← Chapters

ပြပွဲလေးကို စတင်လိုက်ရအောင်

Vol. 19 Ch. 284

ပြပွဲလေးကို စတင်လိုက်ရအောင်

Vol. 19 Ch. 284

ကျောက်ကျန်းယန်ဟာ တိုက်ရိုက်ထုတ်လွင့်မူ ကိုမြင်ပြီး အံ့ဩသင့်သွားခဲ့တယိ။ယင်းနောက် သူကင်မရာကို သေချာပြန်ချိန်လိုက်ပြီး..လင်းဖန်ကို ညွှန်ပြလိုက်တယ်..။သူ ကတ် ရှစ်ကတ်ကို သေချာရိုက်ပြထားခဲ့တာပါ..။

"ဒါတွေက တကယ့်ပေါ်ကာ ကတ်တွေပဲ..။မှော်ပညာ မပါဘူး..."

ကျောက်ကျန်းယန်..အံ့ဩသွားခဲ့တယ်..။သူတကယ် မယုံကြည်နိုင်တော့ပါဘူး...သူကတိတွေကို အနီးကပ် ကြည့်လိုက်ပြီး..တစ်ခုခုမှားနေလား ဆိုတာကို စစ်ဆေးချင်နေခဲ့ပါတယ်။အဆုံးမှာတော့ သူဘာမှားယွင်းမူမှ မပေါ်ခဲ့ပေ..။

"ဒါက တကယ်အစစ်အမှန်ပဲ..ဘယ်လိုလုပ်အတုအယောင် ဖြစ်နိုင်မှာလဲ.."

လင်းဖန် ပြောလိုက်တာပါ..။ယင်းနောက်..သူ တိုက်ရိုက်..ထုတ်လွင့်မူကို ကြည့်လိုက်ပြီး...

"အားလုံးပဲ ဒီနေ့ ခံစားချက်တွေ..အခြေအနေ ဘယ်လိုရှိလဲ.."

တိုက်ရိုက်ထုတ်လွင့်မူထဲမှာ.. "666 " ဆိုတဲ့ စကားလံူးတွေနဲ့..ပြည့်နှက်နေခဲ့ပါတယိ။သူတို့ထဲက အနည်းငယ် ပြောနေကြတ​ဲ့ စကားလုံးကတော့..အံဩတယ်..ထူးဆန်းတယ် ဆိုတာတွေပါပဲ..။သူတို့ အားလုံး မယုံကြည်နိုင်စွာဖြစ်နေကြပြီး..အတုအယောင်လို့ ထင်နေခဲ့ကြတာပါ..။

ကျောကိကျန်းယန်ဟာ ရုတ်တရက် ဗီဒီယို ထဲမှာ ပေါ်လာခဲ့ပါတယ်။

"အားလုံးပဲ..ဒါက အစစ်အမှန်ပါ..။ကျုပ်တို့ နောက်နေတာ မဟုတ်ဘူး..."

"ဝိုး..အစ်ကိုယန်တော့ ပေါ်လာပြီဟေ့.."

"အာ.."

"ဒါက အစစ်အမှန်လား...။အစ်ကို ယန် မာစတာ လင်းနဲ့ ပေါင်းပြီး ကျုပ်တို့ကို ဂျင်းထည့်နေတာတော့ မဟုတ်ပါဘူးနော်.."

မာစတာ လင်းဟာ သူ့လက်ထဲမှာ ကတ်တွေကို ကိုင်ထားပြီး..ကျောက်ကျန်းယန်ကို ဘေးနားမှာ ထိုင်ခိုင်းလိုက်ပါတယ်..။

"ခင်ဗျားတို့ အားလံူး ဒါကို အတုအယောင်လို့ ထင်ရင် ထင်နေမှာပေါ့..။ကျုပ်တစ်ခု ထပ်ပြပေးမယ်..တန်ဖိုးတွေ အလိုက်ကတ်ကို ဝေပြမယ်.."

တိုက်ရိုက် ထုတ်လွင့်မူထဲက လူတွေ အကုန်လုံး..စိတ်ဝင်စားသွားခဲ့ပါတယ်..။အစတုန်းကတော့ သူတို့ တိုက်ရိုက်ထုတ်လွင့်မူကို ခနကြည့်ပြီး..ပြန်အိပ်ဖို့.လုပ်နေခဲ့တာပါ..။သို့ပေမယ့် အခုတော့ သူတို့..မာစတာ လင်းရဲ့ ဆွဲဆောင်မူကို..ခံလိုက်ရပါပြီ..။

မာစတာ လင်း ကြောင့်မဟုတ်တာ များလား..။သူတို့ ကတ်တွေကြောင့် ဆွဲဆောင်..ခံရတာလညိး ဖြစ်နိုင်ပါတယ်။

.

