← Chapters

ရေဝိညာဉ်စုံတွဲ

Vol. 52 Ch. 1036

ရေဝိညာဉ်စုံတွဲ

Vol. 52 Ch. 1036

ဤကဲ့သို့ကောင်းကင်နှင့်မြေကြီးမြင်ကွင်းသည် မြေပေါ်မှလူအုပ်ကို ကြောက်လန့်တကြား နောက်ဆုတ်သွားစေသည်။

“ဒါ ဒါက.. ဝမ်းတွင်းသားရဲက ရေခဲအမျိုးအစားလား” ပေထင်းဟွမ်သည် ခေါင်းကိုခါယမ်းလိုက်သည် “မဟုတ်ဘူး မဟုတ်သေးဘူး ရေခဲအမျိုးအစား စာချုပ်သားရဲ ဝိညာဉ်ဂိုဏ်းအဆင့်အရည်အချင်းပြမယ်ဆိုရင် ဒီလောက် အားပြင်းတဲ့စွမ်းအားရှိမှာမဟုတ်ဘူး”

သို့သော် ခဏအကြာတွင် မည်သို့ဖြစ်သွာသည်ကို ပေထင်းဟွမ် မမှတ်မိ တော့ပေ။ သူမသည် ဤကမ္ဘာအကြောင်းကို အနည်းငယ်သာသိသည်။ အသိ စိတ်ပင်လယ်မှတစ်ဆင့် ပေထင်းဟွမ်သည် အဂူးအားမေးလိုက်သည် “ကြည့် လိုက် ဘာတွေဖြစ်နေတာလဲ”

အဂူးသည် လေဟာနယ်ထဲမှကြည့်လေသည်။ သူလည်း အံ့ဩနေသည် “ဒီလူက တော်တော်ကံကောင်းတာပဲ ရေဝိညာဉ်စုံတွဲကို စုပ်ယူခဲ့တာပဲ” ပေထင်းဟွမ် နားမလည်နေသည်ကိုကြည့်ပြီး အဂူးရှင်းပြလေသည် “ကောင်းကင်နဲ့မြေကြီးကြားမှာ တစ်ခုရှိသေးတယ်၊ မြေကြီးမီး၊ ကောင်းကင်မီး၊ ပုံမှန်မီး၊ နတ်မီး၊ သန့်စင်တဲ့မီး၊ ဧကရာဇ်အဆင့်မီးဆိုပြီးရှိတယ်၊ ရေမျိုးစိတ် တွေမှာလည်း ရှိတာသေချာပေါက်ပဲ၊ အဆင့်အနေနဲ့ဆိုရင် ဒြပ်စင်တစ်ခု ရေ အမျိုးအစားဝိညာဉ်၊ ဒြပ်စင်နှစ်ခု ရေအမျိုးအစားဝိညာဉ်၊ ဒြပ်စင်သုံးခု ရေအမျိုးအစားဝိညာဉ်၊ နတ်ရေ၊ သန့်စင်တဲ့ရေ ဧကရာဇ်ရေဆိုပြီးရှိတယ်”

“နောက်တစ်မျိုးပြောရရင် ဒီလူရဲ့ရေမျိုးစိတ်က ကောင်းကင်မီးအဆင့်ထိ ရောက်တယ်ပေါ့” ပေထင်းဟွမ်သည် အံ့အားသင့်လျက်ရှိသည်။ နတ်ဘုရား သည် သူမကို မျက်နှာလိုက်ရုံတင်သာမကဘဲ ဖေးကာကဲ့သို့ လူယုတ်မာကို ရေမျိုးစိတ်နတ်သငယ်ကိုပေးခဲ့သည်။ ထို့ကြောင့် ဤမျှအားကောင်းနေခြင်း ပင်။

“ရေဝိညာဉ်စုံတွဲလား” ချင်းသွမ့်သည် ပြည်မကြီးတွင် ပထမတန်းစား ကြေးစားတပ်၏ ခေါင်းဆောင်ဖြစ်ထိုက်သည်။ သူသည် အရှေ့မှအနောက်၊ ကမ္ဘာအနှံ့ခရီးသွားခဲ့သည်။ လမ်းမည်မျှခရီးသွားပြီး မည်မျှမြင်တွေ့ခဲ့ရသည်ကို ပင် မပြောနိုင်တော့ပေ။ ရေခဲနှင့်နှင်းအရည်အချင်းသည် ရေဝိညာဉ်စုံတွဲတွင် သာရှိသည်။

“အတူသွားကြမယ်” ချင်းယွိသည် အန္တရာယ်တောထဲသို့ ပေထင်းဟွမ် တစ်ယောက်တည်း လွှတ်ရန်မဖြစ်နိုင်ပေ။ မည်မျှကြီးသည့် ကပ်ဘေးဖြစ်ပါစေ ပေထင်းဟွမ်သည် သူ့အတွက်လုပ်ခြင်းဖြစ်သည် “ဖေးကာ အဘိုးကြီး ကျုပ်တို့ နှင်းဝံပုလွေကို လူသေလို့ထင်နေတာလား”

