သူဌေးလေးရဲ့ အိမ်နီးချင်းဖြစ်ဖို့ တိုက်ခိုက်ကြခြင်း..
Vol. 19 Ch. 271
ရှန်ဟိုင်းရှိ ဗီလာတစ်ခုတွင်။
လုလီဟာ ပြန်ရောက်လာခဲ့ပေမယ့် စိတ်တော့ သိပ်ကြည်မနေခဲ့ပါဘူး။ဒီနေ့က သူ့အတွက် စောက်တလွဲတွေနဲ့ ချည်းပဲ ကြုံတွေ့နေခဲ့ရတာပါ..။ဒါက ကိစ္စကြီး မဟုတ်ပေမယ့်လည်း သူ့ရဲ့ စိတ်ထဲမှာ မနေနိုင် မထိုင်နိုင် ဖြစ်နေခဲ့ပါတယ်။သူက ပြသနာတစ်ခုကို အကုန်လုံး အဆင်ပြေချောမွေ့အောင် မဖြေရှင်းနိုင်ရင်..မနေတတိတဲ့ လူစားမျိုးပါ..။
"အစ်ကို ..မျက်နှာက ဘာလို့ သုန်မုန် နေတာလဲ.."
လုလီ အိမ်ထဲကို ဝင်လိုက်တာနဲ့ ငယ်ရွယ်ပြီး ခွန်အားတွေ တက်ကြွနေတဲ့ မိန်းကလေးဟာ မေးလိုက်တာပါ။
လုလီရဲ့ မျက်နှာ ဟာ ချက်ချင်းပြောင်းပြီး ပြန်တည်ငြိမ်သွားခဲ့တယ်။သူ့အဖေက အသက်ကြီးနေပြီ ဖြစ်တာကြောငိ ဒီကောင်မလေးကို သေချာ မွန်သင်နိုင်တော့ပါဘူး..။သူမထက် ဆယ့်ငါးနှစ်လောက် ကြီးတဲ့ အစ်ကိုကြီး တစ်ယောက်အနေနဲ့ သူ့မှာ ဒီကောင်မလေး..ပညာအရည်အချငိး စုံလင်ဖို့ တာဝန်ရှိပါတယ်။
"ဘာမှ မဟုတ်ဘူး..။မင်းဘွဲ့ရပြီးသွားရင်..အဖွဲ့အစည်းမှာ အလုပ်လာလုပ်..။အစ်ကို မင်းအတွက် စီစဥ် ပြီးသွားပြီ.."
လုလီ ..ငြင်းပယ်လို့ မလွယ်တဲ့..လေသံနဲ့ ပြောလိုက်တာပါ..။
လုဖေးဖေး..သူ့ရဲ့ အစ်ကိုကြီးကို ကြည့်ပြီး ပြောလိုက်တယ်..။
"အစ်ကို သရုပ်ဆောင်နေတာ ရပ်လိုက်ပါတော့။ညီမသိတယ်..အစ်ကို ဒီနေ့ မပျော်မရွှင်ဖြစ်နေတယ် မလား..။မြန်မြန်..လာပြီး ညီမလေးကို ပြော..ဘာမတော်တဆ မူတွေ ရှိခဲ့လို့လဲ..။ဒါပေမဲ့ အဲလိုလဲ ဖြစ်စရာ မရှိပါဘူး..အစ်ကိုကြီးရဲ့ အရည်အချင်းနဲ့ ဆိုရင် ဘယ်သူမှ အစ်ကိုကြီးရဲ့ မိန်းကလေးကို ခိုးယူနိုင်မှာ မဟုတ်ဘူး..။အစ်ကိုကြီး တစ်ခုခု အမှားလုပ်ခဲ့လို့ ပဲဖြစ်မယ်..ဟုတ်တယ်မလား.."
"ကြည့်ရတာ နင်တော့ အပြစ်ပေးခံချင်နေပြီ ထင်တယ်.."
သူ့ညီမ စကားမဆုံးခင်မှာပဲ လုလီဟာ နားရွက်ကို လိမ်ဆွဲဖို့ လုပ်လိုက်တယ်..။
လုဖေးဖေးဟာ..ကြောက်ရွံ့စွာ အော်ဟစ်လိုက်တယ်.။
"အဖေ..အမေ..အစ်ကိုက သမီးကို ရိုက်နှက်ချင်နေတယ်..။ကယ်ပါဦး.."
