ထောင်ချောက် ... ။
Vol. 144 Ch. 2007
သွေးကျီးကန်း အသိုက် ရှိရာ ကောင်းကင် အထက်တွင်၊ ဆိုးရွား လှသော ရောင်ဝါများ စုပြုံ နေ၏။
၎င်းတို့အား တစ်ယောက်ထဲ ရင်ဆိုင် ရန် တွေးခဲ့ဖူးသော လင်းယွန် အတွေးမှာ သေမင်း နှင့်၊ စစ်ခင်း ခြင်းသာ ဖြစ်သည်။
အသိုက်၏ အလယ် ဗဟိုမှ၊ ဆယ်မိုင် အကွာတွင် ရပ်တန့်ကာ၊ သွေးကျီးကန်း ဘုရင် ငါးကောင်ကို စစ်ဆေး မိ၏။
၎င်းဘုရင် ငါးပါးသည် ယခင် သူ ကြုံတွေ့ ခဲ့ရသော သွေးကျီးကန်း ဘုရင်ထက် များစွာ ကြောက်စရာ ကောင်းချေ၏။
တောင်ပံ အရိုး များတွင် ငွေရောင်ဖြင့် ထွင်းထု ထားသော ရူရ်များ တောက်ပ နေခဲ့ သည်။
၎င်းသည် သူတော်စင် လက်ရာနှင့် ညီပြီး၊ ဘုန်းသူတော်စင် လက်ရာထက် အနည်း ငယ် မျှသာ အားနည်း၏။
“ အဲဒီ ဓားမိစ္ဆာက ရက်စက်ပြီး ... ၊ အရှက်ကင်းမဲ့ လွန်းတယ်၊ သူ့လို ဓားသမား တစ်ယောက်က၊ အလစ် ဝင်တိုက် ဖို့ပဲ၊ သတ္တိရှိ ကြတယ်၊ ဒီအတိုင်း ဆက်သွားရင်၊ အနှစ် တစ်ထောင် ရှိတဲ့၊ သွေးကျီးကန်းတွေ အားလုံး သူ့ လက်ချက်နဲ့ ကုန်လိမ့်မယ်။ ”
သွေးကျီးကန်း အချို့က ဒေါသတကြီး အော်ဟစ် လာကြသည်။
“ ဟုတ်တယ် ... ၊ အဲဒီ ဓားမိစ္ဆာ ပျောက်နေတာ ရက်အတော် ကြာနေပြီ၊ သူ့ကို မတွေ့ သေးတော့၊ ငါတို့မှာ ပုန်းနေ ရတယ်။ ”
အနှစ် တစ်ထောင် ရှိသော သွေးကျီးကန်း တစ်ကောင်မှ မကျေမနပ် ပြော၏။ တောအုပ် အတွင်း၊ အနှစ် တစ်ထောင် သွေး ကျီးကန်းများ အဘယ်ကြောင့် လျော့နည်း လာသည်ကို လင်းယွန်မှ နားလည် သွားသည်။
“ လူသား စားချင်တယ်၊ လူ့ အသားက အရသာ ရှိလွန်းတယ်။ ”
“ ဟုတ်တယ် သူတို့ရဲ့ သွေးက ဝိုင်ထက် ပိုကောင်းတယ်၊ အဲဒီ ဓားမိစ္ဆာ ကြောင့် ... ငါတို့ ဘယ်မှ မသွားနိုင် တော့ဘူး။ ”
“ သူ ငါတို့ဆီ လာခဲ့ရင် ... ၊ အရမ်း ကောင်းမယ်၊ ယင်-ယန် သွေးမြူ အစီရင်က သူ့ကို အသာလေး သတ်လို့ ရတယ်။ ”
“ မှန်တယ် ... ငါတို့မှာ ဘုရင် ငါးပါးလည်း ရှိတယ်၊ သူတို့ ထဲက ဘယ်သူ မဆို ... အစီရင် အကူအညီနဲ့၊ အဲဒီ ဓားမိစ္ဆာကို အလွယ်တကူ သတ်ဖြတ် နိုင်တယ်။ ”
လင်းယွန်က စကားများ နေသော ထိုသွေးကျီးကန်း နှစ်ကောင်ကို တစ်ချက် ကြည့် လိုက်ရာ၊ အနှစ် တစ်ထောင် သက်တမ်း ရှိကြောင်း၊ သတိပြု မိသည်။
တစ်ချိန်တည်း မှာပင် ယင်-ယန် သွေးမြူ အစီရင် အကြောင်း တွေးတော မိ၏။ ၎င်းသည် ကြက်သွေးရောင် မြူများကို ဆိုလိုချင် ပုံရသည်။
“ ယင်-ယန် သွေးမြူ အစီရင် ဆိုတာ ဘာလဲ။ ”
လင်းယွန်က ထိုနှစ်ကောင် အနား တိုးကပ်ကာ မေးမိသည်။
“ အိုး ... မင်းက အသစ် ထင်တယ် ... ၊ ယင်ယန် သွေးမြူ အစီရင်ကို အသက် သွင်းဖို့၊ ဘုရင် ငါးပါးလုံး လိုအပ်တယ်၊ အသက် သွင်းလိုက် တာနဲ့၊ ...
