သွေးကျီးကန်း ဘိုးဘေး။
Vol. 144 Ch. 2008
ငွေမုန်တိုင်း ဘုရင်က တတိယ ညီတော် ပျောက်ဆုံး သွားသည်ကို တွေ့ရှိ ခဲ့ပြီး၊ သဘာဝ အတိုင်း စိုးရိမ် ပူပန် လာသည်။
ထို့ကြောင့် ပဉ္စမ ညီကို ချန်ထားကာ ပြန်သွား ခဲ့၏။ ဤတစ်ကြိမ် တွင်လည်း ပလ္လင် ပေါ်၌ အေးအေး ဆေးဆေး အနား ယူနေသော၊ တိုက်ပွဲ ဘုရင်ကို မြင်လိုက် ရပြန်သည်။
“ ငွေမုန်တိုင်း ဘုရင် ... မင်းဘာတွေ လုပ်နေတာလဲ၊ တတိယ၊ စတုတ္ထနဲ့ ပဉ္စမ ညီတော်တွေ ဘယ်မှာလဲ။ ”
“ ဟမ့် ... ငါလည်း မသိ တော့ဘူး။ ”
“ ဟ ... သူတို့က မင်းနဲ့ အတူ ပါသွား တာလေ၊ မင်းတစ်ခေါက် ပြန်လာ တစ်ယောက် ပါ မလာ တော့ဘူး။ ”
“ ဒါက ငါတို့ကို တစ်စုံ တစ်ယောက် မျှားခေါ် နေတာပဲ။ ”
“ တော်တော့ ... ၊ ဒီတစ်ခါ ငါ ကြည့်မယ်။ ”
တိုက်ပွဲ ဘုရင်မှ ထရပ် လိုက်၏။
“ တိုက်ပွဲ ဘုရင် ... ၊ မင်း ဉာဏ်သုံးပြီး ကိုင်တွယ် ရမယ်၊ ဒါက လူသား ဓားမိစ္ဆာရဲ့ ထောင်ချောက် ပဲ။ ”
ဆယ့်ငါးမိနစ် အကြာတွင်၊ အစပ်၌ တောက်ပသော နေမင်းကြီး အလား၊ ပျံဝဲ နေသော ဓားကို မြင်လိုက် ရ၏။
၎င်းအနားတွင် လင်းယွန်ကို မြင်ပြီး၊
“ ငါ့ညီတွေ ဘယ်မှာလဲ။ ”
-ဟု အေးစက်စွာ မေးလိုက်သည်။
“ သေပြီ ... ။ ”
လင်းယွန်မှ ပြုံးပြီး လှမ်းတက် လိုက်၏။ ဘုရင် ငါးကောင်လုံးနှင့် ရင်ဆိုင်ရ ပါက၊ သူဒုက္ခ ရောက်ပေ လိမ့်မည်။
ဤသို့ တစ်ကောင် ခြင်းသာ ဆိုသော်၊ ပြဿနာ မရှိချေ။ သွေးကျီးကန်း များသည် သန်မာပြီး၊ ဉာဏ်ရည် နိမ့်ကျ ကြသည်။
နောက်ဆုံးတွင် အသိုက်သို့ လိုက်သွားပြီး၊ ဒုတိယ သွေးကျီးကန်း ဘုရင်ကို သတ်ပစ်ကာ၊ သွေးကျီးကန်း ငယ်များကို ဝရုန်းသုန်းကား ဖြစ်သွား စေသည်။
“ ဖရူး ... ။ ”
ရွှေတောင်ပံ များကို သိမ်းလျက်၊ နှစ်တစ်ထောင် သွေးကျီးကန်း များကို ရွေးသတ် ကာ၊ ပလ္လင်ပေါ် ခုန်ချ လိုက်၏။
ပလ္လင်ပေါ် ရောက်သည်နှင့်၊ ကြက်သွေးရောင် အစီရင် တစ်ခု အသက် ဝင် လာသည်။ အစီရင် ဆုံမှတ် များ၌၊ ရွှေကျီးကန်း အနှစ်သာရ ပုတီးစေ့များ ရှိ၏။
အရေ အတွက်မှာ အနည်းဆုံး ရာဂဏန်း ခန့်ရှိကာ၊ အစီရင် ဗဟိုချက်တွင် ရွှေရောင် ပုတီး စေ့ တစ်လုံး ရှိနေ ခဲ့သည်။
ဤသည်မှာ ယင်-ယန် သွေးမြူ အစီရင် ဖြစ်၏။ အထက်တန်းစား သွေးကျီးကန်း (၁၀)မှ ထိုနေရာကို စောင့်ကြပ် နေပြီး၊ လင်းယွန်အား မြင်သော အခါ၊ တိုက်ခိုက် လာကြသည်။
မိုးပြာ နဂါးဓား၊ ကြယ်ဓားနှင့် ဘုန်း ဝိညာဉ်တော် ပန်းသင်္ချိုင်း ဓား၏ အစွမ်းကြောင့်၊ ၎င်းတို့ အခက်ကြုံ ကုန်၏။
