ပျော်စရာလေးတွေ ဖန်တီးကြရအောင်
Vol. 19 Ch. 279
ချန်းလီဟောင် သူ့ရဲ့ ကတ်ကို စားပွဲပေါ် ပစ်လိုက်တယ်..။အခြေအနေက ဒီလိုမျိုး ဖြစ်လာလိမ့်မယ် လို့ ဘေးနားက ကြည့်နေတဲ့ လူတွေဟာမထင်ထားခဲ့ပါဘူး။ဝမ်မင်ယန် ဆက်လိုက်ပြီး မကစားတာ ကံကောင်းသွားတယ် လို့ သူတို့တွေးလိုက်ကြပါတယ်။မဟုတ်ရင် ဆုံးရှုံးရမယ့် ပမာဏ က အရမ်းကို များသွားမှာပါ..။
"အစ်ကို ဝမ်ပြောတာကို ကျွန်တော် နားလည်ပါတယ်။အစ်ကို ကျွန်တော့်ကို သိလာတာလည်း ကြာနေပြီကို..။ကျွန်တော် လောင်းကစားလုပ်ရင် ဒီတိုင်းပဲ လုပ်တတ်တာ..။ကျွန်တော်သာ ယုံကြည်မူ မရှိဘူးဆိုရင် ဒီလောက် အရင်းအနှီးလုပ်ပြီး ကစားမှာ မဟုတ်ဘူးလေ..."
ချန်းလီဟောင် ပျော်ရွင်စွာ ရှင်းပြနေခဲ့တယ်။သူ့ဆီမှာ ရှိနေတဲ့ ကတ်တွေက အတော်ကို ကောင်းမွန်တယ် လို့ ပြောလို့ရပါတယ်။
ဘယ်သူက ငါနဲ့ ယှဥ်ပြီး ချဲလန့်ခေါ်ရဲ မှာလဲ....
ဝမ်မင်ယန် ခေါင်းခါယမ်းပြီး မတ်တတ်ထရပ်လိုက်တယ်။ဒီကောင် ဘယ်လိုမှ ပြင်ပေးလို့ရတော့မှာ မဟုတ်မှန်း သူခံစားမိပါတယ်..။သူ ရပ်တန့်လိုက်ရတဲ့ အကြောင်းအရင်းက သူ့ကတ်တွေက ကောင်းလွန်းနေလို့ပါ..ကတ်မကောင်းလို့ ရပ်လိုက်တာ မဟုတ်ပါဘူး။သူ့ရဲ့ ကတ်သုံးကတ်က ချန်းလီဟောင်ရဲ့ ဘဝနဲ့ သူခက်ခက်ခဲခဲ ကြိုးစားလာခဲ့တဲ့ အရာတွေကို ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။
ချန်းလီဟောင် စားပွဲပေါ်က ပိုက်ဆံတွေကို သိမ်းဆည်းနေခဲ့တယ်။ဒီလောက် ပိုက်ဆံတွေ အများကြီး နိုင်ပြီးတဲ့နောက် မှာ.သူ့မျက်နှာကတော့ ပြုံးဖြီးနေလို့ပါ..။အထူးသဖြင့်..သူဒီလို ကတ်ကောင်းကောင်းရနေတဲ့ အချိန်မှာ..ကစားရတာ ပိုပျော်ဖို့ ကောင်းပါတယ်။
လင်းဖန်ကတော့ အေးအေးဆေးဆေးနေပြီး ဝမ်မင်ယန် လုပ်နေတာတွေကို စောင့်ကြည့်နေခဲ့တယ်။ဒါက အရမ်းအကောင်းကြီး မဟုတ်သလို အဆိုးကြီးလည်း မဟုတ်ပါဘူး..။
"အစ်ကို မင်ယန်..ဘာကတ်ရခဲ့တာလဲ.."
ကျို့ကျို့ ရှေ့ကို တက်လာပြီး ဝမ်မင်ယန် ရဲ့ ကတ်တွေကို လှန်လိုက်တယ်..။
ချန်းလီဟောင် ရယ်မောလိုက်ပြီး..
