ရေကမီးကိုနိုင်တယ်
Vol. 52 Ch. 1037
ပေထင်းဟွမ်သည်လည်း ဓား ၉ လက် ဓားသမားဖြစ်ပြီး လျှို့ဝှက်ချက် များစွာရှိသည်ကို ချင်းယွိသိသည်။ သို့သော် သည်တစ်ခေါက် ပြိုင်ဘက်သည် အလွန်အားကောင်းသော ခွန်အားကိုပြလာသည်။ ချင်းယွိသည် ဖေးကာ၏ နည်းလမ်းကို မသိသော်ငြား ထိုရေဝိညာဉ်စုံတွဲသည် ဤကဲ့သို့ လူဆိုးမျိုးကို သခင်အဖြစ်ရွေးချယ်သည်မှာ ကောင်းကင်၏ကန်းနေမှုဟုထင်သည်။
“မိုးနတ်မင်းရေ အေးလိုက်တာ အေးလိုက်တာ ဥက္ကဌဖေးကာက နတ်ဘုရားဖြစ်သွားတာလား အခုမှ ၇ လပိုင်းပဲရှိသေးတာ”
“ဘုရားရေ အဲဒါကြောင့် အဆိပ်ပျားက အရမ်းကိုမိုက်တာကိုး၊ ဘီအဆင့် ကြေးစားတပ်စုပဲကို ကောင်းကင်ကိုဆွဲချနိုင်တာ ဥက္ကဌဖေးကာကြောင့်ဖြစ်နေ တာကိုး၊ ဥက္ကဌဖေးကာက အရမ်းကိုအားကောင်းလွန်းတယ်”
“ဒီလူငယ် ဘာလို့များ အဲလောက်တောင်တုံးရတာလ၊ သူက ဇာမဏီမြို့ ကဆိုမှတော့ တစ်ယောက်ယောက်ကို ရှင်းချင်ရင် မိနစ်ပိုင်းအတွင်း သူ့ကို သေအောင်ထိနင်းခြေဖို့ နတ်ဘုရားအဆင့်ကို ဆွဲခေါ်လိုက်ရုံပဲကို ဘာလို့ အဲ လောက် စွန့်စားတာလဲ”
“ဟုတ်တယ် ဒီမှာအများကြီးကျရင် အချိန်တန်ရင်ကျ ဟွမ်ချန်းက တာဝန်ယူရလိမ့်မယ် ဒါ လူသတ်တာပဲမဟုတ်ဘူးလား”
ဖေးကာသည် အမှန်တကယ်ပင် အားကောင်းသည်။ ဓား ၉ လက် ဝိညာဉ် ဂိုဏ်း၏ခွန်အားနှင့် ရေဝိညာဉ်စုံတွဲစွမ်းအားနှင့် ရေခဲပန်းခဲလိုက်ပြီး ဖေးကာ သည် ကျယ်လောင်စွာအော်လိုက်သည်နှင့် ကြီးမားသော ဖိနှိပ်မှုဖြစ်ပေါ်လာပြီး ပေထင်းဟွမ်ဆီသို့ အေးစက်သောချီကို ထုတ်လွှတ်လွှမ်းမိုးလေသည်။
“ရေကမီးကိုလွှမ်းနိုင်တယ် ဒါပေမဲ့ ငါ့မီးက ဒီရေထက်မြင့်ရင်ရော” ပေထင်းဟွမ်သည် လက်များကိုရုတ်တရက်ကပ်လိုက်သည်။ ပြန်ခွာလိုက်ချိန် တွင် ကိုးရောင်ကြာပန်းသည် လက်ဖဝါးပေါ်တွင် ပေါ်လာလေသည်။ ပွင့်ဖတ်မ များသည် အရင်အဂူးနှင့်ရင်ဆိုင်စဉ်ကထက်ပင် နှစ်ဆများလေသည်။
ကိုးရောင်မီးပွင့်ဖတ်များသည် သူမ၏လက်ချောင်းထိပ်တွင် တဖြည်းဖြည်းပွင့်လန်းလာသည်။ ပွင့်ဖတ်တစ်ခုချင်းစီပွင့်လာသောအခါ ကောင်းကင်နှင့် မြေကြီးကြားမှ မီးတောက်စွမ်းအင်အနည်းငယ်စိမ့်ဝင်သွားပြီး ကိုးရောင်ပန်းပွင့်ထဲရှိ ခြောက်သွေ့ပူပြင်းသော စွမ်းအင်ကြောင့် လေအေးသည် အရည်ပျော်လေသည်။ အေးစက်နေသောဆောင်းတွင်းမှ ပူပြင်းသောနွေရာသီ ကို ကူးပြောင်းသည့် ကြည်နူးမှုကဲ့သို့ ခန္ဓာကိုယ်ထဲ၊ အကြောထဲမှ သွေးများ သည် စတင်လည်ပတ်တော့သည်။
