တိုက်ရိုက်ထုတ်လွင့်မှုပေါ်က မာစတာ လင်း...
Vol. 19 Ch. 283
နောက်တစ်ရက်..။
ထျန်ဟောင် စီးပွားရေးလမ်းဟာ ဆိုင်ပြင်ဆင်မူတွေနဲ့အလုပ်ရှုပ်နေခဲ့ပါတယ်..။ကျောက်ကျန်းယန်ဟာ နေ့တိုင်းဘာမှ လုပ်စရာ သိပ်မရှိပေ..။ဒါကြောင့် မနက်ဆိုရင် နောက်ကျမှ အိပ်ယာထတတ်ပါတယ်..။
*ကလင်..ကလင်*
"ဘယ်သူလဲ..။ဘာလို့ အစောကြီး ဖုန်းလာခေါ်နေတာလဲ..."
ကျောက်ကျန်းယန် ပြောလိုက်တာပါ..။သို့ပေမယ့် သူဖုန်းထဲကနေ လင်းဖန်ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံကို ကြားလိုက်ရတယ်..။
"အမြန်..ငါ့အိမ်ကိုလာခဲ့..။ငါ အစီအစဥ် အသစ်တစ်ခု လုပ်မလို့.."
လင်းဖန် စိတ်လှုပ်ရှားစွာ ပြောလိုက်တာပါ..။မနေ့က မတော်တဆ မူက သူ့ရဲ့ ခုနှစ်ခုမြောက် အသိပခန်းကို ဘယ်လို ပြီးမြောက်အောင် လုပ်ရမလဲဆိုတာ အကြံဥာဏ်ရစေခဲ့ပါတယ်။
လင်းဖန် သူ မကာအို ကိုသွားပြီး လောင်းကစားလုပ်ရင်..တစ်ခြားလူတွေ ချီးကျူးမှာလား ဆိုတာ တွေးနေခဲ့တာပါ..။သို့ပေမယ့် ဒါက..အနည်းငယ် ရူးမိုက်တဲ့ အကြံဥာဏ်ဆိုတာ..သိလိုက်ပါတယ်.။
ကျောက်ကျန်းယန် ပြောလိုက်တယ်..။
"မာစတာ လင်း..အရမ်းစောနေသေးတယ်လေ..။ဘာအကြံအစည်တွေများ ရှိလို့တုန်း.."
လင်းဖန် ရယ်မောလိုက်တယ်..။
"တိုက်ရိုက်ထုတိလွင့်မှာ..ငါမင်းရဲ့ တိုက်ရိုက် ထုတ်လွင့်တဲ့ ချန်နယ်ကို အသုံးပြုချင်လို့..."
ကျောက်ကျန်းယန် ကြောင်အသွားခဲ့တယ်..။မာစတာ လင်း တိုက်ရိုက် ထုတ်လွင့်လိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး.။ယင်းနောက် သူအချိန်ကို ကြည့်လိုက်တယ်..ဒါက ၈ နာရီပဲ ရှိပါသေးတယ်..။
"သူဌေး..တိုက်ရိုက်ထုတ်လွင့်ဖိုက စောနေသေးတယ်နော်..။အခုမှ ၈ နာရီပဲ ရှိသေးတယ်..။အကုန်လုံးက အိပ်နေကြတုန်း..ဘယ်သူမှ ကြည့်မှာ မဟုတ်ဘူး...။ဘာလို့ ၂ နာရီလောက်မှ မစတာလဲ..အဲ့အချိန်က လူကြည့်အများဆုံး အချိန်ပဲ.."
မကြာခင်မှာပဲ သူ့ရဲ့ စိတ်လှုပ်ရှားမူများဟာ ငြိမ်သက်သွားခဲ့တယ်..။
"ကောင်းပြီလေ.."