အရာရာတိုင်းကို တိုက်ရိုက် ထုတိလွင့်ထားခဲ့ပါတယ်..။စားပွဲပေါ် ်မြင်ကွင်းကတော့...အခရင်ပေါ်မှာအနီးကပ်သေချာ မြင်နေခဲ့ရတာပါ..။

အခု လင်းဖန်က ကတ်တွေကို..တန်းဖိုး..အလိုက် ဖြန့်ဝေပြတော့မှာပါ..။

ဒီမှာ တန်ဖိုးတစ်ခုစီ အလိုက်..၈ ကတ်စီ ရှိရမှာပါ..။

အထူးသဖြင့် ကြည့်ရူသူတွေဟာ သိချင်နေခဲ့ကြတယ်..။သူတို့ ဒီကတ်တွေကို အစစ်အမှန် လို ယုံကြည်ကြပါတယ်.။

ယင်းနောက် စားပွဲပေါ်မှာ ကတ်တွေနဲ့ ပြည့်နှက်သွားခဲ့တယ်..။

"အားလုံးပဲ ..တွေ့ကြလား..။တကယ်လို့ မေးခွနိးတစ်ခုခု မေးစရာရှိရင် မေးလို့ရတယ်နော်.."

"မာစတာ လင်း ကျုပ်တော့ မယုံကြည်ဘူး..။ကြုံရာ ကတိတစ်ခုကို ယူပြီး ကျုပ်တို့ကို ပြကြည့်ပါလား.."

"ဟုတ်တယ် ကျုပ်တို့ အနီးကပ် ကြည့်ချင်တယ်.."

လင်းဖန် ဒီလူတွေကို..ကတ်တွေမှာ ဘာအမှားအယွင်းမှ မရှိကြောင်း ပြသပေးချင်ခဲ့ပါတယ်..။

ယင်းနောက် သူ ကြုံရာ ကတ်တစ်ကတ်ကို ယူလိုက်ပြီး ကင်မရာကို ပြလိုက်တယ်..။

"ကောင်လေးတို့ သေချာ အနီးကပ် ကြည့်ကြည့်ကြ..။ဒါက ပုံမှန် ပေါ်ကာ ကတ်တစ်ကတ်ပဲ..။ဒီမှာ ဘာမှ မဖုံးထားသလို ဘာမှ မပြောင်းလဲ ထားဘူး..။မင်းတို့ ကြည့်လို့ရအောင် ဒါကို ဖြဲပြလို့ရတယ်.."

* ကတ်ကို ဖြဲလိုက်တယ်*

"ကြည့် ဒါက အစစ်အမှန်ပဲ.."

"မာစတာ လင်း..ကျုပ်တို့ အခုယုံကြည်သွားပါပြီ..။အခုဆက်ပြီး ဘာကို ဖျော်ဖြေပြမှာလဲ.."

လင်းဖန် ကြေနေတဲ့ ကတ်ကို မူလ ပုံစံပြန်ဖြစ်အောင် ထားလိုကိတယ်။ယင်းနောက် သူကင်မရာကို ကြည့်လိုက်ပြီး..

"ဒီမှာ..ဖဲထုတ်နှစ်ထုတ် ရှိတယ်နော်..။ကျုပ်ဒါကို ရောလိုက်ပြီး..ဖဲထုတ်နှစ်ထုပ် သီးခြားဖြစ်သွားအောင် ခနလေး အတွင်း ပြန်လုပ် ပြနိုင်တယ် ဆိုတာ ယုံကြည်လား..."

လင်းဖန် ဒါကို ပြောလိုက်တဲ့ အချိန် မှာ အားလုံး အံ့ဩသင့်သွားခဲ့တယ်..။

"ဒါဘယ်လို ဖြစ်နိုင်မှာလဲ..။တကယ်လို့ မင်းသာ မူလ ဖဲနှစ်ထုတ် အတိုင်း..အမြန်ပြန်လုပ်နိုင်ရင် ငါချက်ချင်း ချီးစားပြလိုက်မယ်.."

