← Chapters

သူက ကစားပြီဆိုရင်အမြဲတမ်း လေးလေးနက်နက်ပဲ ကစားတယ်

Vol. 19 Ch. 277

သူက ကစားပြီဆိုရင်အမြဲတမ်း လေးလေးနက်နက်ပဲ ကစားတယ်

Vol. 19 Ch. 277

ဟီချန်းဟန် ဘက်ကနေ လောင်းကြေးထပ်ထားတဲ့ လူတွေအကုန်လုံး ကြောင်အသွားခဲ့တယ်။

လင်းဖန်ရဲ့ ဘက်မှာ ရှိနေကြတဲ့ လူတွေလည်း ကြောင်အသွားခဲ့ကြပါတယ်။

လီဟောင်ဟာ ဆွံ့အနေခဲ့တယ်။

ဂျင်ယန်မင် ကတော့ အံ့ဩနေခဲ့ပါပြီ။

ကျို့ကျို့ဟာ ဆွံ့အနေတဲ့ မျက်နှာအမူအရာနဲ့ လင်းဖန်ကို စိုက်ကြည့်နေခဲ့တယ်။

သူတို့ မာစတာ လင်းကို ယုံကြည်ပေမယ့်လည်း မာစတာ လင်းက အစောပိုင်းတုန်းက ပုံပြင်တွေ ပြောနေခဲ့တာပါ..။သူ အစ်ကိုဟီ ရဲ့ ဘဝကို အစပိုင်းပြောပြီး ကတည်းက သူတို့ ယုံကြည်ဖို့ လက်လျော့လိုက်ကြပါတယ်။

ဘယ်သူကများ သူ့ကို ယုံကြည်ရဲ မှာလဲ....

အခု အစ်ကိုဟီရဲ့ ပါးစပ်ကနေ ဝန်ခံလာတဲ့ အချိန်မှာတော့ သူတို့ မအံ့ဩပဲ မနေနိုင်တော့ပေ။

ဒါက တကယ် ဆန်းကျယ်မူကြီးပါ.

"ဒါ မဖြစ်နိုင်တာ.။အစ်ကိုဟီက သူပြောတာတွေက တိကျတယ်လို့ ပြောလိုက်တာလား.."

"ငါတော့ မယုံကြည်ဘူး..။အစ်ကိုဟီက အစီစဥ်ချပြီး ငါတို့ကို ကစားဖို့ လုပ်နေတာပဲ ဖြစ်လိမ့်မယ်..။ဒါသာ အမှန်ဆိုရင်တော့ တော်တော် ကြောက်ဖို့ ကောင်းနေပြီ.."

တစ်ချို့ လူတွေကတော့ ပါးစပ်ကြီးပွင့်ကာ..မျက်လုံးတွေ ပြူးကျယ်ပြီး...အံ့ဩတဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့ပါတယ်။

အထူးသဖြင့် အစ်ကိုဟီက အရှုံးကို ဝန်ခံလိုက်တဲ့ အချိန်မှာ အကုန်လုံးက တိတ်ဆိတ်သွားခဲ့တာပါ။ဒါက မယုံကြည်နိုင်စရာပါပဲ..။

"ဒါတွေ အကုန်လုံးကို မင်းဘယ်လို အတိအကျသိနေတာလဲ.."

ဟီချန်းဟန် နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်..။သူ ဒါကို သေချာသိရမှ ဖြစ်မှာပါ..။

လင်းဖန် ရယ်မောလိုက်ပြီး တည်ငြိမ်စွာပြောလိုက်တယ်..။

"ကျုပ်အစကတည်းက ပြောထားတယ်လေ..ဗေဒင်ဆရာ တစ်ယောက်ပါလို့..။ဒါပေါ့ ကျုပ်ဒါတွေကို တွက်ချက်ပြီး မြင်နိင်တာပေါ့..."

