ငါမင်းကို ထပ်ပြီး စိတ်လှုပ်ရှားအောင် လုပ်ပေးမယ်
Vol. 19 Ch. 280
"ငါ့ကိုယ်ငါ ဒီလောက်အထိ ကံကောင်းလိမ့်မယ်လို့ မထင်ထားမိဘူးကွာ.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။သူ ဒါကို စိတ်ထဲတောငိ သိပ်မထားပါဘူး။ချန်းလီဟောင်က ရန်ခုန်ရတာကို သဘောကျတယ်ဆိုမှတော့.လင်းဖန် သူ့အတွက် ပျော်စရာလေးတွေ ဖန်တီးပေးဖို့ ဆုံးဖြတ်ထားပြီးပါပြီ.။
အစကတော့ စားပွဲပေါ်က ငွေအပုံလိုက်ဟာ ချန်းလီဟောင် အနိုင်ရပြီး ရရမှာဖြစ်ပေမယ့် အခု သူ စိတ်မကောင်းဖြစ်သွားခဲ့တယ်..။သို့ပေမယ့်လည်း သူကံကောင်းသလောက် တစ်ဖက်လူက ပိုပြီးကံကောင်းနေတဲ့ အတွက် အများကြီး ထပ်မတွေးတော့ပေ..။
"ငါ ကုလားဖန် ထိုးပါရစေ..."
ချန်းလီဟောင်ဟာ လင်းဖန် လိမ်ညာနို်င်ခြေရှိတယ် လို့ တွေးလိုက်ပြီး...ဖဲတွေကို ကုလားဖန် ထိုးဖို့ ဆုံးဖြတ်လိုက်တာပါ..။
"ကောင်းပြီလေ..သေချာတာပေါ့.."
လင်းဖန် ပြုံးပြီးသာ နေနေခဲ့တယ်။ယင်းနောက် သူ စားပွဲပေါ်က ပိုက်ဆံတွေကို သိမ်းလိုက်ပါတယ်..။
"ခုနက ကတ်တွေက မင်းကို ရင်ခုန်စေဖို့ လုံလောက်ရဲ့လား.."
ချန်းလီဟောင် လင်းဖန်ကို ကြည့်လိုက်တယ်..။
"ငါ ကံမကောင်းဖြစ်သွားတာပါ..။အခု စောသေးတယ် ဆိုတော့ နောက်ထပ် တစ်ပွဲလောက် ဆော့လိုက်ရအောင်.."
"ဖဲတွေကို ငါ ချိုး ပါရစေ..."
လင်းဖန် ပြောလို်က်တာပါ..။
ဝမ်မင်ယန်ကတော့ ထိုင်သာ ထိုင်နေပြီး..ဘာမှ မပြောပေ..။အခုမှ တစ်ပွဲတည်းသာ ပြီထားပေမယ့်လည်း သူ နောက်ဆုံူးရလာဒ် ဘယ်လို ထွက်လာမလဲ ဆိုတာကို သိထားပြီးပါပြီ..။
"မင်းငါ့ကို ထပ်ပြီးနိင်လိမ့်မယ် လို့ ငါတော့ မယုံကြည်ဘူး..."
ချန်းလီဟောင် ပြောလိုက်တာပါ..။
ဝမ်မင်ယန်ကတော့ ဥာဏ်မထိုင်းပေ..။သူရဲ့ အရည်အချင်းတွေနဲ့ ဆိုရင် အိမ်ဖြည့် အဖြစ်ပဲ ဝင်ကစားနေရတာ ဆိုတာ နားလည်ထားပါတယ်..။
ယင်းနောက် စားပွဲဟာ ပိုက်ဆံတွေနဲ့ ထပ်ပြီး ပြည့်သွားခဲ့တယ်။
လင်းဖန်ကတော့ သူ့ကတ်ကိုတောင် မကြည့်ပေ..။သူချက်ချငိးပဲ ရှိသမျှအကုန်လုံးကို ပုံထည့်လိုက်ပြီး...
