← Chapters

ဝမ်မူယန် ... ။

Vol. 144 Ch. 2016

ဝမ်မူယန် ... ။

Vol. 144 Ch. 2016

ဝမ်မူယန်က ပိုင်ချင်းယွီ မေးခွန်းကို ပြန်မဖြေချေ။ ယဲ့ချင်းရှန်အား လှည့်ကြည့်ပြီး စစ်ဆေး လိုက်သည်။

တစ်ဖက် လူသည် ဤကာလ အတွင်း အနည်းဆုံး နှစ်ဆမျှ ပို၍သန်မာ လာသည်ကို သတိ ပြုမိ၏။

နတ်သွေးပန်း အစား၊ အခြားသော အခွင့်အရေး များကို ရှာဖွေ နေပုံ ရသည်။

“ ဝှစ် ... ။ ”

သူမက ကျောက်ဆောင် တစ်ခုပေါ် ဆင်းသက် လိုက်ပြီးနောက်၊ ခြေဖျားကို ၎င်းပေါ် ညင်သာစွာ ပုတ်လျက်၊ လင်းယွန်တို့ ရှေ့သို့၊ ဆင်းသက် လာ၏။

“ ယဲ့ချင်းရှန် ... အပြင်မှာ ကမ္ဘာကြီး တစ်ခုလုံး ပြိုကျ နေပြီ၊ ဒါတောင် မင်းက ပိုင် မိသားစုက မင်းသမီးနဲ့ အတူ ... ၊ အချိန်ဖြုန်း နေပါလား၊ တကယ့်ကို လူယုတ်မာ ပီသ ပါပေတယ်။ ”

ထိုစကားကြောင့် ပိုင်ချင်းယွီမှ ရှက်ရွံ့ သွားပြီး၊

“ အစ်မ မူယန် ... ၊ မင်း ဘာလို့ ငါတို့ဆီ ရောက်လာ တာလဲ။ ”

-ဟု စကား လမ်းကြောင်း လွှဲလိုက်၏။

ဝမ်မူယန်မှ ပြုံးလျက်၊

“ ငါ ... ယဲ့ချင်းရှန် ဆီလာ တာပါ ... ၊ ယဲ့ချင်းရှန် ငါ ... နင်ရဲ့ အကူ အညီ လိုနေတယ်၊ မဟုတ်ရင် သတ်ဖြတ်ခြင်း မဟာ သူတော်စင်ရဲ့ တပည့်မ မြောင်ရင်၊ အသတ် ခံရ လိမ့်မယ်။ ”

ဝမ်မူယန် စကားကြောင့်၊ လင်းယွန် မျက်နှာ၌ သတ်ဖြတ် လိုသော ရည်ရွယ်ချက် လှစ်ခနဲ ပေါ်လာသည်။

ယင်းကို ချက်ချင်း ပြန်လည် ထိန်းချုပ် လိုက်သော်လည်း၊ ဝမ်မူယန်မှ မြင်လိုက်သေး ၏။ ထို့ကြောင့် အနည်းငယ် အံ့သြ သွားသည်။

ယဲ့ချင်းရှန်သည် မြောင်ရင် အတွက် ဤမျှ စိုးရိမ် နေစရာ အကြောင်း မရှိချေ။ လျှို့ဝှက်စွာ ပြုံးရယ် လိုက်မိ၏။

“ ဘာဖြစ် ခဲ့လို့လဲ ... အစ်မ မူယန်။ ”

ပိုင်ချင်းယွီမှ စိတ်လှုပ်ရှားစွာ မေး၏။ ဝမ်မူယန်က အဖြစ် အပျက် များကို ပြန်ပြောင်း ပြောပြ လိုက်သည်။

သူမ စကား ပြောနေစဉ်၊ ယဲ့ချင်းရှန်အား တစ်ချိန်လုံး အကဲခတ် နေခဲ့၏။

“ နန်းဂွန်း ဖူယဲ့ သေပြီလား ... ။ ”

လင်းယွန်မှ မေးသည်။

“ မသေဘူး ... ၊ ဒါပေမယ့် သူ့ရဲ့ အုတ်မြစ် ထိသွားတယ်။ ”

“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ စီနီယာ အစ်ကို နန်းဂွန်းက သူတော်စင် ဘုရင်ရဲ့ တပည့်ပါ၊ သူ ဆန္ဒ ရှိရင် အမည်ခံ သူတော်စင် နယ်ပယ် ကိုတောင်၊ တက်လှမ်း နိုင်တယ်။ ”

“ ဒါကြောင့်မို့ (၆)ပါးသော မြို့တော်မှာ ကျင်းရွှမ်ယွီက စောင့်နေ တာပေါ့၊ ယဲ့ချင်းရှန် သာ မကူညီရင်၊ တော်ဝင် သမီးတော် မြောင်ရင်ပဲ ဒီစိန်ခေါ်မှုကို၊ ...

