တစ်ယောက် ယောက် ... လာနေတယ်။
Vol. 144 Ch. 2015
သစ်ပင် တည်ခိုခန်း အတွင်းမှ၊ ထွက်ခွာ သွားသော ဝမ်မူယန်ကို မြောင်ရင် တစ်ယောက် မျက်မှောင်ကြုတ် ကြည့်လိုက် မိသည်။
ယနေ့ ဤကိစ္စသည် အလှည့်အပြောင်း ဖြစ်ခဲ့ပြီး၊ ယဲ့ချင်းရှန်နှင့် လုံးဝ မသက်ဆိုင်ချေ။ ဝမ်မူယန်၏ ပုံမှန် မဟုတ်သော အပြုအမူကို သတိ ပြုမိလိုက် သော်လည်း၊ ဟန့်တားရန် နောက်ကျ သွားသည်။
“ သူရဲ့ ... ဒဏ်ရာ တွေကို စစ်ဆေးပြီး၊ ကုသဖို့ (၆)ပါးသော မြို့တော်ကို ခေါ်သွားပါ၊ ”
ဝမ်ယွဲ့မှ အသက် ဓါတ်ကို ထိန်းပေး ထားသော်လည်း၊ နှလုံးသား ပျက်စီးနေ သဖြင့်၊ အန္တရာယ် ရှိနေဆဲ ဖြစ်၏။
“ ကောင်းကင်ဘုံ ယင်-နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်က ... အနန္တ သင်္ချိုင်း တောင်ကြားကို၊ တစ်ယောက်တည်း သွားတာ အန္တရာယ် ရှိနိုင် မလား။ ”
ဝမ်ယွဲ့မှ မြောင်ရင်ထံ ပြောသည်။ ဝမ်မူယန် နောက် တစ်ယောက်ယောက် စေလွှတ်ပြီး၊ သူမ မည်သို့ ကြံစည် နေသည်ကို စုံစမ်းစေ လို၏။
“ ဘာလို့လဲ ... ၊ သူ့ကို လိုက်ပြီး ဖမ်းခေါ် လာစေချင် လို့လား။ ”
မြောင်ရင်မှ ပြန်မေးသည်။ ဝမ်မူယန် နောက်လိုက်သော်၊ ရန်သူနှင့် တွေ့က အခက် ကြုံနိုင်မည်။
သူမအား တစ်ယောက်တည်း လွှတ်ထား ခြင်းသည်သာ အကောင်းဆုံး ဖြစ်၏။ ထိုအချိန် တွင် လင်းယွန်က တံဆိပ် တစ်ခုကို၊ ဖန်တီး နေခဲ့သည်။
ရွှေရောင် ပုတီးစေ့ တစ်လုံးက သူ့ရင်ဘတ် ရှေ့တွင် ပျံဝဲ နေပြီး၊ ကောင်းကင် နဂါးနှင့် နတ် ဖီးနစ် တို့က သူ့အား လှည့်ပတ် ထား၏။
ရွှေရောင် ပုတီးစေ့သည် အခြားသော ပုတီးစေ့ များထက်၊ ဆယ်ဆ ပိုမို အားကောင်း လေသည်။
ဘေးထွက် ဆိုးကျိုး မရှိချေ။ ၎င်းအား သန့်စင် ပြီးနောက်၊ နိဗ္ဗာန် သတ္တမမြောက် အထွတ် အထိပ်သို့ ရောက်ရန် ခြေ တစ်လှမ်း မျှသာ လိုပေ တော့သည်။
ဓားပင်လယ်သည် မယုံကြည် နိုင်စရာ ကောင်းလောက်အောင်၊ ကြောက်မက်ဖွယ် အရွယ် အစား ရောက်ရှိ လာ၏။
ပေခြောက်ထောင် အထက် ရှိ၊ ကြယ် သည်ပင် အစစ် အမှန်လား၊ တောက်ပ ကြီးထွား နေသည်။
သို့သော် နိဗ္ဗာန်-အဋ္ဌမမြောက် အသွင် ကူးပြောင်းရေးသို့ ရောက်ရန်မှာ၊ ထင်ထားသည် ထက် ပိုမို ခက်ခဲ ချေ၏။
