← Chapters

အပိုင်း(၁၂၄)-ဖောက်ထွင်းမြင်ခြင်း

Vol. 002 Ch. 124

အပိုင်း(၁၂၄)-ဖောက်ထွင်းမြင်ခြင်း

Vol. 002 Ch. 124

သူမသည် ကြယ်များနှင့်ပြည့်နှက်နေသော နေရာတွင်ရီနေခဲ့သည်။ မရေတွက်နိုင်သောကြယ်များသည် သူမပတ်ပတ်လည်တွင် တောက်ပနေခဲ့သည်။ တစ်ခါတစ်ရံတွင် နီးလာသလို တစ်ခါတစ်ရံတွင် ဝေးသွားသလိုပင်။

ထိုအခိုက်အတန့်တွင် အလင်းအစက်အပြောက်လေးများသည် သူမအားဖြတ်သွားလေသည်။ သူတို့သည် အသက်ရှုမှားလောက်အောင်ပင်ဖြစ်သည်။ ထိုအစက်အပြောက်များသည် သူမပတ်ပတ်လည်တွင် ကနေကြသည်။ သူတို့သည် တဖြည်းဖြည်စီးဆင်းသွားကာ အဝေးတွင် ရောနှောသွားလေသည်။

သူမခံစားချက်များသည် ရုတ်တရက် ထူးထူးခြားခြားခံစားလာရသည်။ နေရာ၊ အကွာအဝေး…ထိုအရာများသည် သူမလက်ဖဝါးအတွင်းရှိနေသကဲ့သို့ သူမခံစားလိုက်ရသည်။

တည်ဆောက်မှုစာအုပ်ထဲမှ စာအနည်းငယ်သည် သူမစိတ်ထဲတွင် ပေါ်လာသည်။

“နေရာက ဝေးနိုင်သလို နီးလည်းနီးနိုင်တယ်၊ အဲဒါကို မင်းမကိုင်တွယ်မချင်း မဖော်ပြနိုင်ဘူး၊ နေရာရဲ့ အစိတ်အပိုင်းတစ်ခုစီက ကိုယ်ပိုင်မတူညီတဲ့ ဆက်သွယ်မှုတွေရှိကြတယ်၊ မင်းနားလည်ပြီး ရှာတွေ့ရင်တော့ ဆုပ်ကိုင်ပြီး ထိန်းချုပ်လိုက်…”

သူသည် “ရှာတွေ့ခြင်း” အဆင့်ရောက်နေပြီကို ခံစားမိလိုက်သည်။ ထိုအချက်သို့ရောက်လာပြီဆိုလျှင် တည်ဆောက်မှုသခင်ဖြစ်လာရန် အဝင်ဝသို့ရောက်လာပြီဖြစ်ကြောင်းကို ဖန်ကျိရှင်းပြောဖူးသည်။

သူမ ထိုအတွေးတွေးလိုက်သည်နှင့် ထိုနေရာသည် ချက်ချင်းပျောက်ဆုံးသွားကာ သူမခံစားချက်သည်လည်း ပျောက်ကွယ်သွားလေသည်။

သူမ မျက်လုံးဖွင့်လိုက်ကာ သူမသည် ထိုနေရာ၏ အရိပ်ယောင်မရှိသော အိပ်ခန်းအတွင်းရှိနေသေးသည်ကို တွေ့လိုက်ရသည်။

“မင်းဖောက်ထွင်းမြင်နိုင်ပြီလား” သူမ၏ လက်ရှိအခြေအနေကို မိုရှားကြည့်ကာ သူမသည် တိုးတက်နေသည်ကိုြ သိသဖြင့် မေးလိုက်သည်။

ရှီမာယူယူခေါင်းညိတ်သည်။ ထိုလူသည် ပျင်းရိစွာခြေချိတ်ထိုင်နေပြီး ခေါင်းသည် လက်နှစ်ဖက်ချိတ်ထားသည့်အပေါ်တွင် မှီနေလေသည်။ သူကျင့်ကြံခြင်းမရှိသည်မှာ သေချာနေပြီ။ သူမမေးလိုကသည် “မင်းဘာလို့ မကျင့်ကြံတာလဲ”

“ငါပြီးသွားပြီလေ” မိုရှား သူ့လက်အားဝေ့ပြသည်။

“တကယ်လား၊ ဒါဆို ဆေးသွားဖော်ရအောင်” ရှီမာယူယူပြောကာ မတ်တတ်ရပ်လိုက်သည်။

“မင်းဖောက်ထွင်းမြင်နိုင်တဲ့ ခံစားချက်ကို ပြန်သိမ်းဖို့မလိုဘူးဆိုတာသေချာလား” မိုရှားပြောလိုက်သည်။

