လောင်းကစား နတ်ဘုရား..
Vol. 19 Ch. 285
xx လောင်းကစား ပလက်ဖောင်းတွင်..။
"ကြည့်ရတာ ဒီတိုရိုက် ထုတ်လွင့်မူ ခေါင်းစဥ်ကပြသနာရှိနေသလိုပဲ..။ဒါက လောင်းကစား..နဲ့ ဆက်စပ်နေတယ် ထင်တယ်..."
တိုက်ရိုက် ထုတ်လွင့်မူ ပလက်ဖောင်း ကုမ္ပဏီရဲ့..ဝန်ထမ်းတစိယောက်ဟာ တိုက်ရိုက် ထုတ်လွင့်မူတွေကို လိုက်စစ်ဆေးနေခဲ့တာပါ..။သူ ဒီခေါင်းစဥ်ကို မြင်တဲ့ အချိန်မှာ..သိချင်သွားခဲ့တယ်။သူ အထဲဝင်ပြီး ကြည့်လိုက်တဲ့ အချိန်မှာ..တစ်စုံတစ်ယောက်ဟာ ဖဲချပ်တွေနဲ့ လှည့်စားပြနေတာကို တွေ့လိုက်ရပါတယ်ဉ
သူ ဆက်ပြီး ကြည့်မနေတော့ပဲ သူ့အထက် မန်နေဂျာ ဆီကို လင့်ပေးပို့ လိုက်တယ်..။
သူ ဒီတိုက်ရိုက် ထုတ်လွင့်မူကို ကိုယ့်သဘောနဲ့ကိုယ် ပိတ်ချလို့ရပေမယ့် ..ဒီထုတ်လွင့်မူက ပေါ်ပြူလာ ဖြစ်နေခဲ့တာပါ..။သူ သေချာကြည့်လိုက်တဲ့ အချိန်မှာ ဒီထုတ်လွင့်မူက ကျောက်ကျန်းယန် ဆီက လာတာကို တွေ့လိုက်တယ်..သို့ပေမယ့် သူစည်းမျဥ်းတွေကို ချိုးဖောက်ပြီ ဆိုကတည်းက ရင်ဆိုင်မှာပါ.။ဒါကြောင့် သူ မန်နေဂျာ ဆီကို တင်ပြလိုက်တာပါ..။
.
သိပ်မကြာခင်မှာပဲ...စာပြန်လာခဲ့တယ်..။
သူ စာကြောင်းကို ဖတ်လိုက်တဲ့ အချိန်မှာ အံ့ဩသွားခဲ့ပါတယ်..။
ဆက်ထုတ်လွင့်ခိုင်းမှာလား....
"ဆျာ..ဒီတိုက်ရိုက် ထုတ်လွင့်မူက..လောင်းကစားနဲ့ ပတ်သက်နေတာနော်..။ကျွန်တော်တို့ ဆက်ပြီး ထုတ်လွင့်ခိုင်းမှာလား..."
သူ မန်နေဂျာ ပြန်ဖြေမှာကို စောင့်နေခဲ့ပေမယ့်လည်း...မနိနေဂျာဟာ ..ရုံးခန်းထဲကနေ အပြင်ကို ထွကိလာခဲ့တယိ။
"အနာဂတ်မှာ မင်းသေချာ ဂရုစိုက်ပြီး ကြည့်ဖို့လိုတယ်..။ဒါက လောင်းကစား လုပ်နေတာ မဟုတ်ဘူး..လောင်းကစားကို ဆန့်ကျင်ဖို့..အတွက် ပညာပေးနေတာ..။ဒါက ငါတို့ နိုင်ငံ အတွက် တကယ်ကို လိုအပ်တယ်..။ထပ်ပြောရရင် ငါလည်း ခေါင်းစဥ်ကို ကြည့်ပြီးသွားပြီ..။ဖျော်ဖြေတာတွေက တကယ်ကောင်းမွနိတယ်.."
…
အိမ်တွင်..
ကျောက်ကျန်းယန်ဟာ ကြောင်အနေခဲ့တယ်..။
"မာစတာ လင်း , တိုက်ရိုက် ထုတ်လွင့်တဲ့ ပလက်ဖောင်းက ကျုပ်တို့ဲရဲ့ ထုတ်လွင့်မူကို..ထိပ်ပိုင်းမှာ တင်ပေးထားတယ်.."