... အဲဒီ ဓားမိစ္ဆာ မပြောနဲ့၊ အမည်ခံ သူတော်စင် တွေတောင် အခက်တွေ့ ကုန် ကြလိမ့်မယ်။ ”
သွေးကျီးကန်း တစ်ကောင်မှ ပြန်ဖြေ၏။
“ ဟုတ်လား ... ၊ ဒီလို အစွမ်းထက်တဲ့ အစီရင်ကို ဘယ်သူ ဖန်တီးခဲ့ တာလဲ။ ”
လင်းယွန်မှ စိတ်ဝင်စား သွား၏။။
“ အနှစ် တစ်သောင်း ကြာအောင် ရှင်သန် နေခဲ့တဲ့ ... ငါတို့ ဘိုးဘေးပေါ့။ ”
“ ဝုန်း ... ။ ”
ထိုအချိန်တွင် လင်းယွန် ဆောင်းထားသော သွေးကျီးကန်း ဦးခေါင်းခွံ ပေါက်ကွဲကာ သူ့အား လွင့်စင် သွားစေ တော့သည်။
“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”
ပတ်ဝန်းကျင်ရှိ သွေးကျီးကန်း များက ထိတ်လန့် တကြား အော်ဟစ် လာ ကြသည်။
“ မကောင်း တော့ဘူး ... ၊ အဲဒါ အဖြူဝတ် ဓားမစ္ဆာပဲ။ ”
လင်းယွန်နှင့် စကား ပြောနေသော သွေးကျီးကန်း တစ်ကောင်မှာ ကြောက်လန့် တကြား အမြန် ထွက်ပြေး သွားသည်။
“ ရွှပ် ... ။ ”
ကျန်တစ်ကောင်သည် မှင်တတ်ပြီး လင်းယွန်ကို ကြည့်၏။ ထို့ကြောင့် ပန်းသင်္ချိုင်း ကို ဆွဲထုတ်ကာ၊ နှစ်ခြမ်းခွဲ ပစ်လိုက်သည်။
ပြီးနောက် ရွှေကျီးကန်း အတောင်ပံ များကို ဆင့်ခေါ်လျက် ထွက်ပြေး တော့၏။
“ ဟိုမှာ ဓားမိစ္ဆာ မဟုတ်လား၊ သတ္တိ ရှိလိုက်တာ၊ ငါတို့ အသိုက်ကို ဝင်လာ ရဲတယ်၊ မြန်မြန် ... သူနဲ့ လွတ်ရာ ပြေးကြ။ ”
ရွှေတောင်ပံ ရောင်ဝါကြောင့်၊ ရွှေရောင် အလင်းများ ဖြာလျက်၊ ထွက်ပြေး ပျံသန်းနေ သည့်၊ လင်းယွန်ကို သွေးကျီးကန်း များက၊ သတိ ထားမိကုန်၏။
ထို့ကြောင့် သူတို့ သည်လည်း၊ ကြောက်လန့်ကာ၊ ဆန့်ကျင်ဘက် အရပ်သို့၊ ပြေးလွှား သွားတော့သည်။
“ အိုး ... ဓားမိစ္ဆာ မဟုတ်လား။ ”
“ ဟုတ်တယ် ... သူ့နောက်ကို လိုက် ... ။ ”
တိုက်ပွဲ ဘုရင် သွေးကျီးကန်းက ကျန်လေးကောင်အား အမိန့်ပေး လိုက်သည်။ ပြီးနောက် သူ့ရောင်ဝါကို ထုတ်လွှတ်လျက်၊
“ စိတ် အေးအေး ထားကြ ... ၊ ဘုရင် လေးပါး သူ့နောက်ကို လိုက်သွားပြီ ဆိုတော့ အဲဒီ ဓားမိစ္ဆာ သေချာပေါက် သေလိမ့်မယ်။ ”
-ဟု နှစ်သိမ့် လိုက်သည်။
သူ့စကားကြောင့် ပတ်ဝန်းကျင်ရှိ ထွက်ပြေးနေသော သွေးကျီးကန်းများ ငြိမ်သက် သွား ကြသည်။
သွေးကျီးကန်း ဘုရင် လေးပါးသည်၊ အမည်ခံ သူတော်စင် မိုးပြာ မူလ နယ်ပယ်တွင် ရှိ၏။ ထို့ကြောင့် ၎င်းတို့ အရှိန်မှာ လင်းယွန် ထက် များစွာ ပိုမြန် ပေသည်။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ... ဓား ရည်ရွယ်ချက်လဲ။ ”
လင်းယွန်၏ ဓား ရောင်ဝါသည် စူးရှ တောက်ပ နေပြီး၊ အစွမ်း ထက်သော ဓား ရည်ရွယ်ချက် ပါဝင်၏။