ကျောက်ကျန်းယန် အကူညီမဲ့သွားခဲ့တယ်..။ဒီလောက်စိတ်လှုပ်ရှားနေတဲ့ မာစတာ လင်းရဲ့ အကူညီတောင်းခံမူကို ငြင်းပယ်လိုက်ရင်..သူ မကောင်းရာကျသွားပါလိမ့််မယ်..။
"ကျွန်တော် ခနနေလာခဲ့မယ်..။၈ နာရီဆိုလည်း တစ်ချို့ လူတွေကတော့ ကြည့်ကြမှာပါ.."
ယင်းနောက် လင်းဖန်ရဲ့ လေသံဟာ ပြန်ပြီး စိတ်လှုပ်ရှား လာခဲ့တယ်..။
"ကောင်းပြီ..ငါမင်းကို အိမ်ကနေ စောင့်နေမယ်..။ကျေးဇူးပြုပြီး မြန်မြန်လာခဲ့ပါ.."
ကျောက်ကျန်းယန် ဟာ မာစတာ လင်း..ဘာအကြောင်းကို တိုက်ရိုက်ထုတ်လွင့်ဖို့ လုပ်နေတာလဲ..မသိပေမယ့် အနည်းငယ် သိချင်နေခဲ့ပါတယ်..။ယင်းနောက် သူ မျက်နှာသစ်ပြီး မာစတာ လင်းရဲ့ အိမ်ကို ထွက်ခွာခဲ့တယ်။
…
.
အိမ်ထဲတွင်..။
လင်းဖန် အဝတ်အစားတွေ ရွေးချယ်နေခဲ့တယ်..။ဒီတစ်ကြိမ် တိုက်ရိုက်ထုတ်လွင့်မူက အလေးအနက်ဖြစ်တာကြောင့် သူသေချာ ဝတ်စားထားရမှာပါ..။သူ အဲကွန်းကို ပိုအေးအောင် မြင့်တင်လို်က်ပြီး ဂျာကင် အက်ျီကို ဝတ်ထားလိုက်တယ်..။သသ ဆံပင်ပုံစံကို လည်း သေချာပြင်ပြီး..နေကာမျက်မှန်ကို တပ်ထားခဲ့ပါတယ်။သူ မှန်ထဲကို ကြည့်လိုက်တဲ့ အချိန်မှာတော့..လောင်းကစား နတ်ဘုရား လို ဖြစ်နေခဲ့ပါပြီ။
ယင်းနောက် သူ့ရဲ့..အံ့ဆွဲထဲက..ကတ်တွေကို ယူလိုက်တယ်။
"ဒီနေ့တော့ ငါ့ရဲ့ ကျွမ်းကျင်မူတွေကို ပြမှရတော့မယ်.."
သူ လောင်းကစား အသိပညာကို ရပြီးကတည်းက..ဖဲတွေကို ကုလားဖန် ထိုးတဲ့ နေရာမှာ တော်တော်ကျွမ်းကျင်လာခဲ့တာပါ..။
သူကတ်တွေကို ကိုင်လိုက်တဲ့ အချိန်မှာ...သူ့ ရဲ့ မူလလက်တွေ မဟုတ်တော့သလိုပါပဲ..။
*ကုလားဖန်ထိုး*
ကတ်တွေရဲ့ အသံတေံဟာ တစ်အိမ်လုံးကို..ပြည့်နှက်သွားခဲ့ပါတယ်..။ဖဲထုတ် နှစ်ထုတ်ဟာ လင်းဖန်ရဲ့ ဘေးမှာ ဝန်းရံနေပြီး တစ်ယောက်ယောက်သာ မြင်ခဲ့ရင် ကျိန်းသေအံ့ဩမိမှာပါ..။သူတို့ ပြောနိုင်တဲ့ စကားလံူးက..
စောက်ကျိုးနဲ..ဘယ်လိုဖြစ်ပြီး တစ်စုံတစ်ယောက်က ဒီလို နည်းလမ်းနဲ့ ကုလားဖန် ထိုးနိုင်ရတာလဲ...
