ငါ ... အမုန်း ဆုံးပဲ။
Vol. 144 Ch. 2003
“ ငါက ပန်းတွေနဲ့ လူတွေကို မြှုပ်နှံ ပေးတဲ့ သူ ... ။ ”
ထိုစကား စုသည် ပန်းသင်္ချိုင်း၏ ကြွေးကြော်သံ ဖြစ်ကြောင်း ခွန်လွန်ရှိ လူတိုင်း သိကြ၏။
တစ်စုံတစ်ဦး မှသာ၊ သူတို့ ရှေ့၌ ဤသို့ ပြောဆို လာခဲ့သော်၊ လှောင်ပြောင် ရယ်မော မိကြ ပေမည်။
ယဲ့ချင်းရှန် အတွက်မူ၊ မတူညီသော ခံစားချက် ရှိသည်။ ၎င်းသည် နိဗ္ဗာန် အထွတ် အထိပ် အဆင့်၊ ကျွမ်းကျင်သူ (၁၀)ဦးကို ဓား တစ်ချက် တည်းဖြင့် သတ်ပစ် ခဲ့သည်။
ခွန်လွန်တွင် ဓားတာအို၌ ဤမျှ အရည် အချင်း ရှိသူ၊ အများအပြား မရှိချေ။ ထို့ကြောင့် ယဲ့ချင်းရှန်သည် ထိုသူ ဖြစ်မည်ကို၊ အနည်းငယ် ယုံကြည် လာသည်။
လင်းယွန်က သည်းမခံနိုင် တော့ဘဲ၊ လိပ်နက် အသွင် ပြောင်းနည်းကို၊ ရုတ်သိမ်း ပစ်လိုက်သည်။
“ ခရစ် ... ။ ”
ခန္ဓာကိုယ် ရှုံ့တွလျက်၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသား ထင်းခနဲ တောက်ပ လာကာ၊ မှော်ဆန်သော လူငယ် တစ်ယောက် အသွင် ထွက်ပေါ် လာသည်။
ဤသည်မှာ ခွန်လွန်၌ တန်းခိုး ဩဇာ ကြီးမားသော နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ လင်းယွန် ဖြစ်လေသည်။
“ ပန်း သင်္ချိုင်း ... ။ ”
မရဏ မြင့်မြတ်သူက အော်ဟစ်လျက်၊ ချက်ချင်း ထွက်ပြေး တော့သည်။ တစ် စက္ကန့် မျှပင်၊ မနေ ဝံ့ချေ။
ထို့အပြင် ဤအရာကို ယင်-နန်းတော်မှ သန့်ရှင်းသော သမီးတော် ဝမ်မူယန်ထံ သတင်း ပို့ရ ပေဦးမည်။
မဟုတ်သော် သူမ ဒုက္ခရောက် နိုင်၏။ လင်းယွန်က သူမကို တစ်ချက်သာ လှည့်ကြည့် လိုက်သည်။ ရှောင်ချင်းယန် မှာမူ၊ လင်းယွန် ထံမှ အကြည့် မခွာ ခဲ့ချေ။
“ မင်းက ပန်းသင်္ချိုင်း ဖြစ်တော့ရော ဘာအရေးလဲ၊ ငါ မင်းကို သတ်ချင်ရင် ... မင်း သေရမယ်၊ ငါက တော်ဝင် ဝိညာဉ် နတ်မိစ္ဆာ မိသားစု ကပဲ။ ”
ရေလှိုင်းဓားကို ဆုံးရှုံး ပြီးနောက် ရှောင်ချင်းယန်၏ ကိုယ်လုံး ကိုယ်ပေါက်မှာ အားနည်း သွားခဲ့သည်။ သို့တိုင် သူ့ကိုယ်သူ ယုံကြည် နေဆဲ ဖြစ်၏။
ရုတ်တရက် မတ်တပ် ထရပ် လိုက်ပြီး၊ ဒေါင်လိုက် အက်ကြောင်း ပွင့်လာကာ၊ မိစ္ဆာ ရောင်ဝါများ စိမ့်ထွက် လာတော့သည်။