"ဘာကတ်တွေများ ရနိင်မှာ မို့လို့လဲ..။ဘယ်လောက်ပဲ ကောင်းကောင်း...."
ရုတ်တရက် သူပြောလက်စ စကားဟာ ရပ်တန့်သွားခဲ့တယ်။သူ မျက်လုံးဟာ ပြူးကျယ်နေပြီး..ကတ်သုံးကတ်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့လို့ပါ..။
ဝိုး..
လူတိုင်း အံ့ဩသွားခဲ့တယ်။
"တစ် သုံးလုံး... မင်ယန်..."
"ငါ တကယ်မထင်ထားဘူး.။တကယ်ကို မထင်ထားခဲ့ဘူး..."
"လီဟောင်က အကုန်လုံးပုံပြီး ကစားခဲ့တာ..။တကယ်လို့ မင်ယန်သာ လိုက်ပြီး ကစားမယ် ဆိုရင် ဘာတွေ ဖြစ်လာမယ် ထင်လဲ..."
ဒီမေးခွန်း အပြီးမှာတော့ အကုန်လုံး အတွေးနက်သွားခဲ့တယ်။
ဒါက တော့ဖြစ်နိုင်ခြေတစ်ခုပဲ ရှိပါတယ်။လီဟောင် မှာ ရှိသမျှ အရာရာတိုင်း ဆုံးရှုံးသွားမှာပါ..။သူ ပိုင်ဆိုင်သမျှ အားလံူးပါပဲ..။
ကျို့ကျို့က နဂိုကတည်းကမှ ချန်းလီဟောင်ကို သဘောမကျတာပါ..။သူမ ကတ်သုံးကတ်ကို မြင်တဲ့ အချိန်မှာ ပိုက်ဆံပုံပေါ်ကို ပစ်တင်လိုက်ပြီး...
"ဒီကတ်တွေက တကယ်ကို ကောင်းတာပဲ..."
"ငါ.."
ချန်းလီဟောင် ဆွံ့အသွားခဲ့တယ်။ဒီသုံးကတ်ကို မြင်တဲ့ အချိနိမှာ..သူကိုယ်တိုင်းလည်း ပြောစရာစကားကင်းမဲ့ သွားခဲ့ပါတယ်။သူ့ နိုင်တဲ့ အရာရာတိုင်းက အခုချိန်မှာတော့ ဟာသ တစ်ခုလိုပါပဲ..။
"အစ်ကိုဝမ်..မင်း..."
ဝမ်မင်ယန်ဟာ ဘာမှ မပြောပေမယ့်လည်း သူကိုယ်တိုင်အံ့ဩနေခဲ့တာပါ..။သူကတ်က အစတုန်းက ဒီနံပါတ်တွေ မဟုတ်ပါဘူး။လင်းဖန် ယူကြည့်ပြီးကာမှ တစ် သုံးလုံး ဖြစ်နေခဲ့တာပါ.။
သူ မှော်ပညာ တတ်နေတာများ ဖြစ်နိုင်မလား...
သို့ပေမယ့် ဒါကလည်း မဖြစ်နိုင်ပါဘူး..။သူလင်းဖန်နဲ့ သိလာတာကြာပြီ ဖြစ်ပြီး..လင်းဖန် လောင်းကစား လုပ်တယ် လို့ တစ်ခါမှ မကြားဖူးခဲ့ပေ..။လင်းဖန် ရဲ့ ယုံကြည်မူရှိပြီး..တည်ငြိိမ်တဲ့ အပြုံးကသူ့ကို ပိုပြီး သံသယဖြစ်စေပါတယ်။
လောလောဆယ်မှာတော့ သူအများကြီး ထပ်မတွေးနိုင်တော့ပေ..။လီဟောင်ရဲ့ အခြေအနေက ပိုပြီး ..စိတ်ပျက်ဖို့ ကောင်းပါတယ်။တစ်ကယ်လို့ တစ်စုံတစ်ယောက်သာ သူ့နေရာမှာဆိုရင် သူ အကုန်လုံး ဆံူးရှုံးနေလောက်ပါပြီ..။
"လီဟောင် အနာဂတ်မှာ ဒီလိုမျိုး မကစားနဲ့တော့..။မင်းကြိုးစားထားတဲ့ အရာရာတိုင်းကို..ကတ်သုံးကတ်ထဲပေါ်မှာ စုပုံထားဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ..."
