သံသယ ... ။
Vol. 144 Ch. 2014
“ ယူ ... ။ ”
မြောင်ရင်က အံကြိတ်လျက်၊ နတ်သွေးပန်းကို ပေးအပ် လိုက်၏။ ဤသည်မှာ ခရမ်းရောင် ပန်း တစ်ပွင့် ဖြစ်ပြီး၊ လူတိုင်းကို ချက်ချင်း ဖမ်းစား သွားသည်။
“ တော်ဝင် သမီးတော် ... မြောင်ရင် ၊ ဟား ဟား ဟား ... မျှော်လင့် ထားတဲ့ အတိုင်း ပါပဲ။ ”
ကျင်းရွှမ်ယီက ရယ်လျက်၊ သူ့ ခွက်ထဲရှိ ဝိုင်အား မော့သောက်ကာ၊ ထွက်သွား တော့၏။ သို့သော် မြောင်ရင်မှ ခရမ်းရောင် ဖဲကြိုး များဖြင့် ပစ်ခတ် ပြီး၊
“ နတ်သွေးပန်းကို ပေးလိုက် ပေမယ့်၊ ထွက်သွားဖို့ ... ငါ့ဆီက ခွင့်ပြုချက် တောင်းခဲ့ သလား ။ ”
-ဟု မေးခွန်း ထုတ်လိုက်၏။
“ ငါ့ကို တားချင်တာ သေချာလား။ ”
ကျင်းရွှမ်ယီမှ မျက်ဝန်းများ မှေးစင်းလျက် ပြုံးကာ၊
“ အမှန် အတိုင်း ပြောရရင် ... ၊ မင်းရဲ့ ဆရာက နာမည်ဆိုးနဲ့ ကျော်ကြားတော့ ... ၊ ငါ မင်းကို မရိုက် ချင်ဘူး။ ”
-ဟု ငြင်းဆန် လိုက်သည်။
“ စီနီယာ အစ်မ မြောင်ရင်၊ သူနဲ့ မတိုက်ပါနဲ့။ ”
ဝမ်ယွဲ့ မှလည်း ဝင်ရောက် တားမြစ် တော့၏။
“ သူ့မှာ ထူးဆန်းတာ တစ်ခု ရှိတယ် ... ၊ နင်က သူ့ပြိုင်ဘက် မဟုတ်ဘူး။ ”
ဝမ်မူယန် သည်ပင် ကြောက်လန့်စွာ ဝင်ပြော လာ၏။ ဤအခိုက်တွင် သစ်ပင်အိမ် အတွင်း၊ အစွမ်း ထက်သော ရောင်ဝါများ ပွင့်ထွက် လာသည်။
မြင့်မြတ်မြေ ငါးပါး၏ ခေါင်းဆောင်များ ထရပ် လာသော ကြောင့် ဖြစ်သည်။ ၎င်းတို့မှ ဆင့်ခေါ် ထားသော ဖြစ်စဉ် များသည်၊ ကျင်းရွှမ်ယီကို၊ ကန့်သတ် ပစ်၏။
“ ကျင်းရွှမ်ယီ ... ၊ မင်း နတ်သွေးပန်းနဲ့ ထွက်သွားချင် လို့လား၊ မြင့်မြတ်မြေ (၆)ပါးကို နည်းနည်းတော့ ဂရုစိုက် သင့်တယ်။ ”
“ မင်းက ဘုရင် အဆင့် ... ပထမ ဆိုရင်တောင်၊ ဒီလို လုပ်ဖို့ ... အရည်အချင်း မရှိ သေးပါဘူး၊ ငါတို့ရဲ့ သူတော်စင် အကြီး အကဲ တွေကို၊ အကြောင်းကြား ထားပြီးပြီ၊ မကြာခင် ရောက်လာ လိမ့်မယ်။ ”
အေးစက်သော အော်ငေါက် သံများ ထွက်ပေါ် လာသည်။ ၎င်းတို့သည် ဘုရင် အဆင့် ၌ ထိပ်တန်း ဆယ်ဦး စာရင်း ဝင်သည်။
“ ဘာလဲ ... မြင့်မြတ်မြေ (၆)ပါးက ... ပူးပေါင်းပြီး၊ ငါ့ကို အနိုင်ယူ ချင်နေ တာလား၊ မရှက်ကြ ဖူးလား၊ မင်းတို့ရဲ့ သူတော်စင် အကြီး အကဲတွေ ရောက်လာ ရင်ရော၊ ... ဒါဆို
... ငါ့လို ... ဂျူနီယာ တစ်ယောက်ကို ... ၊ အရေးယူ ခဲ့ရင် ဘာဖြစ်မယ် ထင်လဲ၊ မင်းတို့ရဲ့ ဂုဏ် သတင်းတွေ ရေစုန်မေျာ ကုန်မယ် ဆိုတာ သတိ ရကြပါ။ ”
ကျင်းရွှမ်ယီက မကြောက် မရွံ့ ပြန်လည် ခွန်းတုံ့ ပြန်၏။ မြင့်မြတ်မြေ (၆)ပါး ဟူသည် သူ့ မျက်လုံးထဲ ရှိပုံ မရချေ။
“ ဒါဆို သစ်ပင် တည်းခိုခန်း ကနေ ... မင်း ထွက်သွား ရဲလား။ ”
သူတော်စင် တပည့် တစ်ယောက်က မေးမြန်း လိုက်သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ကျင်းရွှမ်ယီအား နတ်သွေးပန်း နှင့်အတူ၊ သွားခွင့် မပြု နိုင်ချေ။
“ မြင့်မြတ်မြေ (၆)ပါးက ... ၊ ဒီလောက် အထိ၊ အရှက်မဲ့ လိမ့်မယ်လို့ ... မထင် ထားဘူး၊ ငါ ကလည်း နတ်သွေးပန်းကို ရယူဖို့ ... ၊ စိတ် ပိုင်းဖြတ် ထားတယ်၊ ဒါကြောင့် (၆)ပါးသော မြို့တော်မှာ၊ ငါ တစ်လကြာ နေမယ်၊ ...
