← Chapters

ငါတော့ ..စည်းရုံးသိမ်းသွင်းခံလိုက်ရပြီ...

Vol. 19 Ch. 276

ငါတော့ ..စည်းရုံးသိမ်းသွင်းခံလိုက်ရပြီ...

Vol. 19 Ch. 276

ပစ္စည်းတွေ အကုန်လုံးကို...ဘေးကို ရွေ့လိုက်တယ်..။ပွဲကြည့်မယ့် လူတွေကတော့ ဘေးဘက်မှာ အဆင်သင့့်ဖြစ်နေကြပါပြီ..။ဒီဧည့်ခံပွဲကို လာကြတဲ့ လူတွေ အကုန်လုံး..ဒီနေရာမှာ စုဝေးနေကြပါတယ်.။

အ​ခြေအနေဟာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယိ။

ကျို့ကျို့ ပြောလိုက်တယ်..။

"အကောင်းဆုံး ကြိုးစားပါ မာစတာ လင်း..။ကျွန်မတို့ ရှင့်ကို ယုံကြည်တယ်.."

လင်းဖန် ရယ်မောလိုက်ပါတယ်..။လူတိုင်းဟာ အ​လောင်းအစား ဘယ်လိုဖြစ်လာမလဲ ဆိုပြီး..စိတတ်ဝင်စားနေကြတာပါ.။

ဟီချန်းဟန်..တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့တယ်..။သူ ဗေဒင်ပညာကို မယုံကြည်တဲ့အတွက်..ဒီ အလောင်းအစားမှာ..အနိုင်ရမှာ သေချာပါတယ်..။

တစ်ချို့ကြည့်ဖို့ ရောက်လာတဲ့ လူတွေဟာ..ဗေဒင်ပညာဆိုတဲ့ စကားကို ကြားတဲ့ အချိန်မှာ...ရယ်မောလိုက်ကြတယ်။သူတို့ တစ်ခြား ဘာမှစိတ်ထားမရှိပေမယ့် ရယ်မောဖို့ပဲ တတ်နိုင်ပါတော့တယ်။

သိုပေမဲ့ အကြီးအကဲ ဂျင်ပါ မာစတာ လင်းကို ယုံကြည်နေတာကတော့ သူတို့ကို နည်းနည်း အံ့ဩသင့်စေပါတယ်။

အကြီးအကဲ ဂျင်က ဒီလိုကိစ္စတွေကို ဘယ်လိုဖြစ်ပြီး ယုံကြည်သွားတာလဲ...

ဟီချန်းဟန်..ပါးစပ်ဟပြီး ပြောလိုက်တယ်..။

"ကောင်းပြီ..စလိုက်ကြရအောင်.။ခနနေရင်တော့ ငါတို့..ပွဲကောင်းကောင်း ကြည့်တော့မှာပဲ.."

လင်းဖန် ရယ်မောလိုက်တယ်..။ယင်းနောက် သူ ဟီချန်းဟန်ကို သေချာဂရုတစိုက်ကြည့်လိုက်တယ်။စွယ်စုံကျမ်းရဲ့ အကူအညီ နဲ့ သူ ဘာအခက်အခဲမှ မရှိပဲ ကြည့်လိုက်နိုင်ပါတယ်..။

"ဟီချန်ဟန်..45..။ဂျင်တန်ယန်..တောင်ကုန်းမြို့..။ဟီတန် ရွာ..."

လင်းဖန်..စတင်ပြီးပြောလိုက်ပါတယ်..။

ဟီချန်းဟန် ပြုံးလိုက်တယ်..။

"ဒါက သိပ်မများပါဘူး..။ငါရဲ့ မွေးရပ်မြေကို သိတဲ့ လူတွေက အများကြီးပဲ..."

လင်းဖန်..ပြောလိုက်တယ်...။

"အရမ်းစိတ်မရှည်မဖြစ်ပါနဲ့..။ဒါက အစပိုင်းပဲ ရှိသေးတယ်လေ..။ဖြည်းဖြည်းချင်း စတင်ကြတာပေါ့.."

