မင်းဆရာ ... နေ မကောင်းဘူး။
Vol. 144 Ch. 2010
နေ့ဝက် ကုန်လွန် ပြီးနောက်၊ တရား ထိုင်နေသော ပိုင်ချင်းယွီက စူးစမ်းလို စိတ်ဖြင့် လင်းယွန်ထံ ကြည့်လိုက်သည်။
( သူ့ရဲ့ ဓားရည်ရွယ်ချက်က ... အရမ်း အစွမ်း ထက်လိမ့် မယ်လို့၊ ငါ မထင် ထားဘူး၊ ငါက မြင့်မားတဲ့ ကျင့်ကြံမှု ရှိနေ တာတောင်၊ သူနဲ့ ယှဉ်ရင် စက္ကူ တစ်ရွက် လိုပဲ အားနည်းနေတယ်။ )
သူမ ဟူသည် ပိုင် မိသားစု၏ မင်းသမီး ဖြစ်ပြီး၊ ယခင်က ပါရမီရှင် များစွာကို မြင်တွေ့ခဲ့ ဖူးချေ၏။
တာအို ယန်-နန်းတော်၏ သန့်ရှင်းသော သားတော် နှင့်ပင် စကား ပြောဆို ဖူးခဲ့သည်။ ၎င်းပါရမီရှင် များမှာ၊ အစွမ်းထက် သော်လည်း ယဲ့ချင်ရှန် ကဲ့သို့ သူမအား ခံစားရ စေမည် မဟုတ်ချေ။
ဤလူငယ်သည် နိဗ္ဗာန်-သတ္တမ မြောက် အသွင် ကူးပြောင်းမှု တွင်သာ ရှိပြီး၊ ဒေါသဖြစ် လာသော်၊ ကောင်းကင် ပိုင်းဖြတ်ရန် အထိ၊ သန်မာ လာသည်။
ထို့ကြောင့် ခဲအို ဖြစ်လျှင်ပင်၊ မဆိုးဟု ခံစားလာ ရသည်။ သို့သော် အစ်မ ပိုင်မှ သူ့အား ငြင်းပယ် ခဲ့သည်မှာ သနား စရာ ပေပင်။
အစ်မပိုင် နေရာ၌ သူမသာ ဆိုက ငြင်း မည်လော။ သူမ ငြင်းသော် သနားစရာ တစ်ဖက် လူ ခံစား သွားရ ပေလိမ့်မည်။ သို့သော် သူမ အသက် အရွယ် အရ၊ ရည်းစား မထား သင့်သေးချေ။
တဖြည်းဖြည်း မျက်နှာ တစ်ပြင်လုံး နီရဲ လာပြီး၊ လင်းယွန်ထံ မလုံမလဲဖြင့် ခိုးကြည့် မိ သည်။ သတိထား ကြည့်သော်၊ ယဲ့ချင်းရှန်သည် ချောမောကြောင်း ဝန်ခံ ရပေမည်။
“ ပိုင်ချင်းယွီ ... မင်း ဘာတွေ တွေးနေတာလဲ။ ”
ရုတ်တရက် မေးမြန်းလာ သံကြောင့် လှည့်ကြည့် မိရာ၊ ခရမ်းငယ်မှ စူးစမ်း ဟန်နှင့် စိုက်ကြည့် နေသည်။
ယင်းကြောင့် ချက်ချင်း အဆင် မပြေ ဖြစ်လာကာ၊ ခေါင်း အမြန်ငုံ့ ပစ်လိုက် ရသည်။ မဟုတ်သော် မျက်ဝန်း မှတဆင့် သူမ အတွေး များကို မြင်သွား နိုင်မည်။ သူမက၊
