နတ်သွေးပန်း ... ။
Vol. 144 Ch. 2006
သွေးကျီးကန်း ဘုရင်မှာ ဒေါသတကြီး ဖြစ်လာပြီး၊ လင်းယွန်အား အရှိန် အဟုန်ဖြင့် တိုးကာ ဖိနှိမ် တော့၏။
၎င်းသည် မည်သည့် နည်းစနစ်နှင့် သိုင်း ရည်ရွယ်ချက် ကိုမျှ မသိဘဲ၊ နှစ်ပေါင်း (၃၀၀၀) ရှင်သန် ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံမှုမှာ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိ နေပြီး၊ အစွမ်း ထက်သော ရုပ်ပိုင်း ဆိုင်ရာ စွမ်းရည် များနှင့်၊ တိုက်ခိုက်ရေး ဗီဇများ ရှိ၏။
လင်းယွန် ခမျာ အကြိမ်ပေါင်း များစွာ မျက်နှာချင်းဆိုင် တိုက်ပြီးနောက်၊ လက်ဖဝါးမှ သွေးများ စီးကျ လာခဲ့သည်။
“ ဖရူး ... ။ ”
ရွှေတောင်ပံများ ဆင့်ခေါ်လျက်၊ လျင်မြန်မှု အသားပေး ပုံစံ ပြောင်းလဲ လိုက်သည်။ သို့တိုင် သွေးကျီးကန်း ဘုရင်ကို၊ အနိုင်ယူ နိုင်ခြင်း မရှိ သေးချေ။ ယင်းအစား ဒဏ်ရာ အနည်းငယ်ပင် ရရှိလာ ခဲ့သည်။
“ ဓားမိစ္ဆာ ဒဏ်ရာ ရသွားပြီ ... ။ ”
“ ဘုရင်ငယ် ... ၊ ဒီမိစ္ဆာကို သတ်ပြီး ... ငါတို့ မျိုးနွယ် အတွက် လက်စားချေ ပေးပါ။ ”
“ သူ သေရင် ... ငါတို့ သူ့ကို ခွဲစား ရမယ်၊ သူ့အလောင်းက တခြား ကျင့်ကြံသူ တွေထက်၊ ပို အကျိုး ရှိတယ်။ ”
သွေးကျီးကန်း များက ဝိုင်းအော် ကြ၏။ ဤဓားသမား၏ သွေးသား စွမ်းအင်မှာ၊ အစွမ်း ထက်ကြောင်း သူတို့ ခံစား မိသည်။
“ ဘယ်လိုတောင် ... ၊ ဒုက္ခပေး လိုက်လဲ။ ”
လင်းယွန်က လေထဲ ပျံဝဲ ပြီးနောက်၊ သွေးကျီးကန်း ဘုရင်၏ အတောင်ပံ များကို ကြည့်ကာ၊ ညည်းတွား လိုက်၏။
သွေးကျီးကန်း တောင်ပံ များသည် ထက်မြက်ပြီး၊ သာမန် အနန္တ သူတော်စင် လက်ရာ များထက် ပို၍ မာကြော ချေ၏။
“ ဟဲဟဲ ... ဓားမိစ္ဆာ ... ၊ မင်းမှာ ဘာရှိ သေးလဲ ဆက်လုပ်ပါ၊ ဒီနေ့ မင်းကို ဒူးထောက် ခိုင်းရမယ်။ ”
သွေးကျီးကန်း ဘုရင်မှ ပျော်ရွှင်စွာ အတောင်ပံ များကို ခတ်လိုက်၏။ လင်းယွန်က ပန်းသင်္ချိုင်း ဓားဖြင့် လှမ်းပစ် တော့သည်။
“ ရွှပ် ... ။ ”
“ ဖရူး ... ။ ”
သွေးကျီးကန်း ဘုရင်မှ အတောင်ပံများ ခတ်လျက်၊ ရှောင်တိမ်း သွား၏။ ထိုအချိန်တွင် လင်းယွန်က အရိယာ ဓားသုတ္တန် အား၊ ဖြန့်ကျက် လိုက်သည်။
ငရဲပန်း ပွင့်ချပ်များ လွင့်ထွက် လာပြီး၊ နံရံ အဖြစ် ပေါင်းစည်းစဉ်၊ နတ်ဘုရား ပုံရိပ်ယောင် ဓားအား ထုတ်ဖော် တော့၏။