"ကောင်းပြီ..အေးဆေးပေါ့.."

ီဟီချန်းဟန် ရယ်မောပြီး ပြောလိုက်တာပါ။သူက အေးဆေးဖြစ်နေပြီ ဘာစိတ်ပူပန်မူမှ သူ့မှာ မရှိပါဘူး..။သူ ဒီမာစတာ ကို အေးအေးဆေးဆေး စကားပြောစေမှာ ဖြစ်ပြီး တကယ်လို့ သူသာ .ဟီချန်းဟန်ကို..သိမ်းသွင်းနိုင်ရင်..စစ်မှန်တဲ့..ကျွမ်းကျင်မူတစ်ခု အဖြစ် အသိအမှတ်ပြုရမှာပါ..။

ကျို့ကျို့နဲ့ ကျနိတဲ့ လူတွေဟာ..အသက်တောင် မရူပဲ..စိတ်ထဲကနေ မာစတာ လင်းကို..အားပေးနေခဲ့တယ်။သူတို့ မာစတာ လင်းကို အများကြီး မျှော်လင့်ထားပြီး ယုံလည်း ယုံကြည်ထားကြပါတယ်။

ဘေးနားက လူအုပ်ကြီးဟာ..စိတ်ဝင်စားစွာ နားထောင်နေခဲ့တယ်။သူတို့ ဒီလိုပျော်စရာကောင်းတဲ့ အလောင်းအစားမျိုး မတွေ့ခဲ့ဖူးပါဘူး..။တစ်ချို့လူတွေဟာ မတ်တတ်ရပ် ကြည့်နေပြီး ..တစ်ချို့လူတွေက ထိုင်ကာ စောင့်ကြည့်နေကြပါတယ်။

အဲ့အချိန်မှာပဲ လင်းဖန် ဆက်ပြောလိုက်တယ်..။ဒါပေမဲ့ သူတို့ကို အံ့ဩစေတဲ့အရာက မာစတာ လင်းက အစ်ကိုဟီ ရဲ့ ငယ်ဘဝအကြောင်းကို ပြောလာခဲ့တာပါ..။

"အသက်တစ်နှစ် အရွယ်မှာ ခင်ဗျား ဦးနှောက်ရောင်ရမ်းတဲ့ ရောဂါကို ခံစားခဲ့ရတယ်..။ခင်ဗျားတို့ မိသားစုက သိပ်အဆငိမပြေတော့...ခင်ဗျားရဲ့ အခြေအနေကို ကြည့်ပြီး အသေချာမရေရာမူတွေရှိခဲ့တယ်။ခင်ဗျား မိသားစုထဲက တစ်စုံတစ်ယောက်က ခင်ဗျားကို ဆက်ပြီး မကုသဖို့ တိုက်တွန်းပေမယ့် လည်း အဆုံးမှာ ခင်ဗျားကို သူတို့ ကုသဖို့ ဆုံးဖြတ်ခဲ့ကြပြီး..ကောင်းအောင် ပြန်ကုပေးခဲ့ကြတယ်.."

"ခင်ဗျား မျက်နှာပေါ်မှာ အမာရွက်သေးသေးလေး ရှိနေတယိ တွေ့လား..။အဲတာက ခင်ဗျား အသက်နှစ်နှစ် အရွယ်တုနိးက သစ်ပင်ပေါ်တက်ရင်းကနေ ပြုတိကျလို့ ရလာခဲ့တာပဲ.."