လက်သည်းများ ချွန်ထွက်လျက်၊ အဝတ် အစားများ ပြဲကုန်ကာ၊ ပြတ်သွားသော လက် မောင်း ပြန်ပေါက် လာသည်။
ကြောက်မက်ဖွယ်ရာ ပြန်လည် ကောင်းမွန်နိုင် နှုန်းမျိုး ပေပင်။ ပြီးသည်နှင့် ၎င်းက တစ်ဟုန်ထိုး ပြေးဝင် လာသည်။
ယင်းသည် အသက် ပေးကာ၊ တိုက်ပွဲ ဝင်တော့မည် ဖြစ်ကြောင်း၊ မြင်သာနေ ချေ၏။ သို့သော် ၎င်းထွက်ပြေး မည်ကို စိုးရိမ် နေသော လင်းယွန်က၊ ထိုမြင်ကွင်းကြောင့် ပြုံးသည်။
“ ဝှီး ... ။ ”
လင်းယွန်မှ ရှောင်တိမ်းရန် ရည်ရွယ်ချက် မရှိသည်ကို မြင်ပြီး၊ ရှောင်ချင်းယန်မှ ဝမ်းသာ သွားသည်။
သူ၏ မွေးရာပါ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် မည်မျှ အစွမ်းထက် သည်ကို၊ ၎င်း သိပုံ မရချေ။
အနား ကပ်နိုင် သရွေ့၊ ကြယ်ဓား သည်လည်း ကုန်ဆုံးသွား နိုင်မည်။ သို့သော် လင်းယွန် ရင်ဘတ်မှ ငွေရောင် အလင်းများ ပွင့်လာ သည်ကို မြင်လိုက် ရသဖြင့်၊ သူ့ အပြုံးများ အေးခဲသွား ခဲ့သည်။
ပေတစ်ရာ ပတ်လည် အတွင်း၊ မိုးပြာ နဂါးဓား နှလုံးသား ပွင့်သွား၏။ ယင်းဖြစ်စဉ် အပေါ် ရှောင်ချင်းယန်မှ နားမလည်ချေ။
သူသိ သည်မှာ လင်းယွန် ထံမှ၊ သူတော်စင် တစ်ပါး၏ ဖိအားမျိုး ပေးစွမ်း လာခြင်း ဖြစ်လေ သည်။
( ဘာဖြစ် တာလဲ။ )
သူ့ လှုပ်ရှားမှုများ နှေးကွေး သွားပြီး၊ လင်းယွန်နှင့် ဆယ်မီတာ အကွာသို့ မနည်း ပျံသန်း နေရသည်။
ဤအကွာ အဝေးကို ခြေလှမ်း တစ်လှမ်း တည်းဖြင့် အလွယ် တကူ ဖြတ်ကျော် နိုင်သော် လည်း၊ ယခု မရောက် နိုင်ချေ။
“ ပိုးစုန်းကြူး နတ်ဓား။ ”
ပြန်မော့ ကြည့်လိုက်ရာ၊ မြင်ကွင်း ထဲ၌ လင်းယွန် နှစ်ယောက် ပေါ်လာပြီး၊ ပိုးစုန်းကြူး နတ်ဓား၏ အနန္တ ဓားများ ပေါင်းစည်း ခြင်းက အသက်ဝင် လာတော့သည်။
“ ရွှပ် ... ။ ”
နဖူး ပြင်၌ စူးခနဲ ခံစားလိုက် ရပြီး၊ အနက်ရောင် သွေးများ စိမ့်ထွက်လျက် နောက် ဆုတ် လိုက်မိသည်။
ကံကောင်း ထောက် မစွာဖြင့်၊ ဗီဇ အရ ရှောင်တိမ် လိုက်မိ သောကြောင့်၊ အသက်ရှင် နိုင်ခဲ့၏။
လင်းယွန်သည် ကြယ်ဓားနှင့် ဓား နှလုံးသားကို၊ အသုံး ပြုခွင့် ရသော်၊ နယ်ပယ်တူ အတွင်း၊ ပြိုင်ဘက် မရှိချေ။ သူတော်စင် တစ်ပါး ကိုပင်၊ အချိန် အတော်ကြာ ရင်ဆိုင် နိုင်မည်။
“ မဖြစ် နိုင်ဘူး ... ၊ မင်းက ဘယ်လို လုပ်ပြီး၊ ဒီလောက် သန်မာ လာရ တာလဲ။ ”
