နယ်ပယ်ထဲမှာ နယ်ပယ်ပြန်ဖန်တီးခြင်း
Vol. 52 Ch. 1039
ပုံရိပ်လေးခု လင်းလက်သွားပြီး ချင်းယွိထက်အားမလျော့သော ဝိညာဉ် ဂိုဏ်းလေးယောက်သည် လက်ထဲတွင် လက်နက်များကိုင်ဆောင်ထားပြီး ချင်းယွိအား ခက်ထန်စွာ မျက်နှာချင်းဆိုင်လေသည် “သခင်လေးချင်းယွိ ဘာလို့ အဲလောက်ပျာနေတာလဲ၊ ဥက္ကဌကြီး အဲကောင်လေးကိုရှင်းပြီးသွားရင် မကြာခင် မင်းအလှည့်ရောက်တော့မှာ”
“ချင်းယွိ လုပ်လို့မရဘူး” ချင်းသွမ့်သည် ချင်းယွိအား ဆွဲထားလေသည် “ခဏလောက်စောင့်လိုက် သူ ထူးခြားတဲ့အကွက်တွေ ထုတ်မသုံးသေးဘူး”
မှန်သည်။ ထိုကောင်လေးကို တခြားသူများမသိကြသော်လည်း ၎င်းသည် ပေထင်းဟွမ်ဖြစ်သည်ကို သူတို့သိကြသည်။ ကိုယ့်ကိုယ်ကိုယ် ဝိညာဉ်ဂိုဏ်းသို့ ရောက်အောင်တွန်းပို့ပြီး သန့်စင်သောမြို့ကို အသက်နှင့်ရင်းကာ ပြာချခဲ့သည့် လူတစ်ယောက်သည် မည်သို့များ ဓား ၉ လက်ဝိညာဉ်ဂိုဏ်း၏ လက်ထဲသို့ အကျခံမည်နည်း။
“ဖေးကာ ဒါမင်းရဲ့ နည်းလမ်းလား၊ မင်းမှာ ဒီလောက်အစွမ်းအစလေးပဲရှိ ရင် ဒါဆို...” လူငယ်၏အသံသည် ထူထဲသော ရေခဲနှင့်နှင်းခင်းထဲမှ ခက်ထန် သောအဟုန်နှင့်ထွက်လာပြီး ထည်ဝါသောအသံသည် တောင်ကိုဖြတ်ပြီး ကျောက်တုံးများကို အက်ကွဲစေကာ အားလုံး၏နားနှင့်နှလုံးကို လှုပ်ခါသွားစေ သည် “မင်းတော့ ဒီနေ့သေပြီ”
ထိုအချိန်တွင် အားလုံးသည် ကရုဏာသက်မိလေသည်။ နောက်နှစ် ယနေ့လိုအချိန်သည် သူ၏ ကွယ်လွန်ခြင်းအမှတ်တရဖြစ်တော့မည်။
သေချာပေါက်ပင် ပေထင်းဟွမ်သည် ဤကဲ့သို့ရူးသွပ်မှုမျိုးကို ကျူးလွန် မည်မဟုတ်ပေ။ သူမ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များထွက်လာပြီး ပေါက်ကွဲ သောရောင်ဝါများထွက်လာလေသည်။
ကောင်းကင်သည် ပေထင်းဟွမ်ကြောင့် စိတ်လှုပ်ရှားပြီး တုန်ခါသွားသလို ပင်။ ထိုအချိန်တွင် ဖေးကာသည် အကောင်းဆုံးလုပ်နေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်သည် ရူးသွပ်စွာ ပြေးလွှားနေသလို ရေဝိညာဉ်စုံတွဲသည် အဆုံးမရှိထွက်လာသည်။ ဆွဲဆောင်သောအဟုန်တစ်ခုသည် ပေထင်းဟွမ်ဆီ သို့သွားလေသည်။
သူ၏ပါးစပ်မှ ရေခဲပြာနဂါးထွက်လာသည်။ ကြီးမားသောနဂါးသည် ကောင်းကင်ကို လှုပ်ခါစေနိုင်သည်။ သူသည် အားအကောင်းဆုံးတိုက်ခိုက်မှုကို စတေးခဲ့သည်။ အရှိန်သည် မြန်လာကာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်း လေသည်။
