မီးနဲ့ ကစားခြင်း
Vol. 19 Ch. 278
ဝမ်မင်ယန် ဆီကနေ တဆင့် လောင်းကစား အသိပညာအခန်း ကိုပွင့်ထားတာကအကြောင်းမဲ့မဟုတ်ဘူး ဆိုတာ လင်းဖန် သိထားပါတယ်.။ဝမ်မင်ယန်သာ ကျွမ်းကျင်မူ မရှိရင် သူ ဒီအငိပညာ အခန်းကို ရမှာမဟုတ်ပေ.. ။
တံခါးမဖွင့်ခင်ကတည်းက လင်းဖန် သိပ်သည်းတဲ့ လေထု..အခန်းထဲမှာ ရှိနေတယ် ဆိုတာ သတိထားမိလိုက်ပါတယ်။
လေထုက မယုံနိုင်စရာပါပဲ..။ဒါပေါ့ ဒါက လောင်းကစားလုပ်ရင်း အရေးကြီးတဲ့ အချိန်ရောက်နေလို့ ဖြစ်လာတဲ့ လေထုပါ..။
အတွင်းဘက်ကနေ အသံအနည်းငယ်လည်း ကြားနေရတယ်..။သူတို့ဟာ စကားပြောသံတွေသာ မက အော်ဟစ်သံ အနည်းငယ်တောင် ကြားနေရလို့ပါ..။
သူတို့..အရှိန်မြင့်နေကြပါပြီ။
လင်းဖန် တံခါးကို တွန်းဖွင့်လိုက်တယ်..။
.
အခန်းထဲဝင်လိုက်တဲ့ အချိန်မှာ စီးကရက်ငွေ့တွေနဲ့ ပြည့်နေတဲ့ အတွက်ကြောင့် သူ လက်ကို ဝေ့ယမ်းလိုက်ရပါတယ်..။ဒီမှာ လူတွေ အတော်များများရှိနေပြီး တစ်ယောက်နဲ့ တစ်ယောက် တီးတိုးပြောနေကြလို့ပါ..။
သူတို့က လောင်းကစားလုပ်နေကြတဲ့ လူတွေ မဟုတ်ပေမယ့်လည်း တစ်ယောက်ချင်းစီတိုင်းက ပွဲကို လေးလေးနက်နက် ကြည့်နေခဲ့ကြပါတယ်။
စားပွဲပေါ်မှာတော့ ငွေသားတွေ အပုံလိုက် ..အပုံလိုက်ရှိနေပြီး ..ကြည့်ရတာ သူတို့ သေချာပြင်ဆင်ထားတဲ့ ပုံပါပဲ..။
ဝမ်မင်ယန်ဟာ လင်းဖန် ဝင်လာတာ မြင်တဲ့ အချိန်မှာ ပြုံးပြလိုက်တယ်..။
လင်းဖန် ဝမ်မင်ယန် ရဲ့ ဆန့်ကျင်ဘက် လူကို ကြည့်လိုက်တယ်။ ဒီလူဟာ..ရူးသွပ်နေတဲ့ ပုံပေါ်ပြီး ငွေသားတွေ အပုံလိုက်ကို စားပွဲပေါ် ပစ်တင်နေခဲ့ပါတယ်..။
ဘေးနှစ်ဖက် မှာ ထိုင်နေတဲ့ လူနှစ်ယောက်ကတော့ ခေါင်းကို ခါယမ်းနေကြလို့ပါ..။
ဝမ်မင်ယန် ပြောလိုက်တယ်။
"လီဟောင် ဒါက နည်းနည်းများနေပြီနော်..။ငါတို့က အပျော်သဘောပဲ ဆော့နေကြတာလေ..အရမ်းကြီး အလေးအနက်လုပ်ဖို့ မလိုပါဘူး..။မင်း ကိုယ့်ကတ်ကို မကြည့်ပဲ ဒီလိုပဲ ဆက်ကစားနေမယ် ဆိုရင်..ကြေးက အဆမတန်တွေ မြင့်တက်သွားလိမ့်မယ်.."
လီဟောင် စီးကရက်ကို အထာကျကျ ဖွာလိုက်ပြီး...
