အရာရာတိုင်းက တရားမျှတမှုအတွက်ပဲ....
Vol. 19 Ch. 282
ဒါက အစပဲ ရှိပါသေးတယ်..။ဒီငနဲ..အနာဂတ်မှာ ကတ်တွေကို ကြောက်သွားမှာလား ဆက်ကစား မှာလား ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမှာပါ..။သို့ပေမယ့် အခြေအနေ ကြည့်ရသလောက်တော့ လင်းဖန် အောင်မြင်နေပါပြီ။
ဒီမတော်တဆမူ အပြီးမှာလင်းဖန် သူ့ရဲ့ မစ်ရှင်အကြောင်းကို တွေးမိပြီး..ပြည့်မြောက်အောင် လုပ်ဖို့ ယုံကြည်မူတွေ ရှိလာခဲ့တယ်။သူ ဒီမစ်ရှင်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ပြီး.တစ်ခြားလူတွေနဲ့ သူကိုယ်တိုင်ကို အကျိုးရှိအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဝမ်မင်ယန်ဟာ လင်းဖန်ကို တစ်ခြားလူတွေနဲ့ မိတိဆက်ပေးချင်လို့ ဒီနေရာကို ခေါ်ထားခဲ့တာပါ..။သူ ့လင်းဖန်ကို လူတွေ အများကြီးနဲ့ သိစေချင်ပြီး..အဆက်အသွယ်တွေရကာ..အနာဂတ်မှာ အကူညီဖြစ်စေချင်လို့ပါ။
သို့ပေမယ့် ဝမ်မင်ယန်ကို အံ့ဩသင့်စေတာက သူ့ရဲ့ ညီအစ်ကို က စောက်ရမ်းတွေ..ကြမ်းတမ်းနေတာပါပဲ..။သူက ဒီလောက် ခနလေးအတွင်းမှာတင် ဒီလူတွေ အကုန်လုံးရဲ့ အားပေး ထောက်ခံမူကို ရအောင် လုပ်ပြီးသွားပါပြီ။
အစကတော့ သူ ကိုယ်တိုင်မိတ်ဆက်ပေးပြီး အားလုံးနဲ့ ရင်းနှီးအောင် လုပ်ပေးဖို့ စဥ်းစားထားတာပါ.။သို့ပေမယ့် အခုတော့..ဒီလူတွေက လင်းဖန် အနားမှာ သူငယ်ချင်းကောင်းလို စုဝေးနေကြပါတယ်။မသိရင် သူတို့က ဆယ်စုနှစ်ကြာအောင် ရင်းနှီးထားကြတဲ့ လူတွေ အတိုင်းပါပဲ။
လင်းဖန်ကတော့ မတ်တတ်ရပ်ပြီး ပြုံးနေခဲ့တယ်။သူ့မှာ အဖြေရှိတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးပြီး..တစ်ချို့ လူတွေကိုတော့ ပြုံးသာပြခဲ့ပါတယ်။
သို့ပေမယ့် အဖြေမရတံ လူတွေဟာလည်း မပျော်မရွင်ဖြစ်နေသည့်ပုံ မပေါက်ကြပေ..။
ဒီထဲမှာ အပျော်ဆုံး လူသားကတော့ ဂျင်မင်ယန်ပါ.။သူက မာစတာ လင်းရဲ့ လမ်းညွှန်မူကို ရတဲ့ တစ်ယောက်ထဲသော သူပါပဲ..။အနာဂတ် ပရောဂျက် ပိုပြီး အလေးအနက်ထား ဆောင်ရွက်ဖို့ သူဆုံးဖြတ်ထားပြီးပါပြီ။
ဝမ်မင်ယန် လျောက်လာပြီး ပြုံးလိုက်တယ်..။
"ဘယ်လိုလဲ...ကျုပ်ညီအစ်ကိုက ဆန်းကြယ်တယ် မလား..."
"ဆန်းကျယ်တယ်...တစ်ကယ်ကို ဆန်းကျယ်လွန်းတယ်။မင်ယန်...မင်းဒီခေါက် တကယ်ကောင်းကောင်းလုပ်ခဲ့တာပဲ."
ဟီချန်းဟန် ပြံူးပြှီးပြောလိုက်တာပါ..။သူက မာစတာ လင်းရဲ့ စွမ်းရည်းတွေထဲမှာ ဆွဲဆောင်ခံနေရပါပြီ။မာစတာ လင်း ရဲ့စကားလံူးတွေ ဘယ်လောက်တောင် တိကျလဲ ဆိုတာ သူ့လောက်ဘယ်သူမှ မသိနိုင်ပါဘူး..။
သူနဲ့ အရင်းနှီးဆုံးလူတွေတောငိ ဒီအကြောင်းတွေ မသိပေမယ့် မာစတာ လင်းကတော့ သိနေခဲ့ပါတယ်။
ဒါကဘာကို ဆိုလိုတာလဲ....
ဒါက မာစတာ လင်းရဲ့ ဗေဒင်ပညာက နတ်ဘုရားဆန်လောက်အောင် ကောင်းမွန်တယ် လို့ဆိုလိုတာပါ..။
ဒီမှာ ရှိနေတဲ့ လူတွေက ရှန်ဟိုင်းရဲ့ စီးပွားရေး လည်ပတ်မူမှာ..အင်အားရှိတဲ့ လူတွေပါ..။သူတို့က ကမ္ဘာ့အဆင့်အထိ မရောက်ကြပေမယ့်လည်း..နိုင်ငံထဲမှာတော့ ထိပ်ပိုငိးမှာ ရှိနေကြပါသေးတယ်။
လင်းဖန် ရယ်မောလိုက်တယ်..။
"ခင်ဗျားတို့..အရမ်းယဥ်ကျေးနေကြပြန်ပါပြီ..။ဒါက အသေးအဖွဲလေးပါ..ကျွန်တော် အဲလောက်ထိ မတော်ပါဘူး.."
ဝမ်မင်ယန် ပြုံးပြီး ပြောလိုက်တယ်..။
"ကောင်းပြီ..အနာဂတ်မှာ အခွင့်အရေးတွေရှိလာဦးမှာပါ..။စကားအေးအေးဆေးဆေး ပြောကြရအောင်...ဒီအချိန်မှာတော့ အလုပ်အကြောင်းတွေ မပြောကြနဲ့ဦး..။တစ်ခြား ပျော်ဖို့ကောင်းတာတွေပဲ ပြောရအောင်.."
ိ ဒီဧည့်ခံပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်က သူငယ်ချင်းတွေ အချင်းချင်း ဆက်ဆံရေး ပိုမိုကောင်းမွနိ အောင်လို့ပါ..။သူတို့က အမြဲတမ်း အလုပ်တွေနဲ့ ပိနေတာ ဖြစ်ပြီး တွေ့ဖြစ်တယ် ဆိုတာက ရှားပါးပါတယ်။ဒီလို အချိန်မှာ အလုပ်အကြောင်း မပြောပဲ...သူတို့ ဆက်ဆံရေးကို တိုးတက်စေမဲ့ စကားတွေပဲ ပြောသင့်ပါတယ်.."
သူတို့ ည ၁၀ နာရီခွဲ အထိကျင်းပ နေခဲ့ကြတယ်။
ဒါက အတော်ကို နောက်ကျနေခဲ့ပါပြီ..။
ဒီ ချမး်သာတဲ့ ယောက်ျားတွေနဲ့ မိန်းမတွေဟာ လင်းဖန်ကို ယဥ်းကျေးစွာ..နှုတ်ဆက်ခဲ့ကြပါတယ်။သူတို့ရဲ့ အမြင်မှာတော့ ဒီပွဲမှာ အကြီးမားဆုံး အကျိုးအမြတ်က ..မာစတာ လင်းလို လူမျိုးနဲ့ တွေ့ခွင့်ရတာပါပဲ။
သူတို့ အခုတော့ မရင်းနှီးသေးပေမယ့် နောက်ထပ် အကြိမ်အနည်းငယ်လောက်တွေ့ပြီး..စကားပြောလိုက်ရင် ကျိန်းသေ ရင်းနှီးသွားမှာပါ။
လင်းဖန်လည်း အတော်နောက်ကျနေတာကို သတိထားမိလိုက်ပြီး ထပ်မနေချင်တော့ပါဘူး..။လူတိုင်း စားသုံးခဲ့ပြီး ရှုပ်ပွခဲ့တဲ့ အရာတွေ အတွက်ကတော့ ...သိမ်းဆည်းဖို့ လူတွေ ပြင်ဆင်ထားပြီးသားပါ..။ဒါကြောင့် သူ ဝမ်မင်ယန်ကို နှုတိဆက်ပြီး ပြန်လာခဲ့တယိ။
လင်းဖန် လမ်းထဲမှာ ကားကို ဖြည်းဖြည်းချငိးမောင်းနေပြီး..အိမ်ကို အမြန်ပြန်ရောက်ဖို့ အလျင်မလိုပေ..
သူဟာ လမ်းဘေးတွေကို ကြည့်နေခဲ့ပြီး..ရုတ်တရက်..သူ့ကားရှေ့မှာ အရိပ်တစ်ခုဟာ ပေါ်လာခဲ့ပါတယ်..။
သူဘရိတ်ကို အလျင်အမြန် နင်းလိုက်တယ်..။
ကံကောင်းစွာပဲ..သူကားကို အရှိန်အမြင့်ကြီးနဲ့ မောင်းနေတာ မဟုတ်ခဲ့ပါဘူး..။
"လူလိမ်တစ်ယောက်က ...မတော်တဆမူ အတုအယောင် လုပ်ချင်တာများ ဖြစ်နိုင်မလား..."
လင်းဖန် အနည်းငယ် အံ့ဩနေခဲ့တယ်..သို့ပေမယ့်.အခြေအနေ ကြည့်ရသလောက်တော့ သူတိုက်
မိခဲ့တဲ့ ပုံစံ မပေါ်ပါဘူး..။
အမှန်ပဲ..စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာ အဲ့လူဟာ မတ်တတ်ရပ်လာခဲ့တယ်။သူဟာ လင်းဖန်ကို ကြည့်တောင် မကြည့်ပဲ ရှေ့ကိုပဲ ဆကိလျောက်သွားလိုက်ပါတယ်။
"ဘာတွေ ဖြစ်နေတာလဲ.."
လင်းဖန်အံ့ဩသွားခဲ့တယ်။
ဒီလူရဲ့ ပြသနာက ဘာလဲ......။ဒီလူသာ လူလိမ် တစ်ယောက်ဆိုရင် မြေကြီးပေါ်ကနေ မထပဲ လှဲပြီး ဟန်ဆောင်နေရမှာပါ..။
သူ ဒီလူဘေးကနေ ကားကို ဖြည်းးဖြည်းချင်းမောင်းပြီး..ကားပြတင်းပေါက်တွေကို ချလိုက်တယ်..။
"ညီအစ်ကို ဘာဖြစ်လို့လဲ....။တကယ်လို့ ခင်ဗျာမှာ စိတ်ပူစရာတွေ ရှိနေရင် ကျုပ်ကို ပြောလို့ရတယ်နော်.."
လင်းဖန် သူ့ကို ကြည့်ပြီး ပြောလိုက်တာပါ..။ဒီလူက ကြည့်ရတာ သေချင်နေတဲ့ ပုံပါပဲ..။သူ့ကိုယ်သူ သတ်သေချင်နေတဲ့ ပုံစံပါ။
သို့ပေမယ့် လူကြီးဟာ လင်းဖန်ကို လျစ်လျူရူထားခဲ့တယ်။သူတစ်ခုခုကို ရှာနေသလို လမ်းကိုပဲ လျောက်နေခဲ့ပါတယ်..။
လင်းဖန် အခြေအနေကို အများကြီးတွေး မနေတော့ပါဘူး..။သူ့မှာ အချိန်ရှိနေမှတော့ သူဒီလူရဲ့ အခြေအနေကို ဗေဒင်တွက်ကြည့်လိုက်ပါတယ်ဉသူ့ကြည့်ရတာ ဖြူဖျော့နေပြီး..ကံဆိုးမူတွေ ကြုံနေရသလိုပါပဲ..။
"ခင်ဗျား လောင်းကစားလုပ်ပြီး အရာရာရှုံးနိမ့်ခဲ့တာလား.."
ရုတ်တရက် လူကြီးဟာ လမ်းလျောက်နေတာ ရပ်လိုက်ပြီး...လင်းဖန်ကို ကြည့်လိုက်တယ်..။သူ အချိန်ခနကြာအောင် တိတိဆိတ်သွားခဲ့ပါတယ်။
ယင်းနောက် တုန်ခါနေတဲ့ လေသံနဲ့....
"မင်းဘယ်လို သိတာလဲ..."
လင်းဖန် ကားကို လမ်းဘေးမှာ ရပ်လိုက်ပြီး ကားပေါ်က ဆင်းလာခဲ့ပါတယ်..။
"ခင်ဗျားရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး ပြောတာပေါ့.."
ယင်းနောက်လူကြီးဟာ ရုပ်တရက် မြေကြီးပေါ်ထိုင်ချလိုက်ပြီး ငိုကြွေးတော့တယ်...။
"ငါ ရှေ့ဆက်ဘာလုပ်ရတော့မှာလဲ..."
လင်းဖန်..က လောလောဆယိ အလုပ်ရှုပ်နေတဲ့ လူမဟုတ်ပါဘူး..ဒါ့အပြင် ဒီလူကလည်း အကူညီလိုအပ်နေပြီ ဆိုတော့..သူ တစ်ချက်ကြည့်ပေးရမှာပါ..။
သူ ကားကို နောက်ပြန်မှီပြီး...လက်ပိုက်လိုက်တယိ..။
"ဘာတွေ တိုင်ပတ်နေတာလဲ ပြောပါဦး.."
လူကြီးဟာ ခေါင်းမော့လာခဲ့ပြီး...
"ငါ့ နာမည်က ဝမ်တောင်..။ငါက ကားရေဆေးတဲ့ ကုမ္ပဏီတစ်ခုကို ဖွင့်ထားတာ။မနေ့က ငါ့သူငယ်ချင်းက ညစာအတူစားရအောင်ပြော လို့ သောက်ဖြစ်ခဲ့ကြသေးတယ်။ပြီးတော့ ငါ အိမ်ကို ရေပြန်ချိုးနေတုနိ..သူတို့က ကတ်ကစားကြရအောင်လို့ ပြောတယ်..။ငါက မူးနေတာ လေ...အဲတော့ ဝင်ကစားမိတာပေါ့..။ငါ အမူးပြေတဲ့ အချိန်မှာ ငါ့ရဲ့ ပိုင်ဆိုင်မူတွေ အကုန်ဆုံးရှုံးနေပြီး အကြွေး ဒေါ်လာ တစ်သန်းပါ တင်နေတာကို သိလိုက်ရတယ်။ငါ့မှာ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်လေ..။ငါ့ရဲ့ လက်ရှိအခြေအနေမှာ ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ..။ငါသာ အခုသေသွားရင် အရာရာဖြေရှင်းပြီး သွားလိမ့်မယ်လို့ မျှော်လင့်နေတာ.."
လင်းဖန် ကားထဲက စီးကရက်ကို ယူလိုက်ပြီး လူကြီးကို တစ်လိပ်ပေးလိုက်တယ်။
"ဒီမှာ ဆေးလိပ်သောက်လိုက်ဦး..။နည်းနည်း နေလို့ ထိုင်လို့ ကောင်းသွားလိမ့်မယ်..။ဥမင်တွေရဲ့ အဆုံးမှာ အမြဲတမ်း..အလင်းရောင် ရှိနေတတ်တယ်လေ..။ဘာလို့ ဘဝကို အဆုံးသတ်ဖို့ အထိ တွေးတော နေရတာလဲ.."
*ကလစ်*
သူ စီးကရက်ကို မီးငြိလိုက်ပြီး...လေထဲမှာ မီးခိုးငွေ့တွေ ပြည့်နှက်သွားခဲ့တယ်..။
ဝမ်တောင် လင်းဖန်ကို ကြည့်လိုက်တယ်..။
"မင်းက ဘယ်သူလဲ..ဘာလို့ ငါနဲ့ စကားလာပြောနေတာလဲ.."
လင်းဖန် ပြုံးလိုက်တယ်..။
"ငါက ဗေဒင်ဆရာပဲ..။မင်းရဲ့ ကံတရားက ဆိူးရွားနေတာကို ငါမြင်နေရတယ်လေ..။ဒါကြောင့်..နည်းနည်း ကူညီဖို့ လာခဲ့တာ..."
"ဗေဒင်ဆရာ..."
ဝမ်တောင် လင်းဖန်ကို ကြည့်လိုက်ပြီး.
"မင်းငါ့ကို တိုက်ခိုက်ပြီး သေသွားအောင် လုပ်နိုင်လား..."
လင်းဖန် ကြောင်အသွားခဲ့တယ်..။
"ဟမ်.."
တစ်စုံတစ်ယောက်က သူ့ကို သတ်ဖို့ ပြောနေတာကို သူ ပထမဆုံး ကြားဖူးတာပါ..။
ဝမ်တောင် ခေါင်းကို ငုံ့ပြီး ဆေးလိပ်သောက်နေခဲ့တယ်။
"ငါမီးနီ နေတုနိး ဖြတ်ကူးလာခဲ့တာ..မင်းရဲ့ကားနဲ့ တိုက်မိတော့ မလို့လေ..။ငါ့ရဲ့ အာမခံစရိတ်က ငါ့မိသားစု သုံးဖို့တော့ အဆင်ပြေဦးမှာပါ.."
လင်းဖန် စီးကရက်ကို အောက်ဘက်လွင့်ပစ်လိုက်တယ်။ဒီလူက တကယ်ကို ရူးသွပ်နေခဲ့ပါပြီ..။
"ညီအစ်ကို..အရာရာတိုင်းက ဖြေရှင်းလို့ရစမြဲပဲ..။ဘာလို့ မဟုတ်တာတွေကို တွေးနေရတာလဲ.."
*ကလင်် ကလင်*
ယင်းနောက်..ဝမ်တောင်ရဲ့ ဖုန်းဟာ မြည်လာခဲ့တယ်..။သူဟာ ဖုန်ူကို မကိုင်ပဲ စိုက်ပြီးသာ ကြည့်နေခဲ့ပါတယ်..။
"ဘယ်သူတွေလဲ..ခင်ဗျားကို လောင်းကစားလုပ်ဖို့ ခေါ်တဲ့ လူတွေလား.."
ဝမ်တောင် ခေါင်းညိမ့်လိုက်တယ်။
လင်းဖန် အနည်းငယ် တွေးလိုက်ပြီး..
"ပြန်ဖြေလို်က်..ပြီးတော့ တစ်စုံတစ်ယောက်က ခင်ဗျားအကြွေးတွေကို ပေးချင်နေတယ်ဆိုပြီး ခင်ဗျားကို လာတွေ့ခိုင်းလိုက်.."
ဝမ်တောင်ကတော့ ဘာမှ မပြောပဲ စိုက်ကြည့်နေခဲ့ပါတယိ။လင်းဖန် ထပ်ပြောလိုက်တယ်..
"ဘာလဲ..ခင်ဗျားကြောက်နေတာလား..။ခင်ဗျား သေဖို့တောင် မကြောက်တာ..ဒီလူတွေကို ဘာလို့ ကြောက်နေရမှာလဲ..။တကယ်လို့ ဒါက ခင်ဗျားရဲ့ ပိုက်ဆံတွေကို ပြန်ရအောင် ကူညီပေးနိုင်ရင် မကောင်းဘူးလား.."
ဝမ်တောင်..ကြောင်အနေထဲ့တယ်..သူ လင်းဖန်ရဲ့ ဆိုလိုရင်းတွေကို သဘောပေါက်သွားခဲ့ပါပြီ..။
"ဟုတ်တယ်..ငါသေ မှာကိုတောင် မကြောက်တာ..။ဒီလို အရာတွေကို ဘာလို့ ကြောက်ရမှာလဲ.."
သူဖုန်းဖြေလိုက်တယ်။
ဝမ်တောင်ဟာ တစ်ဖက်လူကို တည်ငြိမ်စွာ ပြောပြီး ဖုန်းချလိုက်ပါတယ်။
"ကျုပ်ထင်တာကတော့..ခင်ဗျား ဒီလူတွေ လိမ်တာကို ခံလိုက်ရတဲ့ ပုံပဲ.."
လင်းဖန် ပြောလိုက်တာပါ..။ယင်းနောက် သူဖုန်းကို ထုတ်ပြီး လီရှောင်ရှမ်းကို ခေါ်လိုက်တယ်..။
"အရာရှိလီ..ဒီအချိန်ကြီးကြမှ နှောက်ယှက်ရတာ စိတ်မကောင်း ပါဘူး..။ဒီမှာ တစ်ယောက်ယောက်က ..ကိုယ့်ကိုကို သတ်သေဖို့ ကြိုးစားနေတယ်..သူကလောင်းကစား သမားတွေရဲ့ အလိမ်ခံလိုက်ရလို့လေ..။ခင်ဗျား လာသင့်တယ်လို့ ကျွန်တော် ထင်တယ်.."
ဝမ်တောင် လင်းဖန်ကို ကြည့်ပြီး ပြောလိုက်ပါတယ်.။
"ဒါက အသုံးမဝင်ဘူး..။ငါက ကိုယ့်သဘောနဲ့ကိုယ် ကစားခဲ့တာလေ..။သဘောတူညီမူ စာချုပ်တွေမှာလည်း လက်မှတ် ထိုးပြီးသွာပြှီ..။ရဲတွေကလည်းဘာများ လုပ်နိုင်တော့မှာလဲ.."
လင်းဖန် ရယ်မောလိုက်တယ်။
"ဒီလိုမျိုး မတွေးနဲ့လေ..။သူတို့ တကယ်ပေါင်းပြီး လိမ်ညာခဲ့တယ် ဆိုရင် ဘယ်လိုလုပ်မလဲ.."
"ဘယ်လို ဖြစ်နိုင်မှာလဲ.."
ဝမ်တောင် ခေါင်းခါယမ်းလိုက်တယ်.။သူ အလိမ်ခံလိုက်ရတယ် ဆိုတာကို အခုထိ မယုံကြည်နိုင်သေးပါဘူး..။
သိပ်မကြာခင်မှာပဲ..ကားတစ်စီးဟာ ရောက်လာခဲ့တယ်။
လူသုံးယောက်ဟာ ဆင်းလာခဲ့ပြီး..
"အစ်ကိုတောင်.."
ဝမ်တောင် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး..ခေါင်းငုံ့လိုက်ပါတယ်။
ခပ်ဝဝ လူတစ်ယောက်ဟာ..လင်းဖန်ကို နှာဖူးကနေ ခြေထောက်အထိကြည့်လိုက်ပြီး..
"အစ်ကို တောငိ..ဒါက.."
သူတို့ ဒီလူကို မသိပေမယ့်လည်း တစ်ခုခုကို ခံစားမိနေပါတယ်။ဝမ်တောင်ရဲ့ သူငယ်ချင်းက အချိန်အတိုးလေးအတွင်း အကြွေးပြန်ဆပ်ပေးလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။
လင်းဖန် စီးကရက်ကို မီးသတ်လိုက်ကာ..ပြုံးလိုက်ပြီး..
"ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျား သိစရာ မလိုပါဘူး..။သူ ခင်ဗျားတို့ ဆီမှာ အကြွေးဘယ်လောက် တင်ထားတာလဲ.."
လူဝကြီးဟာ ပြောလိုက်တယ်။
"အစ်ကို တောင်က ငါတို့ကို စုစုပေါင်း ဒေါ်လာ ၁.၄၅ သန်း..အကြွေးတင်ထားတာ.။ငါတို့ သူ့ကို အဲလောက်အထိ မကစားဖို့ ပြောပေမယ့်လည်း..သူက ကစားချင်ခဲ့တယ်လေ..။ဒါပေမဲ့..အခုအကုန်လုံးကို စာရွက်ပေါ်မှာ ရေးပြီးပြီဆိုတော့..အစ်ကိုတောင် ငြင်းလို့ မရတော့ဘူး.."
လင်းဖန် ရယ်မောလိုက်တယ်..။
"အိူး..ဒေါ်လာ ၁.၄၅ သန်းလား...သိပ်တော့ မများပါဘူး..။ကျုပ်ဘော်ဒါတစ်ယောက် ခနနေ ပိုက်ဆံလာပို့ လိမ့်မယ်..သိပ်မလောပါနဲ့.."
လူဝကြီဟာ ပြုံးလိုက်တယ်။
"ငါတို့ အလျင်မလိုပါဘူး..။အေးဆေး လုပ်လို့ရတယ်.."
ကျန်တဲ့ လူနှစ်ယောက်ဟာ ဝမ်တောင်ရဲ့ ဘေးနားမှာ ရပ်နေခဲ့တယ်။
"အစ်ကို တောင် ..ဒါက ဘာမှမဟုတ်ပါဘူး..။ဒီလို ချမ်းသာတဲ့ သူငယ်ချင်းက ပြန်ဆပ်ပေးနေပြီပဲ..။ဘာလို့ စိုးရိန်တဲ့ ပုံပေါက်နေတာလဲ..။ပိုက်ဆံတွေက အလွယ်လေး ပြန်ရှာနိုင်ပါတယ်..။အနာဂတ်မှာ ပိုက်ဆံတွေ ပြန်ရှာချငိတယ် ဆိုရင် ကျွန်တော်တို့ကိုသာရှာလိုက်..။ကျွန်တော်တို့က အနိုင်ရပြီး ထွက်ပြေးတတ်တဲ့ လူတွေမဟုတ်ဘူး..."
.
ယင်းနောက် ရဲကားနှစ်စီးဟာ ရောက်လာခဲ့တယ်။
လူသုံးယောက်ဟာ ရဲကားကို မြင်တဲ့ အချိန်မှာ ကြောက်ရွံ့သွားပေမယ့်လည်း တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပါတယ်။သူတို့ ဘာမှ မဟုတ်တာ မလုပ်ထားတဲ့ အတွက် ကြောက်စရာလည်း မလိုပါဘူး..။
လင်းဖန် ရယ်မောလိုက်တယ်..။
"မကြောက်ကြပါနဲ့..။ရဲကားတွေကို ကျုပ်ခေါ်ထားတာလေ.."
လူသုံးယောက်ဟာ ကြောင်အသွားခဲ့တယ်။ယင်းနောက် လူဝကြီးဟာ ပြောလိုက်ပါတယ်..။
"ညီအစ်ကို ..ငါတို့ ဘာအမှားမှ မလုပ်ထားဘူး..။ဘာလို့ ရဲခေါ်တာလဲ..။ထပ်ပြောရရင်..သူက ငါတို့ကို အကြွေးတင်ထားတာက လောင်းကစားနဲ့ မဆိုင်ဘူးလေ..။ဥပဒေက ကာကွယ်ပေးထားပြီးသား.."
လင်းဖန် ပြုံးလိုက်တယ်..။
"ဒါ အဆင်ပြေပါတယ်..။ပြီးမှ ပြောကြတာပေါ့.."
လီရှောင်ရှမ်း ကားထဲက ထွက်လာခဲ့တယ်..။
"ဘာဖြစ်လို့လဲ.."
လူဝကြီးဟာ ရှေ့ကို တက်သွားပြီး..
"ဆျာ ဘာမှမဟုတ်ပါဘူး..။ကျုပ်တို့ ဒီလူဆီမှာ အကြွေးရစရာ ရှိလို့ လာတောင်းတာ..။ရဲခေါ်တာကတော့ ဒီလူပဲ ဘာလို့ခေါ်တာလဲတော့ မသိဘူး.."
”
လင်းဖန် လူသုံးယောက်ကို လက်ညိူးထိုးလိုက်ပြီး..
"ဒီသုံးယောက်က ဟိုလူကို လိမ်ညာပြီး လောင်းကစား လုပ်ခဲ့တာ.။သူတို့ လောင်းကစားလုပ်ဖို့ ခေါ်တုန်းက မကောင်းတဲ့ အကြံအစည်တွေ ရှိတယ်.."
လူဝကြီးဟာ ကြောက်လန့်စွာ ငြင်းလိုက်ပါတယ်ဉ
"ငါတို့ လောင်းကစားလဲ မလုပ်ဘူး..လိမ်လည်းမလိမ်ညာဘူး..။ငါတို့ကို မစွပ်စွဲနဲ့.."
လင်းဖန် ပြုံးလိုက်တယ်။
"သူ့ အက်ျီကို ရှာကြည့်..။သူ့ရင်ဘတ်ထဲက အိတ်မှာ..ကတ်တွေ အများကြီးကို တွေ့လိမ့်မယ်.."
လူဝကြီးဟာ ဒါကိုကြားပြီး ဆွံ့အသွားခဲ့တယ်..။သူ့အမူအရာ ပြောင်းသွားပြီး..ထွက်ပြေးဖို့ လုပ်လိုက်ပေမယ့် လီရှောင်ရှမ်းရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ကတ်တွေ ထွပ်လာခဲ့ပါတယ်။
"ညီအစ်ကို မင်းတို့ကစားတဲ့ နေရာကို ရဲတွေကို ခေါ်သွားလိုက်..အဲမှာဆို သက်သေတွေပိုရလိမ့်မယ်..။ခင်ဗျား ဆုံးရှုံးတဲ့ ပိုက်ဆံတွေလည်း ပြန်ရမှာပါ.."
လင်းဖန် အရာရာတိုင်း သူ့ထိန်းချုပ်မူအောက်မှာ ရှိနေတဲ့ အတိုင်းပြောနေခဲ့တာပါ..။
ဒီလူသုံးယောက်ဟာ တော့ သရဲကိုမြင်နေရတဲ့ အတိုင်း ကြောက်လန့်နေခဲ့ပါပြီ။
"ဒီ နှစ်ယောက်က အရင်က ပြသနာလုပ်ဖူးတယ်..။ဒီဖက်တီးမှာလည်း ပြသနာရှိတယ်..။သေချာ စစ်ဆေးပေးပါ အရာရှိလီ..။ကျန်တာကိုတော့ ထားခဲ့လိုက်တော့မယ်.."
လင်းဖန် လက်ဝေ့ယမ်းပြီး..ပြောလိုက်တာပါ။ကျန်တဲ့ အရာတွေကို လီရှောင်ရှမ်း ကိုင်တွယ်နိုင်ပါတယ်။
လီရှောင်ရှမ်း ဟာ လင်းဖန် ထွက်သွားတော့မှာကို မြင်ပြီး အနားသွားလိုက်တယ်။
"မင်းက ငါတို့ကို ဒါတွေနဲ့ ထားခဲ့တော့မှာလား.."
လင်းဖန် ရယ်မောလိုက်တယ်။
"အရာရှိလီ..ခင်ဗျာက ရဲအရာရှိလေ..ကျုပ်က နိုင်ငံသားကောင်းလေ..။ကျုပ်ဘယ်လောက်ပဲ ကူညီကူညီ အဆုံးသတ်ကိုတော့ ခင်ဗျားလက်နဲ့ လုပ်ရမှာပေါ့..။ကျုပ်အရင်ပြန်နှင့်တောမယ်..ေဩာ် ဟုတ်သားပဲ..ကျုပ်ဆိုင်ကို..ထျန်ဟောင် စီးပွားရေး လမ်းမှာ ပြောင်းဖွင့်ထားတယ်နော်..။တရားဝင်ဖွင့်တဲ့ အချိန်ကျရင် လာခဲ့ဦ.."
လီရှောငိရှမ်း လင်းဖန်ရဲ့ ပုခုကို ပုတ်လိုက်တယ်..။
"ကောင်းပြီ..င့ါမင်းကို သိကတည်းက..အလုပ်ရှုပိလာခဲ့တာပဲ.."
"ဟားဟား"
လင်းဖန်ရယ်မောလိုက်တယ်။
"ဒါက မကောင်းလို့လား..။ခင်ဗျား အလုပ်ကြိုးစားလေ..ရှန်ဟိုင်း ငြိမ်းချမ်းလေပဲလေ.."
လင်းဖန် လက်ဝေ့ပြလိုက်ပြီး ကားထဲဝင်လိုက်တယ်။ယင်းနောက် သူဝမ်တာင်ကို ကြည့်လိုက်ပြီး...
"!ညီအစ်ကို အနာဂတ်မှာ လောင်းကစား မလုပ်နဲ့..။လောင်းကစားကနေ ဝင်ထားတဲ့ ပိုက်ဆံက ကြာကြာမခံဘူး.."
ဝမ်တောင် လင်းဖန်ကို ကြောင်အပြီး ကြည့်နေခဲ့တယ်။လင်းဖန် ကားမောင်ထွက်သွားမှသာ အသိပြန်ဝင်လာခဲ့ပါတယ်..။