← Chapters

နတ်ဘုရားအဆင့်သားရဲအိုကြီး

Vol. 52 Ch. 1035

နတ်ဘုရားအဆင့်သားရဲအိုကြီး

Vol. 52 Ch. 1035

ပုံရိပ်ငါးခုသည် တဟုန်ထိုးအရှိန်နှင့်အတူ အတူတကွနောက်ဆုတ်ကြ လေသည်။ ဖေးကပင်လျှင်နောက်သို့ ခြေလှမ်းငါးလှမ်းဆုတ်ကာ တခြားသော ဝိညာဉ်ဂိုဏ်းလေးယောက်တို့သည် မငြိမ်မသက်ဖြစ်သွားကြလေသည်။ အနေ အထားထိန်းရင်းနှင့်ပင် မိုးပေါ်မှပြုတ်ကျလေသည်။ မယုံနိုင်လောက်သောပုံရိပ် သည် ကြေးစားအစည်းအရုံးအတွက် အရှက်ရစရာဖြစ်နေသည်။

ဓား ၉ လက်ဓားသမားတစ်ယောက်နှင့် အဆင့်နိမ့်ဓားသမား လေး ယောက်တို့သည် ပြိုင်ဘက်၏ ထိုးချက်နှစ်ချက်နှင့်တင် နောက်ဆုတ်လိုက်ရ သည်။

လူငါးယောက်၏စွမ်းအားသည် မြို့တစ်မြို့ကို လှုပ်ခါနိုင်သော်လည်း ဤ ကောင်လေးကို မလှုပ်ခါနိုင်ပေ။

“အားကောင်းလိုက်တာ” ဖေးကာသည် ခေါင်းကိုအနည်းငယ်ငုံ့ကာ အန္တရာယ်ပြုမည့်မျက်လုံးများနှင့် ခံစားချက်မဲ့စွာ မျက်နှာချင်းဆိုင်နေသော ပေထင်းဟွမ်အား စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများသည် အဆိပ်ပြင်း သည့် မြွေတစ်ကောင်လားပင်။ သို့သော် အထိုအရာကို မထိရဲမကိုင်ရဲလောက် အောင်ပင်။ ပြိုင်ဘက်သည် အလွန်အားကောင်းသည်။ ထိုအခိုက်အတန့်တွင် ဖေးကာသည် သံသယတချို့ဝင်လာသည်။ ဤလူငယ်သည် ဒဏ္ဍာရီလာ နတ်ဘုရားအဆင့်ဖြစ်သည်။ သူသည် ဒေါသတကြီးနှင့်ပြောမိလေသည် “ဟွန့် နတ်ဘုရားအဆင့် သားရဲအိုကြီးက တာဝမြို့က ကြေးစားတွေကို လာလိမ်နေ တာပဲ၊ ငါတို့ကြေးစားတွေက လိမ်တာကိုအမုန်းဆုံးဆိုတာကိုမသိဘူးလား”

တချို့ကြေးစားများသည် တက်ကြွမှုအပြည့်ရှိကြည်။ ကြေးစားတိုင်း သည် တစ်နှစ်ပတ်လုံး ဓားထိပ်ဖျားတွင် သွေးရင်းနှီးထားရသဖြင့် အသက်ကို တန်ဖိုးထားကြသည်။ သူသည်လည်း ရင်းနှီးမှုကို ဂရုအစိုက်ဆုံးဖြစ်ကာ လိမ် လည်ခြင်းကို အမုန်းဆုံးဖြစ်သည်။

“အဟွတ် အဟွတ်” ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်ပင် နောက်ဆုတ် မိလေသည်။ သည်မနက်ခင်းတွင်ပြောခဲ့သော ရှီရှောင်မို၏ စကားလုံးများသည် သူမ၏ နားထဲတွင် စွဲကျန်နေတုန်းပင်။ သူမသည် အသက်စစ်သလင်းကျောက် နှင့် တိတ်တိတ်လေး စစ်ဆေးခဲ့သည်။ သို့သော် ၁၅ နှစ်အရွယ်တွင် ပေထင်းဟွမ် သည် နှစ်ပေါင်းတစ်ရာကျော်အောင် နေလာခဲ့သော သားရဲအိုကြီးဟု အထင်မှား ခံနေရသည်။

အသက်နှစ်ရာကျော်နေလာခဲ့သော အဘိုးကြီးသည် ၁၅ နှစ်အရွယ် ကောင်လေးကို သားရဲအိုကြီးဟုခေါ်နေသည်။ ဤခံစားချက်သည် ဘာကြောင့် ထူးဆန်းနေသနည်း။

“ရှင် မနိုင်ရင် အရှုံးကို ဝန်ခံရလိမ့်မယ်၊ သူက သားရဲအိုကြီးပါလို့ ဘယ်သူ ပြောလဲ၊ ရှင်ကသာ သားရဲအိုကြီဂပဲ၊ ရှင်တို့တစ်မိသားစုလုံးက သားရဲအိုကြီး လား” လူအုပ်ထဲမှ မုချင်းလင်သည် ဒေါသထွက်လွန်းသဖြင့် ဦးဆောင်ရှုတ်ချ လေသည်။