"အစ်ကို ဝမ်..လောင်းကစား စားပွဲမှာ ဘာကန့်သတ်ချက်မှ မရှိဘူးလေ..။ကျွန်တော် ဒီလို နည်းလမ်းနဲ့ နိုင်ရင်လည်း နိုင်တာပဲ..မဟုတ်လား..။ဘာလို့ တစ်ယောက်ယောက်က အိမ်သော့ကို စားပွဲပေါ် မတင်လိုက်တာလဲ။မဟုတ်ရင် ကျွန်တော်က ကတ်မကြည့်ပဲ ကြေးကိုပဲ ထပ်မြင့်နေမှာ..."
ဝမ်မင်ယန် ဘာမှထပ်မပြောတော့ပေ..။ချန်းလီဟောင်က သူ့ကို ရွေးချယ်စရာ မရှိဖြစ်အောင် လုပ်နေခဲ့တာပါ..။
ဘေးနားမှာ ထိုင်နေတဲ့ လူဟာ ကတ်ကို ပစ်ပြီး ပြောလိုက်တယ်.
"မင်း ဒီလိုမျိုး ဆက်ပြီးကစားနေရင် ဘယ်သူက ကစားချင်တော့မှာလဲ..။ငါ နားတော့မယ်..ငါ့ရဲ့ကတ်
တစ် နှစ်ချပ်ကို ပစ်လိုက်တော့မယ်...။မင်းတို့ပဲ ဆက်ကစား ကြတော့"
ချန်းလီဟောင် ပုခုံးတွနိ့ပြီး ပြောလိုက်တယ်..။
"ခင်ဗျားတို့ အကုန်လုံး သွေးမရှိကြဘူးပဲ..။ဘယ်လိုဖြစ်ပြီး ဒီလိုစိတ်ဓာတ်နဲ့ လောင်းကစား လုပ်ချင်နေတာလဲ..။လောင်းကစားဆိုတာက ကံတရားနဲ့ တိုက်ပွဲပဲ..."
အထူးသဖြင့် ဒီလူ တစ် နှစ်ချပ်ကို ပစ်လိုက်တာ မြင်တော့ သူရယ်ချင်နေခဲ့တာပါ...။နောက်ထပ် ငနဲတစ်ကောင်ကတော့ ..အဆုံးသတ်သွားပါပြီ..။
…
လင်းဖန်ဟာ အခြေအနေကို ကြည့်နေပြီး ဒီငနဲ ရူးသွပ်နေပြီ ဆိုတာကို ..ခံစားမိလိုက်တယ်..။သူ က ဒီလူတွေ အကုန်လုံးကို ငွေနဲ့ ခြိမ်းခြောက်ပြီး ကတ်တွေကို ပစ်ခိုင်းဖို့ လုပ်နေခဲ့တာပါ..။သူက ကတ်တွေကို ကံတရား အတိုင်းထားထားပြီး တစ်ချက်မှ မကြည့်ပေ..။ဝမ်မင်ယန် နဲ့ ကျန်တဲ့ လူတွေရဲ့ လက်ထဲမှာတော့ ကတ်တွေနဲ့ပါ..။သူသာ အနိုင်ရသွားခဲ့မယ် ဆိုရင်တော့ ရမယ့် ပိုက်ဆံက မနည်းပါဘူး..။
ဘေးနားမှာ ရပ်နေတဲ့ ဟီချန်းဟန် ဟာ..စတင်ပြီး စကားပြောလာခဲ့တယ်။
"မာစတာ လင်း..ဒီ လီဟောင်က လောင်းကစားလုပ်တိုင်း..ရူးသွပ်နေကြပဲ..။သူနဲ့ ကစားနေကြ လူအနည်းငယ်က လွဲရင် တစ်ခြားလူတွေက သူနဲ့ မဆော့ချင်ဘူး..။သူက အရာရာတိုင်းကို ကံတရားအပေါ်မှာပဲ ထားထားတာ..."
"အဲလိုလား.."
