အံ့ဩစွာ ပင့်သက်ရှိုက်မှုများ..
Vol. 19 Ch. 274
လင်းဖန် သူ့ကို ကြည့်နေကြတဲ့ အကြည့်တွေထဲမှာ တစ်ခုခုမှားနေတာ ကို သတိပြုမိလိုက်တယိ..။သူတို့က ထိုးဖောက် မြင်ရသလိုမျိုး..စူးစိုက်ပြီး ကြည့်နေခဲ့ကြတာပါ..။
ရုတ်တရက်..။
အခန်းထဲမှာ ပွက်လောရိုက် မူတွေ..ဖြစ်လာခဲ့တယ်.။
အံ့ဩစွာ ပင့်သက်ရှိုက် မူတွေ...
"တိကျလွန်းတယ်...အရမ်းကို တိကျလွန်းတယ်.."
"ချီးပဲ ..သူဘယ်လို သိနေတာလဲ.."
"လတ်တလောမှာ ငါပြသနာ တက်နေတယ်ဆိုတာ မင်းဘယ်လိုသိနေတာလဲ..။ငါ အဲတာကို ဘယ်သူ့ကိုမှ လည်း မပြောမိပါဘူး.."
ဂျန်ယနိမင် ရေရွတ်လိုက်တယ်..။
"ဘယ်လို ဖြစ်နိုင်မှာလဲ..။ငါလက်ရှိ ရင်းနှီးမြုပ်နှံမူက အရှုံးပေါ်နေလို့..ဒေါ်လည ဆယ်သနိးက ဆုံးရှုံးဖို့ နီးနေပြီ..။ဒါပေမဲ့ ငါအရင်က ဘယ်သူ့ကို မှ မပြောဖူးဘူးလေ..."
မိန်းမလှလေးတွေရဲ့ အမူအရာတွေဟာလည်း ကြောင်အနေခဲ့တယ်..။
ဒီလို အံ့ဩသင့်စွာ ပင့်သက်ရှိုက်မူတွေကိုတော့ လင်းဖန် အသားကျနေခဲ့ပါပြီ..။သူ လက်ဝေ့ယမ်းလိုက်ပြီး...
"ကောင်းပြီ ကောင်းပြီ ဒီလောက်ဆို လုံလောက်ပြီ..။အားလုံးရဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေကို ပြောမိတာက ကျွန်တော့်ရဲ့ အမှားပါ..။တစ်ခြား အကြောင်းအရာတွေကိုပဲ ပြောကြရအောင်.."
သူက လူတိုင်းရဲ့ စိတ်မကောင်းစရာ အကြောင်းတွေကို ဖော်ထုတ်မိခဲ့တာပါ..။ဒါက သူကြွားဝါချင်လို့ မဟုတ်ပေမယ့်..ကိုယ့်ကိုကို မထိန်းချုပ်နိုင်ခဲ့တာပါ..။
ဒါပေါ့..ဒါက သူ့ရဲ့ ကျွမ်းကျင်မူတွေနဲ့ ယှဥ်ရင် အသေးအဖွဲလောက်ပဲ ရှိပါသေးတယ်..။ဘာမှ အံ့ဩစရာ သိပ်မရှိပေ..။
လူအုပ်ကြီးဟာ လင်းဖနိရဲ့ တည်ငြိမ်တဲ့ အမူအရာကို ကြည့်လိုက်တယ်..။တစ်ခြား တစ်ဖက် မှာတော့ သူတို့ဟာ မတည်ငြိမ်နိုင်ကြတော့ပါဘူး..။
တသ်ယောက်ချငိးစီတိုငိးဟာ လင်းဖန်ရဲ့ အနားကို ကပ်သွားပြီး..မေးခွန်းတွေ မေးလိုက်ကြတယ်..။
"မာစတာ လင်း.., ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်လည်း ဆိုတာ ကူညီပေးပါလား.."
"မင်းရဲ့ အခြေအနေက ပြောင်းလဲလို့ မရတော့ဘူးလေ.။ဘာတွေများ ထပ်မေးစရာ ရှိသေးလို့လဲ..။မာစတာ လင်း ကျွန့်တောိ့ အနေအထားက ဘာဆက်လုပ်ရမလဲ အကြံဥာဏ်ပေးပါဦး.."
