← Chapters

ဆင်းလာခဲ့ ... ။

Vol. 144 Ch. 2012

ဆင်းလာခဲ့ ... ။

Vol. 144 Ch. 2012

“ အား ... ငါပြောမယ် ... ငါပြောမယ် ... ၊ စောစောက ငါ လိမ်ခဲ့ တာပါ၊ ငါ့ကို လွတ်ပေးပါ၊ အနားကို မလာ ပါနဲ့ ။ ”

သို့သော် လင်းယွန်က သွေးကျီးကန်း ဘိုးဘေးကို လျစ်လျူရှုကာ၊ နောက်ထပ် နာကျင် အောင် ပြုလုပ် လိုက်သည်။

“ အား ... ။ ”

နောက်ဆုံးတွင် သွေးကျီးကန်း ဘိုးဘေး ခမျာ မျက်နှာ ဖြူဖျော့လျက်၊ နတ်သွေးပန်းနှင့် ပတ်သတ်သော သူသိ သမျှကို ဝေမျှ လာ၏။

ဤသစ်တော အတွင်းတွင် ရှေးဟောင်း ပလ္လင် တစ်လုံး ရှိပြီး၊ နတ်သွေးပန်းသည် ၎င်း၌ ရှိ၏။ သို့သော် ထိုနေရာသည် လျှို့ဝှက် နယ်မြေ ဖြစ်ကာ၊ သေွးကျီးကန်း များသာ သိသည်။

“ ငါ့ကို သတ်လိုက်ပါ ... ။ ”

သွေးကျီးကန်း ဘိုးဘွားက နာကျင်မှုကို မခံနိုင် တော့ဘဲ၊ သေရန် တောင်းဆို လာသည်။

“ အစ်ကို ယဲ့ ... ၊ ငါ လုပ်ပါ ရစေ။ ”

ပိုင်ချင်းယွီက လှမ်းတက် လာ၏။ သူမ၏ ပြတ်သားသော အကြည့်ကြောင့် လင်းယွန်မှ ခေါင်းညိမ့်ပြီး၊ ဆုတ်ခွာ လိုက်သည်။

“ ရွှပ် ... ။ ”

ပိုင်ချင်းယွီ တစ်ယောက် များစွာ ပြောင်းလဲသွား ချေပြီ။ သွေးကျီးကန်း ဘိုးဘေး ကို ချက်ချင်း ထက်ခြမ်း ခွဲပစ် လိုက်၏။

၎င်းခန္ဓာ အတွင်းမှ ရွှေပုတီးစေ့ တစ်လုံး ထွက်ကျ လာသည်။ လင်းယွန်မှ ကောက်ယူ လိုက်သော အခါ၊ ပိုင်ချင်းယွီ တစ်ယောက် မြေပြင်ပေါ် ညွှတ်ကျ သွားပြီ ဖြစ်၏။

“ တပည့် အဆင်ပြေ ရဲ့လား။ ”

“ ဟုတ်ကဲ့ ... အဆင် ပြေပါတယ်။ ”

ဖြူဖျော့ နေသော မျက်နှာဖြင့်၊ ပြန်ဖြေ၏။ ထို့နောက် သူမကိုယ် သူမ ထိန်းညှိကာ၊ ပြုံးပြီး လင်းယွန်ထံ ကြည့်သည်။

“ အစ်ကိုယဲ့ ... ကျင့်ကြံသူ တွေက တကယ် သတ်ရ တာလား။ ”

ဤသည်မှာ သူမ၏ ပထမဆုံး အကြိမ် ‘သတ်ခြင်း၊’ ဖြစ်သည်။ သူမ ဘဝတွင် သူတပါး အပေါ်၊ အနိုင်ကျင့် သည်မှာ၊ သာမာန် ဖြစ်သော် လည်း၊ အသက် ယူသည် အထိ၊ မကျူးလွန် ဖူးချေ။

“ ကျင့်ကြံရေး လမ်းက ... နူးညံ နေလို့ မရဘူး၊ သွေးနဲ့ အရိုး တောင်ကို နင်းဖြတ် ရတာ သဘာဝ ပါပဲ။ ”

လင်းယွန်က ပြန်ဖြေပြီး၊ အရိုး ပုံကို မီးရှို့ ပစ်လိုက်သည်။ သေသူများ အတွက် ငြိမ်းချမ်း စေလို၏။

“ ရော့ ... မင်း ရပိုင်ခွင့် ။ ”

ရွှေပုတီးစေ့အား ပိုင်ချင်းယွီထံ ကမ်းပေးကာ၊

“ ယူလိုက် ... ငါ့မှာ တစ်လုံး ရှိတယ်။ ”