သူ့ရဲ့ လက်ချောင်းတွေဟာ ရေလိုစီးဆင်းနေပြီး..အနုပညာတစ်ရပ်လို ဖြစ်တည်နေခဲ့ပါတယ်..။ယင်းနောက် သူ ကတ်တွေကို စားပွဲပေါ် ပြန်တင်လိုက်တယ်..။အစက..ရောနှောနေတဲ့ ဖဲထုတ်နှစ်ထုတ်ဟာ အခုတော့ သတ်သတ်စီ ပြန်ဖြစ်နေခဲ့ပါပြီ.။
"ဘယ်လောက် အံ့ဩဖို့ကောင်းလဲ.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။ဒီလို ကျွမ်းကျင်မူ မျိူးက နားလညိမူတွေကို ကျော်တက်သွားပါပြီ..။စွယ်စုံကျမိးကြောင့်သာ မဟုတ်ရင် ဒီလိုမျိုး တတိမြောက်ဖို့က အိပ်မက်မက်နေသလိုပါပဲ..။
သူ ကတ်တစ်ကတ်ကို လက်နှစ်ချောင်းကြားထဲ မှာ ထည့်ပြီး ပစ်လိုက်တယ်..။ကတ်ဟာ လေထဲမှာ ဝဲသွားပြီး ၁၈၀ ဒီဂရီ လှည့်ကာ သူ့ဆီကို ပြန်ရောက်လာခဲ့ပါတယ်..။
"ဘယ်လောက် အံ့ဩဖို့ကောင်းလဲ.."
လင်းဖန် ကတ်တွေနဲ့ ကစားရင်း ပိုပြီးတော့တောင်စိတ်လှုပ်ရှား လာခဲ့ပါတယ်..။
သို့ပေမယိ့ ဘယ်သူကမှ ကြည့်မနေခဲ့ပေ..။
ဒါပေမဲ့လည်း ကတ်တွေနဲ့ ကစားရတာကို သူအတော်ပျော်ရွင်နေခဲ့ပါတယ်..။
*ဒင်...ဒေါငိ*
ကြည့်ရတာ ကျောက်ကျန်းယန် ရောက်လာတဲ့ ပုံပါပဲ..။
သူ တံခါးကို ဖွင့်တဲ့ အချိန်မှာ ကျောက်ကျန်းယန်ဟာ အံ့ဩသင့်သွားခဲ့တယ်..။သူ လင်းဖန်ကို မြင်ပြီး အံ့ဩသွားခဲ့တာပါ။
"မာစတာ လင်း..ဘာလုပ်နေတာလဲ.."
ကျောကိကျနိးယန် မေးလိုက်တယ်..။မာစတာ လင်းဟာ ဂျာကင် အက်ျီကို ဝတ်ထားပြီး..ဆံပင်ကိုလဲ ပုံဖော်ထားခဲ့ပါတယ်။ထပ်ပြောရရင်..သူ့ရဲ့..နေကာမျက်မှန်က..မသိရင် နိုင်ငံရဲ့ လျို့ဝှက်အဖွဲ့က လူတစ်ယောက်လိုပါပဲ..။
လင်းဖန် ရယ်မောလိုက်တယ်..။
"ဘယ်လိုနေလဲ..ငါ ကြည့်ရတာ အဆင်ပြေတယ် မလား..."
ကျောက်ကျန်းယန် အကူညီမဲ့စွာ ကြည့်လိုက်တယ်..။သူကင်ဆာ ရောဂါကြောင့် သေခါနီး အတွေ့အကြုံကိုသာ ..မရှိခဲ့ရင်..မာစတာ လင်းကြောင့် အံ့ဩလွန်းပြီး သေသွားနိုင်ပါတယ်..။
"ခင်ဗျား အမှန်တရားကို သိချင်တာလား.."
