သွေးကျီးကန်း မျိုးနွယ်စု။
Vol. 144 Ch. 2004
မရဏ မြင့်မြတ် သူကို မီးရှို့ ပြီးနောက် ယဲ့ချင်းရှန် အသွင် အပြင်အား၊ ပြန်လည် ရယူ မိသည်။
သူ ပြန်လာသော အခါ၊ ပိုင်ချင်းယွီ နိုးနေ သည်ကို မြင်သဖြင့်၊ ရေလှိုင်းဓားအား သစ်ပင်မှ နုတ်ယူပေး လိုက်၏။
ဤဓား အကူ အညီ ကြောင့်သာ မဟုတ်သော်၊ ရှောင်ချင်းယန် တစ်ယောက် သည်မျှ ကြောက်စရာ ကောင်းမည် မဟုတ်ပေ။
“ ကျေးဇူး တင်ပါတယ် ယဲ့ချင်းရှန် ... ၊ ဒီဓားက ငါ့အစ်မပေး ခဲ့တဲ့ ဓားပဲ၊ ဆုံးရှုံး သွားရင် သူ အသည်းကွဲ လိမ့်မယ်။ ”
ပိုင်ချင်းယွီက ရေလှိုင်းဓားကို လက်ခံ ယူကာ ကျေးဇူးတင် စကား ဆိုသည်။
“ ရှောင်ချင်းယန်နဲ့ တခြား သူတွေ သေသွားပြီလား။ ”
“ သေပြီ ... နေဦး၊ မင်း ဒဏ်ရာကို အရင်စစ်ဆေး ကြည့်ရအောင်။ ”
နိဗ္ဗာန် ရောင်ဝါကို ပိုင်ချင်းယွီ ခန္ဓာ ကိုယ်ထဲ လောင်းထည့် လိုက်သည်။
“ မင်းဒဏ်ရာ တွေက ... ၊ တကယ် ပြင်းထန် တာပဲ။ ”
သူမ သေတော့ မည်ဟု ပြောချိန်က လှည့်ကွက် သုံးနေ သည်ဟု မြင်ခဲ့သည်။ ယခုမူ သွေး လွှတ်ကြောများ ပျက်စီးလု နီးပါး ဖြစ်၏။
သူတော်စင် ဆေးလုံးများ အကူ အညီ ဖြင့်ပင်၊ အမည်းငယ် မျှသာ သက်သာ ပေမည်။ နဂါး သွေးလွှတ်ကြော များသည် နိဗ္ဗာန် အဆင့် ပညာရှင် များ၏ အဓိက ဖြစ်ပြီး၊ အပ်စိုက်မှတ် များထက် ပို အရေး ပေ၏။
တစ်ချိန်က သူ့ ဒဏ်ရာ များနှင့် ဆင်တူသည်။ ထိုစဉ်က ခက်ခဲသော ကာလကို ဖြတ်သန်းရန် ဂီတနှင့် ရုပ်ခွန်အား ပေါ်သာ အားကိုး ခဲ့ရ၏။
ပိုင်ချင်းယွီ တွင်မူ သူတော်စင် ခန္ဓာကိုယ် နှစ်ခု မရှိ သဖြင့်၊ သူမ၏ နဂါး သွေးလွှတ်ကြော များကို ပြုပြင်ရန်၊ ကောင်းကင် နှင်းကြာပန်းမှ အသုံး မဝင်ချေ။
“ တောင်းပန် ပါတယ် ... ၊ ငါ ... အသုံး မကျလို့ နင့်ကို ဒုက္ခပေး မိပြီ၊ အခု ငါက ဝန်ထုပ် ဝန်ပိုး ဖြစ်သွား ပြီ။ ”
“ ဟား ဟား ဟား ... မဆိုးဘူး၊ အနည်းဆုံးတော့ မင်းက ကိုယ့်ကိုယ်ကို ပြန်မြင် တတ်သားပဲ။ ”
ခရမ်းငယ်က လေှာင်ပြောင် ရယ်မော လိုက်၏။ နဂါးလေးမှ သူမအား ခေါ်ထုတ် လာခြင်း ဖြစ်သည်။
“ နင်က ဘယ်သူလဲ ... ။ ”
ပိုင်ချင်းယွီက အံသြ သွားသည်။
“ ဒါ ... သခင် ဖီးနစ်။ ”
