သားကောင် ... ။
Vol. 144 Ch. 2005
သူ့တွင် ခရမ်းငယ်နှင့် နဂါးလေး ပါရှိနေ သောကြောင့်၊ လုံခြုံမှု ရှိစေရန် ဓားနှလုံးသားကို အဆတ် မပြတ် သုံးကာ၊ မြူအတွင်း ဝင်ရောက် လာခဲ့သည်။
“ ဒီထဲမှာ နတ်သွေးပန်း ... တကယ် ရှိလား။ ”
“ ရှိတယ် ... ဒါပေမယ့် ဘယ်မှာလဲ … ဆိုတာတော့ အတိ အကျ မသိဘူး၊ အနီးစပ်ဆုံး တည်နေရာ ကိုပဲ၊ ခံစားလို့ ရတယ်။ ”
ခရမ်းငယ်မှ ပြန်ဖြေ၏။ လင်းယွန်က ခေါင်းညိမ့် လိုက်သည်။ နတ်သွေးပန်း မတွေ့ လျှင်ပင်၊ သူ့အတွက် အကျိုး မယုတ်ချေ။
သွေးကျီးကန်း များကို သတ်ပစ် ခြင်းဖြင့်၊ အနှစ်သာရများ ရရှိ ပေမည်။ ၎င်းတို့ကို ‘အပြစ်’ -ဟုလည်း ခေါ်ကြ၏။
( အပြစ် ဟူသည်မှာ၊ ဒုစရိုက် (၇)ပါးကို ဆိုလိုသည်။ လောဘ၊ ဒေါသ၊ မာန၊ မနာလိုခြင်း၊ စွဲလမ်းခြင်း၊ ငြူစူခြင်းနှင့်၊ ရမ္မက် တို့ ဖြစ်၏။
ဆိုလို သည်မှာ သွေးကျီးကန်း အနှစ် သာရတွင်၊ ရုန့်ကြမ်းသော ဆန္ဒ (၇)မျိုး ပါဝင် ပေသည်။ )
ထိုအပြစ် များသည် ကျင့်ကြံ သူများ အတွက်၊ အကျိုးမရှိ သော်လည်း သိုင်းရည်ရွယ် ချက်များနှင့် ပေါင်းစပ် နိုင်သည်။
လုပ်ငန်းစဉ်မှာ အန္တရာယ် ရှိ၏။ အကျိုး သက်ရောက် မှုမှာ၊ ကြီးကြီး မားမား မဟုတ်ချေ။ ထို့ကြောင့် အသုံး မပြု သည်က ပိုကောင်း ပေမည်။
လူများစွာက အနန္တ သင်္ချိုင်း တောင်ကြားသို့ ဝင်ရောက်ကာ၊ သိုင်း ရည်ရွယ်ချက်ကို သန့်စင် ရန်၊ ထိုအနှစ် သာရများ ရယူ ကြ၏။
ကောင်းကင် အပြည့် ပျံ့ကား နေသော သစ်ပင်ကြီး၊ တစ်ပင် အောက်မှ ဖြတ်သန်း လာ စဉ်၊ လေထု အတွင်း မရဏ အငွေ့ အသက်များ ပြည့်နှက် လာပြီး၊ သွေးကျီးကန်းများ ချက်ချင်း ရောက်ရှိ လာ၏။
“ အသန်မာဆုံး ကောင်ကို ငါ ဖြေရှင်း လိုက်မယ်၊ ကျန်တာတွေ မင်းတို့ အဆင်ပြေ မလား။ ”
“ စိတ်မပူနဲ့ ... ၊ သွေးကျီးကန်း လောက်တော့ ... ၊ ကိုင်တွယ် နိုင်ပါတယ်။ ”
ပိုင်ချင်းယွီမှ ခေါင်းညိမ့်၏။ ၎င်းတို့အား ကြောက်ရွံ့ သော်လည်း၊ သေခြင်းကို ဖြတ်ကျော် ပြီးနောက်၊ သူမ၏ စိတ်နေ စိတ်ထား ပြောင်းလဲ လာ ခဲ့သည်။