ငွေရောင် ဓားနယ်မြေ ကောက်ကြောင်း ပေါ်လာကာ၊ ထို(၁၀)ကောင် လုံးကို ခဏချင်း သတ်ပစ် လိုက်သည်။ သည့်နောက် လက်ဝှေ့ ယမ်းလျက်၊ ပုတီးစေ့ များကို သိမ်းဆည်း၏။
“ ဘယ်လောက် တောင် လေးလိုက်လဲ။ ”
အစီရင် ဗဟိုချက်ရှိ ရွှေေပုတီးစေ့၏ သိပ်သည်း ဆကြောင့် အံ့ဩ သွားလေသည်။ ဤသည်မှာ ရတနာ တစ်ခု ဖြစ်ပုံ ရ၏။
ထိုစဉ် လေထု အတွင်း၊ သေခြင်း တရား၏ အငွေ့ အသက် များကို ရုတ်တရက် ခံစား လိုက် ရသဖြင့်၊ မျက်မှောင် ကြုတ် သွားမိသည်။
နတ်ဘုရား သင်္ချိုင်း တောင်တန်းတွင် သင်္ချိုင်း များဖြင့်၊ ပြည့်နှက် နေသော်လည်း၊ ဤ တောင်ကြားသည် နတ်ဆိုး သားရဲ များကို မွေးဖွား ပေးရာ အရပ် ဖြစ်၏။
ထို့ကြောင့် အသက်ဓာတ် များဖြင့် ပြည့်နှက်ပြီး၊ ဝိညာဉ် စွမ်းအင်နှင့် သူတော်စင် စွမ်းအင်များ ပါ၀င်သော ရှားပါး ပန်းအမျိုး အစား များစွာ ပေါက်ရောက်သည်။
ယခု ကဲ့သို့ သေခြင်း တရား အငွေ့ အသက်မျိုး မရှိချေ။
“ သေခြင်း အငွေ့အသက်က ဘယ်က လာတာလဲ။ ”
လင်းယွန်က ဓားကို သိမ်းလျက်၊ နှစ်တစ်ထောင် သွေးကျီးကန်းများ သတ်ဖြတ် ခြင်းကို ရပ်နားကာ၊ ထိုအငွေ့ အသက် နောက် လိုက်လာ ခဲ့သည်။ ကြက်သွေးရောင် မြူများ ပို၍ သိပ်သည်းဆ များလာပြီး၊ သူ့လက်များ ကိုပင် မမြင်ရ တော့ချေ။
ထို့ကြောင့် နတ်နဂါး မျက်လုံးများ ကိုသာ အားကိုးလျက် လျှောက်လှမ်း နေမိ၏။ တစ်နာရီ ကြာ ပြီးနောက်၊ အလင်းရောင် မှိန်မှိန်ကို မြင်လိုက် ရသဖြင့်၊ ရပ်တန့် လိုက်သည်။
ယင်းမှာ တောင်ကုန်း တစ်ခု အသွင် ကြွင်းကျန် ရစ်ခဲ့သော လူ အရိုးများ စုပုံ နေခြင်း ဖြစ်၏။
ထိုပမာဏ ဖြစ်လာ စေရန်၊ လူမည်မျှ သေဆုံး ခဲ့ရ မည်ကို မတွေးဆ နိုင်ချေ။ သူ ဟူသည် ဓားသမား တစ်ယောက် ဖြစ် သောကြောင့်၊ လူများ စွာ သတ်ဖူး၏။
သို့သော် အရိုး တောင်ငယ်ကို မြင်ချိန်၌၊ ထိတ်လန့် သွားမိ သေးသည်။ မရဏ အငွေ့ အသက် များမှာ၊ ဤအရိုး များမှ ထွက်လာခြင်း ဖြစ်၏။
၎င်းတို့မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က သေဆုံးသွား သူများ ဖြစ်ကြ သဖြင့်၊ ဆွေးမြေ့ နေချေပြီ။
“ ဟိုမှာ ... ။ ”
ရုတ်တရက် အရိုးပုံ အဆုံးတွင်၊ သေခြင်း အငွေ့အသက်များ သိပ်သည်း နေသည်ကို မြင် လိုက်ရ၏။
နတ်နဂါး မျက်လုံးများ ဖြင့်ပင်၊ ထိုအငွေ့ အသက် များကို ဖြတ် မမြင် ရချေ။ မိုးပြာ နဂါး ဓား နှလုံးသား မှလည်း၊ အန္တရာယ် ရှိကြောင်း သတိ ပေးနေ၏။