ရှောင်ချင်းယန် မျက်နှာ ပြောင်းလဲ သွားလေသည်။ သူ့ဘဝတွင် သေဘေးနှင့် ပထမ ဆုံး အကြိမ် ရင်ဆိုင် လိုက်ရခြင်း ဖြစ်၏။
“ ဝှစ် ... ။ ”
လင်းယွန်က စကား ပြန် မပြောဘဲ၊ နောက်ထပ် ဓားတစ်ချက် ပစ်လွှတ် လာပြန် သည်။
ဘေးသို့ ရုတ်တရက် ခုန်ထွက် လိုက်ရ၏။ အနည်းငယ် နှောင့်နှေး ရုံဖြင့်၊ လည်ပင်း ပြတ် သွားနိုင်သည်။ ယခုပင် ပြတ်ရှရာ ထင်သွား၏။
လည်ပင်းမှ သွေးစကို လက်ဖြင့် တို့ထိ ကြည့်ကာ၊ စိတ် တည်ငြိမ်အောင် ထိန်းလိုက် ရသည်။ လက်ရှိ အချိန်၌ ပြိုင်ဘက် ဓားရောင်ဝါ များက၊ သူ့အပေါ် ကန့်သတ် ထား သဖြင့်၊ ထင်သလောက် မလှုပ်ရှား နိုင်ချေ။
“ ဝှစ် ... ။ ”
“ ကျာ့ ... ။ ”
ဝင်လာသော တိုက်ခိုက်မှု များကို ရှောင်တိမ်း ရန်ပင်၊ အစွမ်းကုန် ကြိုးစား နေခဲ့ ရသည်။
ထို့ကြောင့် သုံးကြိမ် ဖလှယ် ပြီးနောက်၊ သူ့ဦးခေါင်းမှာ ကောင်းကင်ပေါ် မြောက်တတ် သွားပြီး၊ ခန္ဓာကိုယ် ကြီးက မြေပြင်ပေါ် လဲကျ သွားသည်ကို မြင်လိုက် ရသည်။
သို့သော် ငြားလည်း ရှောင်ချင်းယန်မှာ၊ အသက်ရှင် နေဆဲ ဖြစ်ပြီး၊
“ ပန်းသင်္ချိုင်း ... ၊ မင်းက တကယ်ပဲ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါ ပေတယ်၊ ဒါပေမယ့် မင်း ငါ့ကို မသတ်နိုင် သေးပါဘူး။ ”
-ဟု ဆိုလျက်၊ တတိယ မျက်လုံး ပွင့်လာ တော့သည်။
တတိယ မျက်လုံး ပွင့်လာ သည်နှင့်၊ သူ့ခေါင်း၌ အက်ကွဲ ကြောင်းများ ပေါ်လာသည်။ သူ့ခန္ဓာ ကိုယ်သည် သေတ္တာ အလွတ် တစ်လုံး ဖြစ်ပြီး၊ အသက်မှာ တတိယ မျက်လုံး ဖြစ်၏။
“ မင်း ... စကား အရမ်း များတယ်။ ”
လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက်၊ ပန်းသင်္ချိုင်းအား တတိယ မျက်လုံးထံ ပစ်ထည့် လိုက်သည်။
ဦးခေါင်းက ရှောင်တိမ်း လိုက်သဖြင့်၊ ဓားသည် နဖူးအား ဖောက်လျက်၊ မြေပြင်၌ ‘သပ်’ ရိုက်ထား သကဲ့သို့ စိုက်ဝင် သွား၏။
ရှောင်ချင်းယန်မှ ရယ်သည်။
“ ဟား ဟား ဟား ... ၊ မင်းလို လူ တစ်ယောက်က ... ဝိညာဉ် နတ်မိစ္ဆာ မိသားစုရဲ့ ကြီးမြတ်မှုကို ... ၊ ဘယ်လိုလုပ် နားလည်နိုင် မှာလဲ၊ ငါတို့ရဲ့ ဝိညာဉ်ကို ... ဓားနဲ့ ထိုးနိုင် ရင်တောင်၊ ငါတို့က ဆယ်နှစ် ကနေ ...