-ဟု ပြောကြား လိုက်၏။

ပိုင်ချင်းယွီက မေးခွန်းများ ရှိသေး သော်လည်း ပုတီးစေ့ကို လက်ခံ ယူကာ တိတ်ဆိတ် သွားသည်။

ယဲ့ချင်းရှန်အား ခိုးကြောင် ခိုးဝှက် ကြည့်လိုက်ပြီး၊ သူမ အတွက် စေသနာ ရှိနေ သည့် အပေါ်၊ ဝမ်းသာ သွား၏။

ထိုမြင်ကွင်းကြောင့် ခရမ်းငယ်က ခါးထောက်လျက်၊ လင်းယွန် အပေါ် မကျေမနပ် ဖြစ်လာ ခဲ့သည်။

“ အစ်ကိုယဲ့ ... ငါတို့ အခု ယဇ်ပလ္လင်ကို သွားကြ မလား။ ”

“ အလျင် မလို ပါနဲ့ဦး ... ၊ ဒီပုတီးစေ့ကို ... အရင် သန့်စင်ပြီး၊ နိဗ္ဗာန် အဌမမြောက် အသွင် ကူးပြောင်းမှုကို ရောက်အောင် ကြိုးစားပါ။ ”

“ ကောင်းပြ ... ။ ”

ပိုင်ချင်းယွီက ခေါင်းညိတ် လိုက်၏။ အစောပိုင်း ဖြစ်ပျက် ခဲ့သော အရာ များသည် သူမ အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်သည်။

သူမကိုယ် သူမ သူတပါး အပေါ် သတ်ဖြတ်ခြင်းကို၊ မည်သို့ ကျူးလွန် ဝံ့သည် အား၊ နားမလည် နိုင်ခဲ့ချေ။

ထိုအချိန်တွင် နတ်ဘုရား သင်္ချိုင်း တောင်တန်း အပြင်ရှိ၊ သစ်ပင် တည်းခိုခန်း တစ်ခုတွင် လူများ စည်ကား နေခဲ့၏။

၎င်းတို့ အားလုံးသည် နတ်သွေးပန်း အကြောင်း ဆွေးနွေး နေကြခြင်း ဖြစ်သည်။

“ မြင့်မြတ်မြေ ခြောက်ပါး အနက်က ကောင်းကင် တာအိုဂိုဏ်း ရသွား လိမ့်မယ်လို့ ငါ ကြားတယ်။ ”

“ ကောင်းကင် တာအို ဂိုဏ်းရဲ့ တော်ဝင် သမီးတော်က၊ မင်ဂိုဏ်းရဲ့ ပညာရှင် ကိုးဦး အပါ အဝင်၊ ကောင်းကင် မီးလျှံ ဂိုဏ်းကို၊ ...

... တစ်ယောက် တည်း ... ၊ တားဆီး နိုင်ခဲ့တယ်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် တပည့် ... ပီသလွန်း ပါပေတယ်။ ”

“ နန်းဂွန်း ဖူယဲ့ ... ကလည်း မလွယ်ဘူး၊ ဒီလို ပရမ်းပတာ တိုက်တွေ ကြား ကနေ၊ နတ် သွေးပန်းကို သိမ်းပိုက် နိုင်ခဲ့တယ်၊ ဘုရင် အဆင့် ကိုးနေရာနဲ့ ... တကယ် ထိုက်တန် တဲ့လူပဲ။ ”

“ ဘုရင် အဆင့်ကို ပြန်ပြီး သတ်မှတ် ရလိမ့်မယ် ထင်တယ်၊ နဂါးပြာ မှတ်တမ်းက မကြာမီ ပေါ်လာ တော့မယ်။ ”

နတ်သွေးပန်းသည် ရှားပါးသော ရတနာ ဖြစ်၏။ နတ်ဘုရား အသွေးတော် သစ်သီး ကဲ့သို့ အသုံးဝင်သည်။ သူတော်စင်များ ပင် တပ်မက်သော ရတနာ ပေပင်။

ဘုရင် အဆင့် ထိပ်တန်း ငါးဆယ်ကို နတ်သွေးပန်း တိုက်ပွဲ၌ သတ်မှတ် ပေးနိုင် သည်။

“ ဟီးဟီး ... ၊ အစ်ကိုကြီး နန်းဂွန်း ... မင်းကို၊ အားလုံးက ချီးကျူး နေကြပြီ။ ”