“ ရွှပ် ... ။ ”
ဓားအလင်းက ရေတံခွန် အလား၊ တိုးထွက်လာပြီး၊ သွေးကျီးကန်း ဘုရင်အား နောက်ဆုတ် သွားစေသည်။
တစ်ချိန်တည်း မှာပင် ပိုးစုန်းကြူး နတ်ဓားဖြင့်၊ ပန်းသင်္ချိုင်း မှလည်း တိုက်ခိုက် နေ၏။ များမကြာခင် သွေးကျီးကန်း ဘုရင် ခမျာ၊ သွေးများ ဖုံးလွှမ်း သွားသည်။
“ ကျေးဇူးပြုပြီး ... ၊ ငါ့ အသက်ကို ချမ်းသာပေးပါ၊ ငါ ချက်ချင်း ထွက်သွား ပါ့မယ်။ ”
ထို့ကြောင့် သွေးကျီးကန်း ဘုရင်မှ တောင်းပန် တော့၏။
“ သိပ် နောက်ကျ သွားပြီ။ ”
လင်းယွန်က လက်ဝှေ့ ယမ်းလျက်၊ ပိုးစုန်းကြူး နတ်ဓား၏ သူတော်စင် ပုံစံအား ပြောင်းလဲ ခင်းကျင်း လိုက်သည်။
ဘုန်းဝိညာဉ်တော် အသက်ဝင် လာပြီး၊ လည်ပင်း ပြတ်ထွက် သွား၏။ လက်ကျန် ခန္ဓာ ကိုယ်မှာ ပေါက်ကွဲ လာသဖြင့်၊ လင်းယွန် ခန္ဓာ ကိုယ်ရှိ ရူရ်များ၊ ကွဲအက် ကုန်သည်။
“ ဝုန်း ... ။ ”
“ အွတ် ... ။ ”
အရှိန်ကြောင့် လင်းယွန် တစ်ယောက် နှုတ်ခမ်းမှ သွေးများ စီးကျကာ၊ သစ်ပင်နှင့် တိုက်မိ သွားသည်။
“ ဘယ်လိုတောင် ... ကြောက်စရာ ကောင်းလိုက်တဲ့ ... ပေါက်ကွဲမှု စွမ်းအားလဲ။ ”
မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်လိုက်ပြီး၊ ဖြူဖျော့ နေသော မျက်နှာဖြင့်၊ ညည်းတွားတော့ သည်။
“ ဓားမိစ္ဆာ ဒဏ်ရာရ သွားပြီ၊ သူ့ကို သတ် ... ။ ”
လင်းယွန် တစ်ယောက် မြေပြင်ပေါ် ဒူးထောက်နေ သည်ကို မြင်လိုက်သော အခါ သွေးကျီးကန်းများ ဝိုင်းအုံ လာသည်။
သို့သော် ပိုင်ချင်းယွီနှင့် နဂါးလေးက လင်းယွန်အား ကာကွယ် ပေးရန် လှမ်းတက် လာ တော့၏။ ရေလှိုင်း ဓားမှ သွေးကျီးကန်း များကို၊ အပိုင်းပိုင်း ဖြတ်တောက် ပစ်သည်။
“ ဝှီး ... ။ ”
တစ်ဖက်တွင် နဂါး မျောက်ဝံ မှလည်း၊ လက်ကိုင် တုတ်ကို လှည့်ကာ-လှည့်ကာဖြင့် အော်ဟစ် ရိုက်နှက် နေခဲ့သည်။
“ ဒီနေရာက အရင် ထွက်သွား ရအောင်။ ”
လင်းယွန်မှ ငွေရောင် အလုံး တစ်လုံးကို ကောက်ကာ ပြောလိုက်သည်။ သွေးကျီးကန်း ဘုရင်၏ အပြစ်သည် အဖိုးတန် ချေ၏။
အငွေ့များ မှသည် ပုတီးစေ့ အသွင်၊ ပေါင်းစပ် သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အခြေ အနေ၌ အခြားသော သွေးကျီးကန်း ဘုရင်သာ ရောက်လာ ပါက၊ အန္တရာယ် ရှိပေမည်။
မိနစ် အနည်းငယ် အကြာတွင်၊ လင်းယွန် မှန်းဆထား သကဲ့သို့၊ သွေးကျီးကန် ဘုရင် (၅) ကောင်က၊ တိုက်ပွဲ မြေပြင်သို့ ရောက်ရှိ လာတော့သည်။