"ငါ အကုန်ထည့်မယ်ကွာ..မင်းထပ်လိုက်ချင်လား.."
ချန်းလီဟောင် ကြောင်အသွားခဲ့တယ်။
"ပြင်းထန်လှချည်လား..."
လင်းဖန် ပြုံးလိုက်တယ်။
"ဒါကမှ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းမှာပေါ့...မင်းထပ်လိုက်မှာမလား..."
"ဟားဟား.."
ချန်းလီဟောင် ရယ်မောလိုက်တယ်။
"ကောင်းပြီ ငါထပ်လိုက်မယ်.."
ဘေးနားမှာ ကြည့်နေကြတဲ့ လူအုပ်ကြီးဟာလည်း ကြောင်အနေကြပါပြီ..။မာစတာ လင်းက ချန်လီဟောင် ထက်ပိုပြီး ရူးသွပ်နေလိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး.။သူတို့ရဲ့ ပုံစံက အသက်တွေပါ လောင်းကြေးထပ်ပြီး ဆော့ကြတော့မယ့် ပုံစံပါပဲ..။
လင်းဖန် သူ့ကတ်ကို ချက်ချင်းလှန်လိုက်တယ်..။
ချန်းလီဟောင် လင်းဖန်ရဲ့ ကတ်တွေကို ကြည့်ပြီး ရယ်မောလိုက်တယ်..။
"ဟားဟား ၇ လား.။မင်းရဲ့ အကြီးဆုံးကတ်ကတောင် ၁၀ ပဲရှိတယ်..။ငါသာ ပန်းပွင့် ရရင် ငါနိုင်ပြီပဲ..။ဘယ်လိုလဲ .နောင်တရနေပြီလား..မင်းသာ ငါ့ကိုမြင်ပြီး မထိတ်လန့်သွားစေနဲ့ဦး.."
ချန်းလီဟောင် လင်းဖန်ရဲ့ ကတ်တွေကို မြင််မှ သက်ပြင်းချနိုင်ခဲ့ပါတယ်။
"မင်းတော့ ရှုံးပြီပဲ.."
လင်းဖန် ယုံကြည်မူရှိရှိပြုံး လိုက်တယ်။
"မသေချာသေးပါဘူး..။ဒီ ကတ်အသေးတွေကို အထင်မသေးလိုက်နဲ့ဦး..."
ချန်လီဟောင် ရယ်မောလိုက်ပြီး..သူ့ရဲ့ ပထမကတ်ကို စားပွဲပေါ် ပစ်တင်လိုက်တယ်..။
"ပထမ ကတ်နဲ့တင် ငါမင်းကို နိုင်နေပြီ.."
* ဖြန်း *
သူ့ကတ်က ၃ ပါ..။
ချန်းလီဟောင် ကြောင်အသွားခဲ့တယ်။အစကတော့ သူာ အလွန်အမင်း စိတ်လှုပ်ရှားနေတာ ဖြစ်ပြီး အခုတော့ သူ့ကိုယ်ကို ရေအေးအေးနဲ့ လောင်းချလိုက်သလိုပါပဲ..။
လင်းဖန် ကြည့်လိုက်တယ်။
"မင်းရဲ့ ပထမ ကတ်က သိပ်တော့ မဟုတ်သေးဘူးနော်..။လာ...ဒုတိယနဲ့ တတိယ ကတ်ကို ပြစမ်းပါဦး..။ဒါက အတော်ရင်ခုန်ဖို့ ကောင်းတယ်.."
တကယ်ပဲ ..ရင်ခုန်ဖို့ ကောင်းနေခဲ့တာပါ..။
ချန်းလီဟောင် တံတွေးတွေကို မျိုချလိုက်ပြီး ဒုတိယကတ်ကို စားပွဲပေါ်ပစ်တင်လိုက်တယ်..။
"နိင်စမ်းကွာ.."
*ဖြန်း*
ဒီတစ်ခါက နံပါတ် ၈ ပါ..။
လူအုပ်ကြီးဟာ ကြောင်အသွားခဲ့တယ်။
"ချီးပဲ..ဒီအခြေအနေမှာ သူရှုံးတော့မှာလား..."