တစ်ဖက်တွင် လူငါးယောက်ရှိသည်။ ထိုထဲမှတစ်ယောက်သည် ဓား ၉ လက် ဝိညာဉ်ဂိုဏ်းဖြစ်ပီဲး တခြားသူများသည် သူ့ထက်အရပ်ရှည်သည်။ သို့သော် မည်သို့ဖြစ်သနည်း။ သူသည် အသက်ပေးရလျှင်တောင် ရှောင်ကျို့နှင့် ဘေးချင်းယှဉ်တိုက်ခိုက်ချင်သည်။

ချင်းယွိနှင့် ချင်းသွမ့်တို့သည် အဆင့်နိမ့်ဓားဝိညာဉ်ဂိုဏ်းများဖြစ်ကြ သော်လည်း သူတို့၏တိုက်ရည်ခိုက်ရည်သည် အဆင့်မြင့်ဓားဝိညာဉ်ဂိုဏ်းများ ကို စိန်ခေါ်ရန်လုံလောက်သည်။ ၎င်းသည် တာဝမြို့တွင် မငြင်းနိုင်သော အချက်ဖြစ်သည်။ သူတို့နှစ်ယေဦက်သည် ပေထင်းဟွမ်အနောက်တွင် တိုက်ခိုက်နေကြသည်။ တခြားသော ဓားဝိညာဉ်ဂိုဏ်းသခင်လေးယောက်တို့ ချက်ချင်းပင် လဲကျသွားကြသည်။ သူတို့အတွက် ချင်းသွမ့်နှင့် ချင်းယွိတို့သည် ကြောက်စရာမရှိပေ။ ယခု သူတို့လိုချင်သည်မှာ ပေထင်းဟွမ်ဆိုသည့်လူငယ် သေရန်ဖြစ်သည်။

သို့မဟုတ် တခြားမြင်ကွင်းမှကြည့်လျှင် သူတို့လေးယောက်သည် ချင်းသွမ့်နှင့်ချင်းယွိတို့ ပေထင်းဟွမ်အား မကူညီနိုင်ရန် စောင့်ကြည့်ရန်လို သည်။ ထိုမှသာ သူတို့၏ဥက္ကဌသည် ပေထင်းဟွမ်အား သတ်ပြီး တာဝန် ပြီးမြောက်မည်ဖြစ်သည်။

ခန္ဓာကိုယ်အစွမ်းအစပြိုင်ဆိုင်ပြီးနောက် သူတို့၏ဥက္ကဌသည် ပေထင်းဟွမ်လောက် မစွမ်းနိုင်သည်ကိုတွေ့လိုက်ရသည်။ မဟုတ်ပေ။ သူတို့ ငါးယောက်ပေါင်းလျှင်တောင် သူမလောက် မကောင်းနိုင်ပေ။ သို့သော် ဥက္ကဌ ၏ ဝှက်ဖဲသည် ဓား ၉ လက်ဝိညာဉ်ဂိုဏ်းများအားလုံးထဲတွင် သူ့ကိုမယှဉ်နိုင် လောက်အောင်ဖြစ်စေသည်။

ဖေးကာထုတ်လိုက်သော ကမ္ဘာဦးအင်အားထဲမှ ပေါက်ကွဲထွက်လာသော စွမ်းအင်ကိုခံစားပြီး ပေထင်းဟွမ် အနည်းငယ်ထိတ်လန့်သွားသည်။ ထို့ကြောင့် ပင် ရေဝိညာဉ်စုံတွဲသည် ကောင်းကင်နှင့်မြေကြီးတို့၏ ရတနာဖြစ်နေခြင်းပင်။ ဖေးကာ၏လက်ထဲတွင် စုစည်းနေသော ရေခဲပန်းတစ်ခုတည်းကပင် လူသား ဝိညာဉ်ကျင့်ကြံသူနှင့် နတ်သားရဲတို့ပူးပေါင်းပြီး ထုတ်လိုက်သော ဝိညာဉ်ပညာ နှင့်ယှဉ်နိုင်သည်။ ထို့ကြောင့်ပင် ဤလူသည် မည်သူမှ မဖိနှိပ်နိုင်လောက် အောင် ကြေးစားအစည်းအရုံးတွင် ပြစ်မှုများကျူးလွန်နေခြင်းပင်။

ဤရေဝိညာဉ်စုံတွဲသည် အဆင့်နိမ့်နတ်ဘုရားများကို မတိုက်ခိုက်သရွေ့ အကျိုးမရှိဟု ဆိုကြသည်။

ဖေးကာ၏လက်ထဲတွင် ရေခဲပန်းသည် တဖြည်းဖြည်းပွင့်လန်းလာသည်။ ပွင့်ဖတ်တစ်ချပ်ချင်းစီ ပွင့်လာပြီး ကောင်းကင်နှင့်မြေကြီးအကြားမှ အပူချိန် သည် အေးစက်လာသည်။ ၇ လပိုင်းတွင် ကောင်းကင်မှ နှင်းများကျလာပြီး မြေပေါ်မှ အားမကောင်းသောလူများသည် အအေးဒဏ်ကြောင့် နှုတ်ခမ်းများ ဖူးယောင်ပြီး တုန်တုန်ယင်ယင်နှင့် လက်ပိုက်နေကြရသည်။

All Chapters