← Chapters

မင်း ... လူကောင်း မဟုတ်ဘူး။

Vol. 144 Ch. 2009

မင်း ... လူကောင်း မဟုတ်ဘူး။

Vol. 144 Ch. 2009

သွေးကျီးကန်း ဘိုးဘေး၏ ခိုးဝင် တိုက်ခိုက်မှုသည် ပေါက်ကွဲ နေသော မီးတောင် နှင့် တူသည်။

“ ဝှစ် ... ။ ”

သို့သော် မိုးပြာ နဂါး ဓားနှလုံးသားက လင်းယွန်အား သတိပေး ခဲ့သဖြင့်၊ နေလ ထီးကို ဆွဲထုတ်ကာ၊ ကာကွယ် လိုက်သည်။

“ ဝုန်း ... ။ ”

ကြီးမားသော လှိုင်းလုံးကြီး တစ်ခု ပျံ့ကား သွားပြီး၊ လေထု အတွင်း အက်ကွဲ ကြောင်းများ ထွက်ပေါ် လာ၏။

ဒေသ တစ်ခုလုံး အပြာရောင် သူတော်စင် ရောင်ဝါ များဖြင့် လွှမ်းခြုံလျက်၊ ပေါက်ကွဲမှုများ ဖြစ်ပေါ် လာခဲ့သည်။

လင်းယွန် ထီးသည် သွေးကျီးကန်း ဘိုးဘေး၏ လက်ဖဝါးကို ဖောက်ဝင် သွားရာ၊ အော်ဟစ်လျက် ဆုတ်ခွာ သွားတော့၏။

“ အား ... ၊ မင်း ငါ့ကို လိမ်​ရဲလား။ ”

သွေးကျီးကန်း ဘိုးဘေးက အော်ငေါက် လိုက်ပြီး၊ သွေးစီးကျ နေသော လက်ဖဝါး ပြင်ကို ပြန်၍ ဆုပ်ကိုင် လိုက်သည်။

“ မင်းလည်း လိမ်ခဲ့ တာပဲ မဟုတ်လား။ ”

လင်းယွန်မှ သွေးကျီးကန်း ဘိုးဘေးကို ကြည့်ကာ ပြောလိုက်၏။ ၎င်းသည် သူတော်စင် ရောင်ဝါကို သန့်စင် ထားပြီး ဖြစ်သောကြောင့်၊ ကြယ်ဓားနှင့် အုပ်စိုးရှင် သူတော်စင် လက်ရာ သုံးသော်မှ၊ ဖိနှိမ် နိုင်ခြင်း မရှိချေ။

၎င်းဘိုးဘေး၏ သူတော်စင် ရောင်ဝါ စွမ်းအားမှာ၊ နိဗ္ဗာန် ရောင်ဝါဖြင့် အံတု နိုင်သော အဆင့်ထက်၊ ကျော်လွန် နေသည်။

ထို့ကြောင့် အုပ်စိုးရှင် လက်ရာ ပေါ်သာ၊ လုံးလုံး လျားလျား အားကိုး ရပေမည်။ နေ-လ ထီးတွင် တံဆိပ် သုံးခု ပါပြီး၊ ပထမ တံဆိပ်၏ စစ်မှန်သော စွမ်းအားကို၊ အပြည့် အဝ မထုတ်လွှတ် ရသေးချေ။

“ မင်းရဲ့ ထီးက ... ငါ့ရဲ့ သူတော်စင် ရောင်ဝါကို ထိုးဖောက် နိုင်တယ်။ ”

သွေးကျီးကန်း ဘိုးဘေးမှ နေလ ထီးကို လေးနက်စွာ စိုက်ကြည့် သည်။

“ ဒါက အုပ်စိုးရှင် လက်ရာပဲ၊ သူတော်စင် ရောင်ဝါ မပြောနဲ့ ... ၊ မင်း ခေါင်းကိုတောင် ထိုး ဖောက် နိုင်တယ်။ ”