“ ယဲ့ချင်းရှန်ရဲ့ ဓား ရည်ရွယ်ချက်က ... ၊ ဘာလို့ ဒီလောက် အစွမ်းထက် နေရလဲ ဆိုတာ၊ စဉ်းစား နေတာပါ။ ”
-ဟု တိုးတိုးလေး ပြန်ဖြေ လိုက်သည်။
“ ဒါက မထူးဆန်း ပါဘူး ... ၊ ငါ သူ့ကို သင်ပေး လို့ပဲ၊ ဒါတောင် ပေါ့ပေါ့ ပါးပါး သင်ပေး ထားတာ၊ အလေး အနက် မထား သေးဘူး။ ”
ခရမ်းငယ်မှ ဝင့်ကြွားစွာ ပြောကြား လာ၏။
“ ဘယ်လို ... သူက သခင် ဖီးနစ်ရဲ့ တပည့်လား။ ”
“ ဘာ တပည့်လဲ၊ သူက ငါ့ကျွန်။ ”
“ တကယ် ... ။ ”
“ မင်းက ဘယ်လို ထင်နေ လို့လဲ၊ တစ်နှစ် အတွင်း ဒီလောက် ပြောင်းလဲ လာဖို့၊ လွယ်မယ် ထင်နေလား၊ မင်းရဲ့ ဒဏ်ရာ တွေကို၊ အခု ဘယ်သူ ကုသ ပေးခဲ့ တာလဲ။ ”
ခရမ်းငယ်မှ မျက်လုံးပင့်ကာ မေးမြန်း လိုက်တော့၏။ ပိုင်ချင်းယွီက အံသြ သွားသည်။ သခင် ဖီးနစ်သည် ဤမျှ ကျွမ်းကျင် သူဟု မမျှော်လင့် ထားချေ။
“ မနာလို ဖြစ် မနေနဲ့၊ မင်းရဲ့ အလား အလာက ... သူ့ထက် ပိုကောင်း တယ်၊ ငါမှာ အိမ်ဖော် တစ်ယောက်လို သေးတယ် ... ၊ မင်းသာ စိတ်ဝင်စားရင်၊ ...
... မွေးရာပါ ယင်-သူတော်စင် ... ခန္ဓာ ကိုယ်ကို နိုးထ စေရုံသာ မကဘူး၊ နတ်ဖီးနစ် ခန္ဓာကိုယ် အဖြစ်တောင် ပြောင်းလဲ ပေးနိုင်တယ်။ ”
ထိုကမ်းလှမ်းမှုကြောင့် ပိုင်ချင်းယွီ နှလုံးသားက ပြင်းထန်စွာ ခုန်လာ၏။ နတ်ဖီးနစ် ခန္ဓာကိုယ်သည်၊ မြင့်မြတ်သော ကိုယ်လုံး ကိုယ်ပေါက် ဖြစ်သည်။
သို့သော် တစ်ဖက်တွင် အစေခံ အဖြစ် ရှင်သန်ရမည် ဖြစ်သော ကြောင့်၊ အနည်းငယ် တွေဝေ သွားမိ၏။
“ တစ်ချိန်က ငါ့ရဲ့ အစေခံ ဖြစ်ဖို့၊ လူတွေ ဘယ်လောက် များများ၊ တန်းစီ နေကြလဲ၊ မင်း သိလား၊ ယောက်ျားတွေ အားလုံးက၊ ...
... သူတို့ အမျိုး သမီးကို ထားခဲ့ပြီး၊ သုံးနှစ်လောက် ငါ့ဆီက စမ်းသပ်မှုကို ခံယူ ကြရတယ်၊ အခု သူ့ကို ပဲကြည့်၊ ...