... လက်ခံ ရလိမ့်မယ်၊ နောက်ဆုံးတော့ နတ်သွေးပန်းကို လက်လွှဲ ပေးခဲ့တာ ... သူမပဲ မဟုတ်လား။ ”

ဝမ်မူယန်မှ ပြန်ပြော လာ၏။

“ ကျင်းရွှမ်ယီက မြင့်မြတ်မြေ (၆)ပါးနဲ့ ထိပ်တိုက် ရင်ဆိုင်ရ လောက်အောင် မိုက်မဲမှာ မဟုတ်ဘူး၊ မြောင်ရင်က သတ်ဖြတ်ခြင်း မဟာ သူတော်စင် တပည့် ဖြစ်တာမို့၊ တော်ဝင် သမီးတော် အန္တရာယ် ကင်းမှာပါ။ ”

လင်းယွန်က သုံးသပ် စကား ပြောကြား လိုက်သည်။

“ ယဲ့ချင်းရှန်၊ နင် ... ဒီလောက် အထိ၊ နှလုံးသားမဲ့ လိမ့်မယ်လို့ ... မထင်ထား မိဘူး၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ရဲ့ လမ်းညွှန် မှုကို ယူခဲ့တာ မမေ့နဲ့၊ တော်ဝင် သမီးတော်က နင့်ရဲ့ သိုင်းအစ်မပဲ။ ”

ဝမ်မူယန်က အေးစက်စွာ အပြစ်တင် စကားဆို၏။ လင်းယွန် တစ်ယောက် ငေးငိုင် သွားသည်။

“ နတ်သွေးပန်းကို ... ဆုံးရှုံးတဲ့ အခါ၊ ယင်နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်က၊ အဖြေ မရှာဘဲ၊ နိဗ္ဗာန်-သတ္တမ မြောက် အသွင် ကူးပြောင်းမှုက၊ ငါ့ကို ရှာဖွေ တာလား၊ မင်း ဘာတွေ ကြံစည် နေတာလဲ ဝမ်မူယန်။ ”

“ အခြား လူတွေ မသိပေမယ့် ငါသိတယ်၊ နင်က ဘုရင် အဆင့် ထိပ်တန်း ဆယ်ယောက်နဲ့ ကောင်းကောင်း ယှဉ်နိုင် ပါတယ်။ ”

ဝမ်မူယန်မှ ပြန်ဖြေ၏။ လင်းယွန်က ပြုံးရုံသာ ပြုံးသည်။ ထပ် မမေးချေ။ ၎င်းတို့ (၂)ဦး ကြားတွင်၊ တစ်စုံ တစ်ရာ မူ-မမှန် သည်ကို၊ ပိုင်ချင်းယွီမှ သတိ ပြုမိ၏။

လင်းယွန်က ခြေနှစ်လှမ်း လှမ်းတက်ကာ၊

“ မင်း ... မရဏ မြင့်မြတ်သူ ဆီက သတင်း ရပြီး ပြီလား။ ”

-ဟု မေးမြန်း လိုက်၏။

“ ယဲ့ချင်းရှန် ... ၊ ငါ ပြောစရာ ရှိတာကို ပြောပြီး ပြီမို့၊ နင် လာချင်လာ ... ၊ မလာချင် နေ၊ ဒါက နင့်ကိစ္စ ဖြစ်သွားပြီ၊ ငါ့ကို ခွင့်ပြုဦး။ ”

“ သန့်ရှင်းသော သမီးတော် ... မင်း ဘာလို့ အလျင်လို နေရ တာလဲ၊ ခဏ နေပါဦး။ ”

ချက်ချင်း လှည့်ထွက် သွားသော ဝမ်းမူယန်အား လင်းယွန်မှ လက်ဖမ်းဆွဲ လိုက် တော့၏။

၎င်း၏ ရွေ့လျားမှု နည်းစနစ်မှာ၊ ပြီးပြည့်စုံ နေပြီ ဖြစ်သဖြင့်၊ ဝမ်မူယန် တစ်ယောက် စိုးရိမ် သွားသည်။

ချက်ချင်း ပိုင်ချင်းယွီ အနား တိုးကပ် လိုက်၏။ ယင်းကြောင့် လင်းယွန်မှာ စိတ်လျော့ လိုက်ရသည်။

“ ယဲ့ချင်းရှန် ... နင်က တကယ် အကြင်နာ မဲ့လွန်းတယ် ... ငါတို့ အတူတူ ဖြတ်သန်း ခဲ့ရတဲ့ အချိန် တွေကို မေ့သွား ပြီလား၊ အဲဒီ တုန်းက ငါ့ကို ‘ကလေး’ လို့တောင် ခေါ်ခဲ့ သေးတယ် လေ၊ အခုတော့ ငါ့ကို သတ်ချင် နေပြီ။ ”

“ ငါ မင်းကို ... သတ်ချင် နေတယ်လို့ ဘယ်သူပြောလဲ၊ မင်းရဲ့ ... ခွန်အားကို သိချင် ရုံပါ ... ၊ မျှော်လင့် ထားတဲ့ အတိုင်းပဲ၊ မြင့်မားတဲ့ ကျင့်ကြံမှု မရှိ ပေမယ့်၊ မင်းသာ ဆန္ဒ ရှိရင်၊ ...