လင်းဖန် ပြောလိုက်တာပါ..။သူ ဒီလိုပုံစံရဖို့ အချိန်အတော်ကြာ ပြင်ဆင်ထားရတာဖြစ်ပြီး..သူ့ပုံစံ ကောင်းလားဆိုတာ တကယ်သိချင်မိပါတယ်..။
ကျောက်ကျန်းယန် သူ့ကို ကြည့်လိုက်တယ်..။
"မာစတာလင်း..ကျွန်တော်ထင်တာကတော့ ခင်ဗျား ကိုယ့်စတိုင် အတိုင်းပြန်နေသင့်တယ်နော်..။လက်ရှိပုံစံကြီးက တကယ်ကြောက်ဖို့ ကောင်းတယ်..။ဒီပုံစံနဲ့ တိုက်ရိုက်ထုတ်လွင့်ရင်..တကယ်နောင်တ ရရလိမ့်မယ်.."
လင်းဖန် ..ကျောက်ကျန်းယန်ကို ကြည့်နေလိုက်တယ်..။သူ ခုနက စကားကို လေးလေးနက်နက် တွေးနေတဲ့ ပုံပါပဲ..။ယင်းနောက် သူ အခန်းထဲ ဝင်သွားပြီး ဂျကင်အက်ျီကို ချွတ်ကာ..ဆံပင်ပုံစံကိုလည်း မူလက အတိုင်း ထားလိုက်ပါတယ်..။
သူ့ရဲ့ ကြိုးစားထားမူတွေက အပိုတွေပါပဲ။
ဆိုင်ထဲတွင်..။
ကျောက်ကျန်းယန် သိချငိစွာ မေးလိုက်တယ်..။
"မာစတာ လင်း..ဘာကို ဖျော်ဖြေပြချင်တာလဲ..။ကြည့်ရတာ စိတ်လှုပ်ရှားနေသလိုပဲ.."
သူ တကယ်ကို သိချင်နေခဲ့တာပါ..။ပုံမှန်ဆိုရင် မာစတာ လင်းက တိုက်ရိုက်ထုတ်လွင့်မူကို..စိတ်မဝင်စားပါဘူး..။သို့ပေမယ့် အခုတော့ မနက်အစောကြီး တိုက်ရိုက် ထုတ်လွင့်ချင်နေထာခဲ့ပါတယ်။ကြည့်ရတာ သူ တစ်ခုခု ပျော်စရာ အကြောင်းအရာကို ကြေညာတော့ မယ့် ပုံစံပါပဲ..။
လင်းဖန် ပြုံးလိုက်တယ်..။
"မင်းခနနေရင် သိလိမ့်မယ်.."
"တကယ်..ထူးဆန်းတာပဲ.."
ကျောက်ကျန်းယန်ဟာ ပြောလိုက်တယ်..။ယင်းနောက် သူ ဖဲထုတ်နှစ်ထုပ်ကို မြင်လိုက်ပြီး..
"ကျွန်တော့်ကို မနက်အစောကြီး တိုက်ရိုက်ထုတ်လွင့်မူ လုပ်ဖို့ လာခိုင်းတာ..'ကုန်းမြေပေါ်က တိုက်ခိုက်မူ' ကစားပွဲ ကစားမလို့လား..."
"ငါ့ကို သောက်ရူးများထင်နေလား..။အိပ်နေရမယ့် အချိန်မှာ ဘာလို့ ကလေးဂိမ်းကစားဖို့ တိုက်ရိုက်လွင့်ရမှာလဲ..။ငါ ဝိုက်ဘိုမှာ စာတင်လိုက်မယ်..။မင်းရဲ့ တိုက်ရိုက်ထုတ်လွင့်မူ အခန်း နံပါတ်က ဘယ်လောက်လဲ..။လူများများကြည့်အောင် ငါလုပ်ပေးမယ်.."