သေချင် သော်လည်း၊ သေခွင့် မရှိသည့် အခြေ အနေမျိုး နောက်တစ်ကြိမ် ထပ်မကြုံချင် တော့ချေ။ ထို့အပြင် သူမသည် အသုံးဝင် ကြောင်းလည်း၊ သက်သေပြချင် ခဲ့၏။
“ ဝှစ် ... ။ ”
လင်းယွန်က ခေါင်းညိတ်လျက်၊ သစ်ကိုင်း ပေါ်ရှိ သွေးကျီးကန်း တစ်ကောင်ဆီ ခုန်တက် သွားသည် ။
၎င်းသည် အနှစ် တစ်ထောင် သက်တမ်းရှိသည့် သွေးကျီးကန်း တစ်ကောင် ဖြစ်ပြီး၊ အတောင်ပံ များ၌ ရွှေရောင်များ တောက်ပ နေ၏။
သွေးကျီးကန်းက ခြိမ်းခြောက်မှုကို ခံစားရကာ၊ ၎င်းနှင့် မီတာ တစ်ရာသို့ ချဉ်းကပ် လာသည့်၊ လင်းယွန်အား တွေ့ရှိ သွားသည်။
“ ဓားသမား လား ... ။ ”
၎င်းက သစ်ကိုင်း ပေါ်မှ နေ၍ လင်းယွန်ထံ ငုံ့ကြည့်၏။
“ ဓားသမား တစ်ယောက်က သေဖို့ ရောက်လာ ပြီပဲ၊ မင်းရဲ့ အသားက အရသာ ရှိ မယ်၊ ဒါက ငါ့ကို ... အမည်ခံ သူတော်စင် နယ်ပယ် ရောက်နိုင် လိမ့်မယ်။ ”
သွေးကျီးကန်းမှ အတောင်ပံ များကို ဖြန့်ထုတ် လိုက်၏။ ကြက်သွေးရောင် အလင်း များက လှံကဲ့သို့၊ လင်းယွန်ထံ ပျံသန်း လာလေသည်။
“ ဝုန်း ... ။ ”
လင်းယွန်က သူတော်စင် ခန္ဓာ နှစ်ခုကို ထုတ်ဖော်ကာ၊ လက်သီးဖြင့် ပြန်လည် ဖြိုခွဲ လျက်၊ ဆက်လက် ခုန်တက် နေခဲ့သည်။
သွေးကျီးကန်း၏ ခွန်အားသည် ရှောင်ချင်းယန်ထက် သာလွန်ပြီး၊ အမည်ခံ သူတော်စင်နှင့် ယှဉ်နိုင်၏။
သို့သော် ၎င်းတို့သည် မည်သည့် သိုင်း နည်းစနစ် ကိုမျှ မသိသည့် အပြင်၊ သူတော်စင် ရောင်ဝါလည်း ပိုင်ဆိုင် ထားခြင်း မရှိချေ။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
ကြက်သွေးရောင် လှံများကို၊ မိုးကြိုး မုန်တိုင်းများ ပြည့်နှက် နေသည့် နဂါးရောင်ဝါမှ ဖြိုခွဲ နေခဲ့သည်။
လင်းယွန်၏ လက်သီးချက် များသည် နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်းမှုရှိ ကျင့်ကြံသူ တစ်ဦးအား၊ အလွယ် တကူ သတ်ပစ် နိုင်သည်။
သွေးကျီးကန်း အတွက်မူ၊ ထိမှန် သော်မှ ဒဏ်ရာ မရရှိ ခဲ့ဘဲ၊ ဒေါသတကြီး တုန့်ပြန်ခြင်း ကိုသာ ကြုံလာ ရ၏။
“ လူသား ကျင့်ကြံသူ ... မင်း အခု ထွက်သွားတာ ပိုကောင်းမယ် မဟုတ်လို့ ငါတို့ရဲ့ ဘုရင် ရောက်လာရင် မင်း သေလိမ့်မယ်။ ”