သူတော်စင် ကိုယ်ခန္ဓာ ကိုပင်၊ ဆက်တိုက် သက်ရောက် မှုကြောင့်၊ ဒဏ်ရာများ ရရှိ သွားခဲ့ သေးသည်။
ဒဏ်ရာမှာ ပြင်းထန်လှ သော်လည်း၊ အလျှော့ မပေး ခဲ့ချေ။ နာကျင်မှုကို သည်းခံပြီး၊ ဂရု တစိုက် ထပ်မံ ကြိုးစား နေမိ၏။
အချိန် ကြာလာ သည်နှင့် အမျှ၊ ချွေးပေါက်များမှ သွေးများ စီးကျ လာတော့ သည်။
နံနက် နေရောင်ခြည် ဝင်ရောက် ချိန်၌၊ သွေးများ ခြောက်သွေ့ ကုန်ပြီး၊ ည အချိန်တွင် ဒဏ်ရာ အသစ်များ ဖြစ်ပေါ် လာသည်။
ဤမြင်ကွင်းကို မြင်သော အခါတွင်၊ ပိုင်ချင်းယွီ တစ်ယောက် ထိတ်လန့် သွား၏။ သူမသာ ဆိုက ခံစား နိုင်မည် မဟုတ်ချေ။
ဤလူငယ်သည် အဘယ်ကြောင့် သည်မျှ သန်မာ လာရ သည်ကို၊ နောက်ဆုံး၌ နားလည် သွား မိသည်။
ပြင်းပျသော ဆန္ဒသည် မည်သူမျှ တုပ မရ နိုင်သော အရည် အချင်း ဖြစ်၏။ ဆိုလို သည်မှာ၊ ယဲ့ချင်းရှန်သည် ဇွဲလုံးလဖြင့်၊ သူ့ကိုယ်သူ တည်ဆောက် ထားသူ ဖြစ်သည်။
“ ဆရာ ... ၊ အစ်ကို ယဲ့က ဒီလို ပဲလား။ ”
ပိုင်ချင်းယွီမှ ပြောသည်။ ခရမ်းငယ်က သက်ပြင်းချ လိုက်ကာ၊
“ ဒါက ... ဘာမှ မဟုတ်သေး ပါဘူး၊ အရည်အချင်း အရ ဆိုရင် ... ၊ သူက မင်းထက် နိမ့်ကျတယ်၊ သူ့ရဲ့ လက်ရှိ သူတော်စင် ခန္ဓာကို လေ့ကျင့်ပြီး၊ ...
... ယူထား ရတာ၊ မင်းလို မွေးရာပါ မဟုတ်ဘူး၊ လမ်းတစ်လျှောက် သူဘယ်လောက် အထိ နာကျင်ခဲ့ ရလဲ၊ မင်း တွေးကြည့် နိုင်မှာ မဟုတ်ဘူး။ ”
-ဟု ပြန်လည် ဖြေကြား လာသည်။
ပိုင်ချင်းယွီမှ အံ့သြ သွား၏။ သူမသည် ဂုဏ်သိက္ခာ ရှိသော မျိုးနွယ်စုမှ ဆင်းသက်လာ ခဲ့ပြီး၊ ဝန်းကျင်၌ အနိမ့်ဆုံး နဝမတန်း ဝိညာဉ် ခန္ဓာဖြင့်၊ မွေးဖွား လာသူ များသာ ရှိခဲ့သည်။
သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် မှာမူ၊ ရှားပါးချေ၏။ ရှေးဟောင်း သူတော်စင် မိသားစု များ သည်သာ၊ တတ်စွမ်း ပေမည်။
၎င်းတို့သည် သူတို့၏ သားမြေး-တပည့် များအား၊ မွေးရာပါ သူတော်စင် ခန္ဓာကိုယ်များ ရရှိအောင်၊ ကူညီပေး နိုင်၏။
ထို့ကြောင့် မြင့်မြတ်သော သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် ပါရှိလာ သူများ ကိုသာ၊ ပါရမီရှင် အဖြစ် သတ်မှတ် ကြခြင်း ဖြစ်သည်။