နဂါးလေးမှ ပြန်ဖြေ၏။ ထိုအဖြေကြောင့် ပိုင်ချင်းယွီ မျက်လုံးများ တောက်ပ လာသည်။ သခင် ဖီးနစ် ဟူသည်၊ လှပသော ဤကလေးမ လေးအား ဆိုလို သည်လော။
“ သူ့ ဒဏ်ရာ ... ။ ”
လင်းယွန်က ခရမ်းငယ်အား လှည့်ကြည့် လိုက်သည်။
“ စိုးရိမ် စရာ မရှိ ပါဘူး၊ သူ့မှာ သန်မာတဲ့ ကိုယ်လုံး ကိုယ်ပေါက် ရှိတယ်၊ ကောင်းကောင်း မကျင့်ကြံလို့ မနိုးထ သေးတာ၊ သူရဲ့ အလား အလာက မညံ့ဘူး။ ”
ခရမ်းငယ်က ခေါင်းညိတ်ကာ ပြန်ဖြေ၏။ လင်းယွန် သည်လည်း ထိုသို့ ထင်ကြေး ရှိသည်။ အလား အလာ မရှိသော် အသက် ငယ်ငယ်နှင့် သည်မျှ မြင့်မားသော နယ်ပယ်သို့၊ ရောက်ရှိ နေမည် မဟုတ်ချေ။
“ ငါ့ အစ်မမှာ မွေးရာပါ ယင်-သူတော်စင် ခန္ဓာ ရှိတယ်၊ ငါလည်း အတူတူပဲ၊ ဒါပေမယ့် ငါ့ အရည် အချင်းက အစ်မနဲ့ ယှဉ်လို့ မရဘူး၊ ကျင့်ကြံ ရတာ ကိုလည်း၊ ...
... ပျင်းတယ်၊ အဲ့ဒါကြောင့် ... ငါ့ရဲ့ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်က ... မနိုးထ နိုင်ခဲ့တာ။ ”
ပိုင်ချင်းယွီက ခေါင်းငုံ့ပြီး၊ တိုးတိုးလေး ဝန်ခံလာ၏။ ခရမ်းငယ်မှ ပြုံးလျက်၊
“ စိတ်ပူ မနေနဲ့ ... မင်း ဒဏ်ရာက ဒီလူယုတ်မာလောက် မပြင်းထန်ဘူး၊ ပြန် ကောင်း လာဖို့ လွယ်တယ်။ ”
-ဟု ပြောကြား လာ၏။
“ ဒါပေမယ့် နတ်နဂါး အရိုး မပါဘဲ ကောင်းကင် နှင်းကြာပန်းကို သန့်စင်လို့ မရဘူး၊ နင့် နတ်နဂါး အရိုးနဲ့ ... နှင်းကြာပန်း နှလုံးသား ကို သန့်စင်ပြီး၊ သူ့ထဲ ပြောင်းထည့် ပေးမှ ရမယ်။ ”
ခရမ်းငယ် စကားကြောင့် လင်းယွန်မှ နားရှုပ်သွားသည်။
“ ငါ့မှာ နှင်းကြာပန်း နှလုံးသား ကျန်ပါ သေးတယ်၊ ဒါပေမယ့် အဲဒါကို သန့်စင်ပြီး သူ့ကို ပေးရမယ် ဆိုတာက ဘာလဲ။ ”
“ နင် လူမိုက်လား ... သူ့ကို ခွံ့ကျွေးဖို့ ပြောတာပေါ့ ... ။ ”
ခရမ်းငယ် အဖြေကြောင့် ပိုင်ချင်းယွီက ရှက်ရွံစွာ ခေါင်းငုံ သွားသည်။
“ အဲဒီလောက် လိုအပ် လို့လား။ ”
လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်၏။
“ ဟုတ်တယ် ... ဒီနည်းလမ်းက လွဲလို့၊ ငါ တခြား ဘာမှ မရှိ တော့ဘူး၊ သူ့ရဲ့ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်က မနှိုးထ သလို နတ်နဂါး အရိုးလည်း မရှိတော့၊ ...