"ငါလည်း မသိဘူးလေ..။ဒါက နောက်ဆုံး ကတ်ပေါ်မှာပဲ မူတည်တော့တယ်.."
"လီဟောင် ဘယ်လောက်တောင် ကြောက်နေလည်း ကြည့်ပါဦး..။သူ့နှာဖူးမှာ ချွေးတွေတောင် ပျံနေပြီ.."
လင်းဖန် တည်ငြိမ်စွာ ထိုင်နေပြီး ပြောလိူက်ပါတယ်။
"ဘယ်လောက်တောငိ ကံမကောင်းလိုက်လဲ..။မင်းရဲ့ ဒုတိယ ကတ်က သေးလွန်းတယ်..။နောက်ဆုံးကတ်က မင်းရဲ့ ကံတရားကို ဆုံးဖြတ်ပေးမှာပဲ..။ဒါက အတော်ကို ရင်ခုန်ဖို့ ကောင်းလိမ့်မယ်..."
ချန်းလီဟောင် ..ခေါင်းကို မြောက်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်တယ်..။နောက်ဆုံးကတ်ကိုတော့ သူဖုံးအုပ်ထားခဲ့ပါတယ်။သူ အနည်းငယ် သံသယဖြစ်စွာဖြင့်...
"ဟားဟား ..ဒါက တကယ်ကို ရင်ခုန်စရာ ကောင်းတာပဲ..။ဒီလို အချိန်မျိုးဆိုတာက ရင်ခုန်စရာ အကောင်းဆုံး အခိုက်အတန့်ပဲလေ..။ဒါပေမဲ့ ငါ့ကိုငါယုံကြည်တယ်..ဒီကတ်က..လုံလောက်အောင် ကြီးလိမ့်မယ်..။စိတ်မပူနဲ့..ငါမင်းကို အနိုင်ရမှာပါ...."
"ငါ ဘယ်လို အနိုင်ရမလဲ ဆိုတာ ကြည့်လိုက်.."
*ဖြန်း*
ရုတ်တရက် လူတိုင်းဟာ ကြောင်အသွားခဲ့တယ်။ဒီမှာရှိနေတဲ့ လူတိုင်းဟာ.စားပွဲကို ကြည့်နေခဲ့ကြတာပါ..။
သူ ဒီလို အခြေအနေမှာ ဘယ်လို ဖြစ်ပြီး ရှုံးနိမ့်သွားရတာလဲ.....
ဒါက နံပါတ် ၂ ပါ..။အရင် နှစ်ကတ်ထက်တောင် ဆိုးရွားနေခဲ့ပါသေးတယ်။
ချန်းလီဟောင် ဟာ ကတ်သုံးကတ်ကို မျကိတောငိ မခတ်ပဲ စိုက်ကြည့်နေခဲ့တယ်..။
"ဘယ်လို ဖြစ်နိုင်မှာလဲ..."
လင်းဖန် အကူညီမဲ့စွာ ခေါင်းကို ခါယမ်းလိုက်ပါတယ်..။
"ဘယ်လောက်တောင် ဆန်းကျယ်လိုက်လဲ..။မင်းရဲ့ ကတ်တွေက တော်တော်ကို သေးနေတာပဲ..."
ချန်းလီဟောင် လင်းဖန်ကို ကြည့်ပြီး ချက်ချငိးမေးလိုက်တယ်။
"မင်းလိမ်ဆော့နေတာလား.."
သူ ဒီလိုပြောလိုက်တာနဲ့ ကျို့ကျို့ဟာ ဝင်ပြောလိုက်တယ်။
"ချန်းလီဟောင် ရှုံးမှာကို ကြောက်နေရင် လောင်းကစား လုပ်မနေနဲ့..။နင်ပြောချင်တာက နင်ပဲ အနိုင်ရပြီးတော့ ကျန်တဲ့ လူတွေ ရှုံးရမယ်လို့ ပြောချင်နေတာလား.."