"ဆူညံ့မနေကြနဲ့တော့..ခုနက ရှင်တို့ပဲ မယုံကြည်ကြဘူးလို့ ပြောတာ မဟုတိဘူးလား.။အခုကျမှ ဘာလို့ လာယုံကြည်နေကြတာလဲ..။မာစတာ လင်း ..ကျွန်မက အစ်ကိုယန် အရမ်းဂရုစိုက်တဲ့ မိန်းကလေးပါ..။ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပေးပါဦး.."
…
လင်းဖန်ရဲ့ ဘေးနားမှား ရပ်ပြီးမေးခွန်းထုတ်နေတဲ့..လူတွေ အကုန်လုံး စိတ်ရှုပ်သွားခဲ့တယ်..။
လင်းဖန် လက်ကို ဝေ့ယမ်းလိုက်ပြှီး...
"အားလုံးပဲ စိတ်ငြိမ်ငြိမ်ထားကြပါ..။အရမ်းစိတ်မလှုပ်ရှားကြပါနဲ့..။ဒီအကြောင်းအရာတွေက..တွက်ချက်လို့မရဘူးလေ..။အနာဂတိကို ကြည့်နိုင်တဲ့ လူလည်း မဟုတ်ဘူး"
သူ ပြောချင်တာကတော့ ရှင်းပါတယ်..။
ငါ့ကို မယုံကြည်နဲ့ ငါဘာကောင်မှ မဟုတ်ဘူး....
သို့ပေမယ့် ဘေးနားက လူတွေဟာ သူပြောတာကို မယုံကြည်ကြပေ။အစ်ကိုယန် ပြောသွားတဲ့ စကားကို သူတို့ နောက်ဆုံးတော့ နားလည်သွားကြပါပြီ..။
အထူးသဖြငိ့ အစ်ကိုယန် နောက်ဆုံးပြောသွားတာက သူတို့သာ သူ့ညီအစ်ကိုဆီက အကြံဥာဏ်စက ားအနည်းငယ်ကို ကြားရရင် ဒါက ကောင်းချီးပေးမူတစ်ခုပဲ ဆိုတာကိုပါ။
သူတို့ အစတုန်းက မယုံကြည်ပေမယ့်လည်း အခုတော့ ယုံကြည်နေကြပါပြီ။
သူက သက်ရှိနတိဘုရား တစ်ပါးလိုပါပဲ။
သူပြောသွားတဲ့ စကားလုံးတိုင်းက အတော်ကို တိကျနေခဲ့တာပါ..။
"ရှင်ဘယ်သူလဲ ဆိုတာ ကျွန်မသိပြီ.."
ရုတ်တရက် အမျိုးသမီး တစ်ယောကိဟာ..ရေရွတ်လိုက်တာပါ..။
"ရှင်က တိမ်ဖြူလမ်းရဲ့ မာစတာ လင်းပဲ..။ကျွန်မရှင့်အကြောင်းကို ဝိုက်ဘိုပေါ်မှာ ကြားဖူးတယ်..။ဒါပေမဲ့ ဒါကတကယ် မှန်နေလိမ့်မယ် လို့ မထင်ထားခဲ့မိဘဘူး.။ရှင်က တကယ်စစ်မှန်တဲ့ မာစတာ ဖြစ်နေလိမ့်မယ် လို့ တကယ် မထင်ထားဘူး."
မိန်းမလှလေးရဲ့ စကားဟာ အားလုံးကို သိချင်စိတ် ဖြစ်ပေါ်စေခဲ့တယ်..။
တိမ်ဖြူလမ်းက မာစတာ လင်းလား.....