... ဒုက္ခိတ တစ်ယောက် အဖြစ် နဲ့သာ သက်ရှင် ရလိမ့်မယ်၊ အဲဒီ အချိန်မှာ သူ့အစ်မက နင့်ကို သေချာပေါက် သတ်လိမ့်မယ်။ ”
“ ယဲ့ချင်းရှန် နင်က လူကောင်း တစ်ယောက်ပါ၊ ငါ ဒုက္ခိတ မဖြစ် ချင်ဘူး၊ အမှား တွေ အများကြီး လုပ်ခဲ့ပြီး ပြီမို့၊ ပြင်ဆင်ခွင့် ပြုပါ။ ”
ရွေးချယ်ခွင့် ရှိသဖြင့်၊ ပိုင်ချင်းယွီမှာ ဒုက္ခိတ မဖြစ် ချင်ချေ။ သူမ ဟူသည် အတိတ်၌ ပါရမီရှင် တစ်ပါး ဖြစ်၏။
“ နောင်တ မရနဲ့ ... ။ ”
လင်းယွန် ပြောကြား လိုက်၏။ ထို့နောက် ခရမ်းငယ်က သူတို့ နှစ်ဦး အတွက်၊ ကောင်းကင် နှင်းကြာပန်း အနှစ်သာရ ရေဇလုံကြီး ပြင်ဆင် ပေးသည်။
သည့်အပြင် သူမ လက်ထိပ်ကို ကိုက်ဖြတ်ကာ၊ သွေး အနည်းငယ် ထပ်ဖြည့် ပေးလာ၏။
ပြီးနောက် နှစ်ယောက်သား ရေဇလုံထဲ ဝင်ထိုင် လိုက်ပြီး၊ နှင်းကြာပန်း နှလုံးသားကို လင်းယွန်မှ မျိုချ သည်။
နာရီဝက်အကြာတွင် လင်းယွန် မျိုချ ထားသော နှင်းကြာပန်း အနှစ် သာရက ပါးစပ်၌ စုရုံး လာ၏။
“ ပါးစပ်ဟ ... ။ ”
လင်းယွန် စကားကြောင့်၊ ပိုင်ချင်းယွီ ခမျာ မျက်နှာ နီရဲ သွားခဲ့သည်။ နှင်းကြာပန်း အနှစ် သာရက သူမ ပါးစပ်မှ တဆင့်၊ ခန္ဓာ ကိုယ်ထဲ ဝင်ရောက်ကာ အရည်ပျော် လာသည်။
လင်းယွန်က ပိုင်ချင်းယွီနှင့် လက်ဖဝါးချင်း ပူးကပ်ပြီး၊ နဂါးပြာ အရိုး၏ စွမ်းအားများ ပေးပို့ လိုက်သည်။
ဖြစ်စဉ် တစ်လျှောက်လုံ ပိုင်ချင်းယွီ ခမျာ မျက်လုံးများ မှိတ်ထား လိုက်ပြီး၊ လင်းယွန်ကို မကြည့်ဝံ့ ချေ။ အသက် ရှူခြင်း ကိုပင် အောင့်ထား လိုက်မိသည်။
ပိုင်ချင်းယွီသည် သူမ အစ်မ ကဲ့သို့ လှပ ချေ၏။ ပိုင်ရှုရင် ကဲ့သို့ သပ်သပ် ရပ်ရပ် ပြုမူခြင်း မရှိ သော်လည်း၊ ပို၍ လက်တွေ့ ဆန်သည်။
လင်းယွန်က အတွေးများ ပြန်ရုတ်ပြီး၊ နဂါးပြာ အရိုးကို ညှစ်ထုတ် လိုက်သည်။ သူ့ထံမှ အပြာရောင် အလင်းများ ဖြာထွက် လာပြီး၊ နှစ်ယောက် လုံးကို ဖုံးလွှမ်း သွား၏။
တစ်ညတည်း မှာပင်၊ ပိုင်ချင်းယွီ၏ နဂါး သွေးလွှတ်ကြော အချို့၊ ပြန်လည် ကောင်းမွန် လာသည်။
မနက်လင်း ချိန်၌ လင်းယွန်က ထထွက် လာစဉ်၊ သူ့ခန္ဓာကိုယ်မှ ရေများ အငွေ့ ပျံလျက်၊ ခြောက်သွေ့ သွားလေသည်။
သုံးရက် အကြာတွင် ပိုင်ချင်းယွီ တစ်ယောက် နှင်းကြာပန်း အနှစ်သာရကို လုံးဝ သန့်စင် နိုင်ခဲ့၏။