ဝမ်မင်ယန် ပြောလိုက်တာပါ..။
ချန်းလီဟောင် ဟာ အနည်းငယ် နောင်တရသွားခဲ့တယ်။သို့ပေမယ့်..သူက လောင်းကစားကို ဆေးစွဲ သလို စွဲနေခဲ့ပါပြီ..။ဒါက သူလွယ်လွယ်နဲ့ ဖြတ်လို့ ရနိုင်တဲ့ အရာ မဟုတ်ပါဘူး..။
အထူးသဖြင့် သူ ကစားနေတဲ့ အချိန်အတွင်းမှာ..ကတ်တွေက အရာရာတိုင်းကို ဆုံးဖြတ်ပေးနေခဲ့တာပါ..။ဒီ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခံစားချက်က သူ့ကို တော်တော်.ကျေနပ်စေပါတယ်။သူသာ အနိုင်ရခဲ့ရင်..စိတ်လှုပ်ရှားမူက အတိုင်းထက်အလွန်ပါပဲ..။
လင်းဖန် ဘေးနားမှာ ရပ်နေပြီး ကြည့်နေခဲ့တယ်။ဝမ်မင်ယန်ရဲ့ စကားလုံးတွေက အသုံးမဝင်ဘူး ဆိုတာကို သူသိထားပြီးသားပါ..။ဒါက လီဟောင်ကို ကျေးဇူးတင်စေပေမယ့်လည်းး..ဒါက ခနတာ ပဲ ကြာမယ့် အရာပါ..။ဒါက စိတ်ဓာတ်ကို လုံးဝ ပြင်ပေးနိုင်မှာ မဟုတ်ပါဘူး..။
တကယ်လို့ သူ့ကို ရပ်တန့်စေချင်တယ် ဆိုရင် နည်းလမ်း တစ်ခုပဲ ရှိပါတယ်။
အဲတာက သူ့ရဲ့ စိတ်လှုပ်ရှားမူတွေကို အကြောက်တရားအဖြစ်ပြောင်းလဲ ပေးဖို့ပါပဲ..။
လင်းဖန် ပြောလိုက်တယ်..။
"မင်းက လောင်ကစား လုပ်ရတာ ကြိုက်တယ် မလား..."
ချန်းလီဟောင်..လင်းဖန်ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။
"လောင်းကစားက ငါ့ကို စိတ်လှုပ်ရှားပြီး ရင်ခုန်စေတယိ.."
လင်းဖန်ရယ်မောလို်က်တယ်..။စိတ်လှုပ်ရှားမူလား...ဒါက လူတွေကို တကယ်စိတ်လှုပ်ရှားစေမှာပါ..။
.
"ငါ မင်းနဲ့ ကစားလို့ ရမလား..."
လောင်းကစား အသိပညာ ပွင့်သွားအပြီးမှာ..သူအရင်က ဘယ်တုန်းကမှ..မစမ်းသပ်ဖူးတာကြောင့် စမ်းသပ်ချင်နေခဲ့တာပါ..။
ချန်းလီဟောင် အံ့ဩသွားခဲ့တယ်။သူ့ကိုယ်သူ နားကြားမှားနေတယ် လို့တောင် ထင်လိုက် မိပါတယ်.။
"မင်းက ကစားချင်လို့လား.."