သူတို့မှာ ဝိုက်ဘို မရှိတာ မဟုတ်ဘဲ ဒီလို သတင်းခေါင်းစဥ်တွေကို သူတို့ ဂရုမစိုက်ခဲ့ကြတာပါ..။
မိန်းကလေးဟာ ကမ္ဘာအသစ်ကို ရောက်နေသလိုမျိး ကြည့်လိုက်တယ်.. ။တိမ်ဖြူလမ်းရဲ့ မာစတာ လင်းက အရမ်းကျော်ကြားပြီး ဗေဒင်မေးချင်တယ် ဆိုရင် တန်းစီကြရတာပါ...။
လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်။
"ဗေဒင်ဟော တယ်ဆိုတာက ဒီတိုင်းအရံ အလုပ်ပါဗျာ..။ကျုပ်အခ အဓိက လုပ်နေတာက ပန်ကိတ်ရောင်းပြီး..မိဘမဲ့ ဂေဟာမှာ ပရဟိတ လုပ်ပေးနေတယ်။ဒီလောက်ပါပဲ..."
မိန်းကလေးဟာ သူမရဲ့ ဖုန်းကို ဖွင့်ပြီး နောက်တစ်ခါကြည့်လိုက်တယ်။
"ငါသိပြီ ...မာစတာ လင်းရဲ့ ဗေဒင်ဟောတာက တကယ်ကို အရံအလုပ်ပဲ။မာစတာ လင်းရဲ့ ပန်ကိတ်တွေက ဒေါ်လာထောင်ချီပေးရင်တောင် ဝယ်ယူဖို့ ခက်ခဲတယ်တဲ့..။သူက တစ်နေ့ဆယ်လုံးပဲရောင်းတော့ ဝယ်ဖို့ အခွင့်အရေးက မရှိသလောက်ပဲ..."
လင်းဖန်ကတော့ တည်တည်ငြိမ်ငြိမ်ထိုင်နေပြီး ဝိုက်ခွက်ကို မော့သောက်လိုက်တယ်။
"ဒါက လူတွေရဲ့ အားပေးမူကြောင့်ပါ..။တန်းစီတဲ့ လူတွေက ရာဂဏန်းဝန်းကျင်လောက်ပဲ ရှိတာ..ဝယ်ဖို့ အဲလောက်တော့ မခက်ပါဘူး..."
အကုန်ဆွံ့အသွားခဲ့တယ်။
ပန်ကိတ်အတွက် ရာဂဏန်းလောက် တန်းစီတယ် ဆိုတာကတင် ကြောက်ဖို့ကောင်းနေပါပြီ..။
အဲ့အချိန်မှာပဲ လူတွေဟာ သူတို့ရှေ့မှာရှိနေတဲ့ကောင်လေးက သက်ရှိနတ်ဘုရား တစ်ပါးဆိုတာကို..သိလိုက်ကြရတယ်..။အစ်ကို မင်ယန် ဒီနတ်ဘုရားလေး နဲ့ ဘယ်လို သိသွားလည်း စဥ်းစားလို့မရကြပေ။သူတို့ သာ စောစောသိခဲ့ရင်..သူတို့လည်း ရင်းနှီးအောင် ကြိုးစားမှာပါ..။
ကျို့ကျို့ မနေနိုင်တော့ပဲ မေးလိုက်တယ်.. ။
"မာစတာ..ခုနက ရှင်ပြောတာက ကျွန်မကိုယ့်ကိုကို ထိန်းသိမ်းရမယ်လို့ ပြောတာလေ..။အဲတာ တစ်ချက်ကြည့်ပေးလို့ရမလား..."
"မာစတာ ကျုပ်မိသားစု ကိစ္စကရော...ဘာဆက်လုပ်သင့်လည်း.."
"မာစတာ ကျုပ်ရဲ့ ဆုံးရှုံးမူတွေက ပြန်ရဖို့ အခြေအနေရှိသေးလား..။ဘယ်ချိန်ဆို ကံဇာတာ တက်လာမှာလဲ.."
လူတိုင်းဟာ မေးခွန်းတွေ မေးနေပြီး..လင်းဖန်ကိုဘအဖြေဖြေဖို့ ဖိအားပေးနေခဲ့ကြပါတယ်..။
လင်းဖန်ကတော့ တည်ငြိမ်နေခဲ့တယ်။သူ လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ကျန်တဲ့ လူတွေကို ကြည့်လိုက်ကာ...
"ခင်ဗျားတို့ အကုန်လုံး ..ပရဟိတ လုပ်ချင်ကြလား.."
ဒီမေးခွနိးဟာ လူတိုင်းကို ဆွံ့အစေခဲ့တယ်။
ပရဟိတ အလုပ်ဆိုတာ ဘာလဲ....