“ ကြိုးကြာ မိစ္ဆာ ဘုရင် ... သေသွား တာလား၊ ငယ်ငယ် ရွယ်ရွယ်နဲ့ ဘုရင် ဖြစ်လာ ပြီး၊ သနား စရာ ကောင်းလိုက်တာ၊ သူက မဆင်မခြင် နိုင်လွန်းတယ်။ ”
“ မယုံနိုင် စရာပဲ၊ ဒီဓားမိစ္ဆာက ငါတို့ မျိုးနွယ်စု တစ်ခုလုံးကို တစ်ယောက် တည်းနဲ့ သုတ်သင်ဖို့ စဉ်းစား နေတာပဲ။ ”
“ စကား မများနဲ့ ... ၊ ကြိုးကြာ မိစ္ဆာ အလောင်းကို စားရအောင်၊ မဟုတ်ရင် ဖြုန်းတီး ရာ ရောက် လိမ့်မယ်။ ”
ငါးကောင်သား အလောင်းကို ထိုးဆိတ် စားသောက် လိုက်ကြသည်။
ထိုအချိန်တွင် လင်းယွန်နှင့် အဖွဲ့မှာ ခရမ်းငယ် ခင်းကျင်းထားသော အစီရင် အတွင်း ပုန်းအောင်းလျက် အနားယူ နေခဲ့၏။
များမကြာခင် သွေးကျီးကန်းများ ရောက်ရှိလာ သော်လည်း၊ သူတို့အား မမြင်ခဲ့ ကြချေ။
“ သွေးကျီးကန်း မပြောနဲ့ သူတော်စင် တစ်ပါးတောင်၊ ငါ့ဝိညာဉ် ရေးရာ ခင်းကျင်းမှုကို ထောက်လှမ်း မရစေ ရဘူး။ ”
“ သခင် ဖီးနစ်က တကယ်ကို အထင်ကြီး စရာ ပါပဲ။ ”
ပိုင်ချင်းယွီက လေးစားသော အမူရာဖြင့်၊ ခေါင်းညိမ့် လိုက်၏။ သူတို့ စကား ပြောနေစဉ် လင်းယွန်က ဒဏ်ရာ များကို ကုသ နေ၏။
လက်ထဲတွင် သွေးကျီးကန်း ဘုရင်၏ အနှစ်သာရကို ကိုင်ထား၏။ အနှစ် သာရသည် ကြီးစွာသော အကျိုး ကျေးဇူး ရရှိ စေသည်။
ဓားပင်လယ်မှာ သုံးပုံ-တစ်ပုံ ကျယ်ပြန့် လာပြီး၊ ခန္ဓာကိုယ် အတွင်း ဓားရောင်ဝါ များဖြင့် ပြည့်လာ တော့၏။
“ ငါ့ရဲ့ ကြယ်ဓားကို သုံးမယ် ဆိုရင်၊ ဘုရင် အဆင့် ထိပ်တန်း ဆယ်ယောက်ကို ရင်ဆိုင်နိုင် လောက်ပြီ။ ”
“ ပြန်ကောင်း လာပြီလား ... ။ ”
ခရမ်းငယ်က မေးလာသည်။ ခေါင်းညိတ်လျက်၊
“ နတ်သွေးပန်းကို သဲလွန်စ ရပြီလား။ ”
-ဟု လင်းယွန်မှ ပြန်မေး တော့၏။
“ ကြက်သွေးရောင် မြူထဲမှာ ရှိတယ်၊ တည်နေရာ အတိ အကျတော့ မသိဘူး ... ၊ အဲဒီ ကောင်မလေး ကိုပဲ အားကိုး ရတော့ မှာပေါ့။ ”
သွေးကျီးကန်း အနှစ် သာရကို သန့်စင် နေသော ပိုင်ချင်းယွီထံ ခရမ်းငယ်မှ လှမ်းကြည့် ကာ ပြေကြား လာ၏။ ဤခရီးစဉ်၌ သူမ ကြီးပြင်း လာချေပြီ။
အရာများစွာကို သင်ယူ နိုင်ခဲ့၏။
“ သူ့ကို အားကိုး ရမှာလား။ ”
လင်းယွန်မှ အံ့သြ သွားသည်။
“ သူ့ရဲ့ ... မွေးရာပါ ယင်-သူတော်စင် ခန္ဓာကိုယ် နိုးထ လာရင်၊ နတ်သွေးပန်းကို ရှာဖို့ (၃၀%)၊ အကူအညီ ရမယ်၊ နတ်သွေးပန်းက လူ တစ်ဦးကို သေခြင်းမှ၊ ...
