အနိုင် ယူခြင်း။
Vol. 144 Ch. 2011
ထိုအချိန်တွင် သွေးကျီးကန်း ဘိုးဘေးမှ၊ ဒဏ်ရာများကို ကုသ နေခဲ့သည်။ ရွှေရောင် ရူရ် များ တောက်ပလျက်၊ လက်မောင်း အစား ပြန်ပေါက် လာ၏။
၎င်း၏ ပြန်လည် ကုသနိုင် စွမ်းသည်၊ လူသား ရုပ်ခန္ဓာ ကျင့်ကြံသူ များထက်၊ သာလွန် ကြံခိုင် ချေပြီ။
သို့တိုင် အရေ ပြားများ အက်ကွဲကာ၊ သွေးများ စီးကျ လာ၏။ ဓား ရည်ရွယ် ချက်မှ၊ သူ့ကုသ နိုင်စွမ်းကို ဟန့်တား လာချေပြီ။
ဆိုလို သည်မှာ ဒဏ်ရာများ ပြန်ကောင်း လာသည့် အချိန်တိုင်း၊ ဓား ရည်ရွယ်ချက်များ ပေါက်ကွဲ လာပြီး၊ ထပ်တိုး ဒဏ်ရာများ ပေးဆောင် နေပေသည်။
ထိုဓားကို ဖယ်ရှားရန် သူတော်စင် ရောင်ဝါအား အသုံးပြု ကြည့်လိုက် သော်လည်း၊ မအောင် မြင်ချေ။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ပုံရိပ် နှစ်ရိပ် ကျဆင်း လာသဖြင့်၊ ဒေါသများ ပြည့်လျှံလာပြီး ချက်ချင်း ထရပ်ကာ၊
“ မင်းက ... စက်ဆုပ် စရာ ကောင်းတဲ့ ကြွက်စုတ်ပဲ၊ ငါ မင်းကို ဘာမှ မလုပ်နိုင် ဘူးလို့ တကယ် ထင်နေ တာလား။ ”
-ဟု အော်ဟစ် ကျိန်ဆဲ တော့သည်။
ဤဓားမိစ္ဆာသည် ထီး တစ်လက်ဖြင့် ရက် အနည်းငယ် ကြာသည့်တိုင်၊ သူ့အား လာလာ နှောက်ယှက် နေခဲ့သည်။
ထီး မကိုင် နိုင်တော့သည့် အချိန်တွင်၊ ပြန်လည် ထွက်ပြေး သွားပြီး၊ ပြန်လာ ချိန်၌ ပို၍ သန်မာ နေခဲ့သည်။
သူ့ခန္ဓာ ကိုယ် အတွင်း၊ ထားရစ် ခဲ့သော ဓားရည်ရွယ်ချက် သည်လည်း တစ်စ-တစ်စ ထက်ရှ လာ၏။
ထို့ကြောင့် ဤဓားမိစ္ဆာမှ သူ့အား၊ လေ့ကျင့်ဖော် အဖြစ် အသုံးပြု နေကြောင်း သတိ ပြုမိ လာကာ၊ ကောင်းကောင်ပင် အိပ်မပျော် တော့ချေ။
ပိုင်ချင်းယွီမှ ဘေးမှ ရပ်လျက်၊ ကြောက်ရွံ့ နေခဲ့သည်။ သွေးကျီးကန်း ဘိုးဘေး တစ်ကောင် ဆေွ့ဆွေ့ခုန် နေသည် အထိ၊ လင်းယွန် ဘာလုပ် ခဲ့မှန်း၊ သူမ မသိချေ။
“ ဒီမှာ မင်း လိုအပ်တဲ့ ... ၊ ယင် သူတော်စင် ခန္ဓာ။ ”
သွေးကျီးကန်း ဘိုးဘေးက လင်းယွန်နှင့် ဆယ်မီတာ အကွာသို့ ပျံသန်းလာပြီး ပိုင်ချင်းယွီ အား ကြည့်သည်။
“ ဒါက တကယ့် ... ၊ ယင် သူတော်စင် ခန္ဓာကိုယ်ပဲ၊ မင်းက ဒီလောက် စိတ်ကောင်း ဝင် နေ မယ်လို့၊ မထင် ထားဘူး။ ”
တစ်ဖက် လူနှင့် အကြိမ်ကြိမ် တိုက်ခိုက် ခဲ့ပြီးနောက်၊ ဓားမိစ္ဆာ ဟူသည် ကျောက်ကျစ် စဉ်းလဲသူ ဖြစ်ကြောင်း သိလာ မိ၏။
ထို့ကြောင့် ဤသို့ အလွယ်တကူ ခေါ်ဆောင် လာသည့် အပေါ်၊ မယုံကြည်ချေ။
“ ဟဲဟဲ ... ကောင်းပြီ၊ ငါ သူ့ကို စစ်ဆေး ကြည့်ရအောင်၊ ပြီးရင် နတ်သွေးပန်းရဲ့ တည် နေရာကို၊ သဲလွန်စ ပေးမယ် ။ ”