ဟီချန်းဟန် ချောင်းဟန့်လိုက်ပြီး..
"လီဟောင် စကားတွေကို ဆင်ခြင်ပြော။.ငါတို့ အကုန်လုံး..ကစားပွဲကို ကိုယ်ပိုင်မျက်လုံး တွေနဲ့ ကြည့်နေကြတာ..။မာစတာ လင်းကို လိမ်ညာတဲ့ လူလို့ မပြောနဲ့..."
ချန်းလီဟောင် ခေါင်းခါယမ်းလိုက်တယ်။
"မဟုတ်ပါဘူး..ကျုပ်က ဒီတိုင်းပဲ ပြောလိုက်တာပါ..."
လင်းဖန် ရယ်မောလိုက်တယ်..။
"ကောင်းပြီလေ ...အဲလိုဆိုရင်လည်း မင်းပဲ ကုလားဖန်ထိုး ..မင်းပဲ ဖဲကို ချိုး...။ပြီးတော့ မင်းဟာမင်း ဖဲဝေ..။ငါ ဖဲတွေကို မထိတော့ဘူး ဘယ်လိုလဲ..."
"ကောင်းပြီ.."
ချန်းလီဟောင် ခေါင်းညိမ့်လိုက်တယ်။
ဝမ်မင်ယန် လင်းဖန်ကို ကြည့်လိုက်ပြီး..ကြောင်အနေခဲ့ပါတယ်..။
သူ့မှာ ဒီလို ကျွမ်းကျင်မူတွေ ဘယ်လို ပိုင်ဆိုင်ထားတာလဲ....
"ဆက်လိုက်ရအောင်..."
လင်းဖန် သူ့ရဲ့ ထိုင်ခုံကို နောက်မှာ မှီပြီး ပြောလိုက်တယ်..။
သူ တို့ ခုနှစ်ပွဲမြောက် အထိ ဆက်ပြီး ကစားနေခဲ့ကြတယ်..။
နေရာတစ်ခုလုံးကတော့ တိတ်ဆိတ်နေခဲ့ပါပြီ..။လူတိုင်းဟာ ကစားပွဲကို အံ့ဩသင့်စွာ ကြည့်နေခဲ့ကြလို့ပါ..။
တကယ်လို့ သူတို့မျက်လုံးနဲ့သာ မမြင်ရရင် ဒီလိုတွေ ဖြစ်နေတယ် ဆိုတာကို ယုံကြည့်နိုင်မှာ တောင်မဟုတ်ပါဘူး..။
ရှစ်ပွဲေမြာက် ကို ရောက်ရှိလာခဲ့ပါပြီ..။
အရင်ကစားခံတဲ့ ခုနှစ်ပွဲက တကယ် အံ့ဩစရာပါပဲ..။မာစတာ လင်းရဲ့ ကတ်တွေက ချန်းလီဟောင်ကို ရိုက်ချနိင်ခဲ့ပါတယ်..။တစ်ခါတစ်လေ ဆိုရင်..ချန်းလီဟောင်ရဲ့ ကတ်ထက် နည်းနည်း ပဲ သာတာပါ..။
သို့ပေမယ့် ..ဒါကပဲ ချနး်လီဟောင်ကို အရှုံးတွေနဲ့ ရင်ဆိုင်ရစေပါတယ်..။
လင်းဖန်..လက်တွေကို အညောင်းဆန့်လိုက်ပြီးဟဟချန်းလီဟောင်ကို ကြည့်ကာ..မေးလိုက်ပါတယ်..။
"ညီအစ်ကို လီဟောင်...အရင်ပွဲတွေက အတော်ရင်ခုန်ဖို့ ကောင်းခဲ့တယ် မလား..."
