဏ်းလေးယောက်သည် လှုပ်ရှားနေပြီဖြစ်သည်။ မိုးပေါ်တွင် လေများမွှေနှောက်ကာ စွမ်းအားသည်လည်း လေအတားအဆီးကို ဖြတ်ကာ မြောက်ဘက်သို့ ဦးတည်လေသည်။ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပေါ်လာ သည်။
ထိပ်ဆုံးဝိညာဉ်ဂိုဏ်းအပါအဝင် ဝိညာဉ်ဂိုဏ်းသခင်ငါးယောက်သည် ပေထင်းဟွမ်အား သေလမ်းပို့ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ထိုမြင်ကွင်းသည် ကောင်းကင်နှင့်မြေကြီးပေါ်မှလူများကို ငေးကြောင်ကြည့်စေသည်။ သူတို့သည် စိတ်လွတ်သွားလောက်အောင် ထိတ်လန့်မိလေသည်။
“ဟင်း” ပေထင်းဟွမ်သည် အေးစက်စွာနှာမှုတ်လေသည်။ သူမ သေချင် လျှင် နောက်ကျသွားပြီဖြစ်သည်။ မနေ့ညမတိုင်ခင်ဆိုပါက ဤပုံစံသည် သူမ ကို စိတ်ပျက်အားငယ်စေနိုင်မည်ဖြစ်ပြီး သူမသည် အဂူး၏စွမ်းအားသို့မဟုတ် မင်အား နှိုးကာကူညီခိုင်းရမည်ဖြစ်သည်။
ရှောင်ရှားခြင်းမရှိ ဝိညာဉ်စွမ်းအင်ကိုရွေ့လျားခြင်းမရှိဘဲ ပေထင်းဟွမ်၏ ပုံရိပ်သည် တည့်တည့်ပင်သွားလေသည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ် ပြီး အားပါပါခပ်ကြမ်းကြမ်း တွေဝေမှုမရှိထိုးလိုက်ရာ ရစ်လိပ်နေသောဝိညာဉ် စွမ်းအင်သည် ကြမ်းတမ်းစွ တိုက်မိလေသည်။
ကျွဲတစ်ကောင်လိုပင် တခြားလက်သီးတစ်ဖက်ထပ်မံထွက်လာပြန်၏။ ကိုယ်ထည်တိုက်ခိုက်မှု သက်သက်သာဆိုသော်လည်း အဖြူရောင်နူးညံ့သည့် လက်သီးနှင့် မိုးပြာရောင်စွမ်းအင်တို့သည် ပြင်းထန်စွာတိုက်မိလေသည်။
ဘုန်း...
တိုက်လိုက်သည့်အခိုက်အတန့်တွင် ကြမ်းတမ်းသော စွမ်းအင် လှုပ်ခါမှု လှိုင်းသည် ပေထင်းဟွမ်၏ လက်သီးကြောင့် ပေါက်ကွဲခဲ့သည်။ မိုးပေါ်မှ မြေကြီးအထိ လှိုင်းဂယက်သည် ချွန်ထက်သောဓားကဲ့သို့ မြေကြီးကို ဖြတ်လေ သည်။ ရင်ပြင်အထက်တွင် မြေကြီးကို အထူးပစ္စည်းများနှင့် ထွင်းထားသည်။ မရေမတွက်နိုင်သော တိုက်ပွဲများကို ကြုံတွေ့ပြီးသည့်တိုင်အောင် အသစ်လို ဖြစ်နေသည့် ရင်ပြင်သည် အက်ကြောင်းငယ်များဖြင့် ပေါက်ကွဲလေသည်။