ယင်နောက် လင်းဖန်ဟာ ထပ်ကာထပ်ကာ​ ပြောနေခဲ့တယ်..။လူအုပ်ကြီးရဲ့ အမူအရာကတာ့ အံ့ဩတဲ့ အမူအရာကို ပြောင်းနေလာခဲ့ပါပြီ။ဒီစကားလုံးတွေက အစစ်အမှန်အတိုင်းဖြစ်ပြီး..ဒီကောင်းက ပုံပြင်တွေ ဖန်တီးရတာ တကယ်တော်တာပါ။

"ခင်ဗျား လေးနှစ်အရွယ်မှာ မတော်တဆမူတစ်ခုဖြစ်ခဲ့တယိ..။အဲတာက ခင်ဗျား ရွာမှာရှိတဲ့ အိမ်သာတွင်းထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တာပဲ။ကံကောင်းချငိတော့ ခင်ဗျားကို အချိန်မှီပြန်ရှာတွေ့ပြီး ကယ်ဆယ်နိုင်ခဲ့ကြတယိ.."

*ဟင်*

အဲ့အချိန်မှာပဲ..လူတိုင်းဟာ မထိန်းနိုင်တော့ပဲ စတင်ရယ်မောကြပါတော့တယ်။

ဒါက အတော်ကို ရယ်စရာကောင်းလှတာပါ..။

သူတို့ မတော်တဆမူဖြစ်လို့ လူတွေ သေမလို့ ဖြစ်တာတွေကို ကြားဖူးပေမယ့်..အိမ်သာတွင်းထဲကျလို့..သေမလို ဖြစ်တာကိုတော့ အခုမှကြားဖူးကြတာပါ။

သို့ပေမယ့် လူအုပ်ကြီးဟာ အနည်းငယ်တော့ သိချင်စိတ်ဖြစ်မိကြတယ်..။

ဒါက အမှန်တရားလား..လုပ်ကြံပြောနေတာလား..

အစ်ကို ဟီရဲ့ ဘဝက အဆင်ပြေ ချောမွေ့နေရမှာလေ.။ဘာလို့ သောက်ကျိုးနဲ မတော်တဆ မူတွေ အရမ်းများနေရတာလဲ....

သူတို့ အစ်ကို ဟီရဲ့ အမူအရာကို ကြည့်တဲ့ အချိန်မှာ အနည်းငယ် ထိုင်းမှိုင်းနေတာကို တွေလိုက်ရတယ်..။သူ့ကြည့်ရတာ ပျော်ရွင်တဲ့ ပုံမပေါက်တော့ပါဘူး....။

ဒီငနဲ စည်းကျော်နေလို့ များဖြစ်နိုင်မလား...

သို့ပေမယ့် ဒီလိုလည်း မဖြစ်နိုင်ပါဘူး..။အစ်ကိုဟီက အမြဲတမ်း အေးအေးဆေးဆေးရှိပြီး ခွင့်လွှတ်ပေးတတ်တဲ့ လူပါ။သူ ရယ်စရာနဲ့ တွေ့တဲ့ အချိန်ဆို ရယ်လိုက်ပြီး..ဘာမှ လေးလေးနက်နက် သိပ်မတွေပေ။

လင်းဖမ် ဟီချန်းဟန် ရဲ့ မျက်နှာကို သေချာ ထပ်ကြည့်လိုက်ပြီး အရေးပါတဲ့ အချက်အလက်တွေကို ထပ်မှတ်ထားလိုက်တယ်။

"ခင်ဗျား ဘဝရဲ့ အပြောင်းအလဲက အသက် ၁၇ နှစ်မှာ ဖြစ်ပေါ်လာခဲ့တာပဲ..။ခင်ဗျားရဲ့ မိသားစုက..သိပ်အဆင်မပြေတော့ ခင်ဗျား ရှန်ဟိုင်းကို တက်လာပြီး စစ်တပ်ထဲဝင်ဖို့ လုပ်ခဲ့တယိ။ခင်ဗျား စာဖိုဆောင်မှာ အလုပ်လုပ်ရင်း.စွမ်းဆောင်နိုင်စွမ်းတွေရှိတော့ စာဖိုဆောင် ခေါင်းဆောင်ဖြစ်လာခဲ့တယ်..."