“ဟုတ်တယ် အဘိုးကြီး အသက် ၁၅ နှစ်တောင်မပြည့်သေးတဲ့ ကောင်လေးကို သားရဲအိုကြီးလို့ပြောတာ မရှက်ဘူးလား” မူရှီသည် ချက်ချင်း ပင် ပါဝင်လာသည်။ တကယ်တော့ ထိုရက်များတွင် ကြေးစားအစည်းအရုံး၏ ကြေးစားများအပေါ် ဆက်ဆံပုံကို သည်းခံခဲ့ပြီးဖြစ်သည်။ အလွန်ပင် ရှက်ဖို့ ကောင်းသည်။

“ငါ့နှင်းဝံပုလွေကြေးစားအဖွဲ့က ဒီလိုမျိုးလိမ်လည်မှုမျိုး တစ်ခါမှမလုပ်ဖူး ဘူး၊ မနိုင်တာနဲ့ လာအပြစ်မဖို့နဲ့ ဖေးကာ မင်းတို့ငါးယောက်က တစ်ယောက်ကို မနိုင်တာနဲ့ ဘာလို့ ဒီလောက်တောင် အရှက်မဲ့ရတာလဲ”

“ပြိုင်ဘက်က နတ်ဘုရားအဆင့်ဖြစ်ရင်တောင် ဘာမှားနေလို့လဲ”

“ဟုတ်တယ် နတ်ဘုရားအဆင့်ဖြစ်တောင် ဘာမှားနေလို့လဲ၊ နတ်ဘုရား အဆင့်က တိုက်ခိုက်လို့မရဘူးလို့ ဘယ်သူစည်းကမ်းထားထားလို့လဲ”

နှင်းဝံပုလွေမှလူများသည် ဒေါသထွက်ကြလေသည်။ နှင်းဝံပုလွေနှင့် ဆက်ဆံရေးကောင်းသည့် များစွာသော ကြေးစားတပ်ဖွဲ့များသည်လည်း ပါဝင် လာကြသည်။ ချက်ချင်းပင် ရင်ပြင်တစ်ခုလုံးမှ လေထုသည် ပူလောင်လာပြီး မိုးပေါ်ရှိ စစ်မြေပြင်ထက်တောင် ပို၍ပြင်းထန်လာသည်။

ဖေးကာနှင့်တခြားသူများ၏ မျက်နှာများသည် မည်းနက်လာကြသည်။ ထိုအခိုက်အတန့်တွင် လက်မြှောက်လိုက်ချိန်၌ သူ့အနောက်မှ ဝိညာဉ်ဂိုဏ်း လေးယောက်သည် ရောင်ဝါထုတ်လွှတ်ကာ ပေထင်းဟွမ်အား လွှမ်းမိုးလေ သည်။ မူလက သူတို့သည် လူငါးယောက်အားပေါင်းပြီး ပိန်လှီလှီကောင်လေး အား သတ်ပြီး နှင်းဝံပုလွေ၏မောက်မာမှုကို ချိုးချရန်ဖြစ်သည်။ သို့သော် ပြိုင်ဘက်၏စွမ်းအားတွင် ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မထားပေ။ ထိုအချိန်တွင် အခြေအနေကို ကယ်တင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဤကောင်လေး ကို သတ်ရန်ဖြစ်သည်။

ဖေးကာသည် ဓား ၉ လက်ဝိညာဉ်ဂိုဏ်းဖြစ်သော်လည်း သူ၏ ခွန်အား သည် ကြမ်းတမ်းသည်မှာတော့ လိမ်မရပေ။ သူသည် ကျင့်ကြံခြင်းရန် ခွန်အား ကိုမမှီခဲ့သော်လည်း ပေထင်းဟွမ်ကဲ့သို့ အားသာချက်ရှိသည်။

ထိုအချိန်တွင် အလွန်အားကောင်းပြီး အေးစက်သည့် ခွန်အားသည် သူ၏ ခန္ဓာကိုယ်မှထွက်ပေါ်လာသည်။ သူသည် တဖြည်းဖြည်းလက်မြှောက်လေ သည်။ တစ်ဖက်သည် မြူဖြင့်ဖုံးလွှမ်းနေပြီး လက်ဖဝါးပေါ်တွင် ပန်းအဖူးသည် ရေခဲအဖြစ် စုစည်းလေသည်။ ပန်းအဖူး တဖြည်းဖြည်းပွင့်လာသည်နှင့် တစ် ကမ္ဘာလုံးကို ရုတ်တရက် တိမ်မည်းများဖြင့် ဖုံးအုပ်သွားပြီး လေအေးများ တိုက်ခတ်လာသည်။ မိုးပေါ်မှ ရေခဲနှင့် နှင်းများကျလာတော့မည့်အတိုင်းပင်။

All Chapters