လင်းဖန် ပျော်ရွှင်စွာ ကြည့်လိုက်တာပါ...။
ဝိုက်ဘို.:
"မင်းတို့ လောင်းကစား လုပ်မူတွေ ရပ်တန့်သွားအောင် မာစတာ လင်းက နတ်ဘုရားဆန်တဲ့ ကျွမ်းကျင်မူတွေ ပြသပေးမယ်..။ကျေးဇူးပြုပြီး.."xx" တိုက်ရိက်ထုတ်လွင့်မူ အခန်းကို ရှာဖွေပြီး..နံပါတ် "xxx" ကို ရိုက်ထည့်လိုက်ပါ..။ကမ္ဘာပေါ်မှာ အတော်ဆုံးလောင်းကစားသမားက ဘယ်လိုလဲ ဆိုတာ မာစတာ လင်းက ပြသပေးမယ်.."
ခေါင်းစဥ်ကတော့ တကယ်ကို အံ့မခန်းပါပဲ။
သူ ဝိုက်ဘိုပေါ်မှာ အခုလို ပို့စ်မတင်တာ အတေ်ကြာနေခဲ့ပါပြီ..။ထပ်ပြောရရင်..လတ်တလောမှာလညိး ဘာမှ ထူးထူးခြားခြား မဖြစ်ပျက်ခဲ့ပါဘူး..။လူတွေကိုဆွဲဆောင်ချငိတယ် ဆိုရင် စိတ်ဝင်စားစရာ အကြောင်းအရာတွေဆိုတာ ဖြစ်ပျက်နေဖို့ လိုပါတယိ..။
မဟုတ်ရင်..ဆယ်လီတွေ အများကြီး..အာရုံစိုက်မူတွေရအောင်..ဒီလောက်ကြိုးစားနေမှာ မဟုတ်ပါဘူး.။သူတို့ ခေါင်းကြီးပိုင်းတွေကနေ..နေရာရအောင်ကြိုးစားနေကြပြီး..ဒါမှသာ..လူတွေ အများကြီးကို ဆွဲဆောင်နိုင်မှာပါ..။
ကျောက်ကျန်းယန်ဟာ လင်းဖန်ရဲ့ ဝိုက်ဘို ခေါင်းစဥ်ကို မြင်ပြီး သွေးအန်တော့မလို ဖြစ်သွားခဲ့တယ်..။ယင်းနောက် သူမာစတာ လင်းကို..အံ့ဩသသင့်စွာ ကြည့်လိုက်ပြီး..
"မာစတာ လင်း..ရူးနေပြီလား..။ကမ္ဘာပေါ်က အတော်ဆုံး လောင်းကစားသမား လား..။လောင်းကစားလုပ်တာကို ဘယ်တုနိးက သင်ထားလို့လဲ.."
လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်တယ်..။
"မင်းမသိတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်.."
ကျောက်ကျန်းယန်ဟာ မာစတာ လင်းရဲ့ ထူးဆနး်တဲ့ မျက်လုံးအမူရာကို စိတ်ဝင်စားသွားခဲ့တယ်။မာစတာ လင်းမှာ..ထူးခြားတဲ့ ပုံပြင်တစ်ခု ရှိရမှာပါ.မဟုတ်ရင် သူဒီလောက်အထိ ဆန်းကြယ်နေမှာ မဟုတ်ပါဘူး.။
"ကောင်းပြီ ဘာမှ..ထပ်ပြောမနေနဲ့တော့ တိုက်ရိုက်ထုတ်လွင့်လိုက်ရအောင်.."
ကျောက်ကျန်းယန် မေးလိုက်တယ်..။
"တိုက်ရိုက် ထုတ်လွင့်မူ ခေါင်းစဥ်ကို ဘာနာမည်ထာသင့်လဲ.."
လင်းဖန် အချိန်ခနကြာအောင် တွေးပြီး ပြောလိုက်တယ်။
"ဒီဂြိုလ်ပေါ်မှာ ရှိနေတဲ့ အကောင်းဆုံူး လောင်းကစားသမားက..နံပါတ်တစ် လောင်းကစား ဆန့်ကျင်သူ အဖြစ်ပြောင်းလဲ သွားခဲ့တယ်.."
ချီးပဲ..