သွေးကျီးကန်း ဘိုးဘေးက ပြုံးလျက်၊ ပိုင်ချင်းယွီ လက်ကောက် ဝတ်ထံ လက်လှမ်း ကာ၊ စစ်ဆေးရန် ပြင်၏။
ပိုင်ချင်းယွီ တစ်ယောက် မျက်လုံးများ မှိတ်ကျ သွားပြီး ကြောက်ရွံ့ တုန်ယင် လာ လေသည်။
သို့သော် လင်းယွန်က ၎င်းထက် မြန်၏။ ပိုင်ချင်းယွီ လက်ကို ဖမ်းဆွဲကာ၊
“ မင်း သူ့ကို ကြည့်ခွင့်ပဲ ရှိတယ်၊ မထိနဲ့ ... ။ ”
-ဟု ပြောကြား လိုက်၏။
သွေးကျီးကန်း ဘိုးဘေးက ဒေါသ ထွက်လာပြီး၊
“ မင်းငါ့ကို လှည့်စား ချင်တာလား။ ”
-ဟု မေးမြန်း တော့သည်။
“ မဟုတ်ဘူး၊ မင်းကို သတ်ဖို့ ငါရောက် လာတာ။ ”
လက်မောင်း တစ်လျှောက် နဂါး ရူရ်များ ဖြစ်ပေါ် လာပြီး၊ သွေးကျီးကန်း ဘိုးဘေးအား ကုပ်ဆွဲ ပစ်လိုက်သည်။
“ ဝှစ် ... ။ ”
လေထဲ နဂါး လက်သည်းကြီး ဖြစ်ပေါ် လာကာ၊ သွေးကျီးကန်း ဘိုးဘေးကို ဆုပ်ကိုင် တော့၏။
ထိုဆုပ်ကိုင်မှုမှ မလွတ်မြောက် နိုင်မှန်း သိလိုက် သဖြင့်၊ သွေးကျီးကန်း ဘိုးဘေး ခမျာ မျက်လုံးပြူး သွားသည်။
ဤဓားမိစ္ဆာသည် လူသား တစ်ယောက် မဟုတ်ဘဲ၊ နတ်နဂါး တစ်ကောင်ဟု၊ ထင်မှား လာတော့၏။
“ ဟား ဟား ဟား ... ၊ ငါက မင်းကို ရည်ရွယ်ချက် ရှိရှိ၊ ဖမ်းဆုပ်ခွင့် ပြုလိုက် တာလို့ မင်း မထင်ထားဖူး မဟုတ်လား ။ ”
သွေးကျီးကန်း ဘိုးဘေးက ရယ်မောလျက် လင်းယွန် လက်ဖဝါးကို လိမ်ချိုးရန် သူတော်စင် ရောင်ဝါအား လောင်းထည့် လိုက်၏။
ထိုစဉ် အရိုး တောင်ကုန်း တစ်ခုလုံး ဓားရောင်ဝါများ၊ တောက်ပလျက် ပန်းသင်္ချိုင်း ပြေးဝင် လာသည်။
“ ငါ့လက်ကို လွတ် ... ။ ”
ရုတ်တရက် ဖြစ်သော ကြောင့်၊ သွေးကျီးကန်း ဘိုးဘေး မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊
“ လွှတ် ... ငါ့ကို လွှတ်စမ်း၊ မဟုတ်ရင် ငါတို့ နှစ်ယောက် အတူတူ သေရ လိမ့်မယ်။ ”
“ ဟုတ်လား ... သေချာ လို့လား။ ”
လင်းယွန်က မကြောက်ဘဲ ပြုံးပြ မိ၏။
“ ပွင့်လာတဲ့ ငရဲ သစ်ခွပန်း ... ။ ”
ထိုအခိုက် အတန့်တွင် ကြောက်ရွံ့ ထိတ်လန့် နေသော ပိုင်ချင်းယွီမှ မျက်လုံးများ ဖွင့်ကာ၊ အသက်ဝင် လာသည်။
ကြောက်ရွံမှု အစား၊ တည်ငြိမ်မှု၊ ပြတ်သားမှုနှင့် ရဲရင့် မှုများ ပြည့်နှက် လာ၏။ လုံးဝ ခြားနားသော လူတစ်ယောက် အဖြစ် ပြောင်းလဲ သွားခဲ့သည်။
“ ရွှပ် ... ။ ”
ငရဲသစ်ခွ ပန်းများ ပွင့်သော အခါ ရေလှိုင်းဓားက၊ လင်းယွန် ဖမ်းဆုပ် ထားသော သွေးကျီးကန်း ဘိုးဘေး၏ လက်မောင်းကို ဖြတ်ချ သွားသည်။
“ ဝှစ် ... ။ ”