လုလီ သူ့ညီမကို ကြည့်ပြီး အကူညီမဲ့စွာခေါင်းခါယမ်းလိုက်တယ်။
ဒီအိမ်ရဲ့ စည်းမျဥ်းတွေက အတော်ကို ထူးခြားပါတယ်။
တကယ်လို့ ကြီးမားတဲ့ ကိစ္စတွေ မရှိဘူးဆိုရင်..အကုန်လုံး ညစာတူတူစားဖို့ ပြန်လာကြရမှာပါ..။ဒါက အကုန်သဘော တူညီထားတဲ့..စည်းမျဥ်းပါပဲ..။
သူ့အဖေ ရဲ့စီစဥ်မူအတိုင်း..တစ်နေ့တာ အလုပ်လုပ်အပြီးမှာ.မိသားစုကို အချိန်ပေးပြီး တွေဖြစ်ပျက်ခဲ့လဲ ဆိုတာ ပြောပြရမှာပါ..။
ညစာစားပွဲတွင်..။
လုဖေးဖေးဟာ အများကြီး တင်းကြပ်မခံရပါဘူး..။မိသားစုရဲ့ အငယ်ဆုံး သမီးဖြစ်တာကြောင့်..သူမအဖေနဲ့ အမေက..ရတနာလေး တစ်ခုလို ဆက်ဆံကြပါတယ်..။သူမအဖေ လုလီကို ပြောတာကတော့သူသာ ညီမလေးကို ကောင်းကောင်း မဆက်ဆံရင်..သူမက တစ်ခြားမိသားစုထဲက လူနဲ့ အိမ်ထောင်ပြုသွားပြီး..ထပ်တွေရတော့မှာ မဟုတိဘူး ဆိုတာပါပဲ..။
"အဖေ..သမီးအိမ်ပြန်လာတုနိးက အစ်ကိုကြီး မပျော်မရွင် ဖြစ်နေတာ တွေ့ရတယ်နော်..။ဒီနေ့တစ်ခုခုဖြစ်ခဲ့မှာ ကျိန်းသေတယ်..။အဖေ သူ့ကို မေးခွန်းနည်းနည်း ထုတ်သင့်တယ် ထင်တာပဲ..."
လုဖေးဖေး တခစ်ခစ်နဲ့ ရယ်ပြီးပြောလိုက်တယ်..။သူ့အစ်ကိုကြီးရဲ့ စိုက်ကြည့်နေတဲ့ မျက်လုံးတွေကိုတော့ သူမလုံးဝ ဂရုမစိုက်ပါဘူး..။
လုကျုံးမင် မေးလိုက်တယ်..။
"အဲလိုလား..ဒီနေ့အခြေအနေ ဘယ်လိုရှိလို့လဲ..$
လုလီ ခေါင်းခါယမ်းလိုက်တယ်။
"အခြေအနေတွေကို ကိုယ်တွယ် နိုင်ခဲ့ပေမယ့်လည်း အကုန်လံူးတော့ အဆင်မပြေခဲ့ဘူး..။တိမ်ဖြူ့လမ်းက ဆိုင်ပိုင်ရှင်တွေ အကုန်လုံး ထွက်သွားတော့မှာ.."
လုကျုံးမင် အနည်းငယ် အံ့ဩသင့်သွားခဲ့တယ်..။
"ဘယ်လိုဖြစ်နိုင်မှာလဲ..။အခြေအနေတွေကို ကောင်းကောင်း မထိန်းချုပ်နိုင်လို့လား..."
"မဟုတ်ဘူး.."
လုလီ ပြန်ဖြေလိုက်တယ်။ယင်းနောက် သူအြခေအကုန်လုံးကို ဘာမှ မချန်ထားပဲ ရှင်းပြလိုက်ပါတယ်။
"အို့.."
လုကျုံးမင် အကုန်လုံးကို ကြားပြီး တဲ့ နောက်မှာ ဘာမှ မပြောတော့ပေ..။သို့ပေမယ့် လုဖေးဖေးဟာ ..တွေဝေချင်းမရှိပဲ စတင်ရယ်မောပါတော့တယ်။
"ဒီတော့..အစ်ကိုကြီးလို လူမျိုးတောင် ရှုံးနိမ့်လာခဲ့တယ်ပေါ့..။ဆိုင်ပိုင်ရှငိတွေကလည်း အံ့ဩစရာပဲ..ညီမတော့ သူ့ကို သဘောကျသွားပြီ..."