"မာစတာ လင်းကတော့ ပြောနေပြီဟေ့.. ။တကယ်လို့ သူသာ အဲလို​ပြန်လုပ်နိုင်ရင် ..တကယ်ကို အံ့ဩစရာပ​ဲနော်.."

သူတို့ ယုံကြည်မှာ မဟုတ်ဘူးဆိုတာကို လင်းဖန် သိထားပြီးသားပါ..။ယင်းနောက် သူ စတင်ပြီး ကုလားဖန် ထိူးလိုက်တယ်..။

"မျက်တောင် မခတ်ပဲ သေချာ အနီးကတ်ကြည့်ထားကြနော်..။ကျုပ် အနှေးပုံစံ နဲ့ ဗီဒီယို လုပ်ပြပြီး အားလုံးကို အနီးကပ်ကြည့် ခိုင်းမယ်။တစ်ခါတစ်လေ. မှာ ခင်ဗျား မယုံကြည်တဲ့ အရာတစ်ခုကို အရမ်းယုံကြည်သွားတတ်တယ်.."

ယင်းနောက် သူ ဖဲထုတ်နှစ်ထုတ် ကို ရောလိုက်ပြီး..သပ်သပ်စီ ပြန်ခွဲလိုက်တယ်။

အခုတော့ ဖဲထုတ် နှစ်ထုတ်ဟာ စားပွဲပေါ်မှာ သီးသန့်စီ ရှိနေခဲ့ကြပါပြီ..။သို့ပေမယ့် ဘာကတိတွေမှန်းတော့ ဘယ်သူမှ မမြင်နိုင်ပါဘူး..။

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ် ရိုးသားတယ် ဆိုတာကို သက်သေပြဖို့ အခုကျွန်တော် မလှုပ်တော့ဘူး..။ကတ်တွေကို ကင်မရာရှေ့မှာပဲ ...ပြထားပြီး ခွဲပြမယ်.."

ကျောက်ကျန်းယာ မယုံကြည်နိုင်ခဲ့ပေ။သူမာစတာ လင်း လုပ်သမျှ အရာရာတိုင်းကို ဘေးနားမှာ ထိုင်ကြည့်နေခဲ့တာပါ.။သူမျက်တောင် တောာင်မခတ်ခဲ့ပါဘူး..။တကယ်လို့ လင်းဖန်သာ ကတ်တွေကို ဒီလောက်မြနိမြန် ပြန်ခွဲနိုင်လို့ ရှိရင် သူ ဒီအဆောက် အဦးပေါ်ကနေ ခုန်ချမိတော့မှာပါ..။

ဖဲ ပထမ အထပ်ကို ဖြန့်ပြတဲ့ အချိန်မှာ တိုက်ရိုက် ထုတ်လွင့် မူတစ်ခုလုံး..ရူးသွပ်နေကြတာကို ကျောက်ကျန်းယန် တွေ့လိုက်ရတယ်..။

"ချီးပဲ ဒါကြီးကတော့ သောက်ရမ်းကြမ်းတမ်းသွားပြီ.."

"ငါတော့ ဆွဲဆောင်ခံလိုက်ရပြီ..ဒါက တကယ်အံဩစရာပဲ..။ဒါက အစစ်အမှန်လား အတုအယောင် လား တစ်ယောက်ယောက် ပြောပြစမ်းပါ.."

"ငါလည်း တကယ်မယုံကြည်နိုင်တော့ဘူး..။အတော် အံ့ဩဖို့ကောင်းတာပဲ.."

ကျန်ကျန်းယန်ဟာ ကတ်တွေကို သူ့လက်နဲ့သွားကိုင်ကြည့်လိုက်တဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်..။သူ လင်းဖန်ကို ကြည့်လိုက်ပြီး...

"ဒါကို ဘယ်လို လုပ်လိုက်တာလဲ.."

လင်းဖန် ပြုံးလိုက်တယ်။

"ဒါက ရိုးရှင်းတဲ့ နည်းလမ်းလေးပါပဲ.။အားလုံးပဲ အခုကတ်တွေကို ယုံကြည်ကြသေးလား.."