ခရမ်းရောင် ဝတ် လူငယ် တစ်ယောက် အတွက် ဝိုင်ငှဲ့ ပေးလျက်မှ၊ ဝမ်မူယန်က ပြုံးကာ ပြောကြား လိုက်သည်။

၎င်းတို့ နှင့်အတူ၊ မြောင်ရင်၊ ဝမ်ယွဲ့၊ ချန်ကျန့်နှင့် အခြားသော ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များလည်း ရှိနေ၏။

နန်းဂွန်း ဖူယဲ့သည် ချောမော လှသော လူငယ် တစ်ယောက် ဖြစ်ပြီး၊ သူတော်စင် ဘုရင် ၏ တပည့် တစ်ဦးလည်း ဖြစ်သည်။

အခြားသော မြင့်မြတ်မြေ များမှ ပညာရှင် များလည်း၊ တည်ခိုဆောင် အတွင်း ရှိနေ သဖြင့်၊ ချန်ကျန့်နှင့် ဝမ်ယွဲ့က သတိ ကြီးစွာ ထားနေ ရသည်။

နန်းဂွန်း ဖူယဲ့က ဝိုင်ခွက်အား တွန်းဖယ်ပြီး၊

“ ညီမလေး မူယန် ... ဒီမှာ ငါတို့ရဲ့ ပြိုင်ဘက်တွေ ရှိနေတယ်၊ သောက်ဖို့ မသင့် တော်ဘူး။ ”

-ဟု ပြောကြား လိုက်သည်။

“ မှန်တယ် ... ၊ ဂိုဏ်းရဲ့ သူတော်စင် အကြီးအကဲတွေ မလာခင် သတိ ထားတာ အကောင်း ဆုံးပဲ။ ”

ဝမ်ယွဲ့ မှလည်း ထောက်ခံ၏။ ပတ်ဝန်းကျင်ရှိ အငွေ့ အသက် များက သူ့အား၊ စိတ် မသက် မသာ ဖြစ်စေသည်။

နတ်သွေးပန်းကို သိမ်းယူ ခြင်းသည် အရေးကြီးသော ကိစ္စ ဖြစ်ပြီး ဂိုဏ်းသို့ ပြန်လည် ပေးအပ် ရန်မှာ၊ နောက်တစ်ခု ဖြစ်သည်။

အခြားသော မြင့်မြတ်မြေ များမှ၊ ဤပန်းအား သူတို့ထံ ရည်ရွယ်ချက် ရှိရှိ ခွင့်ပြု ခဲ့ခြင်း ဖြစ်ကြောင်း၊ သံသယ ဝင်မိ၏။

ဝမ်မူယန်က ပြုံးလျက်၊

“ ဒီမှာ စီနီယာ အစ်ကို နန်းဂွန်း တစ်ယောက်လုံး ရှိနေ တာပဲ၊ ဘယ် သူ့ကို ကြောက်နေရ မှာလဲ၊ စီနီယာ အစ်ကို ... လာပါ သောက် ရအောင်။ ”

ယင်းကြောင့် နန်းဂွန်း ဖူယဲ့ ခမျာ၊ နှာခေါင်းကို ပွတ်လျက် မအီ မသာဖြင့်၊ သောက် လိုက်ရသည်။

“ စီနီယာ အစ်ကို နန်းဂွန်းက တကယ့်ကို အထင်ကြီး စရာ ပါပဲ ... ၊ လာ သောက်ပါဦး ... နောက် တစ်ခွက်။ ”

ဝမ်မူယန် အသံမှာ ချွဲပစ် နေပြီး၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များကို၊ ရမ္မက် မီးများ တောက်လောင် လာစေ၏။

“ အဲဒီ မိန်းမက တကယ်ကို ... ၊ ညှို့အားပြင်းတာပဲ၊ ငါတော့ သူနဲ့ ပျော်ချင် လာပြီ။ ”

“ ဟား ဟား ဟား ... ၊ မင်း သူ့ကို စိတ်မကူးနဲ့၊ သူက ကောင်းကင် တာအို ဂိုဏ်းရဲ့ သန့်ရှင်းသော သမီးတော်ပဲ။ ”

“ ဟုတ်လား ... ၊ ဒါပေမဲ့ အထင်ကြီး စရာလည်း မရှိ ပါဘူး၊ သူ့ ကျင့်ကြံမှုက နိဗ္ဗာန် စတုတ္ထ အသွင် ကူးပြောင်းမှု မှာပဲ။ ”

ပတ်ဝန်းကျင်မှ စကား သံများ ထွက်လာသည်။ အများစုမှာ ဝမ်မူယန် ထံမှ အကြည့် မလွှဲနိုင် ကြချေ။