... နှစ်တစ်ရာ အတွင်း၊ အသက် ပြန်ရှင် လာနိုင် ပါတယ်၊ ဒီတော့ မင်း ငါ့ကို ဘာလုပ် နိုင်မှာလဲ။ ”
“ တကယ့် ငတုံးပဲ ... ၊ ငါ့ကိုယ်ငါ ဘယ်သူ ဆိုတာ ထုတ်ဖော်ရဲ မှတော့ ... ၊ မင်းကို သတ်ဖို့ နည်းလမ်းတွေ ရှိတာပေါ့၊ သေတာထက် ပိုဆိုးအောင် လုပ်နိုင်တဲ့၊ ...
... နည်းလမ်း သုံးမျိုးလောက် ရှိတယ်၊ ဒါပေမယ့် မင်းလို ကောင်တွေက သေသွားတာ ပိုကောင်း ပါတယ်။ ”
လင်းယွန်က အရိယာ ဓားသုတ္တန်ကို ဖြန့်ဝေလိုက်၏။ ခန္ဓာကိုယ် အတွင်း စွမ်းအင် များနှင့် ပြည့်နှက် လာချိန်၌၊ တံဆိပ် တစ်ခု ဖွဲ့စည်း လိုက်သည်။
“ ငရဲ သံကြိုး ... ။ ”
ရှောင်ချင်းယန် ဦးခေါင်းက မျက်လုံးပြူး သွား၏။ ချက်ချင်း ထိတ်လန့် တကြား ဖြစ်လာ ကာ၊
“ မလုပ်နဲ့ ... ၊ မင်း ... မင်း အဲဒီလို လုပ်လို့ မရဘူး၊ အား ... ။ ”
“ ဝှစ် ... ။ ”
အော်ဟစ် နေစဉ်၊ ငရဲ သံကြိုးက သူ့နဖူးထံ ဖောက်ဝင် လာတော့သည်။
“ ဘာလဲ ... ဘာလို့လဲ ... ၊ နဂါးပြာ ဘိုးဘေးက ခွန်လွန်ကို စွန့်ခွာ သွားခဲ့တာ ကြာပြီ မဟုတ်လား၊ ဒါကို ဘာလို့ ... ဒီလူ တွေက ခုခံ နေကြရ တာလဲ။ ”
ရှောင်ချင်းယန် ဦးခေါင်းမှ ရှုပ်ထွေးသော အမူအရာဖြင့်၊ ညည်းတွား လိုက်တော့သည်။ ငရဲ သံကြိုး များက သူ့ဝိညာဉ်အား အမှောင် တွင်းနက်ကြီး အတွင်း၊ ဆွဲခေါ် နေ၏။
၎င်းသည် သေခြင်းထက် ပို၍ ကြောက်လန့်စရာ အကောင်းသော အဆုံးမဲ့ ပိတ်လှောင်မှု မျိုးပေပင်။
ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ ဖြစ်လျှင်ပင်၊ ဤတံဆိပ်ဖြင့် ပိတ်လှောင်ခြင်း ခံရသော်၊ စိတ် ပျက် အားငယ် သွားမည် ဖြစ်သည်။
လင်းယွန် နဖူး၌ ချွေးများ သီးလာ၏။ ငရဲသံကြိုး များသည် သူ ထင်ထား သည်ထက် ပို၍ သုံးရ ခက်ခဲ ချေပြီ။
မိုးကြိုး လျှပ်စီး ပုတီးကို ထုတ်ယူ လိုက် ပြီးနောက်၊ နိဗ္ဗာန် ရောင်ဝါများ သွန်းလောင်း လျက်၊ ရှောင်ချင်းယန် နဖူးတွင် ဝှေ့ယမ်း လိုက်သည်။