"ခင်ဗျား..အသက် ၂၀ မှာ စစ်တပ်ထဲကနေ ထွက်ပြီး..စီးပွားရေး နယ်ပယ်မှာ နှစ်အနည်းငယ် ကျင်လည်လာခဲ့သေးတယ်..။ရန်ပွဲ အနည်းငယ်မှာ ပါဝင်ပြီး..ရဲစခန်း ရောက်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတယ်.."

ဟီချန်းဟန် ရဲ့ အမူအရာဟာ ​ပိုပိုပြီး ပြောင်းလဲလာခဲ့တယိ။သူ့ရဲ့ အသက်ရူမူတွေက အနည်းငယ် မြန်လာပြီး..ကြောက်လည်း ကြောက်နေခဲ့ပါတယ်..။ရုတ်တရက်..သူ့ရဲ့ နှလုံးခုန်သံ မြန်နေတာကို သူသတိထားမိလိုက်ပါတယ်။

လူအုပ်ကြီးကတော့ ရယ်မောနေခဲ့တယိ။

"အစ်ကိုဟီရဲ့ သမိုင်းကြောင်းက ဒီလောက် ဆနိးကြယ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..."

"ဒါက အမှန်လား အမှားလား..။ကြားရတာတော့ မယုံနိုင်စရာပဲနော်..။အစ်ကိုဟီက လူကောင်းတစ်ယောက်လေ..ဒီလို မကောင်းတဲ့ အရာတွေကို လုပ်ပါ့မလား.."

"ဒီဟာတွေက မဟုတ်လောက်ဘူးနော်..။ငါတော့ ထပ်ပြီး မယုံကြည်တော့ဘူး.."

"အစ်ကိုဟီကိုကြည့် လိုက်ဦး..။တော်တော် စိတ်ဆိုးနေပြီ..။ငါတို့ သူတို့ကို ကစားနေတာ ရပ်တန့်ဖို့ ပြောလိုက်ရင် ကောင်းမလား..။တကယ်လို့ အရူပ်အထွေးတွေ ဖြစ်လာရင် သိပ်မကောင်းဘူးနော်..."

…

လူအုပ်ကြီးဟာ အစ်ကိုဟီ ရဲ့ အမူအရာကို ကြည့်ပြီး ပြောလိုက်တယ်..။

"အစ်ကို ဟီ...ဆက်ပြီး မကစား..."

ဟီချန်းဟန် လက်ဝေ့ယမ်းလိုက်ပြီး...

"ဆက်ပြောပါ..."

လင်းဖန် တည်တည်ငြိမ်ငြိမ်ပဲ ထပ်ပြောလိုက်တယ်.။

"နောက်ထပ်..ဘဝအပြောင်းအလဲက အမြန်ဖြစ်ပေါ်လာခဲ့တာပဲ..။အသက် ၂၅ နှစ်မှာ..ခင်ဗျား..ကလေးအရုပ် စျေးကွက်ကို ရှာတွေ့ခဲ့တယ်..။ခင်ဗျား သူငယ်ချင်းတွေ ဆီက ပိုက်ဆံချေးပြီး ရင်းနှီးမြုပ်နှံခဲ့တယ်..၁ နှစ်ကြာပြီး နောက်မှာ..ခင်ဗျားက လိမ်ညာပြီး အလုပ်လုပ်ခဲ့တော့..စီပွားရေး ကျရှုံးပြီး အရာရာဆုံးရှုံးသွားခဲ့တယ်.."

"အသက် ၂၇ မှာ..."

"အသက် ၂၈ မှာတော့."

"အသက် ၂၉ မှာ..."

…

"အသက် ၄၅ နှစ်မှာ.."

