မစ်ရှင်ပြည့်မြောက်သွားပြီ..
Vol. 19 Ch. 281
သူ့ကတ်တွေက တစ် သုံးလုံးဆိုတာ မြင်သွားတဲ့ အချိန်မှာ..ချန်းလီဟောင် အရမ်းကို စိတ်လှုပ်ရှားသွားခဲ့တာပါ..။ဒီကတ် တွေနဲ့ ဆိုရင် မနိုင်စရာ အကြောင်း မရှိတော့ပါဘူး.။ဒါတွေက အကောင်းဆုံးကတ်တွေ လို့တောင် ပြောလို့ရနေပါပြီ..။
သူဆက်တိုက်ရှုံးနိမ့်ခဲ့တာတွေကို စိတ်သက်သာရာ ရသွားခဲ့ပါတယ်။
သို့ပေမယ့် သူ့ရဲ့ စိတ်လှုပ်ရှားမူတွေက ခပ်ကြာကြာတောင် မခံလိုက်ပဲ.လင်းဖန်ကြောင့် ကြောင်အသွားခဲ့ရတယ်..။
လင်းဖန်ရဲ့ ကတ်နှစ်ကတ်က ဘာမှ သိပ်မဟုတ်ပေမယ့် နောက်ဆုံး တစ်ကတ်ကတော့ သူ့ကို ကြောက်ရွံ့စေခဲ့ပါတယ်။
ဝမ်မင်ယန် လည်းကြောင်အနေခဲ့တယ်။သူ ဘာပြောရမှန်းတောင် မသိတော့ပါဘူး.။ကစားပွဲ တစ်ခုလုံးက ရူးသွပ်ဖို့ကောင်းပါတယ်..။အထူးသဖြင့် လင်းဖန်ရဲ့ အေးဆေးပြီး သက်တောင့် သက်သာ ဖြစ်နေတဲ့ ပုံစံပါ..။
သူက တစ်ပွဲလုံးကို ထိန်းချုပ်ထားတာများ ဖြစ်နေနိုင်မလား....
လူအုပ်ထဲတွငိ..။
"ငါ့ နှလုံးခုန်သံတွေ တော်တော်မြန်နေပြီ.."
"ဟုတ်တယ် အတော်စိတ်လှုပ်ရှားဖို့ကောင်းတာပဲ..။နောက်ဆုံးတစ်ကတ်က ဘာကတ်များ ဖြစ်နိုင်မလဲ.."
"ဘယ်သူ သိမှာလဲ.."
"လီဟောင် နောက်ဆုံးတစ်ကတ်ကို ဖွင့်တောင် မဖွင့်ရဲတော့ဘူး..။ကြည့်ရတာ သူ့ရဲ့ ယုံကြည်မူတွေ ပျောက်ကုန်ပြီ ထင်တယ်.."
"ဝိုး..သူ ဒီလိုဖြစ်လာမယ်လို့ မထင်ထားဘူးထင်တယ်..။တကယ်လို့ သူ သိရင် ဒီလိုမျိုး ကစားမှာ မဟုတ်ဘူး.."
"လီဟောင် ဒီနေရာမှာ ရှုံးတာက တစ်ခြားနေရာတွေမှာ ရှုံးတာထက်စာရင်..တော်ပါသေးတယ်.."