"ဘာလို့လဲ..ငါ ကစားလို့ မရဘူးလား..."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။
ဝမ်မင်ယန် လင်းဖန်ကို ကြည့်ပြီး တစ်ခုခုပြော လိုက်ချင်ပေမယ့်လည်း..အနည်းငယ် စဥ်းစားအပြီးမှာ ဘာမှ ထပ်မပြောတော့ပေ..။လင်းဖန် ရှုံနိမ့်မှာကိုတော့ သူလုံးဝ စိတ်မပူပါဘူး..။အခြေအနေတွေ ထိန်းချုပ်ရ ခက်ခဲမှာကိုပဲ..သူစိုးရိမ်မိတာပါ..။ဒါက တကယ်ကို ပြသနာ တက်ပါလိမ့်မယ်..။
တစ်စုံတစ်ယောက်က သူနဲ့ကစားချင်တယ် လို့ပြောတဲ့ အချိန်မှာ ချန်းလီဟောင်..စိတ်လှုပ်ရှားမူတွေ ပြန်ဖြစ်ပေါ်လာခဲ့တယ်။
ဝမ်မင်ယန်လည်း အံ့ဩနေခဲ့ပါတယ်..။ချန်းလီဟောင် ဆက်ပြီး ကစားလိမ့်မယ် လို့ သူတကယ်မထင်ထားခဲ့ပါဘူး..။
လင်းဖန် ဝမ်မင်ယန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"ပိုက်ဆံနည်းနည်း ချေးပေးစမ်းပါ..။သူက ရင်ခုန်တတ်တယ် ဆိုတော့..။ပျော်စရာလေးတွေ ဖန်တီးပေးရမှာပေါ့..."
ဝမ်မင်ယန်ဟာ လင်းဖန်ကို အကူညီမဲ့စွာကြည့်လိုက်တယ် ..။ယင်းနောက် သူ့ရဲ့ အခန်းထဲကို သွားလိုက်ပြီး ပိုက်ဆံတွေယူလာလို်က်ပါတယ်။
ကျို့ကျို့ဟာ ချန်းလီေဟာင်ကို စိုက်ကြည့်လိုက်ပါတယ် .။ဒီကောင်က ကိုယ့်အမှားကို သိပြီး ဘဝအသစ်စတင်ဖို့ ဆိုတာက မဖြစ်နိုင်လောက်တော့ပါဘူး..။သူ့ကြည့်ရတာ ခုနက ဘာဖြစ်ခဲ့လဲ ဆိုတာကို မေ့နေခဲ့တဲ့ ပုံပါပဲ..။
တစ်ချိန်တည််းမှာပဲ..သူတို့ မာစတာ လင်းဘာလုပ်ချင်တာလဲ ဆိုတာ သိချင်နေကြတယ်..။
သူက ဘာလို့ ချန်းလီဟောင်နဲ့.လောင်းကစား လုပ်ချင်နေတာလဲ...
"မင်းက ဘာအမျိုးအစားကို ကစား ချင်တာလဲ.."
ချန်းလီဟောင်မေးလိုက်တယ်..။ယင်းနောက်.သူ တစ်ခြားလူတွေကို ကြည့်လိုက်ပြီး...
"ခင်ဗျားတို့ရော ပါဦးမှာလား...."
"ဟင့်အင်.."
တစ်ခြားလူတွေဟာ ပြန်ဖြေလိုက်တယ်။သိသာစွာပဲ သူတို့ ထပ်ပြီး မကစားချင်ကြတော့ပါဘူး..။တစ်ချိန်တည်းမှာပဲ သူတို့ ချန်းလီဟောင်နဲ့ ဘယ်တော့မှ ထပ်မကစားတော့ ဘူးလို့ ကျိန်ဆို လိူက်ကြတယ်..။
"ဘယ်လောက် ပျင်းစရာကောင်းလဲ.."
ချန်းလီဟောင် ပြောပြီး ခေါင်းခါယမ်းလိုက်တယ်။ယင်းနောက် သူ လင်းဖန်ကို ကြည့်လိုက်ပြီး...
"သူတို့ မကစားဘူးဆိုမှတော့...ရွှေရောင်ပန်းပွင့်ကစားနည်းပဲ ကစားကြရအောင်..ဒါက ငါအကြိုက်ဆုံး ကစားနည်းပဲ.."