“ ဟား ဟား ဟား ... ၊ ပြင်ပ ကမ္ဘာက ဓားမိစ္ဆာ၊ မင်းက ငါ့ကို ငတုံးများ ထင်နေလား၊ အုပ်စိုးရှင် ရတနာကို ... လွယ်လွယ် အသုံး ပြုလို့ မရ ပါဘူး။ ”

“ ဒါဆို ... မင်း ဘာလို့ ... ၊ လာ မစမ်းကြည့် ရတာလဲ။ ”

လင်းယွန်မှ စိန်ခေါ် လိုက်၏။ ယင်းက သွေးကျီးကန်း ဘိုးဘေးကို ချက်ချင်း သံသယ ဖြစ်လာ စေသည်။

“ ကောင်လေး ... နတ်သွေးပန်းရဲ့ သဲလွန်စ မလိုချင် ဖူးလား။ ”

“ ဟား ဟား ဟား ... ကျီးအိုကြီး ... ၊ မင်းရော ... မြင့်မြတ်တဲ့ ယင်-သူတော်စင် ခန္ဓာ ကိုယ်ကို၊ စိတ် မဝင်စား ဘူးလား။ ”

“ ကောင်းပြီ ... ငါတို့ နှစ်ယောက်လုံး တစ်ယောက်ပေါ် တစ်ယောက်၊ ယုံကြည်မှု ကင်းမဲ့ နေပုံ ရတယ်၊ ငါတို့ သုံးလှမ်းလောက် နောက်ပြန် ဆုတ်ပြီး၊ ဘာမှ မဖြစ်ခဲ့ ဖူးလို့ သဘောထား ရအောင်၊ ...

... နတ်သွေးပန်းရဲ့ သဲလွန်စ မပြောပြ သေးခင်၊ မွေးရာပါ ယင်-သူတော်စင် ခန္ဓာကို ဒီခေါ်လာ ခဲ့ပါ။ ”

“ အဆင် ပြေတယ်။ ”

“ ကောင်းပြီ ... ငါ့ရဲ့ ရိုးသားမှုကို ... အရင်ပြဖို့ ... ခြေတစ်လှမ်း ဆုတ်လိုက်မယ်။ ”

သွေးကျီးကန်း ဘိုးဘေးက ပြုံးပြီး ဆယ်မီတာ အကွာသို့ ပြန်ဆုတ် သွားသည်။

“ မင်း ... လှည့်လို့ ရပြီ၊ ငါလည်း လှည့်လိုက်မယ်။ ”

“ ဟား ... ဟား ... ဟား ... ။ ”

လင်းယွန်မှ ရယ်မော လိုက်သည်။

“ ဘာလဲ ငါ့ကို မယုံ ဖူးလား ... ၊ လူတွေ ကြားမှာ၊ အချင်းချင်း ယုံကြည်မှု ဆိုတာ မရှိ တော့ တာလား။ ”

ရယ်မော နေသော လင်းယွန်ကြောင့်၊ သွေးကျီးကန်း ဘိုးဘေးက မေးသည်။

“ မင်းက လူမှ မဟုတ်တာ။ ”

“ မင်းလည်း လူကောင်း မဟုတ် ပါဘူး။ ”

သွေးကျီးကန်း ဘိုးဘေးမှ ချက်ချင်း တုန့်ပြန်၏။

“ အဲဒီ လူကောင်းတွေ အားလုံး ... မင်းဗိုက်ထဲ ရောက်သွားပြီ မဟုတ်လား။ ”

လင်းယွန်က မြေပြင် ပေါ်ရှိ အရိုးများကို လက်ညှိုး ထိုးပြကာ၊ တုန့်ပြန် လှောင်ပြောင်ခဲ့ သည်။

