ဗုဒ္ဓရဲ့အမျက်၊ နိဗ္ဗာန်ခုတ်ချက်
Vol. 52 Ch. 1040
ရေခဲပြင်ထဲတွင် ကြမ်းတမ်းသောမီးတောက်လှိုင်းများထွက်ပေါနေပြီး မီးတောက်များဟိန်းတက်နေသည်မှာ ရေခဲနှင့်နှင်းပြင်တစ်ခုလုံးကို တစ်ဒင်္ဂ အတွင်း ပြိုလဲတော့မည့်ပုံစံဖြစ်နေသည်။ ကောင်လေး၏ပုံရိပ်သည် အားလုံး၏ မျက်လုံးထဲတွင်ပေါ်လာသည်။
ဥက္ကဌဖေးကာကို ဖိနှိပ်နိုင်သည်မှာ မည်သို့သောမီးတောက်နည်း။ ထိုအချိန်တွင် ကြေးစားအစည်းအရုံးတစ်ခုလုံးနှင့် အဆိပ်ပျားကြေးစားအဖွဲ့၏ မျက်နှာများသည် အကျည်းတန်ကုန်လေသည်။
“ငါ့အလှည့်ပဲ” လူငယ်၏ အရိုင်းဆန်ပြီး ကြည်လင်သောအသံထွက်ပေါ် လာပြီး သူမ၏လက်သည် မီးတောက်များအကြားတွင် ကစားနေသည်။ ဖန်ထျန်း၏လှံတံသည် အလွန်ပင်ထူးခြားပြီး မယှဉ်နိုင်သောချွန်ထက်မှုနှင့် အတူ သူမ၏လက်ထဲတွင် ကြီးမားသောစွမ်းအင်စုစည်းလေသည်။ လက်ထဲ၌ လှံတံကိုကိုင်ထားပြီး ရေခဲပြင်အဆုံးတွင်ရပ်နေည့် ဖေးကာအား တည့်တည့် ချိန်ရွယ်လေသည်။ ထိုအချိန်တွင် ရေဝိညာဉ်စုံတွဲသည် ထွက်ပေါ်လာဆဲဖြစ်နေ ရာ သူ၏ခွန်အားသည် အားနည်းနေပြီဖြစ်သည်။
“ဗုဒ္ဓအမျက် နိဗ္ဗာန်ခုတ်ချက်”
ထည်ဝါသောအသံဆုံးသည်နှင့် လူငယ်ကိုလွှမ်းမိုးထားသော မီးတောက် များသည် ဝိညာဉ်ဉာဏ်ရှိသည့်အလား ထပ်မံမြင့်တက်လာသည်။ လူငယ်၏ လက်ထဲမှ ဖန်ထန်းလှံလံသည် မြင့်တက်လာပြီး သူမ၏ခြေထောက်နှင့် ထိနေ သောမီးတောက်များသည် ရုတ်တရက်မြင့်တက်လာသည်။ ထိုအခိုက်အတန့် တွင် ဖန်ထျန်း၏လှံတံပေါ်တွင် ငွေရောင်မြွေသည် ကခုန်နေသည်။ မီးတောက် များ ဟိန်းတက်လာပြီး လက်နက်ပေါ်မှ အေးစက်သောသတ္တုသည် စွမ်းအင် အဖြစ်အသွင်ပြောင်းလေသည်။
ကောင်းကင်ပေါ်တွင် စစ်နတ်ဘုရားပေါ်လာပြီး လူငယ်သည် သူမထက် နှစ်ဆမြင့်သည့် ဖန်ထျန်းလှံကိုမြင့်မြင့်ကိုင်ဆောင်ကာ ဖေးကာအား ပြင်းထန် စွာခုတ်ချလေသည်။ လေအတားအဆီးကိုဖြတ်ပြီး အနက်ရောင်ဝတ်လူငယ် သည် စစ်နတ်ဘုရားအလား မီးတောက်များအကြားတွင် ပျံသန်းလေသည်။ သူမ၏ ရှည်လျားသောဆံပင်များသည် လွင့်နေပြီး ဖေးကာလွှမ်းထားသည့် ရေခဲကိုချိုးဖျက်လေသည်။ ဖေးကာ၏ ကြောက်လန့်ပြီး မယုံကြည်နိုင်သော မျက်လုံးများထဲတွင် ဖန်ထျန်းလှံသည် ကမ္ဘာကြီးကိုဖျက်ဆီးပြီး တောင်နှင့် ပင်လယ်များကို ချိုးဖျက်နိုင်သည့်အလား သူ့ကိုချည်းကပ်လာသည်ကိုမြင်တွေ့ ရလေသည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး”