အနက်ရောင် အငွေ့များ စိမ့်ထွက် လျက်၊ အသက်ဓါတ်များ ပျောက်ကွယ် လာလေသည်။ သို့တိုင် မီးလျှံများ တောက်လောင် နေသော သံကြိုး ကိုးခေျာင်းကို ထုတ်ယူပြီး၊ ဦးခေါင်းထံ ရစ်ပတ် ကြိတ်ချေ ပစ်လိုက် သေးသည်။
“ ချွင် ချွင် ... ။ ”
“ ဂျွတ် ... ။ ”
မြင့်မြတ်သော မီးတောက် များက၊ ‘ပြာ’အဖြစ် ပြောင်းလဲရန် လောင်မြိုက် နေစဉ်၊ တတိယ မျက်လုံး ပွင့်လာ ပြန်၏။
“ လင်းယွန် ... ၊ ငါ ကျိန်တယ်၊ တစ်နေ့ ... ငါ့ရဲ့ ဝိညာဉ် နတ်မိစ္ဆာ မိသားစု ပြန်လာပြီး၊ မင်း အပါ အဝင်၊ မင်း ... သူငယ်ချင်း၊ မင်း ... ချစ်သူ၊ အားလုံးကို ... ကျွန်အဖြစ် အသုံးပြု ပစ်မယ်၊ ...
... လူတွေက တိရစ္ဆာန် တွေလို ... ၊ ရှင်သန်နေ ရမယ်၊ နဂါးပြာ ဘိုးဘေး ထွက်သွား ပြီ၊ မင်းတို့ကို စောင့်ရှောက်မယ့် လူ မရှိ တော့ဘူး၊ ဒါ ... ငါ့ကျိန်စာပဲ။ ”
ထို့နောက် ‘ပြာ’အဖြစ် ပြောင်းလဲ သွား၏။ လင်းယွန်က လိပ်နက် သံကြိုးအား သိမ်းလျက်၊ ပန်းသင်္ချိုင်းကို ဖမ်းကိုင် လိုက်ပြီး၊
“ ဝိညာဉ် နတ်မိစ္ဆာ မိသားစု တွေက ... တကယ် သတ်ရ ခက်တာပဲ။ ”
-ဟု ညည်းတွား မိသည်။
( မဟုတ်ရင် ... ခွန်လွန် နယ်မြေမှာ ... ၊ အနှစ် တစ်သိန်း ကြာအောင် သူတို့ အုပ်စိုး နိုင်မယ်လို့ ... ၊ နင် ထင်လား။ )
ခရမ်းငယ်မှ ဝင်ပြော၏။
( တစ်ခါ တုန်းက နဂါးဖြူ နန်းတော်မှာ နတ်ဆိုး သန့်စင်ခြင်း သစ်ပင် ဆိုတာကို၊ တွေ့ခဲ့ ဖူးတယ်၊ ခွေးသေကောင် တွေလို ... နတ်ဆိုး အလောင်တွေ ချိတ်ဆွဲ ခံထား ရတယ်၊ နေလ ထီးကို၊ ငါ အဲဒီက ရခဲ့တာ။ )
( အဲဒါ နဂါးပြာ ဘိုးဘေး ထွက် မသွားခင် တုန်းက နေမယ်။ )
လင်းယွန်က ကောင်းကင် လမ်းတွင် သူသတ် ခဲ့သော ယုဟိုရှင်းကို ရုတ်တရက် သတိ ရလာသည်။
၎င်းခန္ဓာကိုယ် ထဲတွင်၊ နတ်ဆိုး ဝိညာဉ် တစ်ကောင် ရှိ၏။ ဝိညာဉ် နတ်မိစ္ဆာ မိသားစု ကဲ့သို့ပင်၊ သတ်ရန် ခက်ခဲ လေသည်။
ယုဟိုရှင်းသည် ခွန်လွန် မရောက်ခင် သူ့အတွက် အသန်မာဆုံး ပြိုင်ဘက် တစ်ဦး ဖြစ် ခဲ့သည်။
( ဘာတွေ ... တွေးနေ တာလဲ။ )
( ဘာမှ မဟုတ် ပါဘူး။ )