လုလီ စိုက်ကြည့်လိုက်တယ်..။ဒီ ခွေးမလေးက သူအရှက်ကွဲတာကို မြင်တွေ့ချင်နေတာပါ..။
"ရွေးချယ်စရာ မရှိမှတော့ လေးစားရမှာပေါ့..။အတွင်းပိုင်းတွေကို သေချာ လိုက်စစ်ဆေးပြီးပြီလား..။ဒီလို မသင့်တော်တဲ့ လူတွေက အဆက်အသွယ်တွေနဲ့ ဝင်လာပြီး..မထိုက်တန်တဲ့ ရာထူးတွေ ရထားတော့ ကုမ္ပဏီကို အတော်ဆိုးရွားစေတယ်.."
လုကျုံးမင် ပြောလိုက်တာပါ..။
လုလီ ခေါင်းညိမ့်လိုက်တယ်။
"သားသိပါတယ်..ဒါကြောင့် တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းပြီးသွားပြီ..။ဘယ်သူပဲဖြစ်ဖြစ် ဒီလို ကိစ္စမျိူး လုပ်ထားရင် ..မေးခွနိးထုတ်ခံရလိမ့်.."
လုကျုံးမင် ဘာမှ အများကြီးထပ်မပြောတော့ပေ..။စီးပွားရေးကို သူ့သားဆီ လွှဲပေးပြီးပြီဆိုတော့..သူအများကြီး ဝင်မပါသင့်ပါဘူး..။သူ့သား လမ်းကြောင်းမမှားအောင် ထိန်းပေးထားဖို့ပဲ လိုအပ်တာပါ..။
…
ညအချိန်..။
လင်းဖန် သူ့အခန်းရှေ့ကို ရောက်တဲ့ အချိန်မှာ သူနဲ့ မျက်နှာချင်းဆိုင် အခန်းမှာနေတဲ့ ကလေးဟာ ခေါင်းငုံ့ပြီး ဖုန်းဆော့နေတာ မြင်တော့ စိတ်ပူသွားခဲ့တယ်..။
"အရမ်းနောက်ကျနေပြီလေ..မင်းက လို အပြင်ဘက်မှာ မတ်တတ်ရပ်နေတာလဲ."
လင်းဖန် စိုးရိမ်တဲ့ လေသံနဲ့ မေးလိုက်တာပါ..။
ဂျူနီယာ အထက်တန်းကျောင်းက ကောင်လေးဟာ ခေါင်းကို မော့လာပြီး ပြန်ဖြေလိုက်တယ်။
"ကျွန်တော်..စားမေးပွဲကို ကောင်းကောင်းမဖြေနိုင်လို့ မိဘတွေ ကျောင်းကိုသွားတွေ့ရတယ်လေ..ဒါကြောင့် အမေက အပြင်မှာ မတ်တတ်ရပ်ပြီး နံရံကို ကြည့်ခိုင်းပြီး အပြစ်ပေးထားတာ.."
လင်းဖန် ရယ်လိုကိတယ်။ကြည့်ရတာ ဒီကလေးက သူစာမေးပွဲ ရလာဒ္မကောင်းတာကို..စိတ်ညစ်တဲ့ပုံမရှိပါဘူး..။သူက ဖုန်းတောင် ဇိမ်ကျကျ သုံးနေပါသေးတယ်..။
"အရမ်းနောက်ကျနေပြီလေ..။မင်းအနားယူသင့်တယ် .ဘာလို့ ငါ့အိမ်ထဲမှာ လာမအိပ်တာလဲ.."
လင်းဖန် ဘာရည်ရွယ်ချက်မှ မရှိပဲ ပြောလိုက်တာပါ..။
သို့ပေမယ့် အဲ့အချိန်မှာပဲ ကလေးဟာ ရုတ်တရက် ကြောင်အသွားခဲ့တယ်။ယင်းနောက် သူ့ဖုန်းကို ပိတ်ပြီး ခေါင်းကိုမော့ကာ..လင်းဖန်ရဲ့ အကြည့်အောက်မှာပဲ တံခါးကို ပြင်းထန်စွာ ထုလိုက်တယ်..။
"အမေ ..တံခါးဖွင့်ပါဦး..။သားမှားမှန်း သိပါပြီ.."
လင်းဖန် ကြောင်အသွားခဲ့တယ်။
ဘာတုန်းဟ....