... ကောင်းကင် တာအို ဂိုဏ်းက နတ်သွေးပန်းကို ... သေချာပေါက် ပြန်ယူနိုင် ပါလိမ့်မယ်။ ”

လင်းယွန် စကားကြောင့် ဝမ်မူယန်က မီတာ တစ်ထောင် အကွာသို့ ရွေ့လျား သွားပြီး၊

“ နင်က တကယ် နှိမ့်ချတဲ့ လူပဲ၊ ဒါက နင့်ပုံစံ မဟုတ် ပါဘူး ။ ”

-ဟု ဆိုလိုက် တော့သည်။

ရှောင်ချင်းယန်နှင့် မရဏ မြင့်မြတ် သူကို သတ်ပြီးသော်မှ အားနည်း ဟန်ဆောင် နေသော ယဲ့ချင်းရှန်အား၊ ထိတ်လန့် လာ၏။

“ မင်းကို မသတ်ခင် ... ၊ ထွက်သွားတာ ပိုကောင်းမယ်။ ”

လင်းယွန်မှ အေးစက်စွာ ခြိမ်းခြောက် လိုက်တော့သည်။

“ ယဲ့ချင်းရှန် ... နင် သေချာပေါက် သွားလိမ့်မယ် ဆိုတာ ငါ သိတယ်၊ (၆)ပါးသော မြို့တော်မှာ ... ငါ စောင့်နေမယ်။ ”

စကားဆုံး သည်နှင့်၊ မြူခိုး အလား ပျောက်ကွယ် သွားသည်။

“ ဘာလို့ ... ဒီမိန်းမကို မဖမ်းရ တာလဲ။ ”

ခရမ်းငယ်မှ လှမ်းထွက် လာပြီး၊ ဒေါသတကြီး ဆိုသည်။

“ သူ တစ်ယောက်တည်း ... လာတာ မဟုတ်ဘူး။ ”

လင်းယွန်မှ ပြန်ဖြေ၏။ ထိုပြင် ပိုင်ချင်းယွီ အနားတွင် ရှိသဖြင့်၊ အနည်းငယ် တွက်ဆ နေရ သေးသည်။

“ အဲဒီ မိန်းမက တကယ့်ကို စက်ဆုပ် စရာ ကောင်းတယ်၊ သူက နင့်ကို ကျင်းရွှမ်ယီနဲ့ တိုက် ပေးနေတာ။ ”

“ ငါ သိတယ်၊ ဒါနဲ့ ငါဒီမှာ ... ရှိနေ တာကို သူဘယ်လို သိတာလဲ။ ”

ရုတ်တရက် လင်းယွန်မှ သတိ ရသွား၏။ ပိုင်ချင်းယွီက မျက်နှာ ပျက်ကာ၊ ကျောက်စိမ်း အဆောင် တစ်ခုကို ထုတ်ယူ ပြသည်။

“ သူက ငါ့အသက် အန္တရာယ် အတွက်၊ စိတ်ပူလို့၊ ဘယ်သွားသွား ရှာတွေ့ နိုင်အောင်၊ ဒီအဆောင်လေး ဆောင်ထားဖို့ ပေးခဲ့တယ်။ ”

လင်းယွန်က ကျောက်စိမ်း အဆောင်ကို လှမ်းယူပြီး၊ စစ်ဆေး လိုက်သည်။

“ အစ်မ မူယန်က ... တကယ်ပဲ လူဆိုးလား။ ”

ပိုင်ချင်းယွီမှ တိုးတိုးလေး မေး၏။ တစ်ပါး သူများကို အကောင်း-အဆိုး တံဆိပ် မကပ်လို သဖြင့်၊ လင်းယွန်က၊

“ သူက ရှောင်ချင်းယန်နဲ့ ... မရဏ မြင့်မြတ်သူကို စေလွှတ် ခဲ့တဲ့ လူပဲ၊ ကျင်းရွှမ်ယီ တောင် သူနဲ့ ... ပတ်သက် နေနိုင်တယ်။ ”

-ဟု ရှင်းပြ လိုက်တော့သည်။

ပိုင်ချင်းယွီ တစ်ယောက် ကျောရိုး တစ်လျှောက် အေးစက် လာပြီး၊ နောင်တ များနှင့်၊ ပြည့်နှက် လာတော့၏။