... ကျွန် တစ်ယောက် ဆိုပေမယ့်၊ ကောင်းကင် တာအို ဂိုဏ်းမှာ ... ပါရမီရှင် ဓားသမား ဖြစ်နေပြီ။ ”
ခရမ်းငယ်မှ လင်းယွန်အား ညွှန်ပြ လိုက်သည်။ ပိုင်ချင်းယွီက ပြန်လည် စဉ်းစား လာမိ၏။
“ ဒေါက် ... ။ ”
“ အ ... နာတယ်။ ”
ထိုအချိန်တွင် လင်းယွန်က မျက်လုံး ဖွင့်လာပြီး၊ ခရမ်းငယ် ခေါင်းကို ခေါက်ပစ် လိုက် သည်။ ရှုံမဲ့ စွာဖြင့် ခရမ်းငယ်က သူမ ဦးခေါင်းကို ပြန်ပွတ် တော့၏။
“ ဝါကြွား နေတာကို ရပ်တော့ ... ။ ”
လင်းယွန်က ပုတီးစေ့ ဆယ်လုံး သန့်စင်ပြီးပြီ ဖြစ်သဖြင့် ထရပ် လာသည်။
“ ငါ ဘယ်မှာ ကြွားဝါ လို့လဲ ... ။ ”
“ မင်း ... ကျွန်က ဘယ်သူလဲ၊ မင်းရဲ့ ကျစ်ဆံမြီး တွေကို ... ဘယ်သူက ကူကျစ် ပေးခဲ့ တာလဲ၊ ရိုက်ဖို့ လိုနေပြီ ထင်တယ်။ ”
“ ငါ နောက်နေ တာပါ။ ”
ထိုမြင်ကွင်းကြောင့် ပိုင်ချင်းယွီက ရယ်သည်။ ပြီးနောက် သူမ အစ်မမှ သူ့အား ပြောဆို ဆုံးမ နေသည့်၊ ငယ်စဉ်က ပုံရိပ်များ ပြန်ပေါ် လာ၏။
“ သူ့ရဲ့ မွေးရာပါ ယင်-သူတော်စင် ခန္ဓာကိုယ်ကို နိုးလို့ ရပြီလား။ ”
“ ငါ့ရဲ့ မြင့်မြတ်တဲ့ သွေးကို သန့်စင်ပြီး ပြီဆိုတော့၊ ရက်ပေါင်း လေးဆယ် နေရင် နိုးထ လာလိမ့်မယ်။ ”
“ ဒါဆို အပြင် သွားလိုက် ဦးမယ်။ ”
လင်းယွန်မှ ချက်ချင်း ထွက်ခွာ သွား တော့၏။ သွေးကျီးကန်း ဘိုးဘေးကို လေ့ကျင့် ဖော် အဖြစ် အသုံးချကာ၊ ခွန်အားများ တိုးလာ အောင် ကြံရွယ် ထားသည်။
လဝက် ထပ်မံ ကုန်လွန် ပြီးနောက်၊ လင်းယွန်က ရွှေပုတီးစေ့ကို ထုတ်ယူ လိုက်၏။ သူ့ ကျင့်ကြံမှုသည် နိဗ္ဗာန် သတ္တမ အထွတ် အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
သာမာန် ပုတီးစေ့များ အားလုံး ကိုလည်း သန့်စင်ပြီး ဖြစ်၏။ နိဗ္ဗာန် ရောင်ဝါကြိုး ပမာဏ သည် ငါးသိန်းကျော် လာသည်။ မယုံနိုင် စရာ ပေပင်။
ဓားပင်လယ် သည်လည်း ပေသုံးထောင် ကျယ်လာကာ၊ ၎င်းထက်ရှိ ကြယ် အရွယ်အစား သည် ကျပ်ပြားဝိုင်း အရွယ် ရောက်လာ၏။ ပြီးပြည့် စုံသော ကျွမ်းကျင်မှု ရောက်ရန် မဝေး တော့ချေ။
“ ဝှစ် ... ။ ”