ရှီမာယူယူ အံ့သြသွားသည်။ ဒီလူက ဘယ်လိုသိတာလဲ။

“ငါမင်းကို ရက်အများကြီးစောင့်ခဲ့တာ ငါအလောမကြီးပါဘူး၊ ဒါပေမယ့် မင်းမဖုံးကွယ်ပဲ ပြောနိုင်ရမယ့် တစ်ခုတည်းသောအရာပဲ” အတွေ့အကြုံရှိသော မိုရှားသည် ထိုကဲ့သို့ အခွင့်အရေးမျိုးကို သိသည်။

ရှီမာယူယူလည်း ထိုအတိုင်းစဉ်းစားသည်။ ဒီတစ်ကြိမ်တွင် ဆေးအတွက် အလောကြီးရန်မလိုပေ။ သူမ ခေါင်းညိတ်ကာ ပြန်ထိုင်ပြီးပြောလိုက်သည် “ကောင်းပြီလေ ဒါဆိုလည်း ဒီနေ့ည ဆေးမဖော်တော့ဘူး၊ မနက်ဖြန်မှ ဒီအကြောင်းပြာကြစို့”

သူမမျက်လုံးများပိတ်သည်ကို မြင်သည်နှင့် သူမအား တိတ်တဆိတ် ဆက်ပြီးကြည့်နေလိုက်သည်။

သူမ၏ ငယ်ရွယ်သောမျက်နှာသည် မြို့တစ်မြို့လုံးတွင် စံနမူနာထားလောက်သည့် အလှမျိုးဖြစ်သည်။ သို့သော် သူမ လက်မှလက်စွပ်ကြောင့် ယောက်ျားလေးပုံစံဖြစ်နေကာ သူမအလှအား လျစ်လျှူရှုသလိုဖြစ်နေသည်။

သူမသည် သူမအား သင်ကြားမည့်သူမရှိသည့်အခြေအနေမှာပင် အင်ပါယာသားရဲကျမ်းကို သင်ယူပြီး တစ်နှစ်အတွင်း ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်လာကာ လျင်မြန်စွာပင် အခက်ဆုံးဖြစ်သော တည်ဆောက်မှုသခင်ဖြစ်လာရန် နေရာထိုးထွင်းမြင်နိုင်ရန်ကြိုးစားခဲ့သည်။ ထိုပါရမီရှင်သည် သူ့စိတ်အား လှုပ်ရှားစေခဲ့သည်။

“ဒီကောင်လေးရဲ့ အရည်အချင်းက ငါ့အရင်ကထက်တော့ မဆိုးဘူး…”

ခုဏကမြင်လိုက်သော နေရာအား ရှီမာယူယူ ဆက်တိုက်စဉ်းစားကာ ထိုအချိန်က ခံစားချက်ကို ပြန်ဖော်ထုတ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူမ နေရာ၏ ပင်ကိုလက္ခဏာကို တွေ့ရှိလိုက်ရသည်။

နောက်တစ်နေ့မနက်တွင် ရှီမာယူယူ ဖက်တီးကျူအား ခွင့်တိုင်ခိုင်းကာ အခန်းထဲတွင် တံခါးပိတ်ကာ ဆေးများဖော်တော့သည်။

ဝိညာဉ်ပုလဲအတွင်းတွင်… ရှီမာယူယူနှင့် မိုရှားတို့သည် ဆေးဖော်စပ်ခြင်းအခန်းသို့ရောက်လာကြသည်။ အခန်းထဲတွင် ဆန့်ကျင်ရေးဆေးတစ်ရာဖော်ရန် ပါဝင်ပစ္စည်းများ ပြင်ဆင်ပြီးဖြစ်သည်၊ သူတို့ဝိညာဉ်ချီအား ပြန်အားဖြည့်ရန် ဆေးပုလင်းနှစ်ခုကိုပါ ထားထားသည်။

“စရအောင်” ရှီမာယူယူ မိုရှားကိုပြောလိုက်သည်။

မိုရှားခေါင်းညိတ်သည်။ သူအတွေးတစ်ချက်နှင့်ပင် ဆေးဖိုဘေးသို့လျှောက်လာသည်၊ အမည်းရောင်မီးတောက်ကို ဆေးဖိုအောက်တွင် ထွန်းညှိလိုက်သည်။ ထိုမီးတောက်သည် အလျင်အမြန်ပင် ဖိုအောက်တွင် လွှမ်းမိုးသွားသည်။

ရှီမာယူယူသည် သင်ယူရန်အခွင့်အရေးအား လက်လွှတ်မခံပေ၊ သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။ မိုရှားဆေးဖော်သည်ကို စောင့်ကြည့်ရတိုင်းပင် မတူညီသော အကျိုးများကို အမြဲရရှိခဲ့သည်။ ထိုအရာသည် သူမဆေးဖော်ရာတွင် အကျိုးရှိခဲ့သည်။