ကလေးဟာ ဖုန်းထဲကနေ သူနဲ့ အခြေနေတူတဲ့ သတင်းတစ်ပုဒ္ကို ဖတ်လိုက် မိတာပါ..။တစ်ခြားကလေးကလည်း အိမ်အပြင်ဘက် မှာ အပြစ်ပေးခံနေရတာဖြစ်ပြီး..လူပြီးတစ်ယောက်ဟာ..ကောင်လေးကို လိမ်လည်ပြီး အိမ်ထဲခေါ်သွားခဲ့တယ်..။ပြီးတော့ သူလုပ်ခဲ့တာက...
ကော်ရစ်ဒါရဲ့ မီးရောင် မှိန်ပြပြအောက် မှာ ကောင်လေးဟာ လင်းဖန်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ ထင်နေခဲ့တာပါ..။
သူဟာ အစကတော့ အပြင်ဘက် မှာအေးဆေး မတ်တတ်ရပ် ဖုန်းသုံးနေပြီး..သူ အိပ်ချင်လာမှ အမှားကို ဝန်ခံဖို့ လုပ်နေတာပါ။သို့ပေမယ့် အခုချိန်မှာတော့ သူ အန္တရာယ် ကျရောက်လာခဲ့ပါပြီ..။
.
လင်းဖန် ဆွံ့အသွားခဲ့တယ်။သူ ဘာမှ ထပ်ပြောမနေတော့ပဲ တံခါးကို ဖွင့်ကာ အိမ်ထဲ ဝင်သွားလိုက်ပအတော့တယ်။
ယင်းနောက် သူ တံခါးကိုမှီပြီး..တိတ်တဆိတ်နားထောင်နေခဲ့ပါတယ်။ကောင်လေးရဲ့ အခန်းတံခါးဟာ အမှန်တကယ် ပွင့်လာခဲ့တယိ။ယင်းနောက်..ခွေးသားလေးဟာ ..သူ့ကို လူတစ်ယောက်က အိမ်ထဲလိုက်ခဲ့ဖို့ လိမ်ခေါ်တယ်ဆိုပြီး အော်ငိုပါတော့တယ်..။
လင်းဖန်.."......"
နောက်တစ်ရက်။
ထျန်ဟောင်စီးပွားရေးလမ်း။
သူတို့ ရွေ့ပြောင်းလာကြတဲ့ အတွက် ပုံမှန်အားဖြင့် လုပ်စရာတွေ အများကြီးရှိနေခဲ့ပါတယ်။လင်းဖန်ဟာ ဆိုင်ပိုင်ရှင်တွေနဲ့ အတူ..ထျန်ဟောင်စီးပွားရေး လမ်းကို လာကြည့်ခဲ့တယ်။
အကြီီးအကဲ လိန်ဟာ ကြည့်လိုက်ပြီး..
"ဒါတကယ် မဆိုးဘူး..။အသစ်ဆောက်ထားတဲ့ ပတ်ဝန်းကျင်က တကယ်ကိုကောင်းတယ်..တိမ်ဖြူလမ်းထက် သာတာပဲ..."
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"တကယ်ပဲ ဘေးနားမှာလည်း လူနေထူထပ်တာပဲ..။တည်နေရာက တကယ်မဆိုးဘူး..။တိမ်ဖြူ့လမ်းက..ပြောင်းလာတာက တကယ်ဆုံးရှုံးမူ မဟုတ်ဘူးပဲ..။ပြီးတော့ သူဌေးလေးကလည်း ဒီမှာ ဆိုတော့..ငါတို့ စိတ်ပူစရာ အကြောင်း မရှိတော့ဘူး.."
အစ်မဟောင် ပြုံးလိုက်တယ်..။
"ဒီကို ပြောင်းလာတာက ဘဝအသစ်ကို ရွေ့လိုက်သလိုပဲ.."
ဟောင်ဘင်ဟာ သူတို့ နောက်က လိုက်လာပြီး ပြုံးကာပြောလိုက်တယ်..။
"မာစတာ လင်း..ဒါက အဆင်ပြေတယ် မလား..."