ချန်းလီဟောင်ဟာ ခေါင်းကို မော့လိုက်ပြီး သရဲတစ္ဆေတစ်ကောင်ကို မြင်သလို ကြည့်လိုက်ပါတယ်..။သူ့ရဲ့ နှာဖူးမှာတော့..ချွေးတွေနဲ့ ရွဲနစ်နေလို့ပါ..။သူ့ရဲ့ ယုံကြည်မူတွေနဲ့ အကြောက်အလန့်ကင်းမူတွေကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ..။သူ့ရဲ့ ကတ်တွေကို ဂရုတစိုက်ကြည့်ပြီး..သူ့မှာရှိတဲ့ ယုံကြည့်မူတွေဟာ အရင်လို မရှိတော့ပေ..။
ဝမ်မင်ယန် လင်းဖန်ကို သံသယဖြစ်စွာ ကြည့်လိုက်တယ်..။သူ ချန်းလီဟောင်ကို ဒီလို အဆုံးသတ်အောင် လုပ်လိမ့်မယ်လို့ တကယ် မထင်ထားခဲ့ပါဘူး..။
ချန်းလီဟောင် အစကတော့ မာစတာ လင်း လိမ်နေခဲ့တယ် လို့ပဲ ထင်ထားခဲ့တာပါ။သို့ပေမယ့် လင်းဖန်က ကတ်တွေကို ထိတောင် မကြည့်ပေ..။သူတို့ကို ဝေပေးနေတာက လည်း တစ်ခြား လူတစ်ယောက်ပါ..။
ချန်းလီဟောင် သူတစ်ချိန်းလုံး ကံမကောင်းဖြစ်နေလိမ့်မယ် လို့ လုံးဝမယုံကြည်နိုင်ပေ..။
အခုသူ ရင်ခုန်စရာခံစားချက်လေးတောင် မခံစားရတော့ပါဘူး..။သူကြောက်လန့် မူတွေကိုပဲ ခံစားနေရပါတော့တယ်..။
သူ ကတ်အကောင်းတွေရရင်တောင် စိတ်လှုပ်ရှားတဲ့ စိတ်မရှိတော့ပေ။
"အကုန်လောင်းမယ်.."
လင်းဖန် ထုံးစံ အတိုင်း ကတ်တွေကို မကြည့်ပဲ ငွေအကုန်လုံး ပုံလိုက်တယ်။
ချန်းလီဟောင်ကတော့ လင်းဖန်ကို ကြောက်လန့်စွာ ကြည့်နေခဲ့ပါတယ်။သူ့လက်တွေကတော့ ကတ်တွေကို ကိုင်ထားရင်း တုန်ရီနေခဲ့တယ်..။သူ ထပ်ပြီး မလိုက်ရဲတော့ပါဘူး..။သူရဲ့ ကတ်တွေကိုပဲ ကြည့်ချင်နေခဲ့တာပါ။
လင်းဖန် ပြုံးလိုက်တယ်..။
"အစ်ကို လီဟောင်..ခင်ဗျား..လိုက်ချင်သေးလား..။ကျွန်တော် ကတ်တွေကိုတောင်..မကြည့်ရသေးဘူး..။ဘာလို့ ကတ်တွေကို ကြည့်ဖို့ လုပ်နေတာလဲ..ပျော်စရာလေးတွေ လုပ်ကြရအောင်..."
ငါ့ ဖင်ကြီးကို ပျော်နေပါလား...
ချန်းလီဟောင် စိတ်ထဲကနေ ကျိန်ဆဲလိုက်ပါတယ်။
လူတိုင်းဟာ တိတ်ဆိတ်နေခဲ့တယ်။ ရင်ခုန်စရာ ဆိုတဲ့ စကားလုံးက လီဟောင် အရင်ဆုံး ပြောခဲ့တာပါ။
အခုတော့ လီဟောင်ဟာ ဘာမှမပြောတော့ပေ..။သူက ရင်ခုနိစရာ ဆိုတဲ့ စကားလုံးကိုတောင် ကြောက်ရွံ့နေခဲ့ပါပြီ။
ယင်းနောက် ချန်းလီဟောင်..သူ့ရဲ့ ခေါင်းကို ညိမ့်လိုက်ပြီး..ကတ်တွေကို ဂရုတစိုက်ကြည့်လိုက်တယ်..။သူကတ်တွေကို တစ်ကတ်ချငိးစီ သေချာကြည့်လိုက်ပါတယ်။သူ့ရဲ့ တတိယ ကတ်ကို မြင်တဲ့ အချိန်မှာ မျက်လုံး ပြူးကျယ်သွားပြီး ထပ်ကြည့်လိုက်တယ်။
ယင်းနောက်.သူ စိတ်လှုပ်ရှားလာခဲ့ပေမယိ့ တည်ငြိမ်အောင် ပြန်ထိန်းချုပိလိုက်ပါတယ်။သူ့မှာ ဖဲကောင်းကောင်း ရှိနေတာကို တစ်ဖက်လူ မမြင်စေချင်ပါဘူး.။
"ငါ အကုန်ထည့်မယ်.."
