← Chapters

အပိုင်း(၁၂၅)-ဖန်ကျိရှင်းထွက်ခွာခြင်း

Vol. 002 Ch. 125

အပိုင်း(၁၂၅)-ဖန်ကျိရှင်းထွက်ခွာခြင်း

Vol. 002 Ch. 125

“ငါက ရီလင်းတိုင်းပြည်က လူမဟုတ်တာ မင်းသိတယ်မလား၊ ငါနေတဲ့နေရာက ဒီနေရာထက်အဆင့်အတန်းမြင့်တယ်၊ အံ့ဖွယ်အဆင့်ရောက်မှ အဲနေရာကို ခရီးသွားလို့ရမှာ” ရှီမာယူယူ မှင်တက်နေသည်ကို ဖန်ကျိရှင်းမြင်သော် သူမသည် ထိုနေရာနှင့် ပတ်သတ်၍ သိချင်စိတ်များလိမ့်မည်ကို တွေးမိသည်။

“အံ့ဖွယ်အဆင့်ရောက်မှ ဟုတ်လား”

“ဟုတ်တယ်၊ ဝိညာဉ်အမြင့်ဆုံးအဆင့်အထက်တွေက အံ့ဖွယ်အဆင့်မှာပါဝင်တယ်၊ မင်း အံ့ဖွယ်အဆင့်ကို ရောက်တာက အဲနေရာမှာ အခြေခံအဆင့်ပဲရှိသေးတယ်၊ ပြောရမယ်ဆိုရင် အံ့ဖွယ်အဆင့်မရောက်ပဲ မင်းအဲနေရာကိုသေချာပေါက်သွားလို့်မရဘူး” ဖန်ကျိရှင်းပြောလိုက်သည်။

“ဆရာ… ဆရာက ကျွန်တော့်အမေနဲ့ အဖေနဲ့ကိုသိတာလား၊ သူတို့အဲနေရာမှာလား” ရှီမာယူယူ သူမမေးခွန်းအား ရုတ်တရက် အသံထွက်မေးမိသွားသည်။

ဖန်ကျိရှင်း အံ့အားသင့်သွားသည်။ သူမေးလိုက်သည် “မင်းဘာပြောလိုက်တာလဲ”

သူမအကြောင်းကို ရှီမာလိုင်ကပြောပြီးသွားပြီလား။

“ဆရာ ကျွန်တော့်ကို ထပ်ပြီးဖုံးကွယ်မထားပါနဲ့တော့၊ ကျွန်တော်အကုန်လုံးကို ခန့်မှန်းလို့ရတယ်” ရှီမာယူယူပြောလိုက်သည် “ကျွန်တော်က ရှီမာမျိုးနွယ်က ကလေးမဟုတ်ဘူး၊ ကျွန်တော့်မိဘတွေကလည်း ဒုံချန်းနိုင်ငံက လူတွေမဟုတ်ဘူး”

“မင်းအဘိုးနဲ့ တခြားသူတွေရောသိလား” ဖန်ကျိရှင်းမေးလိုက်သည်။

ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်တော်ကိုယ့်ဘာသာ တွေးတာပါ သူတို့ကို မမေးဘူး၊ ဆရာ ကျွန်တော့်အကြောင်းတွေကို သိတယ်မလား”

ဖန်ကျိရှင်း ရှီမာယူယူအားတစ်ခဏတာမျှကြည့်ပြီး သက်ပြင်းချလိုက်ကာပြောလိုက်သည် “မင်းမှန်းမိသွားပြီဆိုတော့ မင်းကိုပြောပြလည်း ရမယ်ထင်တယ်၊ မင်းက ရှီမာမျိုးနွယ်က ကလေးမဟုတ်ဘူး၊ ပြီးတော့ မင်းရဲ့ မိဘတွေကိုလည်း ငါသိတယ်”

သူမခန့်မှန်းတာမှန်သည့်အတွက် ရှီမာယူယူ မအံ့သြတော့ပေ။

“ဆရာ ဒါဆို ဆရာသိလား….” ရှီမာယူယူသည် စကားဆက်မပြောချင်သကဲ့သို့ ပြောလက်စစကားကိုတစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်သည်။