ဒဏ်ရာ များမှ ပြန်လည် သက်သာ လာသည်သာ မကဘဲ၊ နောက်ထပ် ခြေလှမ်း တစ်လှမ်းပင် လှမ်းနိုင် သွားသည်။
“ ပိုင်ချင်းယွီ ... မင်း ပြန်တော့။ ”
“ ဟမ် ... ပြန်ရ မှာလား။ ”
လင်းယွန် စကားကြောင့်၊ ပိုင်ချင်းယွီက ရေလှိုင်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် လိုက်ပြီး၊
“ ယဲ့ချင်းရှန် ... ၊ ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေ လို့လား ... ။ ”
သို့သော် ချက်ချင်း နောင်တရ လာ၏။ တစ်ချိန်လုံး သူမ အစ်မ အတွက် လက်စားချေ ရန်ဟု အော်ဟစ်ကာ ဤနေရာသို့ လိုက်လာ ခဲ့ခြင်း ဖြစ်သည်။
ယခု သူမ နားလည်မှု လွဲသွားမှန်း သိလာ ခဲ့၏။ ထို့ကြောင့် ပြန်သင့်ပြီ ဖြစ်သည်။ သို့သော် အကြောင်း တစ်ခုခုကြောင့်၊ ဝမ်းနည်း လာ မိသည်။
“ ငါ ... နင့် နောက်လိုက်ပြီး ... ကူညီပါ ရစေ။ ”
လင်းယွန်က ခေါင်းခါပြီး၊
“ နောက်ကြုံ ရမယ့် အရာက၊ အသက် သေဆုံးသွား နိုင်တယ်၊ မင်း ငါ့ကို ကူညီ နိုင်မှာ မဟုတ်ဘူး ။ ”
-ဟု ပြောကြား လိုက်၏။
“ ငါ နားလည် ပါပြီ။ ”
“ စိတ်မပူနဲ့ ... မင်းကို နဂါးလေး ပြန်ပို့ ပေးလိမ့်မယ်၊ လမ်း ခရီးမှာ ... အန္တရာယ် မရှိ စေရ ဘူး။ ”
“ ရှောင်ချင်းယန်တို့ ... တကယ် သေသွားပြီလား။ ”
“ အင်း ... သေသွားပြီ ... ။ ”
“ မရဏ မြင့်မြတ်သူ ရောလား။ ”
“ ဟုတ်တယ်၊ ဘာလို့လဲ ... ။ ”
“ ဘာမှ မဟုတ် ပါဘူး၊ သူမလို လှပတဲ့ အမျိုးသမီး တစ်ယောက်ကို၊ သတ်ပစ် လိမ့်မယ် ဆိုတာ၊ မယုံ နိုင်ဘူး ဖြစ်နေ လို့ပါ။ ”
“ သူက လှတယ် ဆိုရင်တောင်၊ ငါ့ကို ခြိမ်းခြောက် ခဲ့တဲ့ အတွက်၊ သေသင့် ပါတယ်၊ ဒါပေမယ့် ... မင်းနဲ့ မင်းအစ်မ လောက်တော့ မလှ ပါဘူး။ ”
“ တကယ်လား... ငါက အစ်မ ပိုင်ရဲ့ ... ၊ ညီမ မဟုတ် ရင်ရော ... ငါ့ကို ကယ်တင် ပေးမှာ လား။ ”
ပိုင်ချင်းယွီက ဝမ်းသာ အားရ မေးသည်။ သို့သော် လင်းယွင်မှ ပြန် မဖြေချေ။ နှုတ်ဆိတ် နေခဲ့၏။ ယင်းကြောင့် ပိုင်ချင်းယွီ အပြုံးမှာ ချက်ချင်း ပျောက်ကွယ် သွားပြီး ခေါင်းညိမ့်လျက်၊
“ ကောင်းပြီ ... ငါ နားလည် ပါတယ်။ ”
-ဟု ဆိုကာ၊ လှည့်ထွက်ရန် ပြင်တော့သည်။
“ သူ့ကို ခေါ်လိုက်ပါ၊ နတ်သွေးပန်းကို ရှာတော့မယ် ဆိုတော့၊ သူက ငါတို့ကို ကူညီပေး နိုင်ပါ လိမ့်မယ်။ ”