…
ဘေးနားက လူတွေ ပြောနေကြတဲ့ စကားတွေ အကုန်လုံးကို လီဟောငိ ကြားနေရပါတယ်။
နောက်ဆုံးတစ်ကတ်က သူ့အနားမှာ ရှိနေပေမယ့်ခည်း မိုင်တွေ ထောင်ချီဝေးနေသလိုပါပဲ။
လင်းဖန်ကတော့ တည်တည်ငြိမ်ငြိမ်ရှိပြီး ပြုံးနေခဲ့တယ်..။သူ့ရဲ့ အပြုံးတွေက ချန်းလီဟောင်ကို ပိုပြီး ကြောက်ရွံ့စေပါတယ်..။အရာရာတိုင်းက တကယ်မယုံကြည်နိုင်စရာပါပဲ..။
သူကိုယ်တိုင် ကုလားဖန် ထိူးပြီး ဖဲကို ဝေနေတာ ဖြစ်တဲ့ အတွက် လင်းဖန် ဖဲလိမ်ရိုက်ဖို့ ဆိုတာကလည်း မဖြစ်နိုင်တဲ့ အရာပါ..။
ဒါပေမဲ့ သူက ဘာလို့ ဒီလောက် ယုံကြည်မူတွေ ရှိနေတာလဲ...
သူ အမြဲတမ်းပြောပြောနေတဲ့ ရင်ခုန်မူ က အခုတော့ ကြောက်ရွံ့မူ အဖြစ်ရှိနေခဲ့ပါပြီ။
ချန်းလီဟောင် အံကိုကြိတ်ပြီး..ကတ်ကို လက်နဲ့ အုပ်ထားခဲ့တယ်..။
သူ့ကတ်တွေက အကောင်းဆံူးလို့ ထင်ထားခဲ့ပေမယ့် အခုတော့ သူ ကြောက်ရွံ့နေရပါပြီ။
သူတွေဝေနေတဲ့ အချိန်မှာပဲ လင်းဖန်ရဲ့ အသံဟာ ထွက်ပေါ်လာခဲ့တယ်..။
"ဖွင့်လိုက်လေ..မဟုတ်ရင် မင်းရဲ့ ရင်ခုန်မူတွေက ကြောက်ရွံ့မူအဖြစ်ပြောင်းလဲ သွားလိမ့်မယ်.."
ချန်းလီဟောင် လင်းဖန်ကို ကြည့်လိုက်ပြီး ကတ်ကို ပြန်ကြည့်လိုက်တယ်..။ဒီကတ်က သူ့ရဲ့ ကံကြမ္မာကိုအဆုံးအဖြတ်ပေးမှာပါ..။
သို့ပေမယ့် သူ ကြောက်ရွံ့မူကို အတော်ခံစားနေရပါတယ်။
တွေဝေမူ...
တွေဝေနေတုန်းပဲ...
ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရတယ်..။ဒီအသံက သူ့ကို မိုးကြိုးပစ်ချလိုက်သလို ပါပဲ။
"မင်းဘာတွေ တွေဝေနေတာလဲ..။မင်း ရင်ခုန်ရတာ စောက်ရမ်းကြိုက်တဲ့ ကောင် မဟုတ်ဘူးလား..."
"ဖွင့်လိုက်လေ..."
လူအုပ်ကြီးဟာ ကြောင်အပြီး မာစတာ လင်းကို ကြည့်လိုက်ကြတယ်..။အမြဲတမ်း တည်ငြိမ်နေတဲ့ မာစတာ လင်းက..ရုတ်တရက်..ခက်ထန်ပြီး ကြမ်းတမ်းလာခဲ့ပါတယ်..။
ချန်းလီဟောင် ရဲ့ နှလုံးခုန်သံတွေဟာ ပိုပိုမြန်လာပြီး..လင်းဖန်ကို ကြည့်လိုက်တယ်..။သူ့ရဲ့ လက်တွေကတော့ တုန်ရီနေခဲ့ပါပြီ..။
သူ့ရဲ့ နှာဖူးမှာ ထွက်နေတဲ့ ချွေးတွေဟာ စားပွဲပေါ်ကို ကျနေခဲ့တယ်..။
ရိုးရိုးလေး လှန်ရမဲ့ ဖဲတစ်ချပ်က သူ့အတွက်တော့ အခက်ခဲဆုံး ဖြစ်နေခဲ့ပါပြီ..။မသိရင် ဒီကတ်က တန်ပေါင်းများစွာ လေးလံပြီး..ဘယ်သူမှ လှန်လို့ မရတဲ့ ပုံစံ အတိုင်းပါပဲ..။
လူအုပ်ကြီးဟာ တိတ်ဆိတ်နေပြီး ...ချန်းလီဟောင်ရဲ့ အသက်ရူသံ တစ်ခုထဲသာ ကြားနေကြရတယ်..။
အခန်းထဲမှာ ရှိနေတဲ့ လူတိုင်းဟာ သူ့လက်အောက်မှာ ရှိနေတဲ့..ကတ်ကို စိုက်ကြည့်နေကြတယ် ဆိုတာ သူနားလည်လိုက်တယ်။
ကြောက်ရွံ့မူ..