ပန်းသင်္ချိုင်းကို ထုတ်ယူ လိုက်ကာ၊ မိုင် တစ်ထောင် အရပ်၌ ရှိသော၊ နှစ် တစ်ထောင် သွေးကျီးကန်း တစ်ကောင်ထံ ပစ်ချ လိုက်သည်။
ရလာဒ်သည် သူ့အား ထိတ်လန့် သွားစေ ခဲ့၏။ ကျန့်ကျင်းရှန်က မိုင်တစ်ထောင် အကွာမှ နေပြီး၊ ကယ်တင်ခဲ့ ပုံကို ပြန်လည် အမှတ်ရ လာသည်။
“ မိုင်တစ်ထောင် အတွင်း ... ဓားကို ချယ်လှယ်ခြင်း၊ စီနီယာ အစ်ကိုကို ငါ လိုက်မီ တော့မယ် ထင်တယ်။ ”
သို့သော် မလွယ် သေးချေ။ စီနီယာ အစ်ကိုသည် နဂါး သွေးလွှတ်ကြော နယ်ပယ် ဖြင့်၊ ကြယ်ဓားကို ဆုပ်ကိုင် နိုင်ပြီး၊ နေကဲ့သို့ တောက်ပ နေခဲ့သည်။
အသက် (၁၈) နှစ်ဖြင့်၊ နဂါး သွေး လွှတ်ကြော နယ်ပယ် ရောက်ကာ၊ သွေးလွှတ် ကြော များကို ပေတစ်ထောင် အထိ၊ တိုးချဲ့ ထားနိုင်၏။
ထို့ကြောင့် အောင်မြင်မှု ပြုလုပ် နိုင်သော အခါတွင်၊ ကောင်းကင် ဘုရင် နယ်ပယ်သို့ ချက်ချင်း ရောက်ရှိ သွားခဲ့သည်။
ကောင်းကင် ဘုရင် နယ်ပယ် ဟူသည် သူတော်စင် နယ်ပယ် အောက်တွင် ပြိုင်ဘက် ကင်းပေ၏။
ဤသည်မှာ အန္တရာယ် ရှိပြီး ရောက်ရန် မလွယ် ကူသော အထူး နယ်ပယ် တစ်ရပ် ဖြစ် ချေသည်။
ကောင်းကင် ဘုရင် တစ်ပါးသည် အမည်ခံ သူတော်စင် များထက် သူတော်စင် ဖြစ်ရန် ပိုမို ခက်ခဲ လှသည်။
“ မတွေ့တာ ကြာပြီ ... ၊ ဘယ်လောက်တောင် သန်မာ နေလိုက် မလဲ။ ”
ပန်းသင်္ချိုင်းအား လက်လှိုင်းဖြင့် ပြန်ခေါ် လိုက်၏။ လက်ရှိ ခွန်အားသည် ကျန့်ကျင်းရှန် ကို၊ လိုက်မီ နေပြီ ဖြစ်သည်။
အတိတ်မှာ ကဲ့သို့ ခေါင်းမော့ ကြည့်ရန် မလိုတော့ချေ။ သို့တိုင် လေးစားမှု အပြည့် ရှိနေ သေးသည်။ ၎င်းကဲ့သို့ နဂါး သွေးလွှတ်ကြော နယ်ပယ်၌၊ (၁၈) နှစ်ကြာ၊ မနေ နိုင်ချေ။
ဓား ပြန်သိမ်းလျက်၊ သွေးကျီးကန်း ဘိုးဘေးထံ သွားရန် ပြင်မိသည်။ ဤတစ်ကြိမ် တွင် ပိုင်ချင်းယွီက သတ္တိများ စုစည်းပြီး၊ သူ့ရှေ့ ရောက်လာသည်။
“ အစ်ကို ယဲ့ ... ငါ့ကို ခေါ်ပါ၊ ငါရဲ့ ယင်-သူတော်စင် ခန္ဓာကိုယ် နှိုးထ နေပြီမို့၊ အကူအညီ ပေးနိုင် မှာပါ။ ”