သူမ၌ မွေးရာပါ ယင်-သူတော်စင် ခန္ဓာ ကိုယ်ကို ပိုင်ဆိုင် ထားသည်။ သို့သော် ၎င်းကို သိပ် အရေး မထား မိချေ။
ဆိုလို သည်မှာ လွယ်လင့် တကူ ရရှိ ထားသော အရာ များကို၊ လူအများမှ မြတ်နိုးရန် မေ့နေ ကြ၏။
ဤယဲ့ချင်းရှန်သည် ဝိညာဉ် အဆင့် ခန္ဓာကိုယ် မျိုးပင်၊ မပိုင်ဆိုင် ခဲ့သည်မှာ သနား စရာ ပေပင်။ ပင်မ မျိုးနွယ် မဆိုနှင့် မိသားစု ခွဲများ ၌ပင် ထိုသို့သော စွမ်းရည်သည်၊ ပေါများလှ ပေသည်။
“ အစ်ကို ယဲ့က ... တကယ် မလွယ်ဘူး။ ”
ပိုင်ချင်းယွီမှ လေးစားစွာ မှတ်ချက် ပေးလိုက်သည်။ ငါးရက် အကြာတွင် လင်းယွန် ရှေ့ရှိ၊ ရွှေရောင် ပုတီးစေ့ ပေါ်၌ အက်ကြောင်း များ ပေါ်လာ တော့၏။
ပုတီးစေ့ ပေါက်ကွဲလျက်၊ သွေးများ နှုတ်ခမ်းထောင့်မှ စီးထွက်ကာ မျက်နှာ ဖြူဖျော့ သွားသည်။ ပတ်ဝန်းကျင်ရှိ သဘာဝ ဖြစ်စဉ်များ သည်လည်း၊ ပျက်ပြယ် သွားတော့၏။
အသက် ပြင်းပြင်း ရှူပြီး၊ လက်နှစ်ဖက် မြှောက်ကာ၊ လက်ဖဝါး ဖြန့်လျက်၊ လေထုအား အောက်သို့ ဖြည်းဖြည်းချင်း ဖိချ လိုက်သည်။
ဓား ရည်ရွယ်ချက်နှင့်၊ နိဗ္ဗာန် ရောင်ဝါ လည်ပတ်နှုန်း နှေးကွေး သွား၏။ ကိုယ်တွင်း အင်္ဂါများ အပါ အဝင်၊ နဂါး သွေးလွှတ်ကြော (၁၀)ခုမှာ၊ တဆက်ဆက် တုန်လာသည်။
“ မအောင်မြင်ဘူး ... ။ ”
နိဗ္ဗာန် အဆင့်တွင်၊ အသွင် ကူးပြောင်းမှု ကိုးကြိမ် ရှိပြီး၊ အသွင် ကူးပြောင်းမှု တစ်ခု စီမှာ၊ ပို၍ ခက်ခဲ လေသည်။ အထူး သဖြင့် နောက်ဆုံး အသွင် ကူးပြောင်းမှု သုံးခု ဖြစ်သည်။
ထို့ကြောင့် ဤရလာဒ်ကို လင်းယွန်မှ တွက်ဆ ထားပြီး ဖြစ်၏။ တစ်ကြိမ် တည်းဖြင့် အောင်မြင်ရန် မမျှော်လင့် ခဲ့ချေ။
ရွှေပုတီးစေ့မှာ အစွမ်း ထက်လွန်း သောကြောင့်၊ ကြိုးစား ကြည့်ခြင်း မျှသာ ဖြစ်သည်။
ဒဏ်ရာ များကို ပြန်လည် စစ်ဆေး လိုက်၏။ ကြောက်စရာ ကောင်းပုံ ပေါက်နေ သော်လည်း၊ အသက် အန္တရာယ် မရှိချေ။
တစ်ဖက်တွင် သူတော်စင် ရောင်ဝါမှာ (၆) သိန်းသို့ ရောက်ရှိ သွားပြီး၊ အုတ်မြစ် နက်ရှိုင်း လာ ခဲ့သည်။
“ အစ်ကို ယဲ့ ... ၊ အဆင် ပြေလား။ ”
ပိုင်ချင်းယွီမှ စိုးရိမ် သွားသည်။ တစ်ဆက် တည်းမှာပင် တစ်စုံ တစ်ရာကို ရှာဖွေ နေဟန်၊ သူ့အိတ်ထဲ မွှေနှောက် တော့၏။
