ရေဝိညာဉ်စုံတွဲနယ်ပယ်
Vol. 52 Ch. 1038
ကိုးရောင်ကြာပန်းများ အများအပြားပွင့်လန်းလာသည်။ သို့သော် မည်သူကမှ ထိုပန်း၏ဆွဲဆောင်ခြင်းကိုမခံရပေ။ ထိုအထဲတွင် ကြောက်စရာ ကောင်းသော မီးတောက်စွမ်းအင်ကို အားလုံးခံစားမိကြလေသည်။ ဖေးကာ၏ လက်ထဲမှ ရေခဲပန်းသည် ကမ္ဘာပေါ်မှ ရာသီလေးပါးကို ပြောင်းလဲနိုင်မည်ဆိုပါ က ပေထင်းဟွမ်၏လက်ထဲမှ မီးတောက်ပန်းသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင် သည်။
ထိုအချိန်တွင် ပေထင်းဟွမ်၏ လက်ချောင်းထိပ်မှထွက်လာသည့် ကိုးရောင်မီးတောက်ပန်းပွင့်ဖတ်မျးသည် လေထဲတွင် အနည်းငယ်ကြီးလာ၏။ ဖေးကာ၏ ရေခဲပန်းနှင့်ယှဉ်လျှင် အဆပေါင်းများစွာသေးသည်။ သို့သော် ထိုပန်းကို မည်သူမှ လျစ်လျူရှု၍မရပေ။ လူအများ၏ နှလုံးနှင့် ဝိညာဉ်ကို ခိုးယူနိုင်လောက်သည့် ပန်း၏မြူစွယ်မှုကြောင့် အားလုံးသည် တည့်တည့် မကြည့်ရဲကြဘဲ နောက်သို့ဆုတ်ကြလေသည်။
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်အထက်တွင် ညှို့ယူနိုင်သော ကိုးရောင်ပန်းပွင့်များသည် ထိတ်လန့်ဖွယ်ကောင်းသောအလင်းနှင့်အတူ မယှဉ်နိုင်သောအရှိန်နှင့် ကောင်းကင်ကိုဖြတ်ဖောက်သွားကာ အပြာရောင်ရေခဲပန်းနှင့် ခပ်ကြမ်းကြမ်း တိုက်မိလေသည်။
ကိုးရောင်ပန်းသည် အလွန်ပွင့်အာလာကာ ထိုအခိုက်တွင် ကောင်းကင် သည် မှိန်ဝါးလာသည်။ နေရောင်အလင်းသည် ရုတ်တရက်လင်းလာပြီး ကိုးရောင်ပန်းပွင့်ဖတ်များသည် နီရဲသောနေရောင်ကဲ့သို့ ကောင်းကင်တွင် ပွင့်လန်းလေသည်။ ကောင်းကင်နှင့်မြေကြီးကြားမှ စွမ်းအင်သည် လွှဲယမ်းပြီး ကိုးရောင်ပွင့်ဖတ်ဆီသို့ စုဝေးလေသည်။
ပွင့်ဖတ်ပေါ်တွင် ငွေရောင်အလင်းတန်းတွဲလဲခိုနေကာ ဖွင့်ဖတ်ထိပ်နှင့် ဆောင့်မိချိန်တွင် ပေါက်ထွက်လာသည့် ကြီးမားသောစွမ်းအင်သည် ရေခဲပန်း ကို ချက်ချင်းခွဲလိုက်ရာ ရေခဲပန်းပွင့်များသည် တစ်လွှာချင်းပြိုကွဲလေသည်။ ပွင့်ဖတ်တစ်ခုချင်းစီကျသွားသည့်အခိုက်တွင် ကောင်းကင်ရှိ အပူကြောင့် အရည်ပျော်လုနီးပါးပင်။
အမြဲတည်ငြိမ်လေ့ရှိသော ဖေးကာ၏မျက်လုံးများသည် ထိုအခိုက်တွင် စိတ်မအေးမှုများ ဖြစ်ပေါ်လာသည်။ သူသည် ကိုးရောင်မီးတောက်ပန်း၏ သေခြင်းတရားကို ခြိမ်းခြောက်မှုကိုခံစားရလေသည်။
ထိုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ လွှတ်ပေး လိုက်ခြင်းဖြစ်သည်။ ဓား ၉ လက်ဝိညာဉ်ဂိုဏ်း တစ်ယောက်ချင်းစီ ကျရှုံးခြင်း သည် ကမ္ဘာမြေကြီကို ကွဲအက်သွားသည်ကို ဖော်ပြသည်။ အမည်မသိ ကလေး တစ်ယောက်၏ လက်ထဲတွင် သူ သေဆုံးရသည့်အဖြစ်မှာ မဖြစ်နိုင်ပေ။
အား...