လင်းဖန် တည်ငြိမ်စွာပြောလိုက်တာပါ..။သူ အများကြီး သိပ်မတွေးတော့ပေ..။
ချန်းလီဟောင် ပြောလိုက်တယ်။
"အစ်ကို ဝမ်...ကျွန်တော်တို့ နှစ်ယောက်ပဲ ကျန်တော့တယ်နော်..။ကျွန်တော်ရဲ့ ကတ်ကို ဖော်လိုက်ရတော့မှာလား..ဆက်ပြီး ကြေးမြင့်နေဦးမှာလား..။ကျွန်တော်ကတော့ ဆက်ကစားနိုင်သေးတဟ်..။စားပွဲပေါ်မှာ ဒေါ်လာ တစ်သန်းလောက်ပဲ ရှိသေးတာ ဆိုတော့ သိပ်ပြီ မများပါဘူးး"
ကျို့ကျို့ ရဲ့ဘေးနားမှာ ရှိနေတဲ့ မိန်းကလေးဟာ ရှေ့ကို တက်လာခဲ့ပြီး..
"လီဟောင် နင်ရူးသွားပြီလား..."
ချန်းလီဟောင် မျက်မှောင်ကျုတ်လိုက်တယ်..။
"ဒီမှာ ယောက်ျားတွေ လောင်းကစားလုပ်နေတယ်..။ဘာလို့ မိန်းမတွေပ ဝင်ပါလာတာလဲ..။ငြိမ်ငြိမ်နေလိုက်တော့..."
ကျို့ကျို့ စိတ်တိုသွားခဲ့တယ်..။
"နင်ဘာဖြစ်နေတာလဲ လီဟောင်..။ဘာလို့ သူမကို ဆူနေတာလဲ .။နင့်ကိုနင် ဟုတ်လှပြီ ထင်နေတာလား.."
ချန်းလီဟောင်..ကျို့ကျို့ကို စိုက်ကြည့်လိုက်တယ်။သူ နှာခေါင်းရူတ်လိုက်ပြီး ဘာမှတော့ ထပ်မပြောတော့ပါဘူး..။ဒီမှာ ဘာမှ မှားနေတာ မရှိပေ..။
ဝမ်မင်ယန် ပိုက်ဆံ အထပ်လိုက်ကို ယူပြီး စာပွဲပေါ်ပစ်တင်လိုက်ပါတယ်..။
"ကတ်လှန်မယ်.."
"ဘာကတ်တွေလဲ ပြပါဦး..."
ချန်းလီဟောင် စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်..။ဒီအချိန်က သူ့အတွက် စိတ်လှုပ်ရှားစရာ အကာင်းဆုံး အချိနိပါ..။သူ့ကံတရားကို တွေ့ရမယ့် အချိန်ပါပဲ..။သူသာ နိုင်မယ် ဆိုရင် ပိုက်ဆံတွေ အများကြီး ရတော့မှာပါ..။
"တစ် ၁ လုံး.., အပူး မပါဘူး.."
ချန်းလီဟေူင် ဝမ်မင်ယန်ရဲ့ ကတ်ကို ကြည့်ပြီး စိတ်လှုပ်ရှားသွားခဲ့တယ်။သူ့ရဲ့ နှလုံးဟာ တော့ တဒုတ်ဒုတ် ခုန်နေလို့ပါ..။
"ကျွန်တော်သာ အပူး တစ်စုံပါရင် ကျွန်တော်နိုင်ပြီ.."
"ဘေးတန်း မရှိဘူး.."
"ကောင်းတယ် ဘေးတန်း မရှိဘူး..။တိုက်ပွဲ တစ်ဝက်ကို ငါနိုင်နေပြီ..."
တတိယကတ်..။
ချန်းလီဟောင် တတိယ ကတ်ကို ကြည့်လိုက်တဲ့ အချိန်မှာလည်း ဘေးတန်းဟာ ရှိမနေခဲ့ပါဘူး..။သူ စတင်ပြီးတော့ ရယ်မောလိုက်တယ်။
"စိတ်မကောင်းပါဘူး အစ်ကို ဝမ်..။ကျွန်တော် သုံးလုံးမတန်း ပေမယ့်လည်း တစ်စုံ ပါနေသေးတယ်..။ကျွန်တော် နိုင်သွားပြီ..."