၎င်းသည် ဓား ၉ လက်ဝိညာဉ်ဂိုဏ်း၏ ခွန်အားဖြစ်သည်။ ဓား ၉ လက် ဝိညာဉ်ဂိုဏ်းသည် ရေဝိညာဉ်စုံတွဲမှ ဖန်တီးလိုက်သည့်နယ်ပယ်ကို အသုံးပြုခဲ့ သည်။ မည်သည့်ဝိညာဉ်ဂိုဏ်းတစ်ယောက်ဆီမှ ရတနာမရှိလျှင် ဤကဲ့သို့ နယ်ပယ်ထဲသို့ရောက်သွားပါက ဝိညာဉ်ပင် အေးခဲသွားနိုင်ပြီး ခန္ဓာကိုယ်မှ အကြောများသည် အအေးဓာတ်ကြောင့်ခဲသွားစေနိုင်ပြီး စွမ်းအင်များ လည်ပတ်နိုင်တော့မည်မဟုတ်ပေ။ နောက်ဆုံးတွင် သေခြင်းတရားနှင့်သာ အဆုံးသတ်သွားနိုင်သည်။
ထိုအခိုက်အတန့်တွင် တစ်ချိန်လုံး သခင်အဆင့်ကိုစိန်ခေါ်နေသည့် ချင်းသွမ့်ပင်လျှင် အလေးအနက်ထားကြည့်မိလေသည်။ ဖေးကာသည် ဤမျှ အားကောင်းလိမ့်မည်ဟု ထင်မထားပေ။ သူသာ ထိုနယ်ပယ်ထဲရောက်နေပါက ထွက်ပြေးမည့်အပေါက်ရှိတော့မည်မဟုတ်ပေ။
ချင်းယွိသည် ထိုကောင်လေးကို ကယ်ရန်ပြေးသွားချင်သော်လည်း ချင်းသွမ့်မှ တားထားလေသည်။
အာားလုံး၏မျက်လုံးများသည် ထိတ်လန့်မှုများဖြင့်ပြည့်နေကာ အားကောင်းသောစွမ်းအင်ဖြင့် ရစ်ပတ်ထားသည့် ကြီးမားသောနဂါးနှင့် ရေ ဝိညာဉ်စုတွဲတိုက်ခိုက်မှုအားကို ကြည့်နေကြသည်။ ၎င်းသည် ရေခဲမှုန်များဖြင့် ပေထင်းဟွမ်ဆီသို့ တည့်တည့်ထိုးဝင်လေသည်။ ကြီးမားသောနဂါးမှ ပေါ်ထွက် လာသော ကြောက်စရာကောင်းသည့်အေးစိမ့်မှုပါဝင်သည့်ရေခဲသည် ကြည့် လိုက်သည်နှင့် ဝိညာဉ်များအေးခဲသွားမလိုခံစားရလေသည်။
ထိုအခိုက်အတန့်တွင် ရေခဲနှင့်နှင်းနယ်ပယ်ထဲတွင် မီးတောက်လေးတစ် ခု တဖြည်းဖြည်းမြောက်တက်လာပြီး ပေထင်းဟွမ်၏ခြေထောက်အောက်တွင် ပေါ်ထွက်လာလေသည်။ မီးအိမ်ကဲ့သို့မီးတောက်သည် တဖြည်းဖြည်းကြီးထွား လာပြီး နောက်ဆုံးတွင် ကြီးမားသော မီးလုံးအဖြစ်ပြောင်းလဲသွားလေသည်။
ထူထဲသောရေခဲနှင့်နှင်းကွင်းကိုဖြတ်ပြီး ထိုမီးတောက်သည် လူငယ်အား ရုတ်တရက် လွှမ်းမိုးလိုက်ပြီး ပုံရိပ်တစ်ခုသည် မီးတောက်ထဲမှ ထွက်လာကာ သူမ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းတွင် မီးတောက်ပန်းများပွင့်လာသည်ကို အားလုံးမြင်တွေ့လိုက်ရသည်။ ရေခဲနှင့်နှင်းကွင်းထဲတွင် ငွေရောင်အလင်းနှင့် ကြာပန်းသည် သူမ၏ခြေထောက်အောက်တွင် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လာလေ သည်။
နယ်ပယ်ထဲတွင် နယ်ပယ်တစ်ခုဖန်တီးနေသည်။ ထိုကောင်လေးသည် မည်သူနည်း။ ဓား ၉ လက် ဓားသမားမှ ဖန်တီးလိုက်သည့် ရေခဲနှင့်နှင်းနယ်ပယ် ထဲတွင် မီးတောက်နယ်ပယ်ကို ဖန်တီးလောက်အောင် အားကောင်းနေသည်။