"ကောင်းပြီလေ..."
လင်းဖန် ကစားနည်းကို သိပ်ပြီးတော့ စိတ်မဝင်စားပေ..။လီဟောင်သူ့ကို နိင်ဖို့ ဆိုတာ မဖြစ်နိင်မှန်း သူသိထားပါတယ်..။
ဝမ်မင်ယန် ပိုက်ဆံ အိတ်တွေကို သယ်လာပြီး လင်းဖန်ရဲ့ ဘေးနားမှာ ချထားလိုက်တယ်..။ယင်းနောက် သူ နားနားကပ်ပြီး...
"သိပ်ပြီးတော့ အလေးနက် မထားနဲ့ဦး..။လီဟောင်က မကောင်းတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး..."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်.။
"အတူတူ ဝင်ကစားချင်လား..."
ဝမ်မင်ယန်ဟာ ခနအံ့ဩသွားပြီးကာမှ ခေါင်းညိမ့်လိုက်ပါတယ်။
ချန်းလီဟောင် ရယ်မောလိုက်တယ်..။
"လူများလေ ကောင်းလေပဲလေ.။ဘယ်သူက ဖဲ ကုလားဖန် ထိုးတာ ပိုတော်လဲ ကြည့်လိုက်ကြရအောင်.."
လင်းဖန်ဟာ ဖဲကုလားဖန်ထိုးတဲ့လူအဖြစ်ရွေးချယ်ခံလိုက်ရပါတယ်..။
"ကတ်တွေ ကုလားဖန် ထိုးလိုက်ပါဦး.."
ချန်းလီဟောင် ပြောလိုက်ပါတယ်..။သူ့ရဲ့ ပျော်ရွှင်တဲ့ ခံစားချက်တွေက ပြန်လည်ထွက်ပေါ်လာခဲ့ပါပြီ.. ။
လင်းဖန် ဘာလှည့်စားမူမှ မလုပ်ပဲ..ပုံမှန်အတိုင်းပဲ ဖဲတွေကို ကုလားဖန် ထိုးလိုက်ပါတယ်..။ယင်းနောက် သူအကုန်လုံးကို ပြန်ချလိုက်တယ်။
ချန်းလီဟောင်ဟာ ကတ်တွေကို ကြည့်တောင် မကြည့်ပဲ တစ်ခုချငိးစီ ယူလိုက်ပါတယ်။
လင်းဖန် နဲ့ ဝမ်မင်ယန်ဟာလည်း အတူတူပါပဲ.။
ချန်းလီဟောင် ကတ်တွေကိုတောင် မကြည့်ပဲ စားပွဲပေါ်..ပိုက်ဆံ ပစ်တင်လိုက်တယ်..။
ဘေးနားမှာ ကြည့်နေတဲ့ လူတွေဟာ အံ့ဩနေခဲ့ကြပါတယ်။ကြည့်ရတာ သူက အရင်ကထက်တောင် ပိုဆိုးလာတဲ့ ပုံပါပဲ။
"ကောင်းပြီ..ကတ်တွေကို ကြည့်လိုက်ရအောင်.."
ချန်းလီဟောင် ရယ်မောပြီး ပြောလိုက်တယ်..။သူ ကတ်တွေကို ယူလိုက်ပြီး ဂရုတစိုက်ကြည့်လိုက်ပါတယ်..။သူ့ရဲ့ ပထမ ကတ်ကို မြင်လိုက်တဲ့ အချိန်မှာ ကျေနပ်သွားခဲ့တယ်။ဒုတိယ ကတ်ကို မြင်လိုက်တဲ့ အချိန်မှာ..ကျယ်လောင်စွာ ရယ်မောလိုက်ပြီး..တတိယကတ်ကို မြင်လိုက်တဲ့ အချိန်မှာတော့ သူ့နှလုံးခုန်သံတွေဟာ မြန်လာခဲ့ပါပြီ။
ချီးပဲ..ငါ့ကံတရားက အတော်ကောင်နေပါလား...