“မင်းမှာ ရေဝိညာဉ်စုံတွဲရှိတာနဲ့ တော်လှပြီလို့ထင်နေတာလား” ပေထင်းဟွမ် နှာမှုတ်လေသည်။ သူမသည် လက်ထဲတွင် ကိုးရောင်ပွင့်ဖတ်ကို ကိုင်ထားလေသည်။ ကိုးရောင်နိဗ္ဗာန်မီးတောက်နှင့် စုခဲလိုက်သော ပွင့်ဖတ်များ ပွင့်လာပြီး တောက်လောင်သောမျက်လုံးများထဲတွင် မီးတောက်များရှိနေ၏။
သေးငယ်သောငွေရောင်လျှပ်စီးများသည် ရေမြွေများကဲ့သို့ ကိုးရောင် ပန်းပွင့်များအကြားတွင် ကူးချည်ခတ်ချည်ဖြစ်နေသည်။ အပြာနုရောင် ဒြပ်စင် အင်အားစုထဲမှ ငွေရောင်လျှပ်စီးအလင်းသည် ကိုးရောင်မီးတောက်ကို ဖုံးအုပ် နေသည်မှာ ကောင်းကင်နှင့်မြေကြီးကို ကိုးရောင်မီး ပြောင်းသွားစေသည်ဟု ပြောရမလိုပင်။ သို့သော် ပွင့်ဖတ်အရောင်ကို မည်သူမှ မမြင်နိုင်ကြပေ။
နေရောင်နှင့်တောင် အရည်မပျော်သည့် အေးစက်မှုသည် ဤမီးပန်း ကောင်းကင်ပေါ်၌ပေါ်လာသည်နှင့် ကမ္ဘာကြီးသည် နွေးလာခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ခြောက်သွေ့သောအပူပျံ့သွားပြီး ငရဲကဲ့သို့ခံစားချက်မျိုး ဖြစ်စေသည်။
ကြည့်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ သို့သော် ပေးဆပ်ရသည်မှာ များလွန်းသည်။ ကံကောင်းသည်မှာ ကောင်းကင်နှင့်မြေကြီးမှလူများသည် ခွန်အားကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ အားလုံးကျင့်ကြံသူများဖြစ်ကြ၏။ မဟုတ်လျှင် အအေးနှင့်အပူကြားတွင် အနည်းဆုံးတော့ အအေးမိကြမည်ဖြစ် သည်။
“ဟင်း ဒီကောင်လေး မင်းက ဒီလောက်သောင်းကျန်းနေတာ ရေက မီးကို နိုင်တယ်ဆိုတဲ့ သဘောတရားကိုတောင် နားမလည်ဘူးလား မင်းက ထွက်လာ ပြီး ခုန်ရဲနေသေးတယ်” ဖေးကာ၏ တစ်ကိုယ်လုံးမှစွမ်းအားသည် သူ၏ လက်ဖဝါးမှ ရေခဲပန်းကို ထိန်းရုံသာထိန်းနေရသည်။ လက်မြှောက်လိုက်သည် နှင့် ရေခဲပန်းသည် ရုတ်တရက် တုန်ယင်သွားကာ မိုးပေါ်တွင်ထပ်ကြီးလာပြီး ပေထင်းဟွမ်ဆီသို့ တည့်တည့်ပစ်လွှတ်လေသည်။
“ဘယ်လိုအသက်ရှင်ရမလဲ သေရမလဲဆိုတာ ငါမသိဘူး” ပေထင်းဟွမ် သည် သနားသောမျက်လုံးများဖြင့် ကြည့်လေသည်။ ကံကောင်းသောလူသည် ရေဝိညာဉ်မျိုးစိတ်စုံတွဲကိုရခဲ့ပြီး အသက် ၂၀၀ ကျော်အောင်နေလာခဲ့သည်။ သို့သော် သူသည် ၎င်းကို တန်ဖိုးမထားခဲ့ပေ။ သူမသည် တင်းမာစွာ အော်လေသည် “သွားတော့”
သူမ၏လက်ထဲတွင် ပွင့်ဖတ် ၄ ဖတ်ပွင့်နေသော ကိုးရောင်နိဗ္ဗာန်မီးထွက် လာပြီး ရေခဲပန်းနှင့် ကြမ်းတမ်းစွာရိုက်လေသည်။