“မင်းကို ဘာလို့ ဒီနေရာကိုပို့လိုက်တာလဲလို့မေးချင်တာလား” ဖန်ကျိရှင်းမေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်သည်။ တကယ်တော့ သူမခန္ဓာကိုယ်ပိုင်ရှင်အစား မေးခြင်းဖြစ်သည်။

“တကယ်တော့ သူတို့လည်း ဒီလိုမလုပ်ချင်ခဲ့ပါဘူး၊ အဲအချိန်က အခြေအနေတွေက အရမ်းရှုပ်ထွေးခဲ့လို့ပဲ” ဖန်ကျိရှင်းသက်ပြင်းချကာ ထပ်ပြောသည် “အဲအခြေအနေကို ငါလည်းတိတိကျကျတော့ မပြောနိုင်ဘူး၊ ဒါပေမယ့် သူတို့မင်းကို ဒီမှာသာလာမထားရင် သူတို့ တကယ်အခက်အခဲတွေ့မှာကိုတော့ မင်းသိထားရမယ်”

“အင်း.. ကျွန်တော်သိပါတယ်၊ သူတို့ ကျွန်တော့်ကို မလိုချင်လည်း ကျွန်တော်သူတို့ကို မမုန်းပါဘူး” ရှီမာယူယူပြောလိုက်သည်။

သူမ ပြောလိုက်သည်ကို ကြားသောအခါ ဖန်ကျိရှင်းဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။

“ဆရာ..ဆရာက ကျွန်တော့်အဖေနဲ့အမေနဲ့က သူငယ်ချင်းကောင်းတွေလား” ရှီမာယူယူမေးလိုက်သည်။

ဖန်ကျိရှင်းအနည်းငယ်ပြုံးကာ ပြောလိုက်သည် “ဟုတ်တာပေါ့ မင်းအဖေ၊အမေနဲ့ ငါနဲ့က သူငယ်ချင်းကောင်းတွေပဲ၊ မင်းအမေနဲ့က ငယ်ငယ်ကတည်းကသိကြပြီး အတူကြီးလာတာပဲ၊ ငါတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းဘယ်သူသာသလဲဆိုတာ ပြိုင်ကြတဲ့ ပေါ့ရွှတ်ရွှတ်ကလေးတွေပဲ၊ ပြီးတော့ ငါတို့ဆက်ဆံရေးက သိပ်မကောင်းဘူး၊ နောက်တော့ ငါတို့ဟာ အချင်းချင်း အပြိုင်လိုက်နေတာကို သိပြီးတော့ ငါတို့ကြီးလာတဲ့အခါမှာ ငါတို့ရဲ့ အရင်က မကောင်းတဲ့အမှတ်တရတွေအတိုင်းထားပြီး ချစ်ချစ်ခင်ခင်နေခဲ့ကြတယ်”

ပြိုင်ဖက်နှစ်ယောက် အတူတကွကြီးပြင်းလာသည့်ပုံစံကို ရှီမာယူယူ တွေးကြည့်လို့ရသည်။

“ဒါဆို ကျွန်တော့်အမေကရော”

“မင်းအမေ….” ဝမ်းနည်းပူဆွေးမှုသည် ဖန်ကျိရှင်း၏ မျက်လုံးတွင် ဖြတ်ပြေးသွားသည်။ “သူမက အရမ်းလှတယ်၊ အင်း…. သူမက သနားကြင်နာတာမျိုးမဟုတ်ပေမယ့် သူမလူတွေအပေါ်မှာ နွေးထွေးတယ်၊ အဲအချက်ကတော့ မင်းနဲ့ မင်းအမေနဲ့က တူတယ်”

“ကျွန်တော့်အမေနဲ့ အဖေ… သူတို့အခုဘယ်မှာလဲ” ရှီမာယူယူမေးလိုက်သည်။

“သူတို့က ဘယ်သူမှမရောက်နိုင်တဲ့ နေရာတစ်ခုမှာပဲ” ဖန်ကျိရှင်းပြောလိုက်သည် “မင်းကို သူတို့မတွေ့ချင်လို့မဟုတ်ဘူး၊ သူတို့မလာနိုင်တာပဲ”