ချန်းလီဟောင် ပုံမှန်အတိုင်းနေဖို့ ကြိုးစားလိုက်တယ်..။သူ ဒီကတ်တွေနဲ့ ဆိုရင် ကစားပွဲကို အမြင့်ဆုံးအထိ ဖြည်းဖြည်းချင်း မြင့်တင်သွားနိုင်မှာပါ..။
ဝမ်မင်ယမ် သူ့ကတ်တွေိကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။ယင်းနောက် သူ လင်းဖန်ကို သိချင်စိတ်ဖြစ်စွာ ကြည့်လိုက်မိပါတယ်။သူ လင်းဖန် လုပ်ချင်မှန်း မသိပေမယ့် ထပ်လိုက်ဖို့ကိုသာ ဆုံးဖြတ်လိုက်ပါတယ်။
ချန်းလီဟောင် ရယ်မောလိုက်တယ်..။
"အကုန်လုံး စစ်ဆေးပြီးပြီဆိုတော့ ကတ်တွေ ပြကြတော့မလား..."
လင်းဖန် ပြုံးလိုက်တယ်.။
"ဘာလို့ အဲလိုလုပ်မှာလဲ..ဆက်ကစားကြတာပေါ့.."
"ကောင်းပြီ...ဒါကမှ တကယ်ဖြုန်လောက်စရာပဲ.."
ချန်းလီဟောင် စိတ်ထဲမှာတော့ ကျိတ်ရယ်နေခဲ့တာပါ..။
ယင်းနောက် ဝမ်မင်ယန်ဟာ ကတ်တွေကို စားပွဲပေါ်ပစ်တင်လိုက်တယ်..။
ချန်းလီဟောင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး..
"ကတ်တွေကို ပြချင်ပြီလား..။ဒါမှမဟုတ် တစ်ခုခုပိုရင်ခုန်အောင် ကစားချင်လား..."
လင်းဖန် ပြုံးလိုက်တယ်..။
"ကောင်းပြီလေ..ဘယ်လိုရင်ခုန်အောင် ကစားချင်တာလဲ.."
"မင်းရဲ့ ပိုက်ဆံတွေ အကုန်လုံးကို လောင်းလိုက်..ငါလည်း လိုက် မယ်..။ပြီးရင် ငါတို့ ကတ်တွေ လှန်ကြတာပေါ့.."
ချန်းလီဟောင် စိတ်လှုပ်ရှားစွာ ပြောလိုက်တာပါ..။
"ကောင်းပြီလေ..."
လင်းဖန် တွေဝေမနေပဲ ပြောလိုက်တယ်..။
ဟီချန်းဟန် မေးလိုက်တယ်..။
"မာစတာ လင်း ကိုယ့်ကတ်ကို အရင်ကြည့်ချင်လား.."
သူပြောချင်တာက လင်းဖန်ရဲ့ ကတ်ကို အရင်ကြည့်ဖို့ပါ..။တကယ်လို့ သူတို့ ကတ်ကို မကြည့်ပဲ အရမ်း ဆိုးဆိုးရွားရွားတွေ လုပ်နေရင်..လောင်းကစားလုပ်နေလို့လည်း ဘာမှထူးမှာ မဟုတ်ပါဘူး.။
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး...
"ဒါ အဆင်ပြေပါတယ်..။ရင်ခုန်စရာကောင်းဖို့ပဲ လိုတာ ဟုတ်တယ်မလား..."
ချန်းလီဟောင် ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ် ရင်ခုန်စရာ ကောင်းဖို့က အဓိကပဲ.."
ချန်လီဟောင်ဟာ ခုနကပွဲမှာ ပိုက်ဆံ အမျာကြီးနိုင်ထားတဲ့ အတွက်ယုံကြည်မူတွေ ပြည့်နှက်နေခဲ့ပါတယ်..။
"မင်းရဲ့ ကတ်ကို ဖွင့်ပါဦး.."