အထူးသဖြင့် သူတို့အဆင့်အတန်းနဲ့ လူတွေက..ပရဟိတ အလုပ်ကို မလုပ်ပါဘူး..။ပုံမှန်ဆိုရင် သတင်းထဲမှာပါဖို့..ပိုက်ဆံ အနည််းငယ်လှူတာတွေ တော့ ရှိပါတယ်။
ဒါပေါ့ ဒါတွေ အကုန်လုံးက အခြေအနေ အရပါပဲ..။
သို့ပေမဲ့ မာစတာ လင်းက မေးခွန်းမေးပြီ ဆိုကတည်းက..သူတို့ လုံးဝ ငြင်းပယ်မှာ မဟုတ်ပေ..။
"အင်း...ငါ ပရဟိတ လုပ်ရတာကိုချစ်တယ်..။အလှူငွေဆို အမြဲတမ်းလှူနေကြ.."
"ငါ ပရဟိတ မလုပ်ဖူးပေမယ့် အခုကစပြီး ကြိုးစားလုပ်တော့မယ်။ဒီလို အဓိပါယ်ရှိတဲ့ အလုပ်ကို မကြာခန လုပ်သင့်တာပေါ့..."
လေးလံသည့် အသက်ရူသံများ..
လင်းဖန် နောက်တစ်ငုံသောက်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်ပါတယ်..။
"နောက်လကြရင်..ကျုပ်ရဲ့ အိမ်နီးချင်းတွေနဲ့ မိဘမဲ့ဂေဟာကို သွားဖို့ရှိတယ်..။ဒါက အဓိပါယ်ရှိတဲ့ အလုပ်ဖြစ်ပြီး လူများများပူးပေါင်းရင် ပိုပြီး အဓိပါယ် ရှိလိမ့်မယ်..။ခင်ဗျားတို့ ပူးပေါင်းချင်ရဲ့လား.."
"မာစတာ လင်း...ရှင်က တကယ်ကြင်နာတတ်တာပဒ..။ဒီလိုအလုပ်တွေ ဆိုတာက တကယ်ကို အဓိပါယ်ရှိတယ်..ကျွန်မကျိန်းေသေ ရှငိနဲ့ အတူလိုက်ခဲ့မယ်.."
"ငါအရင်က မိဘမဲ့ကျောင်းကို..ရောက်ဖူးတယ်..။သူတို့က တကယ်ကို သနားဖို့ ကောင်းတာပဲ.."
"ထပ်မပြောနဲ့တော့..။မာစတာ လင်း..နောက်တစ်ခေါက်..မိဘမဲ့ ဂေဟာကိုသွားရင် ဆက်သွယ်ပေးပါ ကျွန်တော် လိုက်ခဲ့မယ်.."
လင်းဖန်ရယ်မောလိုက်တယ်။
"ကောင်းတယ်..ဒါက အဓိပါယ်ရှိတဲ့ အလုပ်ပဲ..။ကျုပ်မှာ ဝီချပ်ဂရု ရှိတယ် ခင်ဗျားတို့ အားလံူး join ထားကြ..။ကျုပ်တို့က စကားမများကြီး မပြောပေမယ့်..သွားမယ့်ရက်နီးမှသာ ပြောကြတာ.."
အဲ့အချိန်မှာပဲ လူတိုင်းဟာ ဖုန်းတွေကို ထုတ်ပြီး ဝီချပ် ဂရုကို ဝင်လိုက်ကြတယ်..။
"အသ်မကျို့ကျို့ ကျွန်တော်ပြောတာက တကယ်ကို ရိုးရှင်းပါတယ်..။ခင်ဗျား ကောင်းလေးတွေလဲတာက ပုံမှန်ပေမယ့်လည်း မျက်နှာသွင်ပြင်အရ ကျောက်ကပ်က တော်တော် ပင်ပန်းနေပြီ..။တကယ်လို့ အခွင့်အရေးရရင် ဆေးရုံမှာ သွားစစ်ဆေးကြည့်ဖို့ အကြံပေးချင်တယ်.."