“ ဟီး ... ဒီတစ်ခါတော့ သူ သေပြီ။ ”
အဖွဲ့ကို ဦးဆောင် နေသည့် ဘုရင်မှ စိတ်လှုပ်ရှားစွာ ပြောသည်။ လင်းယွန်အား စား နိုင်သော်၊ သူ့ ကျင့်ကြံမှု အောင်မြင်နိုင် မည်ဟု ခံစားလာ ရ၏။
“ မြန်မြန် ... ၊ သူ့နောက်ကို လိုက် ... ။ ”
အခြားသော သွေးကျီးကန်း ဘုရင်များ မှလည်း စိတ်လှုပ်ရှား လာပြီး၊ အရှိန် မြှင့်တင် လိုက်ကြသည်။
ဆယ့်ငါးမိနစ် အကြာတွင် လင်းယွန်ကို ဖမ်းမိ သွား၏။ သို့သော် လူ မဟုတ်ဘဲ လေထဲ ပျံဝဲ နေသည့် ဓားတစ်လက်သာ ဖြစ်နေသည်။
“ ဘာလဲ ... ငါတို့က သူ့ ထောင်ချောက်ထဲ ကျသွားပြီ။ ”
အဖွဲ့ကို ဦးဆောင် လာသည့်၊ ငွေရောင် သွေးကျီးကန်း ဘုရင်မှ သတိ ထားမိ သွားပြီး၊ ကျိန်ဆဲ လိုက်တော့သည်။
“ ငွေမုန်တိုင်း ဘုရင်၊ ဘာလို့လဲ ... ။ ”
“ သူက ငါတို့ကို ရည်ရွယ်ချက် ရှိရှိ လှည့်စားပြီး ခေါ်လာ ခဲ့တာ ... ၊ တိုက်ပွဲ ဘုရင် အန္တရာယ် ကျရောက် နေပြီ၊ ...
... ဒါပေမယ့် သူ့ဓားကို ချန်ထား ခဲ့လို့၊ ကံကောင်း ပါတယ်၊ ဒီဓားက ဘုန်းသူတော်စင် လက်ရာပဲ၊ ဓား မရှိရင် သူ့စွမ်းအား ကျဆင်း သွားလိမ့်မယ်၊ ငါတို့ ပြန်ကြမယ်၊ စတုတ္ထ ညီ မင်းဒီမှာ ဓားကို စောင့်ကြည့် နေခဲ့ ... ။ ”
ငွေမုန်တိုင်း သွေးကျီးကန်း ဘုရင်က ယခင်ထက် မြန်သော နှုန်းဖြင့်၊ ကျန်နှစ်ကောင် အား ဦးဆောင်ကာ၊ လျင်မြန်စွာ ပျံသန်း လိုက် တော့သည်။
“ ဓားမိစ္ဆာ ဘယ်မှာလဲ။ ”
အသိုက်သို့ ပြန်ရောက်သော အခါ၊ ပလ္လင် ပေါ်တွင် အနား ယူနေသော တိုက်ပွဲ ဘုရင်ကို တွေ့လိုက် ရ သဖြင့်၊ သုံးကောင်သား စိတ်ရှုပ်ထွေး သွားကြ၏။
“ ဘာတွေ မေးနေ တာလဲ၊ မင်းတို့ပဲ သူ့နောက်လိုက် သွားတာ မဟုတ် ဘူးလား၊ စတုတ္ထ ညီရော ... ဘယ်မှာလဲ။ ”
တိုက်ပွဲ ဘုရင် သွေးကျီးကန်းမှ ပြန်မေး၏။
“ သွားပြန်ပြီ ... ၊ သူ့ရဲ့ တကယ့် ပစ်မှတ်က စတုတ္ထညီပဲ၊ ငါတို့ စကား ပြောနေဖို့ အချိန် မရှိ ဘူး၊ လာ ... မြန်မြန် ပြန်သွား ရအောင်။ ”
သွေးကျီးကန်း ဘုရင် သုံးကောင်မှ၊ ဒေါသတကြီး ပြန်ပြေး လာခဲ့ ကြ၏။ သို့သော် စတုတ္တညီအား မတွေ့ရ တော့ချေ။
မြေပြင်၌ တိုက်ပွဲ ဖြစ်ပွားသည့် အသွင်မျိုး မရှိဘဲ၊ ပျောက်ကွယ် နေသဖြင့်၊ သုံးကောင်သား အချင်းချင်း ပြန်ကြည့် လိုက် မိသည်။
“ စတုတ္ထ ညီက ... ၊ ငါတို့ကို ကူညီဖို့ ပြန်သွားပုံ ရတယ်၊ ဒီဓား မိစ္ဆာက လိမ္မာ ပါးနပ် လွန်းပြီ၊ တတိယ ညီ ... မင်း ဒီမှာ နေခဲ့၊ ဓားကို မထိနဲ့၊ ဒါက ဘုန်းသူတော်စင် လက်ရာပဲ၊ ...
