← Chapters

သူ့ကို လွှတ်လိုက် ... ။

Vol. 144 Ch. 2013

သူ့ကို လွှတ်လိုက် ... ။

Vol. 144 Ch. 2013

အနက်ဝတ် လူငယ်၏ စိတ်နေ စိတ်ထားသည် လူတိုင်းကို ထိတ်လန့် စေပြီး၊ မည်သူမျှ အသံ မထွက် ရဲတော့ချေ။

၎င်းကို လူအများစုက မသိကြ သဖြင့်၊ နီးစပ်ရာ လူများထံ မေးမြန်း ကြသည်။ သူ့ကို သိသူ အချို့က လေသံ တိုးတိုးဖြင့်၊

“ အဲဒါ ဘုရင် အဆင့် ချန်ပီယံ ကျင်းရွှမ်ယီပဲ။ ”

-ဟု ပြန်လည် ဖြေကြား လိုက်ကြသည်။

ကောင်းကင် တာအို ဂိုဏ်း၏ တပည့် များ ခမျာ မျက်နှာများ ပျက်ယွင်း ကုန်ပြီး၊ လက်နက် များ အသင့်ပြင် လိုက်ကြသည်။

နန်းဂွန်း ဖူယဲ့မှာ၊ မျက်နှာ မည်းမှောင် လာ၏။ ကျင်းရွှမ်ယီ ရှေ့၌ မာန ပျောက်ကွယ် သွားသည်။

“ ကျင်းရွှမ်ယီလား သူက အရမ်း သန်မာ တယ်လို့ ငါ ကြားတယ်၊ အမည်ခံ သူတော်စင် တောင်မှ သူ့ ပြိုင်ဘက် မဟုတ်ဘူး။ ”

“ ဟုတ်တယ် ... ရက်စက် လွန်းလို့၊ နာမည်ဆိုးနဲ့ ကျော်ကြားတယ်၊ သူ့ အာရုံထဲ ဝင်တဲ့ လူတိုင်းကို၊ သတ်ပစ်တယ်။ ”

“ နန်းဂွန်း ဖူယဲ့က ... ဘုရင် အဆင့် (၉)လောက်နဲ့ ကြွားဝါ နေတာ၊ ကျင်းရွှမ်ယီကို အနှောက် အယှက်၊ ဖြစ်သွား စေပုံ ရတယ်။ ”

လူတိုင်းက နတ်သွေးပန်းကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွား လာတော့ မည်ကို ခံစားမိ လာ၏။

ဝမ်ယွဲ့ သည်သာ သတိ ဝင်လာပြီး၊ ပတ်ဝန်းကျင်​ရှိ သူ​တော်​စင်​ တပည့်​​ များထံ ကြည့်လိုက်သည်​။ သူ့အကြည့်ကို အကြည့်ခံ ရသူများမှ ချက်​ချင်း နားလည်​ သွား၏။

လက်ရှိ အချိန်၌ နန်းဂွန်း ဖူယဲ့သည် အသန်မာဆုံး ဖြစ်သည်။ ထို့ကြောင့် ၎င်းအား ကျင်းရွှမ်ယီနှင့် တိုက်ခိုက်ခွင့် မပြု သေးဘဲ၊ သူတို့မှ ဦးစွာ စုံစမ်း ပေးရန် ဖြစ်၏။

“ မင်းက ကျင်းရွှမ်ယီ ဆိုရင်တောင်၊ ကောင်းကင် တာအိုဂိုဏ်း ရှေ့မှာ မောက်မာတဲ့ လုပ်ရပ်မျိုး လုပ်ဖို့၊ အရည်အချင်း မရှိသေး ပါဘူး။ ”

သူတော်စင် တပည့် လေးယောက်က ချက်ချင်း ပြေးဆင်း သွားကာ၊ အနက်ဝတ် လူငယ်ကို တိုက်ခိုက် လိုက်သည်။

သူတို့သည် နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်းမှုသို့ ရောက်ရှိ နေပြီး၊ အရှေ့ဘက် ပျက်စီး မြေ၏ ပါရမီရှင်များ အဖြစ်၊ သတ်မှတ် ခံထား ရသော တပည့်များ ဖြစ်သည်။

နန်းဂွန်း ဖူယဲ့ အစား တစ်ဖက် လူ၏ ခွန်အားကို စူးစမ်း လိုကြ၏။

“ ကောင်းကင် တာအို ဂိုဏ်းမှာ ... ၊ ဘယ်သူမှ မရှိတော့ ဖူးလား၊ ဒီလို အားနည်းတဲ့ လူတွေနဲ့ ... ငါ့ ခွန်အားကို စုံစမ်း တာက၊ စိတ် ပျက်စရာ ပါပဲ။ ”

ကျင်းရွှမ်ယီက သူ့ လက်ဖဝါးအား၊ တွန်းထုတ် လာသည်။ လျှပ်စီးများ လက်ဖဝါး၌ စုရုံး လာပြီး၊ ခရမ်းရောင် မြွေပွေး လေးကောင် အ​ဖြစ်၊ ထွွက်​ပေါ် လာ၏။

ထိုလျှပ်စီး မြွေပွေး များက တပည့် (၄) ယောက်ကို ရစ်ပတ်လျက်၊ နိဗ္ဗာန် ရောင်ဝါကို အလွယ် တကူ ထိုးဖောက်ကာ၊ ကိုက်ချ တော့သည်။

“ အား ... ။ ”

လေးယောက်သား ကြမ်းပြင်ပေါ် လဲကျ သွားပြီး၊ နာကျင်စွာ လူးလှိမ့် အော်ဟစ် လျက် ထရပ် လိုက်ကြ၏။

ထိုအချိန်တွင် လျှပ်စီး မြွေပွေး များက လျင်မြန်စွာ ရောက်ရှိ လာပြန်သည်။ တပည့် (၄)ယောက် ခမျာ၊ အကိုက်ခံ လိုက်ရ၏။

“ ဝှစ် ... ။ ”

ခန်းမ တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ် သွားပြီး၊ လူတိုင်း ကြောက်လန့် သွား​ကြသည်။ မြောင်ရင်မှ ဖဲကြိုး လေးခု ပစ်လွှတ်လျက်၊ ထို တပည့် များကို ပြန်လည် ခေါ်ယူ လိုက်ရ၏။

တပည့် လေးယောက် ခမျာ သွေးများ ပေကျံလျက်၊ ဒဏ်ရာ များမှ အရိုးနှင့် အတွင်း အင်္ဂါ များကို၊ မြင်နေ ရချေပြီ။ ထိတ်လန့် ဖွယ်ရာ မြင်ကွင်း တစ်ရပ် ဖြစ်၏။

“ ငါ တစ်ချက်​လောက် ကြည့်ပါ ရစေ။ ”

ဘဝ-ရည်ရွယ်ချက် ပိုင်ဆိုင် ထားသော ဝမ်ယွဲ့မှ စစ်ဆေးရန် အမြန် လှမ်းထွက် လာခဲ့ သည်။

အခြားသော ကျင့်ကြံသူ များမှာ၊ ထိတ်လန့်ကုန် တော့၏။

“ သူ့ရဲ့ လျှပ်စီး ရည်ရွယ်ချက်က ဘယ်အဆင့် မှာလဲ။ ”

“ မြွေပွေး လေးကောင်က ... အသွေး အသားတောင် ရှိနေပြီ၊ အဆင့် မြင့်မှာ သေချာ တယ်၊ ဘယ်လောက် တောင် ကြောက် စရာကောင်း လိုက်လဲ။ ”

“ ကျင်းရွှမ်ယီက ရှေးဟောင်း အမွေ တစ်ခုကို ရရှိ ခဲ့တယ် ဆိုတဲ့၊ ကောလ ဟာလက အမှန် ဖြစ်ပုံ ရတယ်။ ”

ကျင်းရွှမ်းယီသာ ဆန္ဒ ရှိပါက ထိုတပည့် လေးယောက် သေဆုံး မည်ကို သိလာ ကြသည်။

“ နန်းဂွန်း ဖူယဲ့ ... မင်း ဆင်းမလာ သေးဖူးလား။ ”

နန်းဂွန်းဖူရီက သည်းခံ နေရသည်။ ပတ်ဝန်းကျင်၌ အခြားသော မြင့်​မြတ်မြေ များမှ စောင့်ကြည့် နေသောကြောင့်၊ တိုက်ပွဲဝင် ရမည့် အချိန် မဟုတ် သေးကြောင်း သူ သိ၏။

ကျင်းရွှမ်ယီ စောကား သမျှကို တည်ငြိမ်အောင် ထိန်းပြီး၊ နတ်သွေးပန်းအား ကာကွယ်ရန် လိုအပ် ပေသည်။

“ ငါ ... နင်နဲ့ တိုက်မယ်။ ”

ရုတ်တရက် ဝမ်မူယန်မှ သူမ ဓားကို ဆွဲထုတ်ကာ ပထမ ထပ်သို့ ခုန်ဆင်း လိုက်၏။

“ ဂျူနီယာ ညီမလေး ... ။ ”

နန်းဂွန်း ဖူယဲ့က စိုးရိမ် သွားသည်။ ကျင်းရွှမ်ယီ ဟူသည် သူမ၏ ပြိုင်ဘက် မဟုတ် ချေ။

လျှပ်စီး မြွေပွေး လေးကောင် ထပ်မံ ခုန်ထွက်ပြီး၊ ဝမ်မူယန်အား မလှုပ် နိုင်အောင် ဝိုင်းပတ် ချုပ်နှောင် လိုက် ကြသည်။

“ ခရစ် ... ။ ”

“ အား ... ။ ”

၎င်းတို့က ကြိုးများ သဖွယ် သူမအား ရစ်ပတ်လာ သဖြင့်၊ အရိုးများ ပုံပျက် သွားကာ၊ နာကျင်စွာ အော်ဟစ် တော့သည်။

“ အ ... အစ်ကို နန်းဂွန်း ၊ ငါ့ကို ကယ်ပါ ... ။ ”

“ ဝှစ် ... ။ ”

နန်းဂွန်း ဖူယဲ့ ခမျာ စိတ် တည်ငြိမ်မှု ပျောက်ဆုံး သွားပြီး၊ ဝမ်မူယန်ကို ကယ်တင်ရန် ခုန်ဆင်း လိုက်ရသည်။

“ ဘုန်း ... ။ ”

လျှပ်စီး မြွေပွေး နှစ်ကောင်ကို နှစ်ပိုင်း ခွဲပစ်ကာ၊ ဝမ်မူယန်အား ဆွဲထုတ် ပေးနေစဉ် လက်ဝါး တစ်ဖက်က သူ့ ရင်ဘတ်ထံ၊ ကျရောက် လာသည်။

ယင်းကြောင့် အရုပ် ကြိုးပြတ် လွင့်စဉ် သွားရာ၊ လမ်းတစ်လျှောက်ရှိ စားပွဲ ကုလားထိုင် များ အားလုံး၊ အပိုင်းပိုင်း ကျိုးပဲ့ ကုန်၏။

“ စီနီယာ အစ်ကို နန်းဂွန်း ... ။ ”

လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ဝမ်ယွဲ့က ဒဏ်ရာ များကို စစ်ဆေး ရန် ဦးစွာ ခုန်ဆင်း လိုက်၏။

နံရိုးများ ကျိုးလျက် နှလုံးကို စိုက်ဝင် နေသည်။ ယင်းကြောင့် အသက် ဓာတ်များ တဖြည်းဖြည်း ဆုတ်ယုတ် လာတော့၏။

ထိတ်လန့်ပြီး ဘဝ ရည်ရွယ်ချက်အား ချက်ချင်း ပေးပို့လျက် ဟန့်တား လိုက်ရသည်။ သို့တိုင် ဒဏ်ရာမှာ ပြင်းထန် နေသဖြင့်၊ အပြည့် အဝ ပြန်လည် ကောင်းမွန်ရန်၊ အနည်းဆုံး ခြောက်လခန့် ကြာ​ပေ ဦးမည်။

ထိုအချိန်တွင် တစ်စုံ တစ်ရာ၊ မှားယွင်း နေကြောင်း၊ မြောင်ရင်မှ ခံစား မိ၏။ နန်းဂွန်း ဖူယဲ့ မည်မျှ သန်မာ သည်ကို သူမ သိသည်။

ကျင်းရွှမ်ယီကို မယှဉ်နိုင် လျှင်ပင်၊ တစ်ချက်တည်းဖြင့် လွယ်လွယ် မရှုံး သင့်ချေ။ ဝမ်မူယန်အား ကယ်တင်ရန်၊ အလျင် လိုနေ သဖြင့်၊ သတိ လစ်ဟင်း သွားပုံ ရသည်။

ယခု အချိန်၌ နန်းဂွန်း ဖူယဲ့သည် ဝမ်ယွဲ့ လက်၌ သတိ လစ်နေပြီ ဖြစ်ရာ၊ ကောင်းကင် တာအို ဂိုဏ်းအတွက်၊ အခွင့် အရေး မရှိ တော့ချေ။

“ ကျင်းရွှမ်ယီ ... နင် ဘာလိုချင် တာလဲ၊ ဝမ်မူယန်က ဝမ် မိသားစုက ဆင်းသက် လာပြီး ကောင်းကင် တာအို ဂိုဏ်းရဲ့၊ သန့်ရှင်းသော သမီးတော် တစ်ယောက်ပဲ၊ နင် သူ့ကို ထိရင် ဘယ်သူမှ နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ”

တော်ဝင် သမီးတော် မြောင်ရင်မှ တည်ငြိမ်စွာ မေးခွန်း ထုတ်လိုက်သည်။

“ ငါ့အတွက် စိတ်ပူ နေစရာ မလို ပါဘူး၊ ကောင်းပြီ ... ငါတို့ အားလုံးက ဉာဏ်ကောင်းတဲ့ သူတွေမို့၊ အချိန် မဖြုန်း ချင်ဘူး၊ နတ်သွေးပန်း ဘယ်သူ့ ဆီမှာလဲ၊ ငါ့ကို ပေးပြီး မင်းတို့ ထွက်သွား နိုင်တယ်၊ ...

... မဟုတ်ရင် ကောင်းကင် တာအို ဂိုဏ်းရဲ့ သန့်ရှင်းသော သမီးတော်က ဘယ်လို အရသာ ရှိလဲ၊ ငါ မြည်းစမ်း မိလိမ့်မယ်။ ”

“ မင်း လူယုတ်မာ ... သန့်​ရှင်း​သော​ သမီးတော်ကို လွှတ်လိုက်။ ”

ကောင်းကင် တာအို ဂိုဏ်း၏ သူတော်စင် တပည့် များက ဒေါသတကြီး ​အော်​ငေါက် ကြ သော်လည်း၊ မည်သူမျှ ရှေ့ မထွက် ရဲချေ။

နန်းဂွန်း ဖူယဲ့၏ ရလာဒ်မှာ သူတို့ အတွက်၊ သင်ခန်းစာ ယူစရာ ပေပင်။

“ ရုန်းကန်ဖို့ မစဉ်းစားနဲ့၊ မင်း ရုန်းကန် လေလေ၊ မင်းကို တင်းတင်း ကျပ်ကျပ် ရစ်ပတ် လေလေပဲ။ ”

လျှပ်စီး မြွေပွေး များ၏ ဖမ်းဆီးခြင်း ခံထား ရသော ဝမ်မူယန်ထံ ကြည့်ကာ၊ ကျင်းရွှမ်ယီမှ ပြောကြား လိုက်သည်။

“သူ့ကို လွှတ်လိုက်ပါ။ ”

တော်ဝင် သမီးတော် မြောင်ရင် စကားကြောင့်၊ ကျင်းရွှမ်ယီက ပြုံးပြီး၊ လက်ကို ဝှေ့ယမ်းကာ လျှပ်စီး မြွေများအား ပြန်ခေါ် လိုက်သည်။

“ ဝှစ် ... ။ ”

ဝမ်မူယန် ခမျာ လေထဲမှ ပြုတ်ကျ လာစဉ်၊ ဖဲကြိုး တစ်ချောင်းက သူမ ခါးကို ရစ်ပတ်လျက်၊ အပေါ်သို့ ဆွဲတင် သွားသည်။

***

All Chapters