သူ့ကတ်တွေ အကုန်လှန်လိုက်တဲ့ အချိန်မှာ အသေးဆုံး တစ်စုံကို တွေ့ရာနေရပါတယ်..။
တစ် တစ်စုံကို ပစ်လိုက် မိတဲ့ လူဟာ တော့ ခေါင်းကို ခါယမ်းနေခဲ့တယ်။
"စိတ်မကောင်းပါဘူး အစ်ကို ဝမ် ကျွန်တော် နိုင်သွားပြီ.."
ချန်းလီဟောင် ပြုံးပြီး ပြောလိုက်တာပါ..။ယင်းနောက် သူဟာ ခုနက မိန်းကလေး ကိုကြည့်လိုက်ပြီး...
"မြင်တယ် မလား..ငါက ရှုံးမယ့်လူမဟုတ်ဘူး..။ငါသာ နင်ပြောတာနားထောင် နေရင် အစောကတည်းက ရှိတာ ကုန်နေလောက်ပြီ..."
"အစ်ကို ဝမ်က ..အပူး တစ်စုံ မပါပဲ ထပ်လိုက်ရဲတာပဲ..ဒါပေမဲ့ နည်းနည်းကံဆိုးသွားတယိ..။တစ်ပူး တစ်စုံကို ပစ်ချလိုက်တာတော့ တကယ်ရှက်စရာပဲ.."
သူက ကိုယ့်ကိုကို ကြေနပ်နေခဲ့တာပါ.။
ဘေးမှာထိုင်နေတဲ့ လူကြီးဟာ လက်ဝေ့ယမ်းလိုက်တယ်။
"ငါတော်ပြီ မင်းတို့ပဲ ဆက်ကစားတော့.."
ချန်းလီဟောင် သူ့ကို ကြည့်လိုက်တယ်။
"ဒီလို မလုပ်နဲ့လေ..။ကျွန်တော်တို့ အဆုံးအထိကစားမယ် လို့ သဘောတူထားတယ်မလား..။တစ်ဝက်တပျက်ကြီး ထွက်လိုက်လို့ အဆင်မပြေဘူးလေ.."
လူကြီးဟာ ပြောလိုက်တယ်။
"လီဟောင်..မင်းနဲ့ဒီလိုမျိုးကြီးတော့ ဘယ်သူမှ ဆော့ချင်မှာ မဟုတ်ဘူးလေ..။မင်းက ငါတို့နဲ့ သေတဲ့ အထိတိုက်ခိုက်ချင်နေတာပဲ.."
"ဘာလို့ သေတဲ့ အထိတိုက်ခိုက်ရမှာတုန်း..။လောင်းကစား လုပ်တာက ဒီလိုမျိုးပဲလေ.။အနိုင်နဲ့ အရှုံးပဲ ရှိတဲ့ဟာကို..။ဘာမှ တုန်လှုပ်မနေနဲ့..လာ နည်းနည်းလောက် ထပ်ကစားရအောင်.."
လူကြီးဟာ ကြည့်လိုက်တယ်။နောက်ဆုံးတော့ သူ မတတ်နိုင်စွာပဲ ထပ်ကစားလိုက်ရပါတယ်..။အခြေအနေက ဒီလို ဖြစ်လာပြီ ဆိုမှတော့ သူ နှစ်ပွဲ သုံးပွဲလောက် ထပ်ကစားပေးရတော့မှာပါ..။
စမယ်။
ကတ်တွေကို ဝေလိုက်တယ်။
လူတိုင်းက ဒေါ်လာ တစ်သောင်းနဲ့ပဲ စတင်နေကြတာပါ..။သို့ပေမယ့် အလှည့်က ချန်းလီဟောင် ဆီကို ရောက်တဲ့ အချိန်မှာ သူထပ်မြင့်လိုက်တယ်..။
ချန်းလီဟောင် ခေါင်းခါယမ်းလိုက်ပြီး..
"အစ်ကို တို့ ကျွန်တော် နည်းနည်း ထပ်မြင့်မယ်..။ဒါက ပြသနာတော့ မရှိပါဘူးနော် ..ဟုတ်တယ်မလား..။တကယ်လို့ မလိုက်နိုင်ဘူးဆိုရင်လည်း ကတ်သာ ကောက်ကိုင်လိုက်တော့.."