"တစ်ခြား အကြောင်းကို မပြောပဲ နေကြရအောင်..။ငါတို့ လှည့်စားမူတွေ အကြောင်းကိုပဲ ပြောကြမယ်..။လောင်းကစားမှာလူတွေကို လိမ်ညာဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်နော်..။တစ်ခါတစ်လေ..အနီးကပ် ကြည့်ရင်..သေချာမြင်နိုင်တယ်..။ထပ်ပြောရရင် ဒီလို..နည်းလမ်းတွေက ကင်မရာမှာ သေချာ ပြလို့ မရကြဘူးလေ...။ကျုပ်ခင်ဗျားတို့ကို ပြချင်တာက..ဒီတိုင်း လက်ဗလာ..နဲ့လုပ်တဲ့..တကယ့် ကျွမ်းကျင်မူတွေကိုပဲ.."

"မင်းတို့ရဲ့ လက်တွေသာ..လုံလောက်အောင်..ကွေးညွှတ်နိုင်ရင်..အကုနိလုံးကို ဆွဲငင်နိုင်တယ်..။အကုနိလုံးကို ပြာကျသွားတဲ့ အထိ အနိုင်ယူ နိုင်ဖို့ ဆိုတာက အလွယ်လေးပဲ.."

ဒီ တိုက်ရိုက် ထုတ်လွင့်မူမှာ..လောင်ကစားကို မနှစ်သက်တဲ့ လူတွေ အများကြီး ရှိပါတယ်။သို့ပေမယိ့ မာစတာ လင်းမှာ ဒီလို ကျွမ်းကျငိမူတွေ ရှိလားဆိုတာ စောင့်ကြည့်နေခဲ့ကြပါတယ်..။

အဲအချိန်မှာတော့ လောင်းကစားကို နှစ်သက်တဲ့ ကြည့်ရူသူ တွေလဲ ရှိနေခဲ့ကြပါတယ်..။သူတို့ အရင်က လိမ်ညာမူတွေနဲ့.နည်းစနစ်တွေ အများကြီး တွေ့ဖူးကြပေမယ့်..သိပ်တော့ ထူးထူးခြားခြား မရှိပေ။

"မာစတာ လင်း ရှင်းပြသွားတာကို ကျုပ်တို့ နားလည်ပါတယ်...ဒါပေမဲ့ ဒါက ယုံကြည်ဖို့ အတော်ခက်ခဲတယ်လေ.."

"ဟုတ်တယ်..ငါတို့ လောင်းကစား လုပ်တဲ့ အချိန်မှာ အမြဲတမ်း သံသယထားတယ်..။ကုလားဖန်ထိုးတာက ပြသနာ တစ်ရပ် ဆိုတာကို ငါတို့ သိထားကြတယ်လေ..ဒါကြောင့်..ငါတို့ သံသယရှိနေတဲ့ လူကို ကုလားဖန် မထိုးခိုင်းဘူး..။ဒါဆိုရင် ပြသနာက ဖြေရှင်းပြီးသွားရော.."

လင်းဖန် ပြုံးလိုက်တယ်။

"ကောင်းပြီ..စိတ်ဝင်စားဖို့ ကောင်းတာလေး လုပ်ရအောင်..။ဒီနေ့ခေတ်မှာ ရွှေရောင် ပနိးပွင့် ကစားနည်းက ပေါ်ပြူလာ ဖြစ်နေတာလေ..။တစ်ခါတသ်လေ..မှာ တစ်ပွဲတည်းနဲ့..ရှိသမျှအကုန်လံူး ဆုံးရှုံးသွားနိုင်တယ်..။ကျွန်တော် ကျောကိကျနိးယန်ကို ကုလားဖန် ထိုးခိုင်းပြီး ဖဲကို ချိုးတာပဲ လုပ်မယ်..။ဒါဆို ဘယ်လိုဖြစ်မယ် ထင်လဲ.."

ကြည့်ရူသူတွေဟာ ဘာဆက်မလဲ မသိကြပေမယ့် တကယ် စိတ်ဝင်စားနေခဲ့ကြပါတယိ။

အင်တာနက် ကဖေးဆိုင်တစ်ခုတွင်။

အင်တာနက် ကဖေးဆိုင်ရဲ့ ဝန်ထမ်းဟာ ပြောလိုက်တယ်..။

"အစ်ကို ချီ..ဒီမှာရောက်နေတာ အတော်တောင် ကြာပြီ..။ဘာလို့ အိမ်ပြန်ပြီး နည်းနည်းပါးပါး မအိပ်တာလဲ.."