အဲ့အချိန်မှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေခဲ့တယ်။တစ်ယောက်ထဲသော စကားပြောနေတဲ့ လူက လင်းဖန်ပါ။

ဘေးနားမှာ ရှိနေတဲ့ ပရိတ်သတ်တွေ အကုန်လံူး ဆွံ့အနေခဲ့ကြတယ်။သူတို့ မာစတာ လင်းကို ယုံကြည်နေကြတာ မဟုတ်ပါဘူး..ဒါပေမဲ့ သူပြောသွားတဲ့ ဘဝ ဇာတ်ကြောင်းက ပြည့်စုံလွန်းနေလို့ အံ့ဩနေခဲ့ကြတာပါ..။ဒီက ဇာတ်ကား တစ်ကားကို ကြည့်နေရသလို ဖြစ်ပြီး ဘဝရဲ့ အနိမ့် အမြင့် အတွေ့အကြုံတွေ စုံလင်နေခဲ့ပါတယ်..။ဒီလိုမျိုးက သာမန်လူတစ်ယောက် ပြောနိုင်တဲ့ အရာမဟုတ်ပါဘူး.။

အထူးသဖြင့် အသက် ၃၀ ဝန်းကျင်မှာ..ပြောသွားတဲ့ အကြောင်းအရာပါ..။မာစတာ လင်းပြောတာက အစ်ကိုဟီ..ဟာ စိတိဓာတ်ကျလွန်းလို့..တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုကို သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်..။ဒါက သိပ်တော့မဖြစ်နိုင်ပါဘူး..။အစ်ကိုဟီက အကောင်းမြငိတတ်တဲ့ လူဖြစ်ပြီး ဒီလိုလုပ်ဖို့ ဆိုတာ မဖြစ်နိုင်ပေ..။

"ကျုပ် လည်ချောင်းတွေတောင် ခြောက်နေပြီ.."

လင်းဖန် သူသောက်နေတဲ့ ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်တယ်..။ယင်းနောက် သူ ဟီချနး်ဟန်ကို ကြည့်လိုက်ပြီး...

"ခင်ဗျား သိမ်းသွင်းခံရပြီလား.."

ဟီချန်းဟန်ဟာ ပျော်လည်းမပျော်သလို..စိတ်လည်း မဆိုးပါဘူး..။သို့ပေမယ့် သူကြောက်လန့်နေခဲ့တာပါ..။

သူ့ရှေ့မှာ ရှိနေတဲ့ လူငယ်လေးဟာ အတော်ကြောက်လန့်ဖို့ ကောင်းတယ် ဆိုတာ..သိလိုက်ရတယ်..။အထူးသဖြင့် တည်ငြိမ်တဲ့ အမူအရာတွေပါ..။ဒါက ဟီချန်းဟန်ကို လူသားတစ်ယောက်နဲ့ ဆုံတွေ့နေ တာမဟုတ်ပဲ...သူ့နောက်မှာ အမြဲတမ်းစောင့်ကြည့်နေတဲ့ အရိပ်တစ်ခု နဲ့ ကြုံတွေ့နေရသလို ခံစားနေရတာပါ။

လူအုပ်ကြီးဟာ မာစတာ လင်းကိုကြည့်လိုက်ပြီး အစ်ကိုဟီကို ပြန်ကြည့့်ိလိုက်တယ်။ဘာတွေဖြစ်ပျက်နေပြီလဲ သူတို့ နားမလည်နိုင်တော့ပါဘူး..။

ဒါက အစစ်အမှန်လား..အလိမ်အညာလား..။အလိမ်အညာဖြစ်နိုင်ခြေကတော့ ပိုပြီးများပါတယ်။ဘာပဲဖြစ်ဖြစ် လင်းဖန်သာ ဒါတွေ အကုန်လုံးကို သိ​ေနရင် နတ်ဘုရား ဆန်လွန်းနေပါပြီ..။

လင်းဖန် ပြုံးလိုက်တယ်..။

"အကြီးအကဲ ဟီ..တစ်ခုခုပြောပါဦး..။ယုံကြည်နေပြီလား.."