ဟီချန်းဟန်..ပြောစရာ စကားလုံးတွေ ​ပျောက်သွားခဲ့တယ်။သူ ပါးစပ်ကို ဘယ်လိုဖွင့်ရမလဲ ဆိုတာတောင် မသိတော့ပါဘူး..။

လင်းဖန် ကတော့ ဒါတွေကို ဂရုစိုက်မနေတော့ပေ.။

"အစ်ကိုဟီ ကျွန်တော်ပြောခဲ့တာတွေက ပုဂ္ဂိုလ်ရေး သီးသန့် အကြောင်းအရာတွေ ပါနေတော့ ကျေးဇူးပြုပြီး စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်..."

"မဟုတ်တာ...ငါ စိတ်မဆိုးပါဘူး..."

ဟီချန်းဟန် အလျင်အမြန်ပြောလိုက္တာပါ။

ဘာတွေ ဖြစ်နေတာလဲ....

လက်ရှိ အခြေအနေက သူမယုံကြည်ချင်တာ မဟုတ်ဘဲ မယုံကြည်ရဲ ဖြစ်နေခဲ့တာပါ..။ဒါက ထင်ထားတာထက် အများကြီးကို ကျော်လွန်နေတဲ့ စွမ်းရည်ပါပဲ.။

ရုတ်တရက် ဝမ်မင်ယန် ပွဲမစခင်က ပြောသွားပြီး..ဘယ်သူမှ ဂရုမစိုက်တဲ့ စကားလုံးတွေကို ပြန်မှတ်မိလိုက်တယ်။

"ငါ အရှုံးကို ဝန်ခံပါတယ်..။ငါ့ဘဝမှာ ဒီလို သိမ်းသွင်းခံရပြီး အရှုံးကို ဝန်ခံရတာမျိူး မရှိခဲ့ဖူးဘူး..."

လင်းဖန် ရယ်မောလိုက်တယ်..။

"ဒါက အပျော်သဘောမျိုးပါ..။အရမ်းကြီးလည်း အမှန်အဖြစ် လက်ခံမထားပါနဲ့..."

"မင်ယန်က ကောင်းကောင်းလူပ်ဆောင် နိုင်ခဲ့တာပဲ..။သူတကယ် မြင်နိင်စွမ်းရှိတယ်..။ငါတို့ အလောင်းအစားလုပ်ထားတာမှာ..ငါရှုံူးသွားပြီ ဆိုမှတော့ ကိုယ်စကားကို တည်ရမှာပေါ့..."

ဒေါ်လာ ဆယ်သန်း လောင်းထားတဲ့ ညီအစ်ကိုဟာ ကြည့်လိုက်တယ်။

"ငါရောပဲ...ဒါက ပမာဏ အနည်းငယ် များပေမယ့်လည်း ထိုက်တန်ပါတယ်..။ငါမျှော်လင့်တာကတော့ မာစတာ လင်းနဲ့ သိကျွမ်းခွင့်ရဖို့ပဲ..."

လီဟောင် ရယ်မောလိုက်တယ်။

"အစ်ကို ကျန်း...ဒီသူငယ်ချင်းက စျေးကြီတယ်နော်..။ဒါပေမဲ့ ကျုပ်ကတော့့..အကျိုးအမြတ်ရှိသေးတယ်လို့ မြင်နေရတယ်..။အစ်ကိုသာ မာစတာ လင်းနဲ့ ခင်မင်ခွင့်ရရင် ဒေါ်လာ ဆယ်သန်း တစ်ခါလောက် ပေးရတာက ဘာမှမဟုတ်တော့ဘူး...%

အစ်ကို ကျန်းဟာလည်း ရယ်မောလိုက်ပြီး...

"မင်းက အားလံူးတော့ အဆင်ပြေပါတယ် ကောင်လေး..ဒါပေမဲ့ စကားတော့ များလွန်းတယ်..။အနာဂတ်မှာ တစ်ခုခုလိုအပ်ရင် ငါ့ကို အကူညီတောင်းဖို့့ လာမရှာနဲ့တော့..."