"ငါ့မှာ ရှိတဲ့ အရာရာတိုင်း.."
"ငါ အကုန်လောင်းမယ်..မင်းရဲ့ ကတ်ကိုလည်း ကြည့်ချင်သေးတယ်.."
"ရင်းခုန်စရာပဲ...ဒါက ငါစောင့်နေတဲ့ ရင်ခုန်စရာ အခြေအနေပဲ.."
လင်းဖန် ရယ်မောလိုက်တယ်။
"ဘယ်လောက်တောင် ယုံကြည်မူ ရှိလိုက်လဲ.."
လူအုပ်ကြီးဟာလည်း ကြောင်အသွားခဲ့တယိ။
"လီဟောင် မင်းဒီလို လုပ်ချင်တာ သေချာရဲ့လား.."
ဝမ်မင်ယန်ဟာ စိတ်မချမ်းသာပဲ ခေါင်းခါယမ်းလိုက်ကာ..လီဟောင်ကို ..ကြည့်လိုက်တယ်..။ကြည်ရတာ သူခုနက ကြိုးစားခဲ့တာက အရာမထင်တဲ့ ပုံပါပဲ..။
"မင်းရဲ့ ကတ်တွေကို ဖွင့်ရဲလား..."
ချန်းလီဟောင် အော်လိုက်တယ်။
ဟီချန်းဟန် ပြောလိုက်ပါတယ်..။
"မာစတာ လင်း..သူ့ကို ဂရုမစိုက်နဲ့..သူက ရူးသွပ်နေတာ..."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"ကောင်းပြီလေ..မင်းက ငါ့ရဲ့ ကတ်ကို ကြည့်ချင်တာမလား..။မင်းရဲ့ ကတ်တွေကိုပဲ အရင်ဖွင့်လိုကိပါ..."
ချန်းလီဟောင် သူ့ရဲ့ ကတ်တွေကို စားပွဲပေါ် ပစ်တင်လိုက်တယ်..။
"ငါ့မှာ တစ်သုံးလုံး ရှိတယ်..။မင်းရဲ့ ကတ်တွေ ယှဥ်နိုင်ပါ့မလား..။ဒါက ရင်ခုန်စရာပဲ..ဒါက ငါပြောနေတဲ့ ရင်ခုန်စရာ အြခေအနေပဲ.."
"မင်းမှာ နိုင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိလဲ သိလား...။ငါပြောလိုက် မယ် မင်းမှာ အနိုင်ရဖို့ အခွင့်အရေးက ၀ ရာခိုင်နှုန်းပဲ ရှိတယ်..."
လူအုပ်ကြီးဟာ..ချန်းလီဟောင် ရဲ့ ကတ်ကို မြင်တဲ့ အချိန်မှာ..ခေါင်းခါယမ်းလိုက်တယ်။ချန်းလီဟောင်မှာ ဒီလို အခွင့်အရေးမျိုး ရှိလာလိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး..။
သို့ပေမယ့် သူတို့ သိချင်နေကြတယ်..။လတ်တလော ပွဲတွေမှာ ကတ်တွေက အပွင့်တူတွေ ချည်းပဲ ကျနေခဲ့တာပါ။
လင်းဖန် ပြုံးလိုက်တယ်။
"မင်းက အရမ်းယုံကြည်မူ ရှိနေတာပဲ.."