သွေးကျီးကန်း ဘုရင် ငါးပါးထက် ပို၍ သန်မာသော တစ်စုံ တစ်ယောက် ဖြစ်ပေမည်။ သို့သော် လင်းယွန်မှ တွန့်ဆုတ်ခြင်း မရှိချေ။
နတ်သွေးပန်း မရ သော်မှ၊ သေဆုံး သွားခဲ့သော ဤအရိုး တောင်ငယ် လူသားများ အတွက်၊ တုန့်ပြန် ရပေမည်။
“ ဝှစ် ... ။ ”
လေထဲ ခုန်တက်ပြီး ၎င်းမြူ များကို ဖြတ်ကာ၊ ပျံသန်း လိုက်၏။ မီတာ တစ်ထောင် အကွာသို့ အရောက်တွင်၊ သင်္ချိုင်း တစ်ခုအား မြင်လိုက် ရသည်။
အုတ်ဂူ တစ်လုံး ပေါ်တွင်၊ ပုံသဏ္ဍာန် တစ်ခု ထိုင်နေပြီး၊ ၎င်းအား သွေးမြူ အလွှာဖြင့် ဖုံးအုပ် ထား၏။ လူသား ခန္ဓာနှင့် ငှက်နှုတ်သီး ပါရှိသော ပုဂ္ဂိုလ် ဖြစ်သည်။
“ ဘိုးဘေးလား ... ။ ”
ဤသည်မှာ သွေးကျီးကန်း ဘိုးဘေး ဖြစ်ပေမည်။ ကြည်ပြာရောင် သူတော်စင် ရောင်ဝါများ ဖြာထွက် နေ၏။
သွေးကျီးကန်း ဘိုးဘေးသည် မိုးပြာ မူလ အမည်ခံ သူတော်စင် နယ်ပယ်ပေါ် ရောက်ရှိ နေ ချေပြီ။ ၎င်းက မျက်လုံးများ ဖွင့်ကာ၊ သူ့ထံ ကြည့်လာ၏။
“ မင်း ကြည့်ရတာ ... ငါ့ သားမြေးတွေ ပြောပြော နေတဲ့၊ ဓားမိစ္ဆာ ဖြစ်မယ် ထင်တယ်၊ နိဗ္ဗာန်-သတ္တမမြောက် နယ်ပယ် လေးနဲ့၊ သတ္တိ ရှိလိုက်တာ၊ ပြောပါဦး ... မင်းက သူတော်စင် တပည့်လား၊ ဘယ်မြင့်မြတ် မြေက ... လာတာလဲ၊ ”
သွေးကျီးကန်း ဘိုးဘေးက ခွန်လွန် အကြောင်း သိပုံ ရပြီး၊ လင်းယွန်၏ မူလ အစကို စစ်မေး လာ၏။
“ ဟီးဟီး ... မင်း အံ့သြ နေတာလား။ ”
မှင်တတ် နေခဲ့သော လင်းယွန် အသွင်ကြောင့်၊ သွေးကျီးကန်း ဘိုးဘေးမှ ရယ်သည်။
“ မင်းက ... ကျင့်ကြံဖို့ အတွက် သင်္ချိုင်း တွေကို တူးဖော် နေတာ ... ၊ သေမှာ မကြောက် ဖူးလား။ ”
လင်းယွန်က ပြန်မေး လိုက်၏။ အနန္တ သင်္ချိုင်း တောင်ကြား ဟူသည် ဤတောင်တန်း ကြီး၌၊ အန္တရာယ် အနည်းပါဆုံး အရပ် ဖြစ်သည်။
လူသားများက မကြာ ခဏ လေ့ကျင့် ကြပြီး၊ အနန္တ သင်္ချိုင်း တောင်ကြား အတွင်း မဝင် ပါက၊ အသက် အန္တရာယ် ရှိကြမည် မဟုတ်ချေ။
အထူး သဖြင့် တားမြစ်ချက် ဖြစ်သော သင်္ချိုင်းများ မထိသော် အဆင်ပြေ၏။ ၎င်းကို ထိမိ သူတိုင်း၊ သေခြင်းထက် ဆိုးရွားသော အရာ နှင့်ပင်၊ ရင်ဆိုင် ရနိုင်သည်။
သွေးကျီးကန်း ဘိုးဘေးက၊
“ သင်္ချိုင်းတွေ ကိုသာ မတူးဖော်ရင် ... ၊ သူတော်စင် လမ်းကို ဘယ်လိုလုပ် တက်လှမ်း နိုင်မှာလဲ၊ ငါ ဒီတစ်သက် သွေးကျီးကန်း အဖြစ် နဲ့သာ အမြဲ ရှိနေတော့ မှာပေါ့၊ သူတော်စင် နယ်ပယ် အောက်က သတ္တဝါ တိုင်းက၊ ပုရွက်ဆိတ် တွေပါ။ ”