"အဲလိုတော့ မလူပ်ပါနဲ့ အစ်ကို ကျန်း..။ကျွန်တော် မှားမှန်း သိပါပြီ..အဲလောက်ထိ မရက်စက်ပါနဲ့.."

လီဟောင်ဟာ အလျင်အမြန် ရယ်မောပြီး ပြန်ပြောလိုက်တာပါ..။

အစ်ကို ကျန်းဟာ ခေါင်းယမ်းပြီး လင်းဖန်ကို ကြည့်လိုက်တယ်။

"မာစတာ လင်း..သူငယ်ချင်းလုပ်ရအောင်..."

လင်းဖန် ရယ်မောလိုက်တယ်။

"ကျုပ်တို့ ဒီမှာတောင် အတူတူထိုင်ပြီးပြီ..ဒါပေါ့..ကျုပ်တို့က သူငယ်ချင်းတွေပဲပေါ့..."

"မာစတာ လင်းက တည့်တည့် ပြောတတ်တဲ့ လူပဲ.."

အစ်ကို ကျန်း ပြောလိုက်တာပါ။

အဲ့အချိန်မှာပဲ ဟီချန်းဟန် ဟာပြောလာခဲ့တယ်..။

"မာစတာ လင်း..မင်းပြောတာက ကျုပ် အသက် ၄၅ နှစ်ရောက်တဲ့ အထိပဲ ပါတယ်လေ..။အဲတာ ပြီးရင်ရော ဘာဆက်ဖြစ်မှာလဲ..."

ရုတ်တရက် အားလုံးဟာ အသက်ရူရပ်ပြှီး ဂရုတစိုက် နားထောင်နေလိုက်ကြတယ်..။

လင်းဖန် ပြုံးလိုက်ပြီး လက်ဝေ့ယမ်းကာ...

"အကြီးအကဲ ဟီ..ခင်ဗျားရဲ့ ရှေ့လာမယ့် တစ်ဘဝလုံးအကြောင်းကို ကြိုသိနေရင် ဘာများ အဓိပ္ပါယ်ရှိတော့မှာလဲ..။ဘဝတစ်ခု ဆိုတာ အံ့ဩသသင့်မူတွေ ...စိတ်လှုပ်ရှားမူတွေနဲ့ ပြည့်နေတာလေ..ကြိုသိရင် ဒါတွေ ဘယ်ရှိတော့မှာလဲ..။ကောင်းပြီ ကောင်းပြီ..တစ်ခြား အကြောင်းအရာတစ်ခုကိုပဲ ပြောင်းပြောရအောင်..."

ဟီချန်းဟန်ဟာ ခေါင်းညိမ့်ပြီး ဒီစကားကိုလက်ခံလိုက်တယ်

ရှေ့မှာ ဖြစ်လာမယ့်အရာကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး..။တစ်စုံတစ်ယောက်က အနာဂတ်ကို မြင်နိုင်တယ် ဆိုရင်တောင် ဒါက အမြဲတမ်း ပြောင်းလဲ နေခဲ့တာပါ..။တကယ်လို့..လင််းဖန်သာ ဟီချန်ဟန် ရဲ့ အနာဂတ် အကြောင်းတွေကို အကုန်ပြောလိုက်ရင်..သူအနာဂတ် ပြောင်းလဲ သွားတော့မှာက ကျိန်းသေသလောက်ပါပဲ.."