ချန်းလီဟောင်..လင်းဖန်ကို ကြည့်လိုက်တယ်။သူ့ရဲ့ ကြောက်လနိ့မူတွေ ပျောက်ကွယ်သွားခဲ့ပါပြီ..။ကြည့်ရတာ သူရဲ့ ယုံကြည်မူတွေ ပြန်ရောက်လာခဲ့တဲ့ ပုံပါပဲ..။
"ဘယ်လိုလဲ...အခုထိ ငါ့ကို နိုင်ဦးမယ် လို့ထင်နေတာလား..."
လင်းဖန် စားပွဲပေါ်က သူ့ကတ်တွေကို ကြည့်ပြီး နှစ်ကတ်ကို အလျင်အမြန် လှန်လိုက်တယ်..။
"ဝိုး...ဒါက သေးနေတာပဲ..။ကြည့်ရတာ တစ်သုံးလုံးက အကြီးဆုံး အရာ မဟုတ်တော့ဘူး ထင်တယ်.."
လင်းဖန် ပြောလိုက်တာပါ..။ယင်းနောက် သူ ချန်းလီဟောင်ကို မေးလိုက်တယ်။
"ဒီမှာ ငါး နှစ်လုံး ရှိနေတယ်..။နောက်ဆုံးတစ်ကတ်က သုံး ဖြစ်နိုင်မယ် လို့ထင်လား.။ငါမင်းကို ရင်ခုန်တယ် ဆိုတာ ဘာလဲ ပေးသိလိုက်မယ်..။နောက်တစ်ကတ်ကို မင်းကိုယ်တိုင် လှန်ကြည့်လိုက်...."
[553 က အမြင့်ဆုံးလို့ ထင်တာပဲ...]
ရုတ်တရက် အားလုံး တိတ်ဆိတ်သွားခဲ့တယ်။
ချန်းလီဟောင်ရဲ့ မျက်နှာကတော့ ပြောင်းလဲပြီး အေးခဲနေခဲ့ပါပြီ။သူ့မျက်လံူးတွေဟာ နောက်ဆုံးကတ်ကို သာ စိုက်ကြည့်နေခဲ့တယ်။
ဘေးနားက ကြည့်နေတဲ့..လူတိုင်းဟာ ဆွေးနွေးနေကြပါတယ်။
"ဟုတ်တယ် ဒီမှာ အဲလိုမျိုး စည်းမျဥ်းရှိတယ် .။နောက်ဆုံး တစ်ကတ်က တကယ် သုံးဖြစ်နေလိမ့်မယ်လို့ ထင်လား.."
"ငါတော့ မထင်ဘူးနော်..။ဒီလောက်အထိ ကံကောင်းနိုင်ပါ့မလား..။ဒါက ထီပေါက်တာ ထက်တောင် ပိုပြီး ခက်ခဲသေးတယ်.."
"ဒါပေမဲ့ ငါတစ်ခုခု ဖြစ်တော့မှာ ခံစားနေမိတယ်.."
"လီဟောင်တောင်မှ ကြောက်လန့်နေတဲ့ ပုံပဲနော်.."
လင်းဖန် စားပွဲပေါ်က နောက်ဆံူး တစ်ကတ်ကို..ညွှန်ပြလိုက်တယ်။
"လာ.. ကိုယ်တိုင် လှန်လိုက်ပါဦး.."
ချန်းလီဟောင် လင်းဖန်ကို ကြည့်ပြီး လက်ကို မြောက်လိုက်တယ်။ဒီကတ်က သူနဲ့ နီးနေပေမယ့်လည်း..သူတကယ်ကြောက်လန့်နေပြီး ဖြည်းဖြည်းချင်းပဲ လှန်ကြည့်ချင်ပါတယ်။
အချိန်တွေ ဖြည်းဖြည်းချင်းသွားနေသလိုပဲ သူနောက်ဆုံးကတ်ကို ဖြည်းဖြည်းချင်း လှန်လိုက်ပါတယ်..။
…