ဘေးနားကလူတွေဟာလည်း ပွဲကို အာရုံစိုက်နေခဲ့ကြတယ်။
အရင်တုန်းက ပါတီပွဲလုပ်ရင် ချန်းလီဟောင်က ဆော့ဖို့ ပြောပေမယ့် သူတို့ အမြဲတမ်း ငြင်းပယ်ခဲ့ပါတယ်။သို့ပေမယ့် ဒီတစ်ကြိမ် ငြင်းပယ်လိုက်တာက..သူတို့ကိုယ်တိုင်လည်း ကတ်မကစား ရတာ ကြာနေလို့ပါ..။
သို့ပေမယ့် အခြေအနေတွေ ဒီလိုဖြသ်လာမယ် လို့ မထင်ထားခဲ့ပေ။ ပုံမှန် လီဟောင်နဲ့ လောင်ကစား လုပ်နေတဲ့ လီဟောင်က အတော်ကို ကွဲပြားပြီး..ကွာခြားချက်က တော်တော်ကို ကြီးမားတာပါ..။
သူတို့ လီဟောင် လောင်းကစားလုပ်ရင် ရူးသွပ်သွားမှန်း သိကြပေမယ့် ဒီလောက်အထိ ဆိုးရွားနေလိမ့်မယ် လို့ မထင်ထားခဲ့ပေ.။
အဲ့အချိန်မှတော့ လင်းဖန်ဟာ ဝမ်မင်ယန်ရဲ့ နောက်မှာ ရပ်လိုက်တယ်။ဝမ်မင်ယန်ဟာ လှည့်လာခဲ့ပြီး..
"မကြာခင်ပြီးတော့မှာပါ.."
လင်းဖန် ပြုံးလိုက်တယ်။
"စိတ်မပူနဲ့ အေးဆေးကစား..."
သိပ်မကြာခင်မှာပဲ ကိုယ့်ကတ်ကို ကြည့်လိုက်ကြတယ်။
တစ်ခြားကစားသမား နှစ်ယောက်ကတော့ သူတို့ ကတ်တွေကို ကြည့်ပြီး ဆက်မလိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ချန်းလီဟောင်သာ ဒီမှာ မရှိရင် သူတို့ ဆက်လိုက်ပြီး..ကံစမ်းမှာဖြစ်ပေမယ့် အခုတော့ သူတို့ ဆက်မလိုက်ချင်တော့ပေ..။
ချန်းလီဟောင် ဝမ်မင်ယန်ကို ကြည့်လိုက်တယ်..။
"အစ်ကို ဝမ် ကတ်ကို အရင်ကြည့်မှလား..ကျွန်တော်ကြည့်ရမှာလား.."
ဝမ်မင်ယန် ပြုံူလိုက်တယ်.. ။
"ငါကြည့်မယ်..ဒီတစ်လှည့်ပြီးရင်တော့ ဆက်မကစားတော့ ဘူးနော်.."
ချန်းလီဟောင် ပြုံးလိုက်တယ်။
"ဒါအဆင်ပြေပါတယ်..။ဒါပေမဲ့ အစ်ကို ဝမ် ကတ်ကို ကြည့်လိုက်ရင်..ကျွန်တော့် ကတ်ကို ကြည့်ချင်လို့ မရဘူးနော်..။ကျွန်တော် ကိုယ့်ကတ်ကိုပဲကြည့်ပြီး..အစ်ကို ဝမ်နဲ့ အဆုံးအထိဆက်သွားမှာ.."
ဝမ်မင်ယန် သူ့ကတ်သူ ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ်။သေးငယ်တဲ့ သုံးလုံးတန်း..ကြီးတော့ မကြီးပေ..။ယင်းနောက် သူ့ရဲ့ငွေတွေကို စားပွဲပေါ်ပစ်တင်လိုက်ပါတယ်။
"ကောင်းပြီ မင်းကတ်ကို မင်းကြည့်လိုက်တော့..။ဒီတစ်လှည့်က နောက်ဆုံး အလှည့်ပဲ..။အချိန်တွေ အကြာကြီး ဆွဲမနေနဲ့တော့..."