ဒါကြောင့်ပဲ မပြောတာက အကောင်းဆုံးနည်းလမ်းပါ..။

သူတိုက်ရိုက် ပြောလိုက်ပြန်ရင်လည်း မိုးကြိုးပစ်ချခံရပါဦးမယ်..။

အဲ့အချိန်မှာတော့ လင်းဖန်ကို လူအုပ်ကြီးက ဝိုင်းထားကြပါပြီ။

လီဟောင်ဟာ လင်းဖန်ကို ပျော်ရွှင်စွာနဲ့ အစ်ကိုလို့ ခေါ်နေခဲ့တယ်..။

တစ်ခါတစ်ရံ...လင်းဖန် စကားပြောတဲ့အချိန်မှာ အားလုံးဟာ ဂရုတစိုက် နားထောင်နေကြတယ်..။အခုချိန်မှာ..ဒီလူတွေ အကုန်လုံး..လင်းဖန်ကို ဗေဒင်မေးချင်နေကြတာပါ..။

လင်းဖန်ကို ကျေနပ်ပြီး အံ့ဩသင့်စေတာက သူ အဓိပါယ် မရှိတဲ့ တွေ့ဆုံမူလို့ ထင်ထားတဲ့ နေရာက မသန်စွမ်း ကလေး ဂေဟာ အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်လာခဲ့တာပါ..။

သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆိုရင် ဘယ်သူက အသိမ်းသွင်း မခံရပဲ နေမှာလဲ..။အကြီးအကဲ ဟီကတော့ သူ့ ရဲ့ ရင်ဘတ်ကို ပုတ်ပြီး ကလေးတွေအတွက် အရုပ်တွေ လှူဒါန်းမယ်လို့ ပြောနေခဲ့ပါပြီ။

တစ်ခြားလူတွေဟာ လည်း တူတူပါပဲ..။လှူဒါန်းမယ်လို့ ကတိပေးထားတဲ့ တစ်ခြားလူတွေဟာလည်း ကျိန်းသေ လှူဒါန်းပေးကြမှာပါ..။

အကြောင်းအရင်းကတော့ ရိုးရှင်းပါတယ်။ဒါက လင်းဖန်ရဲ့..စကားကြောင့်ပါ။

"ကံတရားတွေ ကောင်းမွန်ဖို့ ဆိုရင်..ကြင်နာတတ်ဖို့ လိုပါတယ်.."

ဒါက စကားအနည်းငယ် ဆိုပေမယိ့လည်း သူတို့ အကုန်လုံး ယုံကြည်ပါတယ်..။

တစ်ခြားလူတစ်ယောက်ယောက် ပြောတတ်ဆိုရင် သူတို့ ဂရုစိုက်မှာ မဟုတ်ပေမယိ့ မာစတာ လင်းဆိုမှတော့ ယုံကြည်ရတော့မှာပါ..။

စကားပြောနေရင်းမှာပဲ မာစတာ လင်းဟာ သန့်စင်ခန်းသွားလိုက်တယ်..။

ဂျင်ယန်မင် ဟာ လူတွေ ရဲ့ အဝိုင်းကို ခံနေရခဲ့တယ်..။သူက မာစတာ လင်းဆီက အကြံဥာဏ်တွေကို ရရှိခဲ့တာဖြစ်ပြီး..ဒါက တစ်ခြားလူတွေကို မနာလို ဖြစ်စေပါတယ်..။အကြီးအကဲ ဂျင်ရဲ့ ကံတရားက အတော်ကောင်းမွန်နေခဲ့တာပါ..။

သူတို့က မာစတာ လင်းဆီက အကြံဥာဏ်ကို လိုချင်ပေမယ့် လည်း မာစတာလင်းက စကားလမ်းကြောင်းကို အမြဲတမ်း ပြောင်းပြောင်းပစ်ခဲ့ပါတယ်။

"အကြီးအကဲ ဂျင် ကျုပ်တို့က သူငယ်ချင်းတွေလေ..။မာစတာ လင်းက အကြံဥာဏ်ပေးသွားတယ်မလား..။ကျုပ်ကို မမေ့နဲ့ဦးနော်..။နောက်ပရောဂျက်ကျရင် ကျုပ်လည်း ရင်းနှီးမြုပ်နှံမယ်.."