အစ်ကို ချီ ပြန်ဖြေလိုက်တယ်..။

"ငါက ဘာလို့ ပြန်အိပ်ရမှာတုန်း..။ငါ တိုက်ရိုက် ထုတ်လွင့်မူကို ကြည့်နေတာ..မာစတာ လင်းက သောက်ရမ်း မိုက်တယ်..။သူ့ရဲ့ စွမ်းရည်တွေက တကယ် အမိုက်စားပဲ.."

ဝန်ထမ်းဟာ အနည်းငယ် သံသယဖြစ်သွားပြီး နောက်ကနေ သွားရပ်ကြည့်လို်က်ပါတယ်။သူ တိုက်ရိုက် ထုတ်လွင့်မူထဲမှာ လူတစ်ယောက်က..ဖဲထုတ်ကို ချိုးပြီး ကျွမ်းကျင်မူပြနေတာ မြင်တဲ့ အချိန်မှာ အံဩသွားခဲ့တယိ။

"ဒါက အလိမ်အညာပါ..။ဟုတ်တယ် မလား.."

အစ်ကို ချီပြန်ဖြေလိုက်တယ်။

"ဒါ အလိမ်အညာ မဟုတ်ဘူး..ကတ်တွေက အစစ်အမှန်တွေပဲ..။တကယ်ကြောက်ဖို့ကောင်းတယ်။အနာဂတ်မှာ မာစတာ လင်းနဲ့ဆော့ရဲတဲ့ လူတွေတော့ အကုန် ဆုံးရှုံးမှာပဲ..။ဒီကတ်တွေနဲ့တငိ အရာရာဆုံးရှုံးမယ် ဆိုတာ သိနေရတယ်.."

ဝန်ထမ်းဟာ မယုံကြည်နိုင်စွာ ခေါင်းညိမ့်လိုက်တယ်။

"ဟုတ်တယ် ...သူ့ဘဝတစ်ခုလုံးကို ကတ်ကစားပြီး အေးဆေး ရှင်သန်လို့ ရတယ်..။ဒီ တိုက်ရိုက် ထုတ်လွင့်မူရဲ့ နံပါတ်က ဘာလဲ..။ကျွန်တော်လည်း ကြည့်ရအောင်.."

လူတိုင်းဟာ ဒီတိုင်း ဘာမှ မဟုတ်ပဲ ကြည့်ကြည့်လိုက်ကြတာ ဖြစ်ပေမယ့်လညိး အခုတော့ ဘယ်သူမှ စခရင်နဲ့ မျက်လုံး မခွာချင်တော့ပါဘူး..။သူတို့အတွက်ကတော့ ဒါက ရူးသွပ်ဖို့ ကောင်းပြီး ..မယုံကြည်နိုင်စရာပါပဲ..။

လင်းဖန် ရယ်မောလိုက်တယ်။

"အားလံူးပဲ ဘယ်လို ထင်ကြလဲ..။ခုနတုန်းက ကျုပ် ကတ်တွေကို ချိုးလိုက်တယ်နော်..။အခု ကတ်တွေကို မချိုးရင် ဘယ်လို ဖြစ်မလဲ ကြည့်ကြရအောင်..အိုကေလား.."

မှတ်ချက် အများအပြားဟာ ချက်ျချင်း တက်လာခဲ့တယ်။

"လောင်းကစား နတ်ဘုရား..ကျေးဇူးပြုပြီး တပည့်လက်ခံပေးပါလား.."

"ကျုပ် နည်းနည်းလေး ကျွမ်းကျင်အောင်ပဲ သင်ပါရစေ..။အရာရာတိုင်း ပေးဖို့ ဆန္ဒရှိပါတယ်.."

"ဒါက စောက်ရမ်းမိုက်တယ်..။ငါတကယ် ကြောက်နေပြီ.."

"မင်းတို့ တကယ်ယုံကြည်နေကြတာလား..အကုန်အလိမ်အညာပဲ..။တကယ့် ကစားပွဲမှာသာ ဒီလို ဖြစ်ရင် ကျန်တဲ့လူတွေ တစ်သက်လုံး စုထားသမျှအကုန် ရှုံးတော့မှာပဲ.."

"သူတို့ စုဆောင်းထားတာပဲ လို့ထင်လို့လား..။သူတို့မိသားစု ပိုင်ဆိုင်တဲ့ အရာတွေပါ ဆံူးရှုံးမှာ သေချာတယ်.."

All Chapters