ဖေးကာ၏ပါးစပ်ထဲမှ လူသတ်နိုင်မည့် ခပ်နိမ့်နိမ့်အော်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှ ကြောက်ခမန်းလိလိရေလှိုင်းကြီးတစ်ခုသည် လွှမ်းမိုးစွာထွက်ပေါ် လာသည်။ လှိုင်းများထွက်လာသည်နှင့် ရေဝိညာဉ်စုံတွဲသည် ပေထင်းဟွမ်ဆီ သို့ ဦးတည်ကာ ၎င်းဖြတ်သွားသည့်နေရာတိုင်းတွင် ရေခဲသွားလေသည်။
၎င်းသည် ဖေးကာ၏ ရေတိညာဉ်စုံတွဲနယ်ပယ်ဖြစ်သည်။ ၎င်း၏ စစ်မှန် သော သတ်ဖြတ်သည့်လှုပ်ရှားမှုလည်းဖြစ်သည်။ ကိုးရောင်မီးတောက်ပါဝင် သော ထိုပန်းသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ပါဝင်သည်။ ပြိုင်ဘက် ကင်းသော ရောင်ဝါနှင့်အတူ သူ၏နယ်ပယ်ထဲတွင် ပျောက်ကွယ်သွားပြီး နောက်ဆုံးအလင်းထွက်ပြီးနောက်တွင် ကျဆုံးသွားလေသည်။
ကောင်းကင်နှင့်မြေကြီးအကြားတွင် ကမ္ဘာကြီးအဆုံးသတ်သွားသကဲ့သို့ ရေဝိညာဉ်စုံတွဲသည် ကောင်းကင်တစ်ခုလုံးကိုချိပ်ပိတ်လိုက်သည်။ ထိုအချိန် တွင် ပေထင်းဟွမ်သည် နယ်ပယ်ထဲတွင် ပိတ်မိသွားပြီး တစ်ကိုယ်လုံးမှာ ရေခဲ များဖြင့် ဖုံးလွှမ်းနေပြီး ဆံဖျားထိပ်ပင်လျှင် နှင်းခဲများအဖြစ်စုခဲလေသည်။
ရေခဲဝိညာဉ်စုံတွဲသည် ကောင်းကင်မီးနှင့် ယှဉ်နိုင်လောက်အောင် အားကောင်းသည်။ ရေဝိညာဉ်စုံတွဲသည် မတူညီသောမီးများနှင့် ယှဉ်နိုင်သည် လား အမှန်တကယ်ပင်မသိတော့ပေ။
ကောင်းကင်နှင့်မြေကြီး၏ ရတနာတိုင်းတွင် အားကောင်းသောစွမ်းအင် များရှိကြသည်။ ဝိညာဉ်ဉာဏ်ကိုဖွင့်နိုင်သည့် ရတနာများကို နတ်ဘုရားဟု ခေါ် ခြင်းလည်းဖြစ်နိုင်သည်။ ပေထင်းဟွမ်သည်ထိုအရာများကို စိတ်ဝင်တစားရှိလှ သည်။
မြေပြင်ပေါ်တွင် လူများအားလုံးသည် ထိုနေရာသို့မကပ်နိုင်ဘဲ စစ်မြေပြင်နှင့် အဝေးတွင်နေကြလေသည်။ အားလုံးသည် ကောင်းကင်ကို စိတ်လှုပ်ရှားစွာမော့ကြည့်လေသည်။ ဥက္ကဌဖေးကာသည် ထိုလူငယ်အား နောက်ဆုံးဝှက်ဖဲဖြင့် ဖိနှိပ်နေသည်ကို သူတို့သိကြသည်။
ခဏအကြာတွင် ထိုလူငယ်အား ပြန်ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံး များထဲတွင် ကြောက်လန့်မှုအရိပ်အယောင်နှင့် လေးစားမှုများကိုမြင်တွေ့ရလေ သည်။
ချင်းယွိ၏မျက်လုံးများ ပြူးကျယ်လာပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်လိုက်သည်။ သူ၏မျက်လုံးများသည်နီရဲနေပြီဖြစ်ည်။ ပေထင်းဟွမ်ကို ရေခဲဖြင့် ချုပ်ထားသည်ကိုကြည့်ပြီး သူ မတည်ငြိမ်နိုင်တော့ဘဲ မြေကြီးကို ခြေဖျားဖြင့်ထောက်ကာ ပေထင်းဟွမ်ဆီသို့ ပျံသွားလိုက်သည်။ မင်းသေရင် တောင် ရှောင်ကျို့နဲ့အတူရှိနေရမယ်။