“သူတို့မလာနိုင်ဘူးဟုတ်လား၊ ဘာလို့လဲ ဆရာတောင်လာနိုင်တာပဲ သူတို့ကဘာလို့မလာနိုင်တာလဲ” ရှီမာယူယူမေးလိုက်သည်။

“အခုသူတို့ရဲ့ လက်ရှိအခြေအနေက ဆိုးနေတယ်၊ အစတော့ မင်းက ကျင့်ကြံလို့မရတော့ ဒီအကြောင်းတွေ မင်းကိုပြောပြလို့မရဘူး၊ ဒါပေမယ့်အခုတော့ မင်းက ကျင့်ကြံနိုင်ရုံတင်မဟုတ်ပဲ အဂ္ဂိရတ်ပညာရှင်လည်းဖြစ်လာတယ်၊ ပြီးတော့ တည်ဆောက်မှုသခင်ဖြစ်ဖို့အလားအလာလည်းရှိတယ်၊ မင်းကို ဒီအကြောင်းတွေပြောနိုင်သွားပြီ၊ မင်းမြန်မြန်ကြီးလာပြီး အဲနေရာကိုသွားနိုင်ဖို့ ငါမျှော်လင့်ပါတယ်၊ အဲအချိန်ရောက်မှ ဒီအကြောင်းတွေကို မင်းပိုသိလာလိမ့်မယ်” ဖန်ကျိရှင်းပြောလိုက်သည်။

တကယ်တော့ ရှီမာယူယူအား စိတ်သက်သာရာရစေရန် သူဒီနေရာသို့ရောက်ခဲ့ခြင်းဖြစ်သည်။ သူဒီနေရာသို့ရောက်ရှိချိန်တွင် သူမသည် ကျင့်ကြံနိုင်ပြီကို မထင်ထားခဲ့ပေ။

ရှီမာယူယူ ဖန်ကျိရှင်းအားကြည့်လိုက်သည်။ သူသည် စကားချန်၍ပြောသော်လည်း သူမမိဘများသည် တစ်နေရာတွင် ပိတ်မိ၍ ဒီနေရာသို့သူမအားပို့လိုက်ပြီး သူမအားလာကြည့်ရန်ပင်မဖြစ်နိုင်သည်ကို သူမခံစားမိသည်။

“ကျွန်တော် ကြိုးကြိုးစားစားနဲ့ ကျင့်ကြံပါ့မယ်”

“ယူယူ မှတ်ထားပါ၊ မင်းမှာ စွမ်းအင်ရှိတယ်၊ မင်းမှာ စကားပြောဖို့ လုပ်ပိုင်ခွင့်ရှိတယ်၊ မင်းလုပ်ချင်တာကို လုပ်လို့ရတယ်၊ မင်းနားလည်လား” ဖန်ကျိရှင်း အဓိပ္ပာယ်ပါပါပြောလိုက်သည်။

“ကျွန်တော်နားလည်ပါတယ် ဆရာ” ရှီမာယူယူ လေးနက်စွာပြန်ပြောလိုက်သည်။ ဒီအကြောင်းကို သူမအရင်ကတည်းက နားလည်ပြီးသားဖြစ်သည်။

ဖန်ကျိရှင်း ရှီမာယူယူအား ကျေနပ်စွာကြည့်လိုက်သည်။ သူမ အရည်အချင်းသည် အထက်မှ ကိုယ့်ကိုယ်ကို အထင်ကြီးသောကလေးများထက် သာသည်။ သို့သော် သူမသည် ထိုမာနကြီးသော မောက်မာသောသူများနှင့် မတူညီစွာပင်ရှိနေသည်။

အတွေးတစ်ချက်နှင့်ပင် သေတ္တာတစ်လုံးသူရှေ့တွင်ပေါ်လာသည်။ သူပြောလိုက်သည် “ဒါတွေက တစ်ခါပဲသုံးလို့ရတဲ့ ဖြတ်လမ်းတည်ဆောက်မှုတွေပဲ ဖွင့်လိုက်ရုံနဲ့ တစ်နေရာကို ပို့ဆောင်ပေးလိမ့်မယ်၊ နောက်ကို မင်းတစ်ခုခုအခက်အခဲရှိလာရင် ဒါကိုသုံးပြီးမင်းအသက်ကို ကယ်နိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ် ဆရာ” ရှီမာယူယူ ဟိတ်ဟန်မကြီးပဲ သေတ္တာအားသိမ်းလိုက်သည်။