လင်းဖန် ဒါတွေကို ဂရုမစိုက်တော့ပါဘူး..။တိုက်ရိုက်ထုတ်လွင့်မူမှာ ကြည့်ရူသူတွေဟာ မြင်တက်လာနေခဲ့ပါတယ်..။ဒါက မနက်အစောပိုင်းပဲ ရှိနေသေးပေမယ့် ကြည့်ရူသူတွေကတော့..၇ သိန်းကျော်နေခဲ့ပါပြီ..။
သူ တစ်ချို့ မှတ်ချက်တွေကို ကျော်ဖတ်နေခဲ့တယ်။
ဒီလိုမျိုး ကျွမ်းကျင်မူတွေက လူတိုင်းကို သင်ပေးလို့ရတာမဟုတ်ပါဘူး..။တကယ်လို့ တစ်ယောက်ယောက်ကို သင်ပေးလိုက်ရင် ပြသနာ တက်လာနိုင်ပါတယ်။
သူ ဘယ်နည်းလမ်းတွေနဲ့ ဆက်ပြီး ဖျော်ဖြေရမလည်း မသိသေးပေမယ့်...တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေ အံဩသင့်နေကြပြီ ဆိုတာတော့ သိထားပါတယ်။
ကျောက်ကျန်းယန် ဟာ လည်း ဘေးနားမှာ အံ့ဩသင့်စွာ ထိုင်ပြီး..လင်းဖန်ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့တယ်..။
စောက်ရမ်းမိုက်တယ်..
ဖဲထုတ်နှစ်ထုတ် နဲ့အတူ လင်းဖန်ဟာ နည်းလမ်းမျိုးစုံကို ဖျော်ဖြေခဲ့ပါတယ်..။ဒီလိုမျိုး လှည့်ဖျားမူတွေကို တတ်မြောက်အောင်လုပ်ပေးတဲ့ စွယ်စုံကျမ်းကို ကျေးဇူးတင်ရမှာပါ..။
စွယ်စုံကျမ်းက နည်းစနစ်တွေကို..ဒီတိုင်းသင်ပေးလိုက်တာ မဟုတ်ပါဘူး..။မတူညီတဲ့..လှည့်စားမူတွေ နည်းစနစ်တွေကို..လည်း သင်ကြားပေးပါသေးတယ်..။
ဝိုက်ဘို..။
ဆယိလီ တွေ အများကြဟာ..မာစတာ လင်းရဲ့ ဝိုက်ဘို ပိုစ့်ကို ပြန်တင်ပေးနေခဲ့ကြတယ်။သူတို့ မာစတာ လင်းရဲ့ ပို့စ်ကို မြင်ပြီး..အနီးကပ်သေချာ သွားကြည့်ချင်ကြပေမယ့် ပြန်ထွက်ခွာလို့ မရကြတော့ပါဘူး..။
မာစတာ လင်း...ခနနားတဲ့ အချိန်မှာ..သူတို့ ချက်ချင်းပို့စ်တွေကို ပြင်တင်ပြီး..မတူညီတဲ့ ခေါင်းစဥ်တွေနဲ့ ကြော်ငြာပေးနေခဲ့ကြတယ်..။
"ဒီ ချန်နယ်ကို တစ်ချက်ကြည့်လိုက်ကြ..။လောင်းကစား နတ်ဘုရားက မင်းတို့ကို မတူညီတဲ့ ကမ္ဘာတစ်ခုကို ခေါ်သွားပေးလိ့်မ့်မယ်.."
"ဒီလို ကျွမ်းကျင်တဲ့ ပညာရှင်မျိုးကို ဘယ်သူမှ ရင်ဆိုင်ရဲမှာ မဟုတ်ဘူးး.."
…
ဒီလိုမျိုး ပို့စ်တွေ တက်လာခဲ့တော့..လူတွေ အများကြီးဟာ သိချင်လာကြပြီး..သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..။
လင်းဖန် အပြင်မှာ ဘာတွေဖြစ်နေလဲ မသိပါဘူးး..။သို့ပေမယ့် ကြည့်ရူသူအရေအတွက်ဟာ ဆက်တိုက်မြင့်တက်နေတာကို ကြည့်ပြီး..သူ့ရဲ့ မစ်ရှင်ဟာ မကြာခင်ပြည့်မြောက်နိုင်တယိ ဆိုတာကို သိလိုက်ပါတယ်။
မြို့တစ်ခုထဲရှိ တိုက်ခန်းတစ်ခုထဲတွင်..။
ပုံမှန် အရွယ်အစား..အခန်းတစ်ခု..။
လူငယ်လေးတစ်ယောက်ဟာ..အိပ်ယာပေါ်မှာ ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့ပါတယ်။အခုဆိုရင် ၁၀ နာရီ ရှိနေပါပြီ။သူ့မှာ အလုပ်မရှိတော့ သူအစောကြီး မထပါဘူး..။သူ့မှာ လုပ်စရာ ဘာမှ မရှိပေ..။
ယင်းနောက် သူ စာတစ်