သွေးကျီးကန်းက ခြိမ်းခြောက်၏။ ဤဓားသမားသည် ခေသူ မဟုတ်ကြောင်း သူ သိသည်။ ထို့ကြောင့် တိုက်ပွဲအား ရှောင်လို၏။
“ ဘယ်လောက် တောင် ... အစွမ်းထက် လိုက်တဲ့ ခန္ဓာကိုယ်လဲ။ ”
လင်းယွန်မှာ ထိတ်လန့်သွားပြီး ပန်းသင်္ချိုင်းကို ဆွဲထုတ် လိုက်၏။ ဘုန်း ဝိညာဉ် တော်များ အသက် ဝင်လာ တော့သည်။ ကြယ်ဓား သည်လည်း တောက်ပ လာ၏။
“ အ ... အ ... ။ ”
သွေးကျီးကန်း ခမျာ ထိတ်လန့် တကြား အော်ဟစ်ပြီး ရှောင်ရန် အတတ်နိုင်ဆုံး ကြိုးစား တော့သည်။
“ ကျေးဇူးပြုပြီး ငါ့ကို သနားပါ။ ”
ဒုတိယ ဓားကို လွှဲလိုက်ပြီ ဖြစ်သော လင်းယွန်မှာ ထိုတောင်းပန် သံကြောင့်၊ အံ့အား သင့် သွား၏။
သို့သော် သွေးကျီးကန်းမှာ မြေပြင်ပေါ် နှစ်ပိုင်း ပြတ်ကျ သွားပြီး ဖြစ်သည်။ ၎င်းခန္ဓာမှ ကြက်သွေးရောင် အခိုး အငွေ့များ ထွက်လာပြီး၊ သူ့စိတ်ဝိညာဉ်ထဲ တိုးဝင်လာ တော့၏။
တစ်ချိန်တည်း မှာပင် ဓားပင်လယ် သည်လည်း အနည်းငယ် လှုပ်ရှား သွားသည်။
“ တကယ်ထိ ရောက်တယ်။ ”
သွေးကျီးကန်း၏ နှစ်သာရကြောင့်၊ ကြယ်ဓား ရည်ရွယ်ချက်သည် ပို၍ အားကောင်း လာ သည်ကို၊ ခံစား လိုက် ရ၏။
ဖြစ်စဉ်သည် အန္တရာယ် များပြီး၊ သတိ မပြုပါက စိတ်ဝိညာဉ် အမှောင် ဖုံးနိုင် ပေမည်။
“ အပြစ်ရဲ့ ဒေါသက ဓားကို သန်မာ စေတာပဲ၊ ဒီဒေါသကို ထိန်းနိုင် သရွေ့တော့၊ ငါ့အတွက် အကျိုးရှိ နေမှာပါ။ ”
များမကြာခင် သွေးကျီးပေါင်း တစ်ထောင်ခန့် အမဲလိုက် သတ်ဖြတ် ပစ်လိုက် သည်။ သိုင်း ရည်ရွယ်ချက် များကို မြှင့်တင်ရန် ရတနာမှာ ရှားပါး ချေပြီ။
အများစုသည် ကံကောင်း ခြင်းနှင့် သက်ဆိုင်၏။ လက်ရှိ အောင်မြင်မှု များမှာ၊ ကောင်းကင် တိမ်လွှာ သစ်သီး များကြောင့် ဖြစ်သည်။
မိုးလင်းသော အခါ နှစ်ပေါင်း သုံးထောင်ကျော် ရှင်သန် နေထိုင် ခဲ့သော သွေးကျီးကန်း ဘုရင် ရောက်လာ၏။
“ ဓားသမား၊ မင်းရဲ့ ခရီးစဉ် ပြီးသွားပြီ၊ ဒီနေရာက ကစားကွင်း မဟုတ်ဘူ၊ ငါ့ အိမ်ပဲ။ ”
သွေးကျီးကန်း ဘုရင်က လင်းယွန်ကို စိုက်ကြည့်ကာ ပြော၏။ တစ်ညတည်း မှာပင်၊ သွေးကျီးကန်း တစ်ထောင် အသတ် ခံခဲ့ရ သဖြင့်၊ မျိုးနွယ်စု အတွင်း ကြီးမားသော ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွား ခဲ့သည်။