အကောင်းဆုံး သူငယ်ချင်း ဖြစ်သည်ဟု ယူဆမိ ခဲ့သော တစ်ဖက် လူမှ၊ သူမ အသက် အား လိုချင်နေ ခဲ့သည်။

“ သူက ဒီလို ဆိုရင် ... ၊ ကောင်းကင် တာအို ဂိုဏ်းက ဘာလို့ လက်ခံ ထားတာလဲ။ ”

ကောင်းကင် တာအို ဂိုဏ်းသည် မြင့်မြတ်မြေ (၆)ပါးတွင် အသန်မာဆုံး ဖြစ် သော်လည်း၊ အက်ကြောင်းများ ပြည့်နှက် နေသည်ကို၊ သူမ မသိ သေးချေ။

တစ်စုံ တစ်ယောက်သည်၊ ဝမ်မူယန် မည်သူဖြစ်သည်ကို သိရှိခဲ့ သော်မှ၊ ၎င်း အဆင့် အတန်းကြောင့်၊ လုပ်နိုင် စရာ မရှိချေ။

“ ငါတို့ သူ့ကို ဒီအတိုင်း လွှတ်ထား မှာလား။ ”

ခရမ်းငယ်မှ မေး၏။

“ အခုက အချိန် မဟုတ် သေးဘူး၊ သူက သတိကြီးပြီး ... ၊ နည်းနည်း ထူးဆန်း နေတယ်၊ သာမန် မဟုတ်ဘူး။ ”

ဝမ်မူယန်သည် သွေးလမင်း ဂိုဏ်း၏ သန့်ရှင်းသော သမီးတော် သို့မဟုတ် မင်းသမီး အဖြစ်၊ အကြမ်းဖျင်း ခန့်မှန်း ထား၏။

ကောင်းကင် တာအို ဂိုဏ်းသို့ စိမ့်ဝင် နေ ခဲ့သည်မှာ၊ နေ-လ နတ်ရူရ်အား ရှာဖွေရန် ဖြစ် လေသည်။

ထို့ကြောင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် မူလ နဂါး မဟာ သူတော်စင်ထံ လွှဲပြောင်း ပေးအပ်ရန် ဆုံးဖြတ် ထားသည်။ သူ ပါဝင်ရန် မသင့်ချေ။

“ အစ်ကိုယဲ့ ... ၊ တောင်းပန်ပါတယ်။ ”

ပိုင်းချင်းယွီမှ တိုးတိုးလေး ပြောသည်။

“ ထား လိုက်တော့ ... ၊ မင်းလည်း သားကောင် ဖြစ်ခဲ့ တာပဲ ... ၊ နတ်သွေးပန်းကို ရှာတဲ့ အခါ၊ ငါ့ကို ကူညီပါ။ ”

“ ဒါတော့ သေချာတယ်။ ”

ပိုင်ချင်းယွီမှ နတ်သွေးပန်းအား ကူညီ ရှာဖွေပေးရန် စိတ်ပိုင်းဖြတ် လိုက်၏။ လင်းယွန် တစ်ယောက် လေထဲ ခုန်တက်ပြီး၊ ဝမ်မူယန် ထွက်ခွာ သွားခြင်း ရှိ-မရှိ၊ အတည် ပြုသည်။

သည့်နောက် အနှစ် တစ်ထောင် သွေးကျီးကန်း တစ်ကောင်ကို ဖမ်းယူ ယူကာ၊ လျှို့ဝှက် နယ်မြေထံ ဦးတည် လာခဲ့၏။

မိုးကုပ် စက်ဝိုင်း အစပ်၌၊ ရှေးဟောင်း ယဇ်ပလ္လင် ပုံသဏ္ဍာန် ကြီးအား၊ မှုန်ဝါးဝါး မြင် လိုက်ရသည်။ ပလ္လင် အနားတွင် ပန်းမျိုးစုံ ပေါက်ရောက် နေ၏။

သူတော်စင် ရောင်ဝါများ မှုန်ဝါးဝါး ထုတ်လွှတ် နေသည့်၊ ရှေးဟောင်း သစ်ပင်ကြီး များ ကိုပင် မြင်နေ ရ၏။

“ အရမ်း လှတယ် ... ။ ”

ပိုင်ချင်းယွီ တစ်ယောက် အာမေဋိတ်သံ ထွက်ကျ လာစဉ်၊ လင်းယွန်က သူမ လက်အား ဆွဲကာ၊ ပျံသန်း လိုက်တော့သည်။

“ အဲဒါ လျှို့ဝှက် နယ်မြေပဲ၊ သွားကြည့် ရအောင် ... ။ ”

***

All Chapters