"အစ်ကို ဂျင် ဒီတစ်လော ကျုပ်က ကံမကောင်းဘူး..။ကျုပ်လည်း ရင်းနှီးပါရစေ..."

"အစ်ကို ဂျင် မနက်ဖြန်အားလား..။ကျုပ်မှာ နှစ်သုံးဆယိကျော် သက်တမ်းရှိတဲ့ ဝိုင်ရှိတယ်..။ကျုပ်တို့ ညီအစ်ကိုတွေ တူတူ သောက်ကြရအောင်.."

အစ်ကို ဂျင်ဟာ အနည်းငယ် စိတ်ရှုတ်လာပြီး ပြောလိုက်တယ်။

"နောက်ဆုံး အကြိမ်တုန်းက ငါသောက်ချင်တယ်ပြောတော့ မင်းမြေးအတွက် သိမ်းထားတာဆို..။အခုတော့ ငါ့ကို သောက်စေချင်နေပြန်ပြီလား..."

"အာ..ဘယ်တုန်ုးက မြေးအတွက် သိမ်းထားတာ ပြောလို့လဲ..။အဲ့တုန်ူက ၂၉ နှစ်နဲ့ ၈ လပဲ ရှိနေသေးလို့ပါ..။မနေ့ကပဲ နှစ် ၃၀ ပြည့်သွားတယ်လေ.."

ဂျင်ယန်မင် ရယခလိုက်တယ်။

"ကောင်းပြီ ကောင်းပြီ..အားလုံးက သူငယ်ချင်းတွေပဲ..။ပိုက်ဆံရှိရင် တူတူခွဲယူရမှာပေါ့..။မာစတာ လင်းက အကြံဥာဏ်ပေးထားမှတော့ မင်းတို့ကို မမေ့ပါဘူး.."

"လေးစားသွားပြီ အကြီးအကဲ ဂျင်.."

"ညီအစ်ကို ကောင်းပဲ..။တကယ် သစ္စာရှိတယ်.."

…

"ဟေး..တကယ်လို့ သစ္စာရှိတဲ့ အကြောင်းပြောရင် မင်ယန်က ထိပ်ဆုံးကပဲ..။သူ့ရဲ့ ဒီလို ညီအစ်ကို နဲ့ ငါတို့ကို မိတ်ဆက်ပေးခဲ့တယ်လေ..။ဒါပေမဲ့ မင်ယန်က ဘယ်ကို သွားနေတာလဲ..။သူ့ရဲ့ အရိပ်တောင် မမြင်ရဘူး..."

"သူက အပေါ်မှာ ချန်းလီဟောင် နဲ့ အတူ ကတ်ကစားနေတယ်..။ကြည့်ရတာ သူတို့ ပိုက်ဆံ အများကြီးနဲ့ ဆော့နေကြတယ် ထင်တယ်.."

"မဖြစ်နိုင်တာ..။သူ ချန်းလီဟောင်နဲ့ ကစားရဲတယ်လား..။ဒီကောင်က လောင်းကစားလုပ်ရင် မညှာတာဘူးဆိုပြီး ကျော်ကြားတယ်နော်.."

"ငါတောင် အဲ့စောက်ကလေး လီဟောင်ကို ကြောက်ရတယ်။သူက ပုံမှန်ဆို သာမန်လူတစ်ယောက်လိုပေမယ့် လောင်းကစား ခုံမှာ ထိုင်လိုပ်ရင် တစ်ခြား လူတစ်ယောက်လိုပဲ..။တကယ် ကြောက်ဖို့ ကောင်းတာ.."

"ပြောတာ လုံလောက်ပြီ။မာစတာ လင်းပြန်လာပြီ ဆိုတော့ သူနဲ့ စကားပြောရအောင်..."