ခရမ်းငယ်မှ မျက်ဝန်းများ မှေးစင်းလျက် ဝင်ပြော၏။ ပိုင်ချင်းယွီ မျက်ဝန်းများ ချက်ချင်း တောက်ပ လာပြီး၊
“ ယဲ့ချင်းရှန် ငါ့ကို ယုံပါ ... ၊ ငါ နင့်ကို ကူညီပေး နိုင်ပါတယ်။ ”
-ဟု ပြန်လှည့် ကြည့်ကာ ပြောလာ လျသည်။
လင်းယွန်မှ အချိန် အတော်ကြာ စဉ်းစား နေခဲ့၏။ အထူးသဖြင့် ဤအရပ်သည် အန္တရာယ် များ လွန်းသည်။ တိုက်ပွဲ အတွင်း နဂါးလေးပင် သူမကို ကာကွယ် နိုင်မည် မဟုတ်ချေ။
“ ဟီးဟီး ... မငြင်းဘူး ဆိုတော့ ... ၊ ဒါက လက်ခံ တာပေါ့၊ ဟုတ်တယ် မလား။ ”
ပိုင်ချင်းယွွီမှ ပါးနပ် စွာဖြင့်၊ ခရမ်းငယ် အနားသို့၊ ပြေးကပ် လိုက်တော့သည်။ အနန္တ သင်္ချိုင်း တောင်ကြား အတွင်းသို့၊ ရောက်ရန် အချိန် အတော် ကြာခဲ့သည်။
ပတ်ဝန်းကျင် လေထု ထဲတွင် ကြက်သွေးရောင် အခိုး အငွေ့ များဖြင့် ဖုံးလွှမ်း နေပြီး၊ သင်္ချိုင်း ဂူများစွာ ရှိ၏။
ဓားနှလုံးသားကို ဖြန့်ကျက်လျက်၊ ထိုမြူ အတွင်း ထောက်လှမ်း မိသည်။ မိုးပြာ နဂါးဓား နှလုံးသားအား၊ မြင့်မြင့် မားမား ဆုပ်ကိုင် ထား နိုင်ပြီ ဖြစ်ရာ၊ အားကိုး ထိုက် ပေ၏။
“ ဘယ်လိုလဲ ... ။ ”
ခရမ်းငယ်မှ မေးသည်။
“ ထူးဆန်းတယ်၊ လေထုထဲမှာ ရန်လိုမှု တွေကို ခံစား ရတယ်။ ”
လင်းယွန်က ကြက်သွေးရောင် မြူအတွင်း ငေးကြည့်ကာ၊ ပြန်ဖြေ၏။
“ ဓားရည်ရွယ်ချက် ဆိုတာ၊ မကောင်းမှု မှန်သမျှကို ခံစား နိုင်တယ် ... ၊ ဒီသွေးကျီးကန်း တွေက၊ မကောင်း မှုရဲ့ သရုပ် သဏ္ဍာန်ပဲ၊ သူတို့ကို နင့် ခံစား မိတာ ဖြစ်မယ်။ ”
“ ဟုတ်လား ... ၊ ကြည့် ရအောင်။ ”
လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်ကာ၊ နဂါး မျက်လုံး ဖွင့်လိုက်သည်။ ကြက်သွေးရောင် မြူများ အတွင်း၊ မိုင်ပေါင်း များစွာကို ရှင်းလင်းစွာ မြင်လာ ရ၏။
“ မိုင်သုံးထောင် အကွာမှာ၊ သွေးကျီးတွေ အများကြီး ရှိတယ် ... ၊ တော်တော် များများက ဘုရင် အဆင့်ရဲ့ ထိပ်တန်း သုံးဆယ် ကျင့်ကြံ သူတေွနဲ့ ယှဉ်နိုင်တယ်။ ”
လင်းယွန် မြင်လိုက် ရ သည်မှာ၊ အစွန် အဖျား မျှသာ ဖြစ်၏။ သာမန် ကျင့်ကြံ သူများ အတွက်၊ ဝင်ရောက် သွားပါက၊ မည်သို့ သေဆုံး သွား မည်ကို၊ သိလိုက်မည် မဟုတ်ချေ။
ရှောင်ချင်းယန်နှင့် မရဏ မြင့်မြတ် သူတို့ ပူးပေါင်းထား လျှင်ပင် ကြက်သွေးရောင် မြူများ အတွင်း၊ ကျူးကျော် ဝံ့မည် မဟုတ်ကြောင်း အာမခံ နိုင်ချေ၏။
***