ယင်သူတော်စင် ခန္ဓာ နိုးထ လာသည် ဟူသော စကားကြောင့် လင်းယွန် တစ်ယောက် အံသြ သွား၏။ ရက်ပေါင်း လေးဆယ် လိုအပ် မည်ဟု ခရမ်းငယ်မှ ပြောကြား ခဲ့သော်လည်း လဝက် အတွင်း၊ ပြီးမြောက် လာသည်။
လွန်ခဲ့သော ဆယ့်ငါးရက် လုံးလုံး သူမ ကြိုးစား နေခဲ့ပုံ ရ၏။
“ သူ့မှာ ... ၊ အရည် အချင်း ရှိတာကို၊ မြင်လိုက် ရတော့ ... ၊ ငါ့အိမ်ဖော် အဖြစ် လက်ခံ လိုက်ပြီ။ ”
ခရမ်းငယ်က ပိုင်ချင်းယွီ ဘေးတွင် ဝင်ရပ်ကာ ဆိုသည်။ ယင်းကြောင့် လင်းယွန်မှ မျက်မှောင် ကြုတ် လိုက်ပြီး၊
“ မင်းကို ... ဘယ်သူက အစေခံ ခေါ်ယူခွင့် ပြုလို့လဲ။ ”
-ဟု မေးမြန်း အော်ငေါက် လိုက်၏။
ရုတ်တရက် ပိုင်ချင်းယွီ နှလုံးသားထဲ နွေးထွေး လာပြီး၊ လင်းယွန် လက်ကို ဆွဲကိုင် ကာ ပြုံးလျက်၊
“ အစ်ကို ယဲ့ ... ၊ ဆရာက မင်းကို နောက်နေတာပါ၊ ငါ့ကို တပည့် အဖြစ် ခေါ်ယူ လိုက်တာပါ၊ အစေခံ မဟုတ်ဘူး၊ ဘာမှ လည်း မခိုင်း ပါဘူး။ ”
-ဟု ရှင်းပြ လိုက်တော့သည်။
သို့မှသာ လင်းယွန်မှ သက်ပြင်းချ လိုက်သည်။ ပိုင်ချင်းယွီသည် အားကိုး မရသော် လည်း၊ စိတ်ထား မဆိုး လှချေ။ ကလေး တစ်ယောက် လိုပင်။
သူမကို အိမ်ဖော် အဖြစ် ခေါ်ယူ ခဲ့ပါက၊ ကန့်ကွက်မည် ဖြစ်ပြီး၊ တပည့် အဖြစ်မူ လက်ခံ နိုင်ပေသည်။
“ ဟမ့် ... ။ ”
ခရမ်းငယ်က နှာခေါင်း ရှုံ့ကာ တစ်ဖက် လှည့်သွားသည်။ သူမအား တောင်းပန် စေလိုပုံ ရ၏။ သို့သော် လင်းယွန်က လျစ်လျူရှုလျက်၊
“ သွား ရ အောင် ... ။ ”
-ဟု ဆိုကာ၊ ပိုင်ချင်းယွီ လက်အား ဖမ်းဆွဲ လိုက်တော့သည်။
“ ဒါပေမယ့် ဆရာ ... ။ ”
“ မင်း ဆရာက ... အခု နေမကောင်းဘူး၊ ခဏနေ သူ သက်သာသွား လိမ့်မယ်။ ”
လင်းယွန်မှ ချက်ချင်း ပျံသန်း လိုက်၏။ သေွးကျီးကန်း ဘိုးဘေးနှင့် ရင်ဆိုင်ရန် အချိန် ကျပြီ ဖြစ်သည်။
“ လူယုတ်မာ၊ ငါ့ တပည့်ကို ခိုးချင် နေတာလား၊ စိတ်ကူးတောင် မယဉ်နဲ့၊ နဂါးလေး သူတို့ နောက်ကို လိုက် ... ။ ”
ခရမ်းငယ်က ခြေစောင့်လျက် ဒေါသတကြီး အမိန့်ပေး လိုက်သည်။ ထို့နောက် အလင်းတန်း အသွင် ပြောင်းပြီး၊ လင်းယွန် နောက်သို့ လိုက်ပါ သွားကြ တော့သည်။
***