လင်းဖန် ပြောလိုက်တာပါ.။
ချန်းလီဟောင် ပြုံးလိုက်ပြီး.ကတ်သုံးကတ်ကို စားပွဲပေါ်ပစ်တင်လိုက်တယ်..။
"စိတ်မကောင်းပါဘူး ဒီနေ့ ငါ့ရဲ့ကံတရားက တကယ်ကောင်းနေတာ..။ဒါက အပွင့်တူဖဲချပ်ပဲ.။ဒါက နံပါတ် အနည်းငယ် နိမ့်နေပေမယ့်လည်း အပွင့်တူ ကာလာတူ သုံးချပ်လေ..."
လူအုပ်ကြီးဟာ ဆွံ့အသွားခဲ့တယ်..။ဒါဘယ်လိုဖြစ်နိုင်မှာလဲ...
ကျို့ကျို့ဟာ မျက်မှောင်ကျုတ်လိုက်ပြီး..
"နင်က အတော်တွက်ချက်တတ်တာပဲ..။နင့်ရဲ့ ကတ်တွေက ဒီလောက်ကောင်းနေတာကိုတောင်..မာစတာ လင်းကို..ငွေအကုန်လိုက်အောင်လို့ ပြောရဲသေးတယ်.."
"ဘာကိုလဲ..ငါသူ့ကို အတင်းမလောင်းခိုင်းဘူးလေ..သူကိုယ်တိုင်ကိုက လောင်းချင်နေတာပဲကို.."
ချန်းလီဟောင် ပြန်ငြင်းခုန်လိုက်တယ်..။ယင်းနောက်သူ ရယ်မောလိုက်ပြီး..
"စိတ်မကောင်းပါဘူး..ငါနိုင်သွားပြီ.."
ချန်းလီဟောင် လင်းဖန်ရဲ့ ပိုက်ဆံတွေကို ယူဖို့လုပ်လိုက်တဲ့ အချိန်မှာ လင်းဖန်လက်ကို မြောက်လိုက်ပါတယ်..။
"အရမ်းစိတ်မရှည် မဖြစ်ပါနဲ့..။ငါတောင် ကတ်ကို မကြည့်ရသေးဘူး..."
ချန်းလီဟောင်..ဒိီစကားကို သိပ်ပြီး အရေးမစိုက်ပေ..။
"ဘာလို့ မင်းရဲ့ ကတ်တွေကို ကြည့်နေဦးမှာလဲ..။ငါက အပွင့်တူ ကာလာတူ သုံးကတ်ရထားတာလေ..။မင်းနိုင်ဖို့ ဆိုတာက မဖြစ်နိုင်တော့ဘူး..."
လင်းဖန် ရယ်မောလိုက်တယ်..။ယင်းနောက် သူ့ရဲ့ ကတ်တွေကို လက်ချောင်းတွေနဲ့ သိမ်မွေ့စွာ လှန်လိုက်ပါတယ်။ခနအတွင်းမှာပဲ ကတ်သုံးပတ်ဟာ ပေါ်လာခဲ့တယ်။
"စိတ်မကောင်းပါဘူး...ငါ့ကတ်တွေက ပိုကောင်းနေပြီထင်တယ်..."
ချန်းလီဟောင် အေးခဲသွားခဲ့တယ်..။သူ ကိုယ့်မျက်လုံးကိုတောင် မယုံကြည်နိုင်တော့ပါဘူး..။
"ဘယ်လိုဖြစ်နိုင်မှာလဲ..."
လူတိုင်းလည်း ဆွံ့အနေခဲ့ကြပါတယ်..။ဘယ်လိုဖြစ်နိုင်မှာလဲ...
အဲ့အချိန်မှာတော့ ဝမ်မင်ယန်ဟာ လင်းဖန်က သူလိုချင်တဲ့ ကတ်ကို ကြိုက်သလို ပြောင်းလဲ နိုင်တယ် ဆိုတာ နားလည်လိုက်ပါပြီ..။