သူတို့အတူတူလုပ်ဆောင်လာသော အတွေ့အကြုံအရ တစ်ယောက်နှင့်တစ်ယောက် မပြောပဲနားလည်နေကြပြီဖြစ်သည်။ နောက်ဆုံးချည်နှောင်ခြင်းအဆင့်တွင် မိုရှားဘာမှမပြောပဲ အကြည့်တစ်ချက်နှင့်ပင် သူမ ဝင်ပါရမည့် အဆင့်ရောက်နေပြီဆိုတာသိလိုက်သည်။ သူမ ဆေးဖိုဘေးသွားကာ ဆေးဖိုထဲသို့ သူမ၏ ဝိညာဉ်ချီကို ပစ်လိုက်သည်။

ဆေးနှစ်လုံးစားပြီးနောက် ရှီမာယူယူ စွမ်းအင်ပထမအဆင့်ထည့်ခြင်းပြီးဆုံးသွားပြီဖြစ်သည်။ သူမ ဘေးတွင် အားလျော့စွာမတ်တတ်ရပ်ကာ မိုရှားနောက်ဆုံးအဆင့်လုပ်ဆောင်နေသည်ကို ကြည့်နေခဲ့သည်။

အချိန်တစ်ခုအကြာတွင် မိုရှားဆေးဖော်ခြင်းပြီးဆုံးသွား၍ မီးတောက်ကိုငြှိမ်းလိုက်သည်။

“ပြီးပြီလား” ရှီမာယူယူမေးလိုက်သည်။

“အင်း… ငါတို့ဒီနေ့အတွက်တော်ပြီ၊ မနက်ဖြန်မှဒုတိယအသုတ်ကို ဆက်ကြမယ်” မိုရှားခေါင်းညိတ်ကာပြောလိုက်သည်။

သူ၏ စိတ်စွမ်းအားသည် မဆိုးသည်သော်လည်း သူမတွင် ဝိညာဉ်ချီအားနည်းနေသည်ကို သိသဖြင့် သူ နောက်တစ်နေ့ကိုရွေ့လိုက်ခြင်းဖြစ်သည်ကို သူမသိသည်။ သူမခေါင်းညိတ်ကာ သဘောတူလိုက်သည် “ကောင်းပြီ”

လျှပ်တစ်ပြက်အတွင်း မိုရှားပျောက်ကွယ်သွားသည်။ သူမ ဆေးဖိုဘေးလျှောက်သွားကာ အဖုံးဖွင့်လိုက်သည်။ သူမ ဆေးများသိမ်းရန် ကျောက်စိမ်းပုလင်းအားထုတ်လိုက်သည် သို့သော် အထဲတွင်ရှိသော ဆေးများအားမြင်သော်အခါ သူမ အံ့သြသွားလေသည်။

ဆေးဆယ်လုံး…

သူမ ဝိညာဉ်ချီထည့်လိုက်ချိန်တွင် သေချာမပေါင်းလိုက်ရသဖြင့် ဆေးအရေအတွက်သည် အောင်မြင်မှုအပေါ်တွင် လွှမ်းမိုးမှုရှိလိမ့်မည်ဟု ထင်ထားသည်။ သူ ထိုအားနည်းချက်အား ပြန်လည်ဖြည့်ဆည်းလိုက်ပြီး ဆေးဆယ်လုံးရလိမ့်မည်ဟု ထင်မထားပေ။

“အံ့သြဖို့ကောင်းလိုက်တာ သူအရင်ဘဝက်အဆင့်ဘယ်လောက်လဲတောင် သိချင်သွားပြီ”

သူမ ဆေးများသိမ်းကာ ဝိညာဉ်လေးလက်ထဲထည့်ပြီး ဝိညာဉ်ချီအား ပြန်အားဖြည့်ရန် ကျင့်ကြံခြင်းအခန်းသို့ ထွက်ခဲ့လိုက်သည်။

နေ့လည်ရောက်သောအခါ တံခါးခေါက်သံကြားသဖြင့် အခန်းမှထွက်လိုက်သည်။

“ဖက်တီးကျူ ဘာဖြစ်လို့လဲ”

“အဲဒါ.. ဆရာဖန်က မင်းကို သူ့ကိုလာရှာခိုင်းလိုက်ပါတဲ့၊ အရေးကြီးတဲ့ကိစ္စဖြစ်မယ့်ပုံပဲ” ဖက်တီးကျူပြောလိုက်သည်။

“ငါသိပြီ” ရှီမာယူယူထွက်လာကာ သူမနောက်မှ တံခါးကို ပိတ်လိုက်သည်။

သူမ ဒီနေ့တွင် အတန်းမတက်ပါ၊ ဒီအတွက်ကြောင့်ပဲ သူမကို ခေါ်တာလား။

သို့သော် သူမ အတန်းလစ်တာမျိုးရှိခဲ့သော်လည်း သူဘာမှမပြောခဲ့ပေ၊ ထို့ကြောင့် မဖြစ်နိုင်…