ချန်းလီဟောင် ရယ်မောလိုက်ပြီး.. သူ့ကတ်သူကြည့်လိုက်တယ်..။သူ့ရဲ့ အမူအရာကတော့ ပြောင်းလဲသွားခဲ့ပါပြီ..။သူ့ပါးစပ်အစွန်းဟာ အနည်းငယ် လှုပ်ပြီး ကြီးမားတဲ့ အပြုံးပေါ်လာခဲ့တယ်။
"အစ်ကို ဝမ်က ဒီလိုဆိုမှတော့ ကျွန်တော် အကုန်လုံးကို တစိခါတည်းထည့်လိုက်တော့မယ်။ကျွန်တော်ရဲ့ ကား..၊ စတော့ရှယ်ယာ..အကုန်လံူးပဲ..။ကျွန်တော် နိုင်မှာ ကျိန်းသေတယ်.."
ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်။
"လီဟောင် ဒါက လိုအပ်လို့လား.."
လီဟောင်ရဲ့ မိန်းမဟာ ရှေ့ကို တက်လာခဲ့ပါတယ်။
"နင်ဘာလုပ်ချင်နေတာလဲ..။ဒါက အစ်ကို ဝမ်နော်..နင့်ဦးနှောက် လွတ်မနေနဲ့ဦး..."
ချန်းလီဟောင် သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။
"အစ်ကိုဝမ် ဘယ်သူလဲ ငါသိတယ် ဦးနှောက်လွတ်နေတာက နင်ပဲ..."
"နင်..နင်.."
လင်းဖန် ဝမ်မင်ယန်ရဲ့ပုခုံးကို ပုတ်ကာ ပြုံူလိုက်ပြီး..
"ခင်ဗျားကတ် ကျုပ်ကို တစ်ချက်ပြကြည့်.."
ဝမ်မင်ယန် စိတ်မရှိပေ..။လင်းဖန် ကတ်သုံးကတ်ကို ယူပြီး..အပြုံးလေးနဲ့ ကြည့်လိုက်ပါတယ်။သူ့လက်မဟာ ဖြည်းဖြည်းချင်းလှုပ်နေပြီး ကတ်တွေကနေ အသံ အနည်းငယ် မြည်လာခဲ့တယ်။ယင်းနောက် သူ ကတ်တွေကို ပြန်ချထားလိုက်ပါတယ်။
"မဆိုးဘူး..သူက လောင်းကစား လုပ်ချင်တော့ သူနဲ့ ဆက်ကစား ပေးသင့်တာပေါ့.."
လင်းဖန် အပြုံးနဲ့ ပြောလိုက်တာပါ..။
ဝမ်မင်ယန် ရယ်မောလိုက်ပြီး သူ့ကတ်တွေကို ပြန်ကိုင်လိုက်တယ်။သူ စိတ်ထဲဘာမှ မရှိပဲ သူ့ကတ်တွေကိုကြည့်လိုက်ပါတယ်..။သူ ကတ်တွေကို ပစ်လိုက်ဖို့တောင်..စီစဥ်ထားပြီးပါပြီ..။သို့ပေမယ့် အဲ့အချိန်မှာပဲ..သူ့ရဲ့ ကတ်သုံးကတ်ကို မြင်ပြီး အံ့ဩသွားခဲ့တယ္။သူ သေချာ မြင်နေတာမှ ဟုတ်ရဲ့လားလို့ မျက်လုံးကိုတောင် ပွတ်ကျိလိုက်ပါတယ်။
ယင်းနောက် သူ လင်းဖန်ကို ကြောင်အစွာ ကြည့်လိုက်ပါတယ်။
လင်းဖန်ကတော့ ပြုံးနေပြီး ဘာမှ ထပ်မပြောပေ..။
ချန်းလီဟောင် ယုံကြည်မူရှိစွာ ပြောလိုက်တယ်..။
"အစ်ကို ဝမ် ဆက်ပြီးကစားမှာလား..။ကျွန်တော်ရဲ့ ပစ္စည်းတွေ အကုန်လုံးက ဒီမှာ ရှိတယ်.."