တုန်လှုပ်မူ..
ဒီခံစားချက်တွေဟာ သူ့စိတ်ထဲမှာ ပြည့်နေခဲ့တယ်။အရင်တုန်းက ကတ်ကစားရင် အမြဲတမ်း ရင်ခုန်ရပေမယ့် အခုတော့ မဟုတ်တော့ပါဘူး..။
လင်းဖန် ပြောလိုက်တယ်..။
"ညီအစ်ကို လီဟောင်..ဖွင့်လိုက်.."
သူ့မှ တစ်သုံးလုံးရှိနေတာတောင် သူ့ရှေ့က ကောင်လေးကို ကြောက်ရွံ့နေတုန်းပါ..။
လူအုပ်ကြီးဟာတော့ သူတို့မျက်လံူးနဲ့ မမြင်ရရင် လီဟောင် ဒီလို မဖြစ်အပျက်နဲ့ တွေ့နေတယ် ဆိုတာ ယုံကြည်နိုင်မှာ မဟုတ်ပေ..။
လက်ရှိအချိန်မှာ ချန်းလီဟောင် ဖိအား ဘယ်လောက်တောင် ရှိနေမလဲ မပြောတတ်ကြတော့ပါဘူး.. ။
"ငါ ဒီကတ်ကို ဖွင့်မှာ မဟုတ်ဘူး..."
ချန်းလီဟောင် ညှင်သာပြီး ကြောက်ရွံ့တဲ့ အသံနဲ့ ပြောလိုက်တယ်..။တကယ်လို့ တစ်ခြားလူတွေသာ အနားနားကပ်ပြီး နားမထောင်ရင် သေချာကြားရမှာ မဟုတ်ပါဘူး..။
လင်းဖန် ထပ်မေးလိုက်တယ်..။
"မင်းဘာပြောတာလဲ..."
ချန်းလီဟောင် ရဲ့ လက်ဟာ တုန်ရီနေပြီး..ရူးသွပ်သွားခဲ့တယ်။ရုတ်တရက် ကြောက်ရွံ့မူကနေ..ဒေါသထွက်ထွက်လာခဲ့ပြီး အော်ဟစ်လိုက်ပါတယ်..။
"ငါ ဒီကတ်ကို ဖွင့်မှာ မဟုတ်ဘူး.."
ယင်းနောက်..သူ လှည့်လိုက်ပြီး အခန်းအပြင်ဘက်ကို ပြေးထွက်သွားခဲ့တယ်။သူ့အသံကို တော်တော် ဝေးဝေးကတောင် ကြားနေရပါတယ်..။
"ငါ ဒီကတ်ကို ဖွင့်မှာ မဟုတ်ဘူး..."
လင်းဖန် သက်ပြင်းချလိုက်ပြီး..
"အမြန်သူ့နောက်ကို လိုက်ပြီး ထိန်းကြဦး...အတော်တဆ မူတွေ ဖြစ်နေဦးမယ်.."
တစ်ချို့ လူတွေဟာ နောက်က လိုက်သွားခဲ့ကြတယ်..။လီဟောင်က လောင်းကစား လုပ်တဲ့ နေရာမှာ ရူးသွပ်ပေမယ့်လည်း သူတို့ကိုတော့ ကောင်းကောင်းဆက်ဆံပါသေးတယ်။
လင်းဖန်ပြောလိုက်တယ်။
"ကျွန်တော် ထင်တာတော့ သူ အခုကစပြီး လောင်းကစားလုပ်ဖို့ ကြောက်ရွံ့သွားလောက်ပြီ.."