ကျောက်ကျန်းယန် ကြောင်အသွားခဲ့တယိ။
"ဒီနာမည်ကြီးက နည်းနည်း ကြောက်ဖို့ ကောင်းတယ်နော်..တစ်ခြားဟာ ပြောင်းရင်ရော.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။
"ဒါအဆင်ပြေတယ် ..သုံးသာ သုံးလိုက်.."
"ကြည့်ရတာ ဒါက အာရုံစိုက်မူရအောင် လုပ်နေသလိုပဲနော်."
.
"ဟားဟား..ဒါက အာရုံစိုက်ခံရအောင် လုပ်တာ မဟုတ်ဘူး..။အမှန်တရားကို ပြောထားတာ.။အရင်တုန်းက ဟန်လု အကြောင်းတုန်းကလည်း ဒီတိုင်းပဲမလား.."
ကျောက်ကျန်းယန် ဆွံ့အသွားခဲ့တယ်..။သူမာစတာ ့လင်းပြောတဲ့ အတိုင်းပဲ လုပ်ရပါတော့မယ်..။
ခေါင်းစဥ် ပြီးဆုံးသွားခဲ့တယ်။
သူ ချက်ချင်းပဲ တိုက်ရိုက် ထုတ်လွင့်မူကို စတင်လိုက်တယ်။
မနက် ၈ နာရီဆိုတော့ ကြည့်ရူသူ အနည်းငယ်လောက်သာ ရှိပါတယ်။
"ဟေး..ဒီမှာ လူထောင်ချီ ရောက်နေပြီကို ဘာလို့ စကားမပြောကြတာလဲ.."
လင်းဖန် သိချင်သွားခဲ့တယ်။
ကျောက်ကျန်းယန် ရှက်ရွံ့စွာပြောလိုက်တယ်။
"စိတ်မရှည်မဖြစ်ပါနဲ့..သိပ်မကြာခငိလာကြမှာပါ။အခုမြင်နေရတာက..ကြည့်ရူသူအရေအတွက် များအောင် ဖန်တီးထားတဲ့ ကြည့်ရူသူ အတုတွေပါ.."
လင်းဖန် နှုတ်ခမ်းကို ကိုက်လိုက်ပြီး..
"သောက်ကျိူးနဲ.."=
ကျောက်ကျန်းယန်းက တကယ်တုံးအပြီး တည့်တည့်ပြောတတ်တဲ့ လူတစ်ယောက်ပါ။ဒီမှာ တိုက်ရိုက်ထုတ်လွင့်တဲ့ လူတွေ အများကြီး ရှိပေမဲ့ ဘယ်သူမှ သူ့လို့ ထုတ်မပြောကြပါဘူး..။လင်းဖန် တစ်စုံတစ်ယောက် စကားပြောလာမှာကိုသာ စိတ်ရှည်ရှည်စောင့်နေခဲ့တယ်..။
ခနအကြာမှာ...ပထမဆုံးလူဟာ ရောက်လာခဲ့တယ်။
"ဟေး..အစ်ကိုယန်..မနက်အစောကြီး တိုက်ရိုက်ထုတ်လွင့်နေပါလား.."
"မဟုတ်ဘူး...မာစတာ လင်းပဲ..။အစ်ကိုယန် မနေ့က အိမ်ပြန်သွားတာပါ..ဘာလို့ မာစတာ လင်းက သူ့အနားမှာ ရှိနေတာလဲ..။ဖြစ်နိုင်တာ သူတို့ ညတုနိးက ညတုန်းက.."
"မာစတာ လင်း ကျွန်တော်တို့ ရောက်နေပြီ.။ဝိုက်ကို က ပို့စ်မှာတွေ့တယ်နော်.ဒီတစ်ခါရော ဘာလုပ်ချင်ပြန်တာတုန်း.."
"ခေါင်းစဥ်က မာစတာ လင်းရေးထားတာ မလား..။သူ ဘာလုပ်ပြချင်တာ ဖြစ်နိုင်မလဲ.."