ဘေးနားက ကြည့်နေတဲ့ လူတွေဟာ တီးတိုးပြောနေခဲ့ကြတယ်။ချန်းလီဟောင် စည်းကျော်နေတာ ခံစားမိနေကြပါတယ်။ဒါက အပျော်သက်သက် ကစားတာ ဖြစ်ပေမယ့်လည်း အခုတော့ လေးနက်လာခဲ့ပါပြီ..။
"လီဟောင်..ငါတို့ အားလုံးက သူငယ်ချင်းတွေလေ..။တစ်ယောက်နဲ့ တစ်ယောက် သိလာတာလည်းအတော် ကြာနေပြီ..။မင်းက ဘယ်လိုဖြစ်ပြီး မင်ယန်နဲ့ အဆုံးထိ ကစားချင်နေတာလဲ.."
"ဟုတ်တယ်..ပျော်စရာကောင်းတဲ့ ဧည့်ခံပွဲမှာ မင်းက စိတ်မချမ်းသာစရာတွေ ထလုပ်နေတာ..။ဒါတွေကို ဘာလို့ ဖန်တီးနေတာလဲ.."
လူအုပ်ကြီးဟာ ရပ်တန့်ဖို့ ကြိူးစားနေကြတယ်။သူတို့ ဒါမျိုးကို အရင်ကတည်းက ကြံဖူးပြီးသားပါ။
အစကနေ အဆုံးထိ လီဟောင်က ရှိတာအကုန်ထုတ်ပြီး ဆော့တတ်တဲ့ လူပါ..။
သူက မီးနဲ့ ကစားချင်နေတာပါပဲ။
ဝမ်မင်ယန်..လင်းဖန်ကို ကြည့်လိုက်ပြီး..ချန်းလီဟောင်ကို ပြန်ကြည့်လို်က်တယ်..ယင်းနောက်သူ့မိန်းမကိုကြည့်ပြီး..ကတ်တွေကို ပြန်ကြည့်လိုက်ပါတယ်။
"ဒါက ဘာမှမဟုတ်ပါဘူး..။လောင်းကစားလုပ်နေတာပဲလေ.."
ချန်းလီဟောင်ဟာ ပြောလိုက်ပြီး ဝမ်မင်ယန်ကို ကြည့်လိုက်တယ်။
"အစ်ကို ဝမ် ဘာလုပ်မှာလဲ.."
ဝမ်မင်ယန် ဘာမှှ အများကြီး မတွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"ငါ မလိုက်တော့ဘူး..။ငါ ထပ်မလိုက်တော့ဘူး လီဟောင်..။ငါပြောချင်တာက လောင်းကစားလုပ်တာက အဆင်ပြေပါတယ် ဒါပေမဲ့ ဒါမျိုးတော့ မလုပ်နဲ့လေ..။လောင်းကစား အနည်းငယ်လုပ်တာက မင်းရဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေပေမယ့်လည်း အများကြီး လုပ်ရင်တော့ မကောင်းနိုင်ဘူး။ဒီတိုင်းဆက်လုပ်နေရင် မင်းတစ်နေ့ ဒုက္ခရောက်လိမ့်မယ်..။
ချန်းလီဟောင် ရယ်မောလိုက်တယ္။
"အစ်ကို ဝမ် ကျွန်တော် အဲလောက် မတုံးသေးပါဘူး.။ကျွန်တော် ယုံကြည်မူမရှိရင် ဒီလို ဘယ်ကစားပါ့မလဲ..။ကျွန်တော် ကတ်ကို ပြလိုက် မယ်..ဒါဆို အစ်ကိုဝမ်ကို ကျွန်တော် ခြိမ်းခြောက်နေတယ် လို့ မထင်တော့ဘူးပေါ့.."
သူ ကတ်သုံးကတ်ကို စားပွဲပေါ် ပစ်တင်လိုက်တယ်။
သူတို့ကတော့...
ဘုရင် သုံးကောင်ပါ..( 3 Kings)
ယင်းနောက် လင်းဖန်ဟာ ဝမ်မင်ယန်ကို အံ့ဩစွာ ကြည့်လိုက်ပြီး ရယ်မောလိုက်ပါတယ်။