“ ကောင်းပြီ ... ၊ ငါတို့ နှစ်ယောက် စလုံး သုံးအထိ ရေတွက်ပြီး၊ အတူတူ လှည့်ကြမယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က သဘောတူ လိုက်သည်။

“ မင်းက ဓားသမား တစ်ယောက်ပဲ ... ၊ မင်းလိမ်လို့ မရ ဖူးနော်။ ”

“ ဒါတော့ အမှန်ပဲ ... ငါက ဓားသမား။ ”

သွေးကျီးကန်း ဘိုးဘေး၏ ကတိ တောင်းခံမှုကို လင်းယွန်မှ ခေါင်းညိမ့် ပြလိုက် သည်။

ထို့ကြောင့် ၎င်းက ကျေနပ် သွားပြီး၊ သုံးအထိ ရေတွက်ကာ၊ လှည့်လိုက် သော်လည်း၊ အဆုံးထိ မရောက် ခဲ့ချေ။

လက်နှစ်ဖက်ကို ဆန့်တန်းလျက် ရယ်မော လိုက်ပြီး၊

“ ဟား ဟား ဟား ကောင်လေး၊ မင်းတော့ သွားပြီ။ ”

-ဟု ဆိုကာ ပြန်လှည့် လာလေသည်။

သို့သော် သူ လှည့်ကြည့် လိုက်သော အခါတွင်၊ နေ-လ ထီး၏ ပထမ တံဆိပ် ဖွင့်ပြီး၊ သူ့ရင်ဘတ်ထံ ထိုးသွင်း လာသည်ကို မြင်လိုက် ရတော့၏။

နေလ ထီးက သူတော်စင် ရောင်ဝါကို အလွယ် တကူ ချိုးဖျက်ကာ၊ သူ့ ရင်ဘတ်ထံ ထိုးဖောက် လာ သဖြင့်၊ သွေးကျီးကန်း ဘိုးဘေးမှ ထိတ်လန့် သွားသည်။

“ အွတ် ... ။ ”

“ ဝေါ့ ... ။ ”

ပါးစပ်မှ သွေးများ ထွေးထုတ် လိုက်ပြီး၊

“ မင်း လိမ်တယ် ... ၊ မင်း လုံးဝ လှည့် မသွားဖူး မဟုတ်လား။ ”

-ဟု မေးမြန်း လာ တော့သည်။

“ ဝှစ် ... ။ ”

လင်းယွန် နောက်၌ ရွှေတောင်ပံများ ထွက်ပေါ် လာပြီး၊ သွေးကျီးကန်း ဘိုးဘေးထံ ဦးတည်ကာ၊ နေ-လ ထီးဖြင့်၊ နောက်ထပ် တိုက်ခိုက် လိုက်သည်။

ခြောက်ကြိမ် တိုင်တိုင် တိုက်ခိုက် ခံရ ပြီးနောက်၊ သွေးကျီးကန် ဘုရင်မှ၊ နောက်ဆုတ် ရှောင်တိမ်း ခြင်းကို ရပ်ကာ၊ လက်တုံ့ ပြန်ရန် စဉ်စား လိုက်သည်။

“ ဟိတ် ... ။ ”

သို့သော် လင်းယွန်က နေနတ်ဘုရား ဖမ်းဆီးခြင်းကို အဆုံးထိ ထုတ်ဖော် လိုက်ပြီး၊ သွေးကျီးကန်း ဘိုးဘေး၏ နှလုံးသားထံ ထိုးသွင်း ပစ်သည်။

နေလ ထီးမှ ဒုတိယ တံဆိပ် ပျက်ပြယ် သွားကာ၊ နဂါး ဟောက်သံ ထွက်လာ တော့၏။ ထို့နောက် အုပ်စိုးရှင် လက်ရာ အငွေ့ အသက်များ ထွက်လာသည်။