“ပြီးတော့ ငါမင်းကို အမှတ်အသားလုပ်ပြီးမှ ထွက်သွားမလို့ ဒါရဲ့အသုံးဝင်မှုကို မင်းနောက်မှသိလိမ့်မယ် ဒီကိုလာခဲ့”

ရှီမာယူယူ ဖန်ကျိရှင်းဘေးသွားကာ ထိုင်ခုံတွင်ထိုင်ပြီး သူသည် သူမဘေးတွင်ရပ်လိုက်သည်။

ဖန်ကျိရှင်းဘာလုပ်လိုက်သလဲတော့ ရှီမာယူယူမသိပါ၊ သို့သော် သူမအသိစိတ်ထဲကို သေးငယ်သော လူတစ်ယောက်ဝင်လာသည်ကို ခံစားမိလိုက်သည်၊ ထိုပုံရိပ်သည် ဖန်ကျိရှင်းနှင့်အတော်တူသည်။

“ပြီးပြီ” ဖန်ကျိရှင်း၏ အသံသည် သူမနောက်မှထွက်လာပြီး ခြေကုန်လက်ပန်းကျနေသကဲ့သို့ဖြစ်နေသည်။

ရှီမာယူယူ မတ်တတ်ရပ်ကာ နောက်သို့ကြည့်လိုက်သည်။ ဖန်ကျိရှင်းမျက်နှာ အနည်းငယ်ဖျော့တော့နေသည်ကို မြင်သည်နှင့် သူမမေးလိုက်သည် “ဆရာ အဆင်ပြေရဲ့လား”

ဖန်ကျိရှင်း လက်ရမ်းပြကာ ပြောလိုက်သည် “ကိစ္စမရှိဘူး၊ ဒါက ဝိညာဉ်တချို့ပျက်စီးသွားရင် ဖြစ်လေ့ဖြစ်ထရှိတာပဲ၊ ငါနည်းနည်းနားလိုက်ရင် သက်သာသွားမှာပါ”

“ကျေးဇူးတင်ပါတယ် ဆရာ” ဒီလို အံ့ဖွယ်သတိကို ပေးခြင်းသည် ခန္ဓာကိုယ်အား ထိခိုက်နိုင်သည်ကို ရှီမာယူယူသိသည်။ သို့သော် သူ့အတွက်တော့ အနည်းငယ်သာ တုံ့ဆိုင်းခြင်းကိုသာဖြစ်စေသည်။ သူစိတ်ထဲတွင် သူ၏ ကြင်နာသော ကုသမှုကို အမှတ်ရနေမည်ဖြစ်သည်။

“ထပ်ပြောရမယ်ဆိုရင် ကမ္ဘာဦးရှေးဟောင်နယ်မြေတွေသွားမယ်ဆိုရင် အဆင့်နိမ့်နယ်မြေ ဒါမှမဟုတ် အလယ်ပိုင်းဒေသမှာ ဘယ်လိုအခက်အခဲပဲတွေ့တွေ့ ဒီကျောက်စိမ်းဆွဲသီးကိုသုံးပြီး သူတို့ကို အကူအညီတောင်းလိုက်၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူတို့မင်းကို အကူအညီပေးမှာပါ” ထိုသို့ပြောပြီးနောက် ဖန်ကျိရှင်းသည် ကျောက်စိမ်းဆွဲသီးကို ထုတ်ကာ ရှီမာယူယူလက်ထဲသို့ထည့်လိုက်သည်။

ရှီမာယူယူ ဖန်ကျိရှင်းအားကြည့်ပြီး လေးနက်စွာပြောလိုက်သည်။ “ဆရာ အနားယူပါတော့ ကျွန်တော် ကြိုးကြိုးစားစား ကျင့်ကြံပြီး နောက်မှ ဆရာ့ကိုလာရှာပါမယ်”