ထို့ကြောင့် နိဗ္ဗာန် အဆင့် သွေးကျီးကန်း ပေါင်းများစွာနှင့်၊ အနှစ် တစ်ထောင် ပြည့်ခါစ သွေးကျီး (၃)ကောင်ကို ခြံရံလျက်၊ အမြန် လိုက်လာ ခဲ့ခြင်း ဖြစ်သည်။
“ နတ်သွေးပန်းရဲ့ ... တည်နေရာကို ပြောပြရင်၊ ငါ ထွက်သွားမယ်။ ”
“ နတ်သွေးပန်းကို ... ငါ မသိဘူး၊ မင့် အတွက် အခွင့်အရေး ကုန်ပြီး၊ ထွက်သွားချင် ရင်တောင်၊ ခွင့် မပြု နိုင်ဘူး။ ”
သွေးကျီးကန်း ဘုရင်၏ ခွန်အားသည်၊ ဒုတိယ အဆင့် အမည်ခံ သူတော်စင်နှင့် ယှဉ်နိုင် သည်။ ပထမ အဆင့်နှင့် ဒုတိယ အဆင့် ဟူ၍ သာ ကွာခြားခြင်း ဖြစ်သော်လည်း၊ ခွန်အား အရာ၌ (၁၀)ဆ ကွာ၏။
လူသား ကျင့်ကြံသူများ ဖြစ်သော၊ ဘုရင် အဆင့် ထိပ်တန်း (၁၀) ဦးသည်၊ ပထမ အဆင့် အမည်ခံ သူတော်စင် များကို အနိုင် ယူနိုင် သည်။
သွေးကျီးကန်း အတွက်မူ၊ သူတော်စင် ရောင်ဝါများကို စုဆောင်း နိုင်ခြင်း မရှိ သဖြင့်၊ သနား စရာ ပေပင်။
ထို့ကြောင့် လင်းယွန်မှ နှစ်တစ်ထောင် သွေးကျီးကန်း များအား ရင်ဆိုင် မိ၏။ သို့တိုင် ၎င်းတို့၏ ခန္ဓာ ကိုယ်မှာ သန်မာ ချေပြီ။
သူတို့၏ တိုက်ခိုက်မှု များတွင် ပါဝင်သော ကြက်သွေးရောင် မီးလျှံ မှတဆင့်၊ အပြစ် (၇)ပါး ကူးစက် လာပြီး၊ လူသား များကို သေခြင်းထက် ဆိုးရွားသော ဝေဒနာမျိုး ပေးစွမ်း နိုင်သည်။
“ ဝှစ် ... ။ ”
လင်းယွန် နောက်တွင် တောင်ပံ တစ်စုံ ပေါ်လာပြီး၊ အရှိန် မြှင့်လျက် ကြက်သွေးရောင် မီးတောက် များကို ရှောင်တိမ်း နေမိသည်။
ရှောင်တိမ်းမှုများ ကြားမှ ကြယ်ဓားနှင့် မိုးပြာ နဂါး ရည်ရွယ်ချက်ကို၊ အသက် သွင်း လိုက် ရ၏။
သို့မှသာ ဖိအား သက်သာ လာပြီး၊ နှစ်တစ်ထောင် သွေးကျီးကန်း များကို ပြန်လည် တိုက်ခိုက် နိုင်ခဲ့သည်။
များ မကြာခင် နှစ်တစ်ထောင် သွေးကျီးကန်း တစ်ကောင်၏ လည်ပင်းအား ဓားဖြင့် ဖြတ်နိုင် ခဲ့၏။
“ ဓား ... ဓားမိစ္ဆာ ... ။ ”
ကျန် နှစ်တစ်ထောင် သက်တမ်း ရှိသော သွေးကျီးပေါင်း နှစ်ကောင်မှ၊ ကြောက်ရွံ့ စွာဖြင့်၊ ချက်ချင်း ပြန်ဆုတ် သွားသည်။ ထိုမြင်ကွင်း ကြောင့် ပိုင်ချင်းယွီက သနား သွား၏။