ဝိုင်သောက် ပြီးနောက်၊ ဝမ်မူယန်၏ မြှောက်ပင့်ပေး သံကို ကြားချိန်၌၊ နန်းဂွန်း ဖူယဲ့ တစ်ယောက် အနည်းငယ် ပေါ့လျော့ လာ၏။

ဤအချင်း အရာကြောင့် ဝမ်ယွဲ့ နှင့် ချန်ကျန့်မှ အချင်းချင်း ပြန်ကြည့်ပြီး၊ ခေါင်း ယမ်း လိုက်ကြသည်။

“ တော်ဝင် သမီးတော် မြောင်ရင် ... ၊ ငါတို့ရဲ့ အစ်ကို နန်းဂွန်းက မင်းကို ကယ်တင် ပေးခဲ့တဲ့ အတွက်၊ တစ်ခွက် လောက် မပေးသင့် ဖူးလား။ ”

ဝမ်မူယန်က မြောင်ရင်ထံ လှည့်ကာ စကားဆို၏။ မြောင်ရင် တစ်ယောက် မျက်နှာ ပြောင်းသွားပြီး မကျေမနပ် ဖြစ်မိသည်။

နန်းဂွန်း ဖူယဲ့ မကူညီ သော်လည်း၊ သူမ အတွက် အဆင်ပြေသည်။ ထို့ကြောင့် နန်းဂွန်း ဖူယဲ့ကို အထူး တလည် မလိုအပ် ခဲ့ချေ။

“ မူယန် ... ၊ ဒီနေရာက မလုံခြုံဘူး၊ ဒါကြောင့် ထိန်းထိန်း သိမ်းသိမ်း နေပါ။ ”

ဝမ်ယွဲ့မှ မနေနိုင် တော့ဘဲ၊ ကြားဝင် ပြောလိုက် ရ၏။ ဝမ်မူယန် ကမူ စိုးရိမ်ပုံ မပေါ် ချေ။

“ နတ်သွေးပန်းကို ငါတို့ ရခဲ့တာ ... ဒီက လူတိုင်း သိနေ တာပဲ၊ ပြီးတော့ ငါတို့နဲ့ အတူ၊ စီနီယာ အစ်ကို နန်းဂွန်း ရှိနေ မှတော့ ...

... ဘယ်သူ့ကို ကြောက်နေ ရဦး မှာလဲ၊ စီနီယာ အစ်ကို နန်းဂွန်းက လက်ညှိုးနဲ့ အလွယ် တကူ သတ်ပစ် နိုင်ပါတယ်။ ”

ထိုစကားကို ကြားသော အခါ နန်းဂွန်းဖူယဲ့က ပြုံးပြီး၊ ဝိုင် နောက်တစ်ခွက် ငှဲ့သောက် လိုက်သည်။

“ ကောင်းကင် တာအို ဂိုဏ်းရဲ့ တပည့်လေး တွေက ဘယ်အချိန် တည်းက၊ ဒီလို မောက်မာ ဝံ့လာ တာလဲ။ ”

ရုတ်တရက် လှောင်ပြောင်သံ တစ်သံ ထွက်ပေါ် လာသည်။

“ ဘယ်သူလဲ ... သေချင် နေတာလား။ ”

နန်းဂွန်း ဖူယဲ့က အော်ငေါက်လျက် ခွက်ကို စောင့်ချ လိုက်သည်။

“ ငါ ... ။ ”

ပထမထပ်မှ အနက်ရောင် ဝတ် လူငယ် တစ်ဦးက ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များထံ မော့ကြည့်ကာ ပြန်ဖြေ လာ၏။

ထိုလူငယ်ကို မြင်သော အခါ၊ တုန်လှုပ် ခြောက်ခြား သွားကြသည်။ နန်းဂွန်း ဖူယဲ့ပင် ချွင်းချက် မရှိချေ။

“ နန်းဂွန်း ဖူယဲ့ ... ဆင်းလာခဲ့၊ ငါ ဒီမှာ ထိုင်နေတယ်၊ မင်း ငါ့ကို ဘယ်လို သတ်မလဲ ကြည့်ရအောင်။ ”

အနက်ဝတ် လူငယ်က စားပွဲကို ဖြန်းခနဲ မြည်အောင် ပုတ်လျက်၊ အော်ငေါက် လိုက်သံ ကြောင့်၊ လူတိုင်း တိတ်ဆိတ် သွားခဲ့၏။

***

All Chapters