... ကယ်တင် ပေးနိုင်တယ်၊ အသက် တစ်ချောင်း အပို ရတာနဲ့ အတူတူပဲ၊ နတ်ဘုရား အသွေးတော်ထက် ပိုတန်ဖိုး ရှိတယ်။ ”
“ ဘာလို့ ခုမှ ... ပြောရ တာလဲ။ ”
“ ဒါက ဒဏ္ဍာရီ တစ်ပုဒ်ပဲ ... ၊ အရင်က ဘယ်သူမှ မမြင် ဖူးဘူး၊ လျှို့ဝှက် ဆန်းကြယ် လွန်းတယ်။ ”
“ ငါ့ကို ရှာတွေ့အောင် ကူညီပါ။ ”
လင်းယွန်မှ စိတ်လှုပ်ရှား စွာဖြင့်၊ ခရမ်းငယ် လက်အား ဆုပ်ကိုင် လိုက်လေသည်။
“ ငါ့ကို လွှတ် ... ။ ”
“ ဧကရီ ... မင်း ငါ့ကို ကူညီရမယ်။ ”
“ ဒါက နတ်သွေးပန်းလေး တစ်ပွင့်ပါ၊ ဒါပေမယ့် ဒီတောင် အောက်မှာ နတ်ဘုရား အစီရင် တစ်ခု ရှိတယ်၊ နတ်သွေးပန်းက ...
... နတ်ဘုရား အခင်း အကျင်းနဲ့ ... ၊ ယှဉ်ကြည့်လို့ မရဘူး၊ အခင်း အကျင်းကို ထိ မိရင် ... အကျိုးဆက် ပြင်းထန် နိုင်တယ်။ ”
ခရမ်းငယ်မှ ပြောကြား လိုက်သည်။ လင်းယွန်က စိတ်တည်ငြိမ် စေရန် အသက် ပြင်းပြင်း ရှူမိ၏။
နတ်သွေးပန်းအား သူ လိုချင် သည်မှာ၊ ဆရာသခင်၏ အသက်အား ဆက်ရန် ဖြစ်သည်။ ထို့ကြောင့် အံကြိတ်လျက် ‘လုပ်ရမယ်။’ -ဟု ပြောလိုက်၏။
“ ငါ အပြင် ထွက်ပြီး ... ၊ သွေးကျီးကန်း တွေကို ကိုင်တွယ်မယ်၊ သူတို့ဆီက သဲလွန်စ ရှာတွေ့ မှာပါ။ ”
ထိုသွေးကျီးကန်း များသည် ကြက်သွေးရောင် သစ်တောမြူ၏ အုပ်စိုးရှင်များ ဖြစ်၏။ ယင်းကြောင့် သူတို့ အနား မည်သည့် သားရဲမျှ မကပ်ဝံ့ ကြချေ။
လင်းယွန်က ညအချိန်တွင် နှစ်တစ်ထောင် သွေးကျီးကန်း များကို၊ အဓိက ပစ်မှတ် ထားပြီး အမဲလိုက် နေတော့သည်။
ချောင်းမြောင်း အလစ်ဝင် တိုက်ခဲ့ခြင်း ဖြစ်ရာ၊ ပထမ ဓားဖြင့် ဒဏ်ရာ ပေးလျက်၊ ဒုတိယ ဓားနှင့်၊ အသက် နှုတ်ယူ သည်။
သုံးရက် အကြာတွင် ကြက်သွေးရောင် အခိုးအငွေ့များ ရစ်သိုင်း နေသော တောအုပ် အတွင်းမှ ကြောက်မက်ဖွယ် ရောင်ဝါကို ခံစားလာ ရ၏။