-ဟု ပြန်ဖြေ၏။
“ ဒီလူတွေကို ... မင်း သတ်လိုက် တာလား။ ”
ဤသွေးကျီးကန်း ဘိုးဘေးသည် ကြောက်မက်ဖွယ် ကောင်းသဖြင့်၊ လင်းယွန်မှ ဆုတ်ခွာရန် ရည်ရွယ် ထားသည်။
“ ဟား ... ဟား ... ဟား ... ၊ ဒါတော့ သေချာတယ်၊ လူသား တွေက အကောင်းဆုံး စားဖွယ်ပဲ၊ ဒါကြောင့် လစဉ် လူသား တစ်ယောက်ကို ... ငါ စားတယ်။ ”
သွေးကျီးကန်း ဘိုးဘေးက လင်းယွန်ကို အထင် အမြင် သေးစွာ စိုက်ကြည့်ပြီး၊ ပြန်ဖြေ လိုက်သည်။
“ နတ်သွေးပန်းကို သိလား။ ”
လင်းယွန်မှ ထပ်မေးသည်။ ကောက်ကျစ် စဉ်းလဲသော အတွေး ပေါ်လာပြီး၊ သွေးကျီးကန်း ဘိုးဘေးက ခေါင်းညိမ့်၏။
“ ငါ ဒီမှာ နေလာတာ နှစ်ပေါင်း တစ်သောင်းကျော် နေပြီ၊ မင်းရဲ့ အသားထက် အရသာ ရှိတဲ့၊ အရာနဲ့ အစား ထိုးပေး နိုင်ရင်၊ နတ်သွေးပန်းနဲ့ ပတ်သတ်တဲ့၊ သဲလွန်စ တချို့ ငါပေးမယ်။ ”
သွေးကျီးကန်း ဘိုးဘေးက လင်းယွန်၌ အဖော် ပါလာခြင်း ရှိ-မရှိ စုံစမ်း နေခြင်း ပေပင်။ သူ့ သက်တမ်း အရ၊ ဤသို့သော အတွေ့ အကြုံ ရှိချေ၏။
“ မြင့်မြတ်သော ယင်-သူတော်စင် ခန္ဓာ ကိုယ်ကို ... မင်း စိတ်ဝင် စားလား။ ”
လင်းယွန်မှ မေးမြန်း လိုက်သည်။ မြင့်မြတ်သော ယင်-သူတော်စင် ခန္ဓာ ဟူသော အသံကြောင့်၊ သွေးကျီးကန်း ဘိုးဘေး ခမျာ၊ မျက်ဝန်းများ တောက်ပ လာ၏။
၎င်းက စိတ် လှုပ်ရှားမှုကို မျိုသိပ်ကာ၊
“ မင်း ပြောတဲ့ အရာသာ ... ၊ တကယ် ရှိတယ် ဆိုရင်၊ သဘာဝ အတိုင်း အရောင်း အဝယ် ဖြစ်ပြီ။ ”
“ ကောင်းပြီ ... ငါနဲ့ လိုက်ခဲ့ ... ။ ”
“ ဟီးဟီး ... မဟုတ်ဘူး၊ မင်း သူ့ကို ဒီခေါ်လာ ရမယ်။ ”
“ ငါ မင်းကို မယုံဘူး။ ”
လင်းယွန်မှ ငြင်းဆန် လိုက်၏။
“ နတ်သွေးပန်း တည်နေရာကို ငါပြောပြ ရင်တောင်၊ မင်း ယူနိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် တခြား အကျိုး ကျေးဇူးတွေနဲ့ လှဲလှယ် ချင်လဲ ရပါတယ်။ ”
“ ကောင်းပြီ ... ဒါဆို ငါ ပြန်လာ ခဲ့မယ်။ ”
သွေးကျီးကန်း ဘိုးဘေးကို မယုံကြည် သဖြင့်၊ ခေတ္တမျှ တုံ့ဆိုင်း သွားပြီး၊ ကျောခိုင်းရန် ပြင်လိုက်သည်။
“ ဝှစ် ... ။ ”
ရုတ်တရက် သွေးကျီးကန်း ဘိုးဘေးက သူ့အနား ရောက် လာပြီး၊ ချွန်ထက်သော လက် သည်းဖြင့် ကုပ်ချ လာ၏။
ဤတိုက်ခိုက်မှုသည် လျင်မြန် ကြမ်းတမ်း လှကာ၊ သွေးကျီးကန်း ဘိုးဘေး တစ်ကောင်မှ၊ မည်မျှ ရက်စက် သည်ကို မြင်နိုင် ချေပြီ။
***