သူမ ဖန်ကျိရှင်းရုံးခန်းသို့ လာသောအခါ တံခါးကိုဖွဖွခေါက်၍ တွန်းဖွင့်ဝင်ခဲ့လိုက်သည်။

“ဆရာ ကျွန်တော့်ကို ရှာလား”

ဖန်ကျိရှင်း ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည် “ငါအစက အတန်းပြီးရင် မင်းကို ခေါ်မလို့ပဲ ဒါပေမယ့် မင်းက ဒီနေ့အတန်းမလာတော့ ငါမင်းကို ခေါ်ခိုင်းလိုက်ရတာပဲ”

“သခင် ထွက်သွားမလို့လား” ရှီမာယူယူ ဖန်ကျိရှင်းအား အံ့သြစွာကြည့်လိုက်သည်။ ထိုသတင်းသည် ရုတ်တရက်ဖြစ်၍ သူမကိုယ်သူမ ပြင်ဆင်ချိန်မရလိုက်ပေ။

“အင်း… ငါ့မျိုးနွယ်မှာ တစ်ခုခုဖြစ်နေတာ၊ ငါ့ကို ချက်ချင်းပြန်လာဖို့ သူတို့ခေါ်နေတာ” ဖန်ကျိရှင်းခေါင်းညိတ်ကာ ပြောလိုက်သည် “ဒီသတင်းက အလောတကြီးဖြစ်နေတော့ ငါချက်ချင်းသွားမှဖြစ်မယ်”

“ဘာတွေအဲလောက်အလောကြီးတာလဲ” ရှီမာယူယူမေးလိုက်သည်။

“ပညာရှိစံအိမ်တော်နဲ့ လုပ်စရာရှိတာတွေပဲ၊ ငါသွားပြီး မြန်မြန်ဖြေရှင်းရမယ်” ဖန်ကျိရှင်းပြောလိုက်သည်။

ပညာရှိစံအိမ်တော် ဟုတ်လား။ ဒါဆိုရင် ဝူလင်းယူနဲ့တခြားသူတွေနဲ့လုပ်စရာရှိတာပေါ့။

ဖန်ကျိရှင်း၏ အမူအရာအားကြည့်ရာ တစ်ခုခုမကောင်းတော့သည့် ပုံဖြစ်နေသည်။

သို့သော် သူတို့၏ ပြီးခဲ့သည့်တိုက်ပွဲအရ သူမသည် ဝင်စွက်ဖက်ရန်မလိုပေ။ သူတို့သာ တိုက်ပွဲဖြစ်ခဲ့လျှင် သူမသည် လုံးဝရှုံးနိမ့်သွားမည်ဖြစ်သည်။

“ဒါဆို ဆရာဘယ်တော့သွားမှာလဲ” ရှီမာယူယူအင်တင်တင်ပုံစံဖြင့် မေးလိုက်သည်။

ပြီးခဲ့သည့်အတောအတွင်း သူမအား ဂရုတစိုက်သင်ပြပေးခဲ့သည်၊ အခုတော့ ရုတ်တရပ်ပင် သွားတော့မည်ဟု ပြောလာသည်၊ ရှီမာမျိုးနွယ်မှာ လူများအပြင် သူ့အား စိတ်ထဲတွင် ရင်းနှီးခဲ့ပြီဖြစ်သည်။

“မင်းကိုပြောပြီးရင် ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပြီးသွားတော့မှာ” ဖန်ကျိရှင်းပြောလိုက်သည်။

“အဲလောက်မြန်လား”

“အင်း.. အဲက အခြေအနေက အရေးကြီးနေတယ်”

“ဒါဆို ဆရာဘယ်တော့ပြန်လာမလဲ”

“ငါပြဿနာတွေကို ဖြေရှင်းပြီးရင် မင်းတောင် ဒုံချန်းနိုင်ငံကနေထွက်သွားလောက်ပြီလို့တွေးနေတာ” ဖန်ကျိရှင်းပြုံးကာပြောလိုက်သည် “ငါပြန်မလာခဲ့ရင် မင်း ရှေးဟောင်းတိုင်းပြည်ကို လာပြီး ငါ့ကိုလာရှာလိုက်၊ မင်းလိုအရည်အချင်းရှိတဲ့သူက ဘယ်သွားသွားမြန်မှာပါ”

“ရှေးဟောင်းတိုင်းပြည်…”

ထိုနေရာသည် သူနေသောနေရာဖြစ်မည်။ ပြီးတော့ သူမ မိဘများနေသောနေရာလည်းဖြစ်သည်။

All Chapters