“ သွေးကျီးကန်း တွေက ... တကယ့်ကို သနား စရာ ကောင်းတာပဲ။ ”
သွေးကျီးကန်း များသည် အန္တရာယ် ပေးစွမ်းနိုင်သော သားရဲများ ဖြစ်သည်။ သို့တိုင် လင်းယွန် လက်၌ တစ်ချက် လွှဲလိုက်တိုင်း တစ်ကောင် အသက်ပေး နေရ၏။
“ ဟမ့် ... ၊ ဓားသမားက နှစ်ပေါင်း တစ်သိန်းကျော် ရှင်သန်လာတဲ့၊ ငါတို့ မျိုရိုးကို ယှဉ်နိုင် မလား၊ ဒီနေ့ မင်းကို ဖယ်ရှားမယ်။ ”
တပည့် လက်သား များကို၊ တစ်ချက် တစ်ကောင်နှုန်း သုတ်သင် နေသော လင်းယွန် ထံ သွေးကျီးကန်း ဘုရင်က တောင်ပံများ ခတ်ကာ၊ ပျံသန်းလာ တော့၏။
လင်းယွန် ခမျာ အရှိန် အဟုန်ဖြင့်၊ ဝင်လာသော ၎င်း၏ တိုက်ခိုက်မှုကို တားဆီး ရန်၊ ပန်းသင်္ချိုင်း ဓားအား မြှောက်ကာ၊ ဟန့်တား လိုက်ရသည်။
“ ဝုန်း ... ။ ”
နောက်ဆက်တွဲ အနေဖြင့်၊ လင်းယွန် တစ်ယောက် ခြေလှမ်းပေါင်း များစွာ ပြန်ဆုတ် ပေးလိုက် ရသည်။ ဓားကြောင့် အတောင်ပံ များ၌ မီးပွားများ ပွင့်ထွက် လာ၏။
“ ဖရူး ... ။ ”
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သွေးကျီးကန်း ဘုရင်မှ မရပ်ချေ။ ထပ်မံ လှမ်းတက် လာပြီး၊ လင်းယွန်ကို ခြေလှမ်း (၁၀) လှမ်းခန့်၊ ထပ်မံ ဆုတ်ခွာ ခိုင်းနေ ပြန်၏။
“ ဟမ့် ... ၊ မင်းက အထင်ကြီးစရာ ဘာမှလည်း မရှိဘူး။ ”
၎င်း၏ အတောင်ပံ များသည်၊ လင်းယွန် အား ကိုင်တွယ် နိုင်ကြောင်း သိမြင် ပြီးနောက်၊ သွေးကျီးကန်း ဘုရင်မှ ယုံကြည်မှု ရှိလာ တော့သည်။
“ အ ... အ ... ။ ”
ထိုမြင်ကွင်းကြောင့် အခြားသော သွေးကျီးကန်း များသည် အော်ဟစ်လျက်၊ စိတ် ခံစားချက်များ မြင့်တက် လာကြသည်။
“ နောက်ဆုံးတော့ ပြိုင်ဘက် ကောင်း တစ်ယောက် ငါတွေ့ပြီ၊ မင်းရဲ့ အနှစ် သာရကို ယူပြီး၊ ငါ သန့်စင် ပစ်မယ်။ ”
လင်းယွန်က တိုက်ပွဲဝင် ဆန္ဒများ တောက်လောင်လျက်၊ လောဘ တက်နေသည့် အရိပ် အမြွက်ဖြင့်၊ သွေးကျီးကန်း ဘုရင်ကို ပြန်ကြည့် လိုက်သည် ။
ယင်းကြောင့် သွေးကျီးကန်း ဘုရင်၏ နှလုံးသားတွင် ကြောက်ရွံ့ မှုများ တိတ်တဆိတ် ဝင်ရောက် လာခဲ့သည်။ သူသည် တစ်ဖက် လူ၏ သားကောင် ဖြစ်နေ သည်ဟု၊ ခံစား လာရ၏။
***