လင်းဖန် တည်နေရာကို ကြည့်ကာ ပြုံးလိုက်တယ်။
အကြီးအကဲ ဟောင် ပြောလိုက်တယ်..။
"မာစတာ လင်း..ကျွန်တော် မနေ့က.အဖြစ်အပျက်ကို သိပြီးပါပြီ..။တကယ် လေးစားမိတယ်..။အကြီးအကဲ လုက ဒီလိုမျိုး အကောင်းဆုံး ကမ်းလှမ်းတာတောင်..ဆက် မနေဖို့ ဆုံးဖြတ်လိုက်တယ်..။အခုလို ကျွန်တော်တို့ နေရာကို ပြောင်းလာတာကတော့ ချီမင် အဖွဲ့အစည်းရဲ့ ဂုဏ်ယူစရာပါပဲ.."
"အရမ်းယဥ်ကျေးနေပြန်ပြီ..အကြီးအကဲ ဟောင်..။ဒါပေါ့..သဘောတူပြီးပြီ ဆိုမှတော့ ကျွန်တော် ဘယ်စိတ်ပြောင်းပါ့မလဲ.."
အကြီးအကဲ ဟောင် ရယ်မောပြီးပြောလိုက်တယ်..။
"မာစတာ လင်း ကတိတည်တယ်ဆိုတာ့..ကျွန်တော်လည်း အကောင်းဆံူးကြိုးစား ရမှာပေါ့..။ကျွန်တော်တို့ စာချုပ်တွေပါယူလာတယ်..။ပြီးတော့ ဆိုင်ပြင်ဆင်မယ့် ကုမ္ပဏီ မရှိသေးဘူးထင်လို့ ရွေးစရာ ကုမ္ပဏီ နည်းနည်းလည်း ယူလာပေးထားတယ်.."
"တကယ်အကြံကောင်းပဲ အကြီးအကဲ ဟောင်.."
လင်းဖန် ယဥ်ကျေးစွာ ပြောလိုက်တာပါ..။ဆိုင်ပြင်ဆင်တာက အချိန်တစ်ခု ကြာဦးမှာဖြစ်ပြီး နေ့ချင်းညချင်း ပြီးမှာ မဟုတ်ပေ..။ဒါက အနည်းဆုံး လဝက်လောက်ကြာမှာပါ။
အကြီးအကဲ လိန်..မေးလိုက်တယ်..။
"သူဌေးလေး..ဆိုင်နေရာလေး ရွေးလိုက်ပါဦး..."
လင်းဖန် ဆိုင်နေရာရွေးဖို့ လုပ်လိုက်တဲ့ အချိန်မှာ ဆိုင်ပိုင်ရှင်တွေဟာ အနီးကပ်စောင့်ကြည့်နေခဲ့ကြတယ်။သူတို့ သူဌေးလေးရဲ့ အိမ်နီးချင်းဖြစ်ဖို့ အကောင်းဆုံး တိုက်ခိုက်ကြရတော့မှာပါ..။
လင်းဖန်..သူရှေ့က အခြေအနေကိုကြည့်ပြီး..နားလည်လိုက်တယ်.။ယင်းနောက် ရယ်လိုက်ပြီး..
"အလယ်က..တစ်ခုရွေးမယ်ဗျာ.."
အဲ့အချိန်မှာပဲ ဆိုင်ပိုင်ရှင်တွေဟာ အလုပ်သမားတွေရဲ့ လက်ကိုဆွဲပြီး..မာစတာ လင်းရဲ့ ဆိုင်နားမှာ ငှားရဖို့ ကြိုးစားလိုက်ကြတယ်။
အကြီးအကဲ ဟောင်ဟာ မြင်ကွင်းကိူကြည့်ပြီး အတော်အံ့ဩသွားခဲ့တယ်။မာစတာ လင်းက ဒီလောက်အထိ ပေါ်ပြူလာဖြစ်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
ပထမနေ့မှာပဲ ဆိုင်တွေ အကုန်ငှားရမ်းနိုင်ခဲ့ပါတယ်။
ဒါက နှစ်ဖက်စလုံး အနိုင်ရတဲ့..အခြေအနေပါပဲ။
ဒါက အကြီးအကဲ ဟောင်ရဲ့ ကြိုးစားအားထုတ်မူကြီးပါ..။
စာချုပ်တွေ လက်မှတ်ထိုးလိုက်တယ်။
သူတို့ အကုန်လုံး သုံးနှစ်စာချုပ် ချုပ်လိုက်ကြတာပါ..။
ပြီးတော့ စာချုပ်မှာလည်း..ဘာသေးငယ်တဲ့ အခြေအနေမှ ..မတော်တဆမူမှ မဖြစ်စေရဘူးဆိုတဲ့ အာမခံချက်ကို ရေးပေးထားခဲ့တယ်။