“ တွေ့ပြီ ... ၊ ဒါက မူလ ကောင်းမွန်ခြင်း ဆေးလုံးပဲ၊ အဘိုး ငါ့ကို ပေးထားတာ၊ နိဗ္ဗာန် အဆင့် ကျရှုံးတဲ့ အချိန်မှာ သုံးဖို့ အတွက်ပဲ၊ အခုတော့ ငါ့အတွက် မလို တော့ဘူး။ ”
မူလ ကောင်းမွန်ခြင်း ဆေးလုံး ဟူသည်၊ နိဗ္ဗာန် အဆင့် ချိုးဖြတ် ရာတွင်၊ ရရှိ နိုင်သော ဒဏ်ရာ များကို ကုသပေး နိုင်သည်။
ရှားပါးပြီး ထူးဆန်းသော သူတော်စင် ဆေးလုံး တစ်မျိုး ဖြစ်၏။ လင်းယွန်မှ ချက်ချင်း မျိုချ လိုက်သည်။
ခန္ဓာကိုယ် အနှံ့ မီးတောက်များ ပျံ့နှံ့ လာပြီးနောက်၊ ခဏချင်း ပြန်လည် သက်သာ လာခဲ့၏။
“ အရမ်း ကောင်းတယ်၊ ကျေးဇူး တင်ပါတယ်။ ”
လင်းယွန် စကားကြောင့် ပိုင်ချင်းယွီမှ ပြုံးလိုက်သည်။ ထိုကျေးဇူးတင် စကား တစ်ခွန်း ဖြင့်ပင်၊ သူမ ကျေနပ် ပေ၏။
“ သောက် ရ အောင် ... ။ ”
လင်းယွန်က ပိုင်ချင်းယွီ ပေးထားသော ဝိုင်ကို ထုတ်ယူကာ သောက်ရန် ပြင်လိုက်သည်။
“ ဘာ အတွက်လဲ။ ”
“ နိဗ္ဗာန်-နဝမမြောက် ... ၊ အထွတ် အထိပ်ကို ရောက်ရှိ လာတဲ့ အတွက် ... ဂုဏ် ယူပါတယ် ပိုင်ချင်းယွီ။ ”
ပိုင်ချင်းယွီသည် အမည်ခံ သူတော်စင် နယ်ပယ်သို့ တက်လှမ်းရန်၊ အခွင့်အရေး တစ်ခု သာ လိုပေ တော့၏။
“ ကောင်းပြီ ... ။ ”
နဂါးလေး အပါ အဝင် လူတိုင်း အတွက် ဝိုင်တစ်ခွက်စီ ငှဲ့ပေး လိုက်သည်။ များမကြာခင် ပိုင်ချင်းယွီ တစ်ယောက် မူးဝေ လာ၏။
“ အစ်ကို ယဲ့ ... ၊ ဆရာက ပြောတယ်၊ အစ်ကို ယဲ့ရဲ့ ခန္ဓာကိုယ်က ဝိညာဉ် အဆင့်မှာ တောင် မရှိခဲ့ ဖူးဆို ... ၊ အဲ့ဒါ အမှန်လား။ ”
“ အမှန်ပဲ ... ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။ သူသည် ဝိညာဉ် အဆင့် ခန္ဓာ ကိုယ်ကို ရရှိခဲ့ သည်မှာ၊ ဆုစီယာ ကြောင့် ဖြစ်၏။ ဒွါရ (၇)ပါး ဆေးလုံး ကြောင့်သာ၊ ကျင့်ကြံမှု လမ်းကို လျှောက်နိုင်ခြင်း ဖြစ်သည်။
“ မယုံနိုင် စရာပဲ ... ။ ”
ပိုင်ချင်းယွီ စကားကြောင့်၊ လင်းယွန်က ဝိုင်ခွက်ကို ပြန်ချပြီး၊ ပြုံးလိုက်သည်။
“ အရည် အချင်းက၊ မင်း ဘယ်လောက် မြန်မြန် သွားနိုင်တယ် ဆိုတာ ကိုပဲ၊ ဆုံးဖြတ်နိုင် ပါတယ်၊ မင်း ဘယ်လောက် ဝေးဝေး သွားနိုင် မလဲ၊ ဆိုတာ ကိုတော့ ...