... အဲဒီ တစ်လ အတွင်း ... ဘယ်သူ မဆို ငါ့ကို အနိုင်ယူ နိုင်ရင်၊ နတ်သွေးပန်း ရမယ်၊ ကဲ ... ငါ့ကို ဘယ်သူ လာတိုက်ရဲ မလဲ ကြည့်မယ်။ ”
ကျင်းရွှမ်ယီက ဝိုင်ပုလင်း တစ်လုံးကို ကောက်ယူပြီး သစ်ပင် တည်းခို ခန်းမှ ထွက်ခွာ သွား တော့သည်။
“ သူ့နောက်ကို လိုက်ပြီး၊ ခြောက်ပါးသော မြို့တော် သွားလား-မသွား ဖူးလား လိုက်ကြည့် ကြစမ်း။ ”
မြင့်မြတ်မြေ (၅)ပါးမှ ခေါင်းဆောင် များ၏ အမိန့်ကြောင့်၊ တပည့်ငယ် (၅)ဦး ခမျာ အပြေး အလွှား လိုက်ပါ သွားတော့သည်။
“ ကျင်းရွှမ်ယီက တကယ် သန်မာတာပဲ။ ”
“ မြင့်မြတ်မြေ (၆)ပါးတောင်၊ သူ့ရှေ့မှာ ဘာမှ မဟုတ်ဘူး၊ ဘုရင် အဆင့် ... ပထမ ရဖို့ တကယ် ထိုက်တန် ပါပေတယ်။ ”
“ ဒါပေမယ့် ကျင်းရွှမ်ယီရဲ့ ... တကယ့် ရည်ရွယ်ချက်က နတ်သွေးပန်းလို့ မထင်ဘူး၊ သူ အမည်ခံ သူတော်စင် နယ်ပယ် မတက်လှမ်းပဲ၊ တစ်ခုခုကို စောင့်နေတာ ဖြစ်မယ်။ ”
“ ဟုတ်တယ် ... ကြည့်ရတာ မြင့်မြတ်မြေ (၆)ရဲ့ ပါရမီရှင် တွေကို နင်းခြေပြီး၊ အောင်မြင်မှု ရယူ ချင်လို့ များလား။ ”
“ ဖြစ်နိုင်ချေ များတယ်။ ”
သစ်ပင် တည်းခိုအိမ်၌ ဆွေးနွေး သံများ ညံနေခဲ့သည်။ မြင့်မြတ်မြေ (၆)ပါးမှ လူငယ်များ သည်၊ မာန ကြီးကြပြီး၊ လေလွင့် ကျင့်ကြံသူ များကို၊ ဂရု မစိုက် ကြချေ။
ယခု ကဲ့သို့ ကျင်းရွှမ်ယီ လက်၌ ခံစား လိုက်ရသော မြင်ကွင်းသည် သူတို့အား ကျေေနပ် သွားစေသည်။
“ စီနီယာ အစ်မ ... ၊ အခု ငါတို့ ဘာလုပ် သင့်လဲ။ ”
ချန်ကျန့်မှ မေးလိုက်သည်။ သူတို့ ဂိုဏ်းသည် အခြားသော မြင့်မြတ်မြေ (၅)ပါး ထက်၊ ပို၍ နစ်နာမှု ရခဲ့သည်။
“ ငါတို့က သူ့ကို စိန်ခေါ် ရင်တောင် ... ၊ လက်ရှိ ခွန်အား အရ၊ ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ် ကြဘူး။ ”
မြောင်ရင် ပြောသည့် စကားသည် အမှန် တရား ဖြစ်သောကြောင့် လူတိုင်း တိတ်ဆိတ် ကုန်၏။
“ နတ်သွေးပန်း ပြန်ယူ ပေးနိုင်မဲ့ လူကို၊ ငါ သိတယ်။ ”
ရုတ်တရက် ဝမ်မူယန်မှ ဝင်ပြော လာသည်။
“ ဘယ်သူလဲ ... ။ ”
မြောင်ရင် အပါအဝင် လူတိုင်းက သူမထံ လှည့်ကြည့် လိုက်ကြ၏။