ဟီချန်းဟန်ဟာ ပြန်မဖြေပဲ..ကြောက်လန့်တဲ့ အသံနဲ့သာ ပြန်မေးလိုက်တယ်..။

"မင်းက ဘယ်သူလဲ.."

သူ့ လက်ရှိအနေအထားက အတော်ကို ကြောက်ဖို့ကောင်းနေတာပါ..။သူ့တစ်ဘဝလံူးကို ဒီကောင်လေးက ရှင်းရှင်းလင်းလင်း သိနေခဲ့တာပါ..။ဒါက အရာရာတိုင်းကိုပါပဲ..။

ဘယ်လောက် ကြောက်စရာကောင်းလဲ...

ဘယ်လောက် ထိတ်လန့်ဖို့ ကောင်းလဲ...

လင်းဖန် ပြုံးလိုက်တယ်..။

"သာမန် လူတစ်ယောက်ပါပဲ..."

ဟီချန်းဟန် တစ်ခုခုပြောလိုက်ချင်ပေမယ့် လည်း သူ့ပါးစပ်က ပွင့်မလာခဲ့ပါဘူး..။

လေထုဟာ စိုးရိမ်ပူပန်မူတွေနဲ့ ပြည့်နေခဲ့တယ်။

"ကောင်းပြီ ကောင်းပြီ..ကစားတာလုံလောက်ပြီ..။ဒီကိစ္စကို မေ့လိုက်တော့...။ငါတို့ တစ်ခြား အကြောင်းအရာကို ပြောကြရအောင်.."

တစ်ချို့လူတွေဟာ လေထု မတည်မငြိမ်ဖြစ်လာတာကို သတိထားမိလိုက်ပြီး..အကြောင်းအရာကို ပြောင်းဖို့ လုပ်လိုက်ကြတယ်။သူတို့က..ပျော်စရာ ပါတီပွဲကို ကျင်းပနေတာဖြစ်ပြီး..စိတ်အနှောက်မယှက် ဖြစ်စေတဲ့ အရာကို အတင်းလုပ်နေဖို့ မလိုပါဘူး..။

သို့ပေမယ့် တစ်ချို့ လူတွေကတော့ ဒါ အမှန်လား အမှားလား ဆိုတာ သိချင်နေကြပါတယ်။

"အစ်ကို ဟီ တစ်ခြား အကြောင်းပြောကြရအောင်။ဒါက နောက​်ပြောင်နေကြတာပါ..အရမ်းကြီး အလေးအနက်တွေးဖို့ မလိုပါဘူး..."

လူအုပ်ထဲက လူတစ်ချို့ဟာ အကြံဥာဏ်ပေးလိုက်ကြတယ်..။

"ဟုတ်တယ်...မာစတာ လင်းက .အစ်ကို မင်ယန်ရဲ့ သူငယ်ချင်းကောင်းဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး..။သူ ပုံပြင်ဖန်တီးနိုင်တဲ့ စွမ်းရည်က တကယ်ပထမတန်းစားပဲ..။သူ အကောင်းဆုံး ဇာတ်ညွှန်းရေးဆရာတောင် ဖြစ်နိင်တယ်နော်..."

…

ဟီချန်းဟန် လက်မြောက်လိုက်တဲ့ အချိန်မှာ အကုန်ညိမ်သွားခဲ့ကြတယ်။သူ လင်းဖန်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းက ဖြည်းဖြည်းချင်း လှုပ်လာခဲ့ပါတယ်။ခိုင်မာတဲ့ လေသံနဲ့ပဲ..သူ မယုံကြည်နိုင်စွာပြောလာခဲ့တယ် ။

"ငါ ရှုံးသွားပြီဆိုတာ ဝန်ခံပါတယ်..။ဒါပေမဲ့ ဒီကိစ္စတွေကို မင်းဘယ်လို သိနေတာလဲ..."

ရုတ်တရက်..။

တစ်နေရာလုံး တိတ်ဆိတ်သွားခဲ့တယ်။

All Chapters