လင်းယွန်မှ ခေါင်းခါ၏။
“ နောက် တစ်ယောက်ကို ဖြေရှင်းဖို့ အချိန် တန်ပြီ။ ”
လင်းယွန် တစ်ယောက် ချက်ချင်း ပျောက်ကွယ် သွားတော့သည်။ တစ်နာရီ အကြာ၌ မရဏ မြင့်မြတ် သူအား မြင်လိုက် ရ၏။
ဓားရောင်ဝါ ကြိုးတစ်ချောင်းအား သူမ ခန္ဓာကိုယ် အတွင်း ပစ်သွင်းခဲ့ သဖြင့်၊ အလွယ် တကူ ရှာတွေ့ခြင်း ဖြစ်သည်။
သူမက လင်းယွန်ကို မြင်သော အခါ၊ စိတ်ပျက် သွားသည်။
“ လင်းယွန် ... ၊ ငါ့ အသက်ကို ချမ်းသာ ပေးပါ၊ နင်ဘယ်သူ ဆိုတာ ... ဘယ်သူ့ ကိုမှ၊ ငါ ပြန် မပြော ပါဘူး။ ”
“ မင်းကို ယုံမယ်လို့ ... ၊ မျှော်လင့် နေတာလား။ ”
“ ငါ ... ငါ နင့်ရဲ့ ... ၊ ကျွန်အဖြစ် ခံယူ ပါ့မယ်။ ”
မရဏ မြင့်မြတ် သူက၊ ချက်ချင်း ဒူးထောက်လျက်၊ ယုန်ဖြူလေး နှစ်ကောင်ကို ရည်ရွယ်ချက် ရှိရှိ၊ ညှစ်ပြ လိုက်သည်။
“ နင့်အတွက် ဝန်ဆောင်မှု ပေးဖို့ ဆန္ဒရှိပါတယ်၊ ချမ်းသာ ပေးပါ၊ ... နင် ငါ့ကို လွှတ် ပေးရင်၊ နေလ ရူရ်ရဲ့၊ ...
... လျှို့ဝှက်ချက်ကို ပြောပြ နိုင်ပါတယ်၊ ပြီးတော့ ... ပိုင်ရှုရင် ဘဝ နဲ့လည်း သက်ဆိုင် ပါတယ်။ ”
ထိုစကားကြောင့် လင်းယွန်မှာ အံ့သြ သွားပြီး၊ စိတ်ဝင်စား လာလေသည်။ ငါးကို ဖမ်း မိပြီ ဖြစ်သဖြင့်၊ မရဏ မြင့်မြတ်သူ ခမျာ၊ ရွှင်မြူး သွား၏။
“ ပန်းသင်္ချိုင်းက ... မိတ်ဆွေ ဆက်ဆံ ရေးကို၊ တန်ဖိုး ထားတဲ့ လူပါ၊ ငါ့ကို မသတ်တဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ”
ပြုံးလျက် ဖြည်းဖြည်းချင်း ပြန်ဆုတ် သွားလိုက်သည်။ သို့သော် လင်းယွန်က ဓားကို ဆွဲနေ သည်အား၊ မြင်လိုက် ရ၏။ ချက်ချင်းပင် ကမ္ဘာကြီး တစ်ခုလုံး ချာလပတ် လည်လျက်၊ မြေပြင်ကြီး တုန်ခါ သွားလေသည်။
“ ရွှပ် ... ။ ”
ယင်းမှာ သူမ နောက်ဆုံး အသိ ဖြစ်၏။ လင်းယွန်က သွေးများ ပေကျံ နေသော ဓားကို လွှဲခါလျက်၊ သိမ်းဆည်း လိုက်တော့သည်။
“ ငါ့ကို ... အမျိုး သမီးတွေ သုံးပြီး၊ ခြိမ်းခြောက်တာ ... အမုန်းဆုံးပဲ။ ”
***