... ဆုံးဖြတ်ချက် မပေး နိုင်ဘူး ... ၊ ဝေးဝေး သွားချင်ရင်၊ ကြိုးစားမှုနဲ့ လုံးလ စိုက်ထုတ် နိုင် ရမယ်၊ အရည် အချင်းနဲ့ မလုံ လောက်ဘူး၊ ကဲ သောက် ... ပြီးရင်၊ နတ်သွေးပန်း ရှာရအောင်။ ”
နတ်သွေးပန်း ဟူသော အမည်က၊ သူတို့ လေးယောက်အား စိတ်လှုပ်ရှား သွားစေသည်။
“ တစ်ယောက် ယောက် ... လာနေတယ်၊ သူက နင့် အသိ အကျွမ်းပဲ။ ”
ခရမ်းငယ်က နဂါးလေးကို ခေါ်ကာ၊ ဓားသေတ္တာထဲ မဝင်ခင် သတိပေး ပြောကြား လာတော့သည်။
လင်းယွန်က ခေါင်းမော့ ကြည့်လိုက် သောအခါတွင်၊ ဝမ်မူယန်အား မြင်လိုက် ရ လေသည်။
“ စီနီယာ အစ်မ ဝမ် ... ။ ”
ရောက်ရှိလာ သူမှာ၊ သူမနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသဖြင့်၊ ပိုင်ချင်းယွီမှ ဝမ်းသာ သွား၏။
“ ယဲ့ချင်းရှန် နတ်သွေးပန်းကို ရှာတွေ့ ပြီလား။ ”
ဝမ်မူယန်က သူမအား ဂရု မစိုက်ဘဲ၊ ယဲ့ချင်းရှန်ထံ တိုက်ရိုက် ကြည့်ပြီး မေးမြန်း လိုက်တော့၏။
“ မင်းနဲ့ ဘာဆိုင်လို့လဲ။ ”
လင်းယွန်မှ ခပ်ပြတ်ပြတ် ပြန်ဖြေ၏။ ထိုအဖြေကြောင့် ဝမ်မူယန်က ပိုင်ချင်းယွီအား လှည့်ကြည့် လိုက်သည်။ သည်မတိုင်မီ ဆိုက၊ ပိုင်ချင်းယွီမှ ဖြစ်ကြောင်း ကုန်စင် ပြောပြ မိပေမည်။
ယခုမူ ထက်မြက် လာပြီ ဖြစ်ရာ၊ တစ်ဖက်လူ၏ မေးခွန်းအား မေးခွန်းဖြင့် ပြန်လည် တုန့်ပြန် လိုက်တော့သည်။
“ အစ်မ မူယန် ... ၊ အနန္တ သင်္ချိုင်း တောင်ကြားကို ... ဘာလာ လုပ်တာလဲ၊ အစ်မ ပြောတော့ နတ်သွေးပန်း နောက် ... လိုက် မလို့ဆို ... ။ ”
***