ပြတ်ထွက် လာသော လက်မောင်းကို ကိုင်လျက် လင်းယွန်မှ လွှင့်ပစ် လိုက်ပြီး၊ ပန်း သင်္ချိုင်းအား ရှောင်ကာ ဖမ်းဆွဲ လိုက်၏။
ပြီးနောက် လင်းယွန် (၁၂)ယောက်၊ ထွက်ပေါ် လာကာ၊ သွေးကျီးကန်း ဘိုးဘေးထံ အရပ် မျက်နှာ အသီးသီးမှ ဝိုင်းပတ်ကာ၊ ဓား တစ်ချက်စီ လွှဲလိုက် ကြသည်။
“ အား ... ။ ”
သွေးကျီးကန်း ဘိုးဘွား ခမျာ နာကျင်စွာ အော်ဟစ်လျက် အမြင် အာရုံများ မှုန်ဝါး သွား တော့၏။
“ အနန္တဓားများ အဖြစ် ပေါင်းစည်းခြင်း။ ”
လင်းယွန်၏ နောက်ဆက်တွဲ ပုံရိပ်များ ထပ်လာပြီး၊ ဓားကို လေထဲ စက်ဝိုင်း အသွင် လွှဲလျက်၊ ပင့်တင် ပစ်လိုက်သည်။
“ အား ... ။ ”
ထိုဓားက သွေးကျီးကန်း ဘိုးဘေး၏ လည်ပင်းအား ဖြတ်သွား၏။ သွေးများ စီးကျ လာလျက်၊ လင်းယွန်ကို အထိတ် တလန့် ပြန်ကြည့် လာသည်။
“ မဖြစ် နိုင်ဘူး… ငါ့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ... သူတော်စင် ရောင်ဝါ ရှိပါတယ်။ ”
ဓားမိစ္ဆာသည် ဆယ်ရက် အတွင်း၊ ဤမျှ သန်မာ လာသည်ကို နားမလည် နိုင်တော့ချေ။ ကျင့်ကြံမှု သို့မဟုတ် ဓားရည်ရွယ်ချက် မည်သို့ ပင် ဆိုစေ၊ ထိတ်လန့် စရာ ဖြစ်နေသည်။
“ ဝှစ် ... ။ ”
ခရမ်းရောင် အလင်းတန်း အသွင် ပြောင်းလဲလျက်၊ သင်္ချိုင်းဂူ ဆီသို့ ချက်ချင်း လှည့်ပြေး လိုက်တော့သည်။
သို့သော် နံရံ တစ်ခုနှင့် ဆောင့်မိ သကဲ့သို့ လင်းယွန်နှင့် မီတာ ရာဂဏန်း အကွာထိ ပြန်၍ လွင့်စဉ် လာသည်။
ခေါင်းမော့ကြည့် လိုက်သော အခါ၊ နဂါး မျောက်ဝံကြီး သူ့အနား ရပ်နေ သည်ကို မြင်လိုက် ရ၏။
“ ဒရာ ကိုပီ ... ။ ”
“ ဖြောင်း ... ။ ”
အံ့သြသွားစဉ် နဂါး မျောက်ဝံမှ သူ့အား ပါးရိုက် လာသည်။ မျက်လုံးများ ချက်ချင်း နီရဲ လာပြီး၊ သွေးကျီးကန်း ဘိုးဘေး တစ်ယောက်၊ ဒေါသ ထွက်လာ တော့၏။
ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အခိုး အငေွ့များ အဖြစ်၊ အနှစ် သာရကို ညှစ်ထုတ်ကာ၊ ခွန်အား မြှင့်တင် လိုက်သည်။
“ မင်းတို့ အားလုံး သေရမယ်။ ”
သွေးကျီးကန်း ဘိုးဘေး ခမျာ၊ ခန္ဓာကိုယ် တွန့်လိမ်လျက်၊ အော်ဟစ် ကြိမ်းဝါး တော့၏။ စွန့်ထုတ် လိုက်သော ရောင်ဝါသည် ပို၍ ကြောက်စရာ ကောင်းလာသည်။
“ ဒီနေ့ ငါတို့ တစ်ယောက်မှ မသေ ပါဘူး။ ”
လင်းယွန်မှ ပြန်ပြော လိုက်သည်။ ထိုအချိန်တွင် ငွေရောင် အလင်းတန်း တစ်ခု ကောင်းကင်မှ ဆင်းလာပြီး သွေးကျီးကန်း ဘိုးဘေး နဖူးပေါ် ထိမှန် သွားသည်။
“ ဖပ် .... ။ ”
“ အား ... ။ ”