... ဒီကောင် ... လာပြန် ယူမှာ ... သေချာတယ်၊ သူ လာခဲ့ရင် မတိုက်နဲ့၊ အဝေး ကနေပဲ စောင့်ကြည့်နေ။ ”
“ ကောင်းပြီ ... ဒုတိယ အစ်ကို၊ ငါ့ကို ထားခဲ့။ ”
ဤသို့ဖြင့်၊ သွေးကျီးကန်း နှစ်ကောင်မှ နောက်တစ်ကြိမ် အသိုက်သို့ ပြန်ရောက် သွား ကြ၏။
“ ဝှစ် ... ။ ”
သူတို့ ထွက်ခွာ သွား သည်နှင့်၊ ပန်းင်္ချိုင်းမှ မီတာ ရာဂဏန်း အကွာသို့၊ ရုတ်တရက် ပျံသန်း သွားလေသည်။
ယင်းကြောင့် စောင့် ကျန်ရစ် ခဲ့သော သွေးကျီးကန်း ဘုရင်မှ၊ စူးစမ်းချင် စိတ်နှင့် ထ လိုက်လာ တော့၏။ ဤနည်းဖြင့် ဓား၏ မျှားခေါ် ခြင်းကို ခံလိုက် ရလေသည်။
“ စတုတ္ထ ညီလေး ... ။ ”
သစ်ပင် ပေါ်တွင်၊ တွဲလေျာင်း သေဆုံး နေသော စတုတ္တ သွေးကျီးကန်း ဘုရင်ကို မြင် လိုက်ရ သဖြင့်၊ ထိတ်လန့် သွားသည်။
“ ဝှစ် ... ။ ”
ထိုစဉ် မျက်ကွယ် အရပ်မှ အနက်ရောင် မြွေ(၉)ကောင် ပျံထွက် လာပြီး၊ သူ့အား ကိုက် သတ်တော့၏။ ချက်ချင်း ရှောင်တိမ်း သော်လည်း၊ အကိုက်ခံ လိုက်ရသည်။
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်လျက်၊ ကြယ်ဓား သွန်းလောင်းကာ မြွေ(၉)ကောင်နှင့် အလုပ် ရှုပ်နေသော၊ ထို သွေးကျီးကန်း ဘုရင်အား၊ ခုတ်ပိုင်း ပစ်၏။
“ ဝှစ် ... ။ ”
ဦးခေါင်း လွင့်ထွက် သွားပြီး၊ ၎င်း၏ အနှစ်သာရ ထွက်ကျ လာသည်။ ဤနည်းဖြင့် ရွှေကျီးကန်း အနှစ်သာရ (၂)လုံး ရရှိ ခဲ့၏။
“ ပြန်သွားတော့ ... ။ ”
လင်းယွန်မှ ကျန်ရှိ နေသေးသော သွေးကျီးကန်း ဘုရင် များကို မြှားရန် အတွက်၊ ပန်းသင်္ချိုင်းအား လွှတ်လိုက်၏။
သွေးကျီးကန်း အနှစ်သာရသည်၊ သားရဲ အမြုတေနှင့် ဆင်တူပြီး၊ ၎င်းကို သန့်စင်ခြင်း ဖြင့်၊ ကျင့်ကြံမှု အားကောင်း နိုင်ပေ၏။
မူလက သူ့ ကျင့်ကြံမှုသည်၊ ကနဦး အဆင့်၊ နိဗ္ဗာန်-သတ္တမြောက် အသွင် ကူးပြောင်းမှုတွင် ဖြစ်ပြီး၊ ယခု အခါ၌ အထွတ် အထိပ်သို့ ရောက်ရှိ နေပြီ ဖြစ်လေသည်။
***