၎င်းသည် ထိပ်တန်း သွေးကျီးကန်း ဘုရင်များကို မွေးဖွား ပေးရာ၊ အသိုက် ဖြစ်၏။ လင်းယွန်က သွေးကျီးကန်း တစ်ကောင်ကို သတ်ကာ၊ အရေခြုံ လိုက်သည်။
များမကြာခင် သွေးကျီးကန်း တစ်ကောင် ပျံသန်းလာပြီး၊
“ ညီအစ်ကို ... ၊ ဘုရင် ငါးပါးက အဖြူဝတ် ဓားမိစ္ဆာကို အမဲလိုက်ဖို့ ဆွေးနွေး နေတာ ကြား တယ်၊ ဒီတစ်ကြိမ်တော့ အောင်မြင်မှာ၊ သေချာ ပါတယ်။ ”
“ ဟုတ်လား ... ။ ”
လင်းယွန်မှ ပေါ့ပေါ့ ပါးပါး တုန့်ပြန်၏။
“ ညီအစ်ကို၊ မနေ့က မင်း ဘာစားလဲ၊ လူသားစား ဖူးလား၊ ဒီအကြောင်း ပြောပါ ရစေ၊ လူသား တွေက တကယ် အရသာ ရှိတယ်၊ ဒါပေမယ့် ဘုရင် ငါးပါးက၊ ...
... ငါတို့ကို အဖြူဝတ် ဓားမိစ္ဆာ ကိုပဲ ရှာဖို့ အာရုံစိုက် ခိုင်းထားတော့၊ အမဲလိုက်ခွင့် မရှိ တော့ ဘူး၊ နှမျော စရာပဲ၊ ...
... အဲဒီ ဓားမိစ္ဆာက တကယ် ကြောက်စရာ ကောင်းတယ်၊ သူ့အရပ်က ပေတစ်ရာ ကျော်ပြီး သွေးကျီးကန်း တစ်ကောင်ကို အသာလေး ကိုက်စား နိုင်တယ်၊ ...
... လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်း၊ သွေးကျီးကန်း ရာနဲ့ချီ ... သူ စားသွား တယ်လို့ ကြားမိတယ်။ ”
လင်းယွန်က စကား မပြောချင် သဖြင့်၊ တောင်ပံများ ထုတ်ကာ၊ အမြန်ထွက်ခွာ လာခဲ့ သည်။ သို့သော် ၎င်းမှ လိုက်နေဆဲ ဖြစ်၏။
“ ညီအစ်ကို၊ မင်း ခြေထောက် တွေက ထူးခြားတယ်၊ လူသား ခြေထောက် တွေလို ပါ လား၊ ဟား ဟား ဟား ။ ”
သွေးကျီးကန်းမှ ရယ်မော လိုက်၏။ လင်းယွန်က မတတ်နိုင် တော့ဘဲ ထိုကောင်ကို ဓားနှင့် ထိုးသတ်ကာ၊ အသိုက်ထဲ ဆက်ဝင် လာ ခဲ့သည်။
များမကြာခင် သွေးကျီးပေါင်း တစ်သိန်း ကျော်အား၊ မြင်လိုက် ရသဖြင့်၊ ဦးရေပြားများ ထုံကျင် သွား သည်။
၎င်းတို့ အလယ်တွင် ဘုရင် ငါးပါးက ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်လွှတ်လျက်၊ ပလ္လင်များ ပေါ်တွင်၊ ထိုင်နေခဲ့ ကြ၏။
***