ဝမ်မင်ယန် မေးလိုက်တယ်။
"မင်း ဒါကို ဘယ်လို သိတာလဲ..."
လင်းဖန် ပြုံးလိုက်တယ်..။
"တစ်ခါကိုက်ခံရရင် ..နှစ်ခါ အရှက်ရတယ်..။ဒီစကားပုံကို ကြားဖူးလား..။ဒါပြီးရင် သူ လောင်းကစားလုပ်ဖို့ ကြောက်ရွံ့သွားလိမ့်မယ်..ဒါက သူ့ရဲ့ ယုံကြည်မူကို ဖျက်ဆီးလိုက်ပြီလေ..."
ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..။
"ဒီလို ဆိုရင်တော့..ဒါက အတော်ကို..အံ့ဩဖို့ကောင်းတာပဲ..."
ကျို့ကျို့ သိချင်စွာ မေးလိုက်ပါတယ်..။
"အဲတာ ဘာကတ်လဲ..."
ယင်းနောက် လူတိုင်းဟာ စားပွဲပေါ်က ကတ်ကို ကြည့်လိုက်တယ်..။ကျို့ကျို့ ကတ်ကို လှန်ကြည့်ဖို့ လုပ်လိုက်တဲ့ အချိနိမှာ လင်းဖန် ..ကတ်ကို ယူပြီး ဖဲထုတ်ထဲ ရောနှောလိုက်ပါတယ်..။
"မာစတာ လင်း..ဘာလို့ ကျွန်မတို့ကို မကြည့်ခိုင်းတာလဲ.."
ကျို့ကျို့ မေးလိုက်တာပါ.။
ဟီချန်းဟန် နဲ့ တစ်ခြား လူတွေလည်း ကျန်တဲ့ ကတ်ကို ကြည့်ချင်နေခဲ့ပါတယ်။
လင်းဖန် ပြုံးလိုက်တယ်.။
"အဲတာ ဘာကတ်လဲ ဆိုတာ အရေးမကြီးဘူးလေ..။အဓိက အချက်က..သူလုပ်စရာ ရှိတာကို လုပ်နိုင်ခဲ့တယ်..နောက်ဆုံးအဖြေအတွက်ကတော့ ဖော်ထုတ်ဖို့ မလိုတော့ပါဘူး.."
ကျို့ကျို့ဟာ ကြည့်လိုက်ပြီး ..အနည်းငယ် စိတ်ပျက်သွားခဲ့တယ်..။ဒါက ရင်ခုန်စရာ ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် ..နောက်ဆုံးအဖြေကို ဘယ်သူမှ မသိလိုက်ရပါဘူး..။
သို့ပေမယိ့ ဟီချန်းဟန် နဲ့ ကျန်တဲ့ လူတွေဟာ လင်းဖန်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်ကြပြီး..ရယ်မောလိုက်ကြတယ်..။
"မာစတာ လင်းပြောတာ မှန်တယ်..။ဒါက နံပါတ် ၃ တစ်ကယ်ဟုတ်မဟုတ် ဆိုတာက အရေးမကြီးဘူး..။ဒါပေမဲ့ လီဟောင် အတွက်ကတော့ ဒီကတ်က အမြဲတမ်း နံပါတ် ၃ ပဲ..။ငါ့မျက်လုံးနဲ့ သာမမြင်ရရင်..တစ်သုံးလုံ ကိုင်ထားတဲ့ လူက ပြိုင်ဘက်ရဲ့ ကတ်ကို ကြောက်ရွံနေရလိမ့်မယ် လို့ မထင်ထားဘူး.."
"မင်ယန်..လီဟောင်ရဲ့ ပိုက်ဆံတွေ သိမ်းပေးထားလိုက်ပါဦး..။သူနေပြန်ကောင်းလာမှပဲ ပြန်ပေးလိုက်ပါ.."
လင်းဖန် ပြောလိုက်တာပါ..။
ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..။
"စိတ်မပူပါနဲ့..ငါ ကိုင်တွယ်လိုက်ပါ့မယ်..။ဒီအတွက်တော့ မင်းကို ကျေးဇူးတင်ရတော့မယ်..။ဘာပဲဖြစ်ဖြစ် လီဟောင်က မကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူးလေ..။သူက လောင်းကစား လုပ်ရတာကို ဝါသနာ ထုံနေတာပဲ ရှိတာ..။တကယ်လို့ သူသာ ဒီမှာ..သင်ခန်းစား မရဘူးဆိုရင် တစ်ခြားတစ်နေရာမှာ သင်ခန်းစာပေးခံရဦးမှာပဲ..."
ဟီချန်းဟန် ပြုံးလိုက်တယ်..။
"ဒါသေချာတယ်..။မာစတာ လင်းက တကယ်ထူးချွန်တဲ့ လူတစ်ယောက်ပဲ..။အနာဂတ်မှာ မာစတာလင်းနဲ့ ပိုပြီး ရင်နှီးအောင် လုပ်ရမယ်.."
ဂျင်ယန်မင်...ရယ်မောလိုက်တယ်..။
"မာစတာ လင်းရဲ့ ကတ်ကစားတဲ့ ကျွမ်းကျင်မူကပုံမှနိ မဟုတ်ဘူးနော်.. ။ဒါကအတော် စိတ်လှုပ်ရှားစရာကောင်းတယ်..စိတ်လှုပ်ရှားစရာ ထက်တောင် ပိုသေးတယ်.."
လူတိုင်းက လင်းဖန် ကို ချီးကျူးနေခဲ့ကြတယ်..။
ဝမ်မင်ယန်က ကြောင်အနေခဲ့တယ်..။
"ခင်ဗျားတို့တွေ ဘယ်တုနိးက..မာစတာ လင်း..နဲ့ ရင်းနှီးသွားကြတာလဲ.."
လူအုပ်ကြီး ရယ်မောလိုက်တယ်။
ကျို့ကျို့ဟာ ပြောလိုက်ပါတယ်..။
"ရှင်တို့ အပေါ်မှာ လောင်းကစား လုပ်နေတုန်း..ကျွန်မတို့ မာစတာ လင်းရဲ့ ဆွဲဆောငိ မူကို ခံလိုက်ရတာ.."
ဟီချန်းဟန် ရယ်မောလိုက်တယ်။
"မာစတာ လင်းက တကယ်အံ့ဩဖို့ကောင်းတယ်..။မင်ယန် ငါတို့ မင်းနဲ့ တွေ့နေတာကြာပြီ..ဒါပေမဲ့..ဒီလို အံ့ဩစရာ လူမျိုးကို အခုမှ..မိတ်ဆက်ပေးတယ်နော်..။အရင်က မိတ်ဆက်ပေးတဲ့ လူတွေက မာစတာ လင်းကို လုံးဝ မမှီဘူး..."
လင်းဖန် ပြုံးပြီး လက်ဝေ့ယမ်းလိုက်တယ်..။
"ခင်ဗျားတို့ အရမ်းယဥ်ကျေးနေပြန်ပြီ..။ကျုပ်က ဒီလောက်ကြီးလည်း မဟုတ်ပါဘူး..။ခင်ဗျားတို့ကို တွေ့ခွင့်ရတာကလည်း မျက်လုံးကျယ်စေပါတယ်.."
ဂျင်ယန်မင် ပြောလိုက်တယ်။
"ဟားဟား..မာစတာ လင်းက တကယ်ကို နိမ့်ချတတ်တာပဲ..။မကြွားဝါတတ်ဘူး...."