ကျို့ကျို့ဟာ လင်းဖန် နဲထပ်ပြီး ကစားချင်စိတ်မရှိတော့ဘူး..။အစက လင်းဖန်က ငယ်ရွယ်ပြီး ချောမောတော့ နည်းနည်းကစားချင်ခဲ့တာပါ။သို့ပေမယ် လင်းဖန်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ သူဘယ်သူလဲဆိုတာ သိတဲ့ အချိန်မှာ မလုပ်ရဲတော့ပေ..။
"အိုကေ..ငါနားလည်ပြီ..။မနက်ဖြန်ကျရင် ဆေးရုံသွားကြည့်လိုက်မယ်.."
လီဟောင် ဟာ လင်းဖန်ကို စိတ်မရှည်စွာစောင့်နေခဲ့တယ်။သူ့နှလုံးသားထဲမှာတော့ စိူးရိမ်မူတွေ ပြည့်နေခဲ့ပါပြီ..။
လင်းဖန် ခွက်ကိုမြောက်လိုက်ပြီး..
"လာကြ..အစ်ကိုဟောင် အသက်ငယ်ငယ်နဲ့ ကလေးရခဲ့တဲ့ အတွက် ဂုဏ်ပြုလိုက်ကြရအောင်..။ဒါက တကယ်ကို ကံကောင်းတဲ့ အရာပဲ..."
"ကောင်လေး ဟောင် ဂုဏ်ပြုပါတယ်.."
"လီဟောင် ငယ်ငယ်နဲ့ ကလေး ရမယ်လို့ မထင်ထားခဲ့ဘူး..။သူ့အဖေတော့ သဘောကျနေတော့မှာပဲ.."
လီဟောင်ဟာ မာစတာ လင်းကို ကြောင်အစွာ ကြည့်လိုက်ပြီး..ခွက်ကိုလိုက်မြောက်လိုက်တယ်။သူ့ရဲ့ အခြေအနေကို သေချာအောင်လုပ်ဖို့ ဒီပွဲပြီးတဲ့ အထိစောင့်ရတော့မှာပါ..။
"ခင်ဗျားရဲ့ မိသားစုပြသနာက အရမ်းမကြီးပါဘူး။နေတိုင်းအိမ်ကိုစောစောပြန်ပြီး မိဘတွေနဲ့ ညစာအတူစားပြီး စကားလေးဘာလေး ပြောပေး။သူတို့ ရဲ့ အတိတ်အကြောင်းတွေကို ပြောပေး..ပြသနာက အဲလောက်မကြီးဘူး.."
မိသားစု ပြသနာရှိနေတဲ့ မိန်းကလေးဟာ ခေါင်းညိမ့်လိုက်ပါတယ်။သူမ အရွယ်ရောက်ပြီးကတည်းက အိမ်ကို သိပ်ဂရုမစိုက်တော့ပဲ မိဘတွေနဲ့ ဝေးကွာသလိုဖြစ်နေခဲ့တာပါ..။
"မစ္စတာ ဂျင်ကတော့ လောလောဆယ် ကံဇာတာ မကောင်းသေးဘူး..။ဒီတော့ ရင်းနှီးမြုပ်နှံဖို့ စီစဥ်ထားတာတွေရှိရင် မလုပ်နဲ့ဦး..။သိပ်မကြာခင်မှ ခင်ဗျားကံဇာတာ တွေ ပြန်တက်လာလိမ့်မယ်။အဲ့အချိန်ကျမှ မြုပ်နှံရင်..ပျော်ရွှင်စရာတွေ ကြုံရမှာပေါ့.."
ဂျင်ယန် လင်းဖန်ကို ကြောင်အစွာကြည့်လိုက်တယ်..။သူတစ်ခြားလူတွေရဲ့ စကားကို မယုံကြည်တတ်ပေမယ့် ဒီစကားတွေကိုတော့ စိတ်ထဲကနေ မှတ်သားထားလိုက်ပါတယ်။
အဲအချိန်မှာတော့ အားလုံးဟာ ပိုပိုပြီး စုဝေးလာကြပါပြီ။
သူတို့က ဘာတွေဖြစ်နေလဲ သိချင်နေကြပြီး..ဒီလောက် လူအများကြီးကို ဘယ်အရာက ဆွဲဆောင်ထားသလဲ ဆိုတာကိုပါ..။