ထိုအခိုက်အတန့်တွင် ဖေးကာ၏ မျက်အိမ်များသည် ရုတ်တရက် လှုပ်ခါ သွားပြီး ဖန်ထျန်းလှံတံသည် ရေခဲအလွှာများအားလုံးကို ထိုးဖောက်လေသည်။ ထိုထူးဆန်းသောမီးတောက်ရှေ့တွင် ရုန်းကန်ရန်ပင် အရည်အချင်းမရှိတော့ သလိုပင်။
ဖေးကာ၏မျက်လုံးထဲမှ ကြောက်လန့်မှုသည် တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သေဆုံးခြင်းအရိပ်သည် သူ့ကိုလွှမ်းမိုးသွား လေသည်။ သေခြင်းတရား၏ခြောက်လန့်မှုအောက်တွင် သူသည် ရုတ်တရက် ရေခဲအလွှာမှ ရေခဲပြာအလင်းနှင့်အတူထွက်လာလေသည်။
ဖန်ထျန်း၏လှံတံနှင့်ခြစ်မိလျှင်တောင် သူ သေသွားမည်ကို ကောင်းစွာ သိသည်။
“ထွက်ပြေးချင်တာလား” ပေထင်းဟွမ်၏ အေးစက်သောအသံသည် သူမ နောက်သို့နေရာတိုင်းလိုက်နေသည်။ ထိုလူငယ်သည် ပုံမှန်မဟုတ်သော ပုံမှန် မျက်နှာနှင့် ဖေးကာအားလှောင်ပြောင်နေခြင်းဖြစ်မည်။ သူမ၏မျက်လုံးထဲတွင် တစ်စုံတစ်ရာရှိနေခြင်းဖြစ်မည်။ မျက်လုံးကိုဖျစ်ညှစ်လိုက်ကာ နှုတ်ခမ်းထောင့် သည် အထင်သေးသောအပြုံးဖြင့်ပြုံးလေသည်။
သို့သော် သူဘာကြောင့် မလွတ်မြောက်နိုင်သနည်း။ သူသည် ဓား ၉ လက် ဝိညာဉ်ဂိုဏ်းဖြစ်ကာ နတ်အဆင့်ရောက်ရန် တစ်လှမ်းအကွာသာလိုတော့လေ သည်။ မဟာမိတ်အင်ပါယာတွင် နတ်အဆင့်ခွဲဆေးများစွာရှိသည်။ သူ တစ်လုံး ရသည်နှင့် နတ်ဘုရားအဆင့်ရောက်နိုင်သည်။ ဤနေရာတွင် မည်သို့များ အသက်ပေးနေမည်နည်း။
ပေထင်းဟွမ်သည် အလင်းတန်းကဲ့သို့ထွက်လာသော ပုံရိပ်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားကာ မျက်လုံးများသည် လူသတ်မည့် အကြည့်နှင့်ပြည့်သွားသည်။ သူမ၏လက်ထဲမှ ဖန်ထျန်းလှံတံနှင့် တွေဝေမှုမရှိ ခုတ်ချလေသည်။ ကြယ်ကြွေသကဲ့သို့ တောက်ပသောအလင်းသည် မီးနဂါး အလား လျှပ်စီးလိုပင် နောက်မှလိုက်လေသည်။
“အာ...”
အူလှိုက်အသည်းလိုက် ညည်းတွားသံသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် မြည်ဟိန်းလာသည်။ မီးတောက်၏သက်ရောက်မှုကို ခံရပြီးနောက် သူ၏ခန္ဓာကိုယ်သည် ကောင်းကင်တွင် ကြီးမားသော မီးလုံးကဲ့သို့ လူးလှိမ့်လေသည်။ ထိုအချိန်တွင် ဖေးကာသည် ခန္ဓာကိုယ်ထဲမှ ကြီးမားသော ရေခဲအလွှာကို