ဒီ အခမ်းအနားမှာတော့ လင်းဖန်က လူအားလုံးရဲ့ ကလေးလေး ပါပဲ..။သူက လူတိုင်းပြောလာတဲ့ အကြောင်းအရာတိုင်းကို ​ပြန်ပြောပေးနေရတာပါ.။

သို့ပေမယ့် လင်းဖန်ကို စိတ်ကျေနပ်စေတာက သူမတူညီတဲ့ အကြောင်းအရာတွေကို ကြားရတာပါ..။သူ တစ်ခါမှာ မကြားဘူးတဲ့ ဟာသမျိူးတွေလည်း ကြားရပါတယ်..။

အဲ့အချိန်မှာပဲ မိန်းကလေး တစ်ယောက်ဟာ ထိုင်းမိှုင်းနေတဲ့ အမူအရာနဲ့ အပေါ်ထပ်ကနေ ဆင်းလာခဲ့တယ်။ယင်းနောက် သူမဟာ တံခါးပေါက်ကို လျောက်သွားခဲ့ပါတယ်။

ကျို့ကျို့ဟာ ဒါကို မြင်ပြီး လှမ်းမေးလိုက်တယ်။

"ဘာဖြစ်တာလဲ..."

မိန်းကလေးရဲ့ မျက်လုံးဟာ နီရဲနေပြီး ဒေါသထွက်စွာပြောလိုက်ပါတယ်။

"အဲ့ခွေးသားက လောင်းကစားခုံပေါ်ရောက်သွားရင် လူမဟုတ်တော့ဘူး။အစကတော့ ဒေါ်လာ သောင်းဂဏန်းလောက်ပဲ ကစားတာ.။နောက်ပိုင်း သူက ဒေါသထွက်သွားပြီး..လောင်းကစားကြေးကို ထပ်ပထပ်ပြီး မြင့်လာခဲ့တယ်။ညီမ သူ့ကို သတိပေးဖို့ ကြိုးစားပေမယ့်လည်း ညီမကို ဆူသေးတယ်။အစ်ကို မင်ယန် က အဲလောက်ထိ ကြေးကြီးကြီး မကစားဖို့ တားတာလည်း မရဘူးး..။သူပြောတာက ကြေးကြီးကြီး မကစား ရဲရင်လည်း ကစားမနေနဲ့တဲ့..။အခု အေပါ်ထပ်မှာ အခြေအနေတွေ ရှုပ်ထွေးနေပြီး သူတို့ အသက်တွေနဲ့ ကစားနေကြသလိုပဲ..."

လူအုပ်ကြီးဟာ ဒါကို ကြားပြီး ကြောင်အသွာခဲ့တယ်။

ဟီချန်းဟန် စိတ်ဆိုးစွာ ​ပြောလိုက်တယ်။

"အဲ့ လီဟောင် ကောင်လေးက ဘာလုပ်ဖို့ ​ကြိုးစားနေတာလဲ..။ဒါက အမြဲတမ်း အဲ့အတိုင်းပ​ဲ..."

"ဒီမှာ စုဝေးရင်..ဘယ်သူက လောင်းကစားလုပ်ချင်တာလဲ..။ငါတို့ လောင်းကစား မလုပ်ဖို့ မပြောထားဖူးလား.."

"လီဟောင် မဟုတ်ရင် မင်ယန်ပဲဖြစ်မယ်။လီဟောင် နဲ့ ကစားရင် ဒီလိုဖြစ်လာမယ် ဆိုတာ သိရဲ့သားနဲ့ မင်ယန် မကစားသင့်ဘူး.."

လင်းဖန် မျကိတောင် အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်။ဒါက သူမမျှော်လင့်ထားတဲ့ အခြေအနေပါ..။သူပြောလိုက်တယ်..

"အပေါ်ကို တက်ပြီး ကြည့်ကြရအောင်..."

"ဟုတ်တယ်..သွားကြရအောင်.."

ယင်းနောက် သူတို့ အကုန်လုံး အပေါ်ထပ်ကို တက်သွားခဲ့ကြပါတယ်..။

All Chapters