ခရမ်းငယ် နဖူး ပေါ်ရှိ ကြက်သွေးနှင့် ရွှေရောင် ရူရ်များ တောက်ပလျက်၊ လေထု အလယ် ဂုဏ်ယူစွာ ရပ်နေ ခဲ့သည်။
“ ခရစ် ... ။ ”
အက်ကွဲသံ နှင့်အတူ၊ သွေးကျီးကန်း ဘိုးဘေး၏ ခန္ဓာကိုယ် အတွင်း၊ ပေါက်ကွဲမှု အသေး စားများ ဖြစ်လာကာ၊ ရောင်ဝါများ ကျဆင်း သွားတော့၏။
ချက်ချင်းပင် သူတော်စင် ရောင်ဝါများ ပျောက်ကွယ် သွားသည်။ ထို့ကြောင့် ထိတ်လန့် စွာ မော့ကြည့် လိုက်မိ၏။
“ မင်းက ဘယ်သူလဲ ... ၊ ငါ့ရဲ့ အမည်ခံ သူတော်စင် နယ်ပယ် ကျင့်ကြံမှုကို၊ ဘာကြောင့် ဖျက်ဆီး ပစ်ရ တာလဲ ... ။ ”
“ ငါ့ နာမည် သိချင် လို့လား၊ နားထောင် ... ငါက သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး ကောင်းကင် ကိုးလွှာနဲ့၊ မြေကမ္ဘာ ခုနစ်ဆယ့် နှစ်ထပ်ကို ပိုင်စိုးတဲ့၊ ကောင်းကင် တရား စီရင်ရေး ဧကရီပဲ။ ”
“ မင်း ... ။ ”
သွေးကျီးကန်း ဘိုးဘေး ခမျာ၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ဟူသော အမည်ကြောင့်၊ တုန်လှုပ် ခြောက်ခြား သွား ခဲ့သည်။
ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်ကာ ပြေးပေါက် ရှာလိုက် မိ၏။ အမည်ခံ သူတော်စင် ကျင့်ကြံမှု ပျက်စီး သွားပြီ ဖြစ်သဖြင့်၊ မနေဝံ့ တော့ချေ။
“ နတ်သွေးပန်း အကြောင်း ... သတင်း ရဖို့တောင် မစဉ်းစားနဲ့။ ”
ပြေးပေါက် မတွေ့ သဖြင့်၊ သွေးကျီးကန်း ဘိုးဘေးမှ အံကြိတ်ကာ ပြောကြား လိုက်သည်။
“ အဟက် ... မင်းလို ငှက်ပေါက်လေး တစ်ကောင်က၊ ငါ့ရှေ့မှာ ဒီလို ရိုင်းစိုင်းတဲ့ အပြု အမူမျိုး လုပ်ရဲ သလား၊ ငါ့မှာ မင်းပြောအောင် လုပ်ဖို့၊ နည်းလမ်း တစ်ရာ မက ရှိတယ်။ ”
ခရမ်းငယ်မှ အထင် အမြင် သေးစွာဖြင့် ပြန်လည် တုန့်ပြန် လိုက်သည်။
“ ငါ့ကို သတ်မယ် ဆိုရင်တောင် ... ၊ ငါ မပြောဘူး။ ”
သွေးကျီးကန်း ဘိုးဘေးမှ အေးစက်စွာ ပြောသည်။ သေရ မည်ကို မကြောက် တော့ဘဲ၊ ပြတ်သားသော အသွင် ဖြစ်ပေါ် လာ၏။
“ ခေါင်းမာဖို့ ကြိုးစား နေတာလား။ ”
ခရမ်းငယ်မှ လင်းယွန်ထံ လှည့်ကြည့် လိုက်ပြီး၊
“ သူ့ကို သင်ခန်းစာ ပေးလိုက်။ ”
-ဟု ပြောကြား လာသည်။
လင်းယွန်မှ နဂါးပြာ စွမ်းအင်အား၊ သွေးကျီးကန်း ဘိုးဘေး၏ ခန္ဓာကိုယ် ထဲသို့ သွန်းလောင်း လိုက်သည်။
နဂါးပြာ စွမ်းအင် များက၊ သွေးကျီးကန်း ဘိုးဘေး၏ အနှစ်သာရကို ချက်ချင်း သန့်စင် လိုက် သဖြင့်၊ နာကျင်မှုများ ဖြစ်ပေါ် လာ တော့သည်။
“ အား ... ၊ ကျေးဇူး ပြုပြီး ရပ်ပါ၊ ငါ ပြောပြ ပါ့မယ်၊ ငါ့ကို ချမ်းသာ ပေးပါ။ ”
***