“အင်း.. ငါမင်းကို ယုံပါတယ်” ဖန်ကျိရှင်း ရှီမာယူယူ၏ ပခုံးကိုပုတ်လိုက်သည် “သွားတော့ ငါလည်း မသွားခင် ကျောင်းအုပ်ကြီးနဲ့ သွားစကားပြောရဦးမယ်”

ရှီမာယူယူခေါင်းညိတ်ကာ အခန်းထဲမှ ထွက်ခဲ့လေသည်။ ဖန်ကျိရှင်းသည် သူ့အခန်းထဲတွင် နေ့တစ်ဝက်လောက် နေခဲ့လေသည်။

အခန်းထဲမှ အလင်းသည် အနည်းငယ်မှောင်လာကာ နောက်မကျခင်ထွက်သွားရန် မတ်တတ်ရပ်လိုက်သည်။ သူတံခါးဖွင့်လိုက်သောအခါ ရှီမာယူယူသည် သူ့အားအပြင်ဘက်တွင် စောင့်နေသည်ကိုတွေ့လိုက်ရသည်။

“ယူယူလား” သူ ရှီမာယူယူအား အံ့သြစွာကြည့်လိုက်သည်။

“ကျွန်တော်ဆရာ့ကို လိုက်ပို့ချင်လို့၊ ဆရာသွားတာကြည့်ချင်လို့” ရှီမာယူယူပြောလိုက်သည်။

ဖန်ကျိရှင်းအနားယူရန် အချိန်လိုသည်ကို သူမသိသောကြောင့် တံခါးအပြင်ဘက်တွင် စောင့်နေခဲ့သည်။

ဖန်ကျိရှင်းစိတ်လှုပ်ရှားသွားပြီး သူမအားကြည့်လိုက်သည်။ အစပိုင်းတွင် သူတိတ်တဆိတ်ထွက်သွားမလို့ပင် အခုတော့ ကြည့်ဦး အဲလိုမဖြစ်နိုင်တော့ပေ။

“ဒီလိုဖြစ်လာမှတော့ ငါနဲ့လိုက်ခဲ့” ဖန်ကျိရှင်း လှည့်ထွက်သွားကာ ရှီမာယူယူအား သူ့နောက်လိုက်ခဲ့ရန် ဆွဲခေါ်သွားလေသည်။

သူတို့နှစ်ယောက်သည် ကျောင်းနယ်မြေရှိ ကျောင်းအုပ်ဆရာကြီးနေသော အိမ်သေးသေး တစ်လုံးဆီသို့လာခဲ့ကြသည်။

ဖန်ကျိရှင်းထွက်သွားမည်ကို သိသောအခါ ကျောင်းအုပ်ကြီးသည် မအံ့သြတော့ပေ။ ဖန်ကျိရှင်း တစ်နေ့ထွက်သွားမည်ကို သူသိနေခဲ့သည်။

ရိုးရှင်းစွာရှင်ပြပြီးနောက် ရှီမာယူယူနှင့် ဖန်ကျိရှင်းတို့သည် ကျောင်း၏ အနောက်ဘက်ရှိ တောင်ဆီသို့ လာလိုက်ကြသည်။

“ငါသွားတော့မယ်၊ နောက်တစ်ခါပြန်တွေ့ဖို့မျှော်လင့်ပါတယ်၊ အဲအချိန်ကျရင် မင်းငါ့ကို အံ့သြစရာကောင်းတဲ့ လက်ဆောင်ကို ပေးလိမ့်မယ်လို့ ထင်တယ်” ဖန်ကျိရှင်း ရှီမာယူယူ၏ ခေါင်းကို ပုတ်လိုက်သည်။

“ဆရာ ပျော်ရွှင်စရာကောင်းတဲ့ခရီးဖြစ်ပါစေ” ရှီမာယူယူ ဖန်ကျိရှင်းအားပြောလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ကာ သူမခေါင်းအား လွှတ်ပေးလိုက်သည်။ သူ လက်နှစ်ဖက်နောက်ပစ်ရာ သူ့နောက်တွင် ဝင်ပေါက်တစ်ခုပေါ်လာသည်။

သူ ရှီမာယူယူအား ပြုံးပြကာ လှည့်လိုက်ပြီး ဝင်ပေါက်ထဲသို့ဝင်သွားလေသည်။

All Chapters