သွေးကျီးကန်း ဘိုးဘေ ခမျာ တုန်လှုပ် ခြောက်ခြား သွားပြီး၊ ချက်ချင်း ဆုတ်ခွာ သွား တော့သည်။ သို့တိုင် နေလ ထီးမှ သူ့လက် မောင်းကို ထိုးခွဲ သွားသဖြင့်၊

“ အုပ်စိုးရှင် ရတနာရဲ့ အစွမ်းက ... မယုံနိုင် စရာ ပါပဲ။ ”

-ဟု မှတ်ချက် ပေးလိုက်၏။

လင်းယွန်က သွေးကျီးကန်း ဘိုးဘေးကို လျစ်လျူရှုကာ ထီးအား မြှောက်လိုက် ပြန်၏။ နဂါးရူရ်များ ထီအတွင်း ပြေးဝင် ကုန်သည်။

ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ စိမ့်ကျ လာပြီး၊ တတိယ တံဆိပ် ပြေသွား၏။

ဤတစ်ကြိမ်တွင် သွေးကျီးကန်း ဘိုးဘေးအပေါ် ဒဏ်ရာ ပြင်းပြင်း ချန်ထားရန် ရည်ရွယ်ထား ပေသည်။

“ ဖရူး ... ။ ”

ထီးကို ဖွင့်လိုက်သော အခါတွင်၊ အနက်ရောင် မြူများကြောင့်၊ မိုးပြာ နဂါး နက္ခတ်အား ရှာ မတွေ့ ခဲ့ချေ။

“ ဘာဖြစ် တာလဲ။ ”

ယင်းကြောင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွားပြီး၊

“ ငါ မင်းကို ... အခု ချမ်းသာ ပေးလိုက်မယ်၊ မနက်ဖြန် စောင့်နေ။ ”

-ဟု အော်ဟစ်လျက် ထွက်ပြေး လိုက် တော့သည်။

သွေးကျီးကန်း ဘိုးဘေးက အံကြိတ်ကာ၊

“ မင်းက အရှက် မရှိတဲ့ လူကောင်ပဲ၊ မနက်ဖြန် မင်း လာဝံ့ရင် အသက် ရှင်လျက် ပြန် မသွားနိုင် စေရ ဘူးလို့၊ အာမခံတယ်။ ”

-ဟု ပြန်လည် အော်ဟစ် လိုက်သည်။

ပြီးနောက် သွေးကျီးကန်း ဘိုးဘေးမှ၊ သူ့ဒဏ်ရာ များကို ကုသရန်၊ ဒေါသ တကြီး ပြန်သွား တော့၏။

ဤမျှ ဆိုးရွားသော အရှက်ရဖွယ် အဖြစ်ဆိုးမျိုး မကြုံ ရတော့ သည်မှာ ကြာပြီ ဖြစ်သည်။

ထိုအချိန်တွင် လင်းယွန်က နေ-လ ထီးကြီးအား သိမ်းဆည်းလျက် သက်ပြင်းချ လိုက်တော့သည်။

သွေးကျီးကန်း ဘုရင် ငါးကောင်ကို သတ်ခဲ့ပြီး၊ အနှစ်သာရ တစ်ရာ ကျော်နှင့် ရွှေ အနှစ် သာရ တစ်လုံး တို့ကို ရရှိ ခဲ့၏။

သွေးကျီးကန်း ဘုရင် များမှာ၊ သန်မာ သော်လည်း၊ သိုင်းပညာ ရပ်ကို မသိကြ သဖြင့်၊ တိုက်ပွဲမှာ ကျေနပ် အားရမှု မပေးချေ။

သွေးကျီးကန်း ဘုရင် သည်သာ အကောင်းဆုံး ဖြစ်သည်။ တစ်ဖန် နေလ ထီး သည် မိုးပြာ နဂါး နက္ခတ်ကို ရှာ မတွေ့ ခဲ့ချေ။ ယင်းသည် နတ်ဘုရား သင်္ချိုင်း တောင်တန်း ကြောင့် ဖြစ်ပေမည်။

ဤတောင်တန်းကြီး တစ်ဝိုက် လွှမ်းခြုံ ထားသော တံဆိပ် တစ်ခု ရှိပြီး၊ ၎င်းကို လက်ရှိ သူ့ ခွန်အားဖြင့်၊ ကျော်ဖြတ် နိုင်ပုံ မရချေ။

ခရမ်းငယ် တည်ဆောက် ထားသော ဝိညာဉ် ရေးရာ အခင်းအကျင်းသို့၊ ပြန်ရောက်သော အခါ ဒဏ်ရာ များကို ကုသရန် ထိုင်ချ လိုက်၏။

ဒဏ်ရာ များမှာ ပြင်းထန်မှု မရှိချေ။ အဘယ်ကြောင့် ဆိုသော် မည်သည့် သူတော်စင် ရောင်ဝါ ကိုမျှ၊ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် ခွင့် မပြုခဲ့ သောကြောင့် ဖြစ်သည်။

“ အနှစ်သာရ ပုတီးစေ့ တွေနဲ့ ... နိဗ္ဗာန် သတ္တမမြောက် အထွတ် အထိပ်ကို ရောက်ဖို့ လုံလောက်မယ် ထင်တယ်။ ”

သူ့၌ နိဗ္ဗာန် ရောင်ဝါကြိုး သုံးသိန်းကို ပိုင်ဆိုင် ထားသော်လည်း၊ ဘုရင် အဆင့် (၁၀) ဦးနှင့် ယှဉ်ပါက အားနည်း နေသေးသည်။

၎င်းတို့သည် နိဗ္ဗာန်- နဝမမြောက် အသွင် ကူးပြောင်းမှုသို့ ရောက်ရှိ နေခဲ့ ကြပြီး၊ အထက် တန်းလွှာများ ကြားမှ၊ အထက်တန်း စားများ ဖြစ်လေသည်။

သို့သော် သူ့အုတ်မြစ် သည်လည်း အား မနည်း လှသဖြင့်၊ ကြောက်ရွံ့ခြင်း မရှိ ခဲ့ချေ။ ဓားသုတ္တန် နှစ်ပါးကို လေ့ကျင့် ထားပြီး၊ လိုအပ်သော် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးကို အသုံးပြု နိုင်မည်။

ထို့ကြောင့် နိဗ္ဗာန် အငွေ့အသက် လုံလုံ လောက်လောက် ရှိသ၍၊ နိဗ္ဗာန်-သတ္တမမြောက် အသွင် ကူးပြောင်းမှု ဖြင့်ပင်၊ ၎င်းတို့အား ရင်ဆိုင် နိုင်ပေမည်။

“ နိဗ္ဗာန် ရောင်ဝါ ကြိုးကို ... ၊ လေးသိန်း အထိ တိုးမြှင့်ပြီး၊ ဓားပင်လယ် ပေ သုံးထောင် အနည်းဆုံး ... ရှိနေ ရမယ်။ ”

အတွေး များဖြင့်၊ မျက်လုံး မှိတ်ကာ၊ အစီရင်မှ ရသော အနှစ်သာရ ပုတီးစေ့ များကို စတင် သန့်စင် တော့၏။

ပုတီးစေ့ များက၊ သွေးကျီးကန်းငယ် အလောင်း များမှ အပြစ် များထက် ပိုကောင်း လေသည်။ နာကျင်ခြင်း မရှိဘဲ၊ အကျိုး သက်ရောက်မှု ဆယ်ဆ သာ၏။

ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် တို့က၊ သူ့ဝန်းကျင်၌ လှည့်ပတ် လာသည်။ လေထုမှာ ဓားဖြင့် ခုတ်ခွဲ ခံနေရ သကဲ့သို့၊ တုန်ယင် အက်ကွဲ နေတော့သည်။

***

All Chapters