"ချီးပဲ ခေါင်းစဥ္က တကယ် 666 ပဲဟေ့.။တစ်ခါမှ မမြင်ဖူးဘူး.."
"ဒီ ဂြိုလ်ပေါ်က အတော်ဆုံး လောင်းကစားသမား မာစတာ လင်း..။သူနဲ့ ပြိုင်ဘက် မရှိတော့လို့ ထင်တယ်.."
"မာစတာ လင်းကို အစောကြီးမြင်ရတာ ကံကောင်းတော့မှာပဲ..။လက်ဆောင်ပို့လိုက်ပြီ.."
"ချီးပဲ ငါတစ်ညလုံး ဖဲရိုက်ထားတာ..အခုတော့ မာစတာ လင်းက လောင်းကစား မလုပ်ဖို့ တိုက်ရိက်ထုတ်လွင့်နေပြီ..."
…
တိုက်ရိုက်ထုတ်လွင့်မူထဲက ကြည့်ရူသူတွေဟာ ကဖြည်းဖြည်း မြင့်တက်လာနေခဲ့တယ်။
လင်းဖန် ပြုံူလိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်တယ်..။
"ဟိုင်း အားလုံးပဲ..။ကျွန်တော်ကတော့ မာစတာလင်းပါ..။ဒီနေ့ လောင်းကစားလုပ်လို့ ရတဲ့ မကောင်းတဲ့ အချက်တွေကဖု ပြောပြမယ်..။ဒါက ဆန်းကြယ်ပြီး..နာကျင်စေတယ်..ဘဝကိုပါ ထိခိုက်နိုင်တယ်.."
ရုတ်တရက်။
လင်းဖန် စားပွဲကို ရိုက်လိုက်တဲ့ အချိန်မှာ ဖဲထုတ် နှစ်ထုတ်ဟာ..လေပေါ်ကို မြောက်တက်လာခဲ့ပါတယ်..။သူ လက်နှစ်ဖက်နဲ့ ဖမ်းလိုက်တယ်။ယင်းနောက် သူ ကတ်ရှစ်ကတ်ကို အလျင်အမြန်ထုတ်ပြီး ကင်မရာကို ပြလိုက်ပါတယ်..။
"တစ် ရှစ်လုံး.."
ချီးပဲ..
ကျောက်ကျန်းယန် ဆွံ့အသွားခဲ့တယိ။
ခေါက်ဆွဲစားနေတဲ့ လူတွေဟာ ပါးစပ်အဟောင်းသားဖြစ်ကုန်ပြီး ခေါက်ဆွဲတွေ ပြန်ထွက်လာခဲ့ပါတယ်။
အဲ့အချိန်မှာပဲ..။
တိုက်ရိုက် ထုတ်လွင့်မူမှာတော့..။
"66666"
"ဘယ်လိုတောင်လဲ.."
"တကယ်ရူးသွပ်စရာပဲ.."
"ဘယ်လို မှော်ပညာတုန်း.."
"မာစတာ လင်းက မှောိပညာတွေ ထုတ်သုံးနေပြီဟေ့.."
"ချီးပဲ..ငါ နတ်ဘုရား လောင်းကစားလုပ်တာကို ကြည့်နေရတာလား..။ဒီ လှည်ဖျားမူမျိူး ဘယ်က ဝယ်လာတာလဲ..ငါလည်း ဝယ်ချင်တယ်.."
လင်းဖန် အခြေအနေကို အကူညီမဲ့စွာ ကြည့်လိုက်တယိ..။ဘယ်သူမှ သူ့ကို မယုံကြည်ကြပါဘူး..။
ကြည့်ရတာ သူသေချာ ဖြေရှင်းရမယ့် ပုံပါပဲ..။
ဒီ တိုက်ရိုက်ထုတ်လွင့်မူက သူ့ရဲ့ခုနှစ်ခုမြောက် အသိပညာ ပြီးမြောက်နိုင်မလား ဆိုတာကို..ဆုံးဖြတ်ပေးမှာပါ။