“ ယဲ့ ချင်း ရှန် ... ၊ သူ အနန္တ သင်္ချိုင်း တောင်ကြားကို ရောက်နေတယ်။ ”
“ ..... ။ ”
ဝမ်မူယန် အဖြေကြောင့် လူတိုင်း စိတ်ပျက် သွားကြ တော့၏။ အစော ပိုင်းက မျှော်လင့်ချက် များ ရှိခဲ့ကြ သော်လည်း၊ အမည်ကို ကြားချိန်၌ အသက်မဲ့ ကုန်ကြသည်။
ယဲ့ချင်းရှန်သည် အမှန် တကယ် ကြောက်စရာ ကောင်းခေျ၏။ သို့သော် သူသည် နိဗ္ဗာန်-ပဉ္စမမြောက် အသွင် ကူးပြောင်းမှု တွင်သာ ရှိနေ သေးသည်။
ဘုရင် အဆင့် ထိပ်တန်း ရာဂဏန်းသို့ ဝင်ရန်ပင်၊ မလွယ် သေးချေ။ ကျင်းရွှမ်ယီအား အမီ လိုက်ရန်၊ အချိန် (၂)လခန့် လိုပေ ဦးမည် ဖြစ်၏။
“ မေ့လိုက်ပါ ... ၊ ယဲ့ချင်းရှန် ကိုသာ ကျင်းရွှမ်ယီ သတ်သွားရင်၊ သိုင်းဦးလေး မူလ နဂါး မဟာ သူတော်စင်၊ ရူးသွား လိမ့်မယ်။ ”
“ သူ့မှာ နာမည်ကောင်း မရှိလို့၊ သူသာ လူကြားထဲ ထွက်ပေါ် လာရင်၊ အားလုံးက ငါတို့ အပေါ်၊ လှောင်ပြောင် လာကြ လိမ့်မယ်။ ”
ယဲ့ချင်းရှန် အမည်ကြောင့် သူတော်စင် တပည့်များကြား၊ ချက်ချင်း သဘောထား ကွဲလွဲ ကုန်သည်။
“ သူ့ကျင့်ကြံမှုက အားနည်းတယ်၊ ဒီအရေးမှာ ပါဝင်ဖို့ မသင့်လျော် သေးပါဘူး။ ”
မြောင်ရင်မှ ငြင်းဆို လိုက်သည်။
“ ဒါပေမယ့် ... သူ နတ်သွေးပန်း နောက်လိုက်ကို နေတာ ဆိုရင် ... ၊ ဘယ်လို လုပ်မလဲ။ ”
လူတိုင်း တိတ်ဆိတ် သွား၏။ ဝမ်မူယန် တစ်ယောက် အဘယ့်ကြောင့် ယဲ့ချင်းရှန် အပေါ် ဤမျှ အလေးအနက် ထားနေရ သည်ကို နားမလည် နိုင်တော့ချေ။
“ အခွင့် အရေး ရှိနေ သရွေ့ ... ၊ ငါတို့ လက်မလွှတ် နိုင်ဘူး၊ ဒီကိစ္စက ငါ့ကြောင့် ဖြစ် လာရ တာမို့၊ ငါပဲ သွားရှာ လိုက်မယ်၊ သူနဲ့ ငါက အသိ အကျွမ်း တွေပါ၊ စိတ် မပူနဲ့ ... ကူညီ ပေးလိမ့် မယ်လို့၊ ငါ ယုံကြည်တယ်။ ”
ဝမ်မူယန်က လူတိုင်းကို ချန်ရစ်ကာ၊ အပြစ်ရှိသူ တစ်ဦး ကဲ့သို့ ချက်ချင်း ထွက်ခွာ သွား တော့သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ယွဲ့မှ အံ့သြ သွားသည်။ ဝမ်မူယန်တွင် ဒဏ်ရာ ရရှိ ခဲ့သည် မဟုတ်လော။ အဘယ့်ကြောင့် တစ်ယောက် တည်း ချက်ချင်း ထွက်သွားရ သနည်း။
တစ်ခုခု မှားယွင်း နေမှန်း ခံစား မိကာ၊ မြောင်ရင် သည်လည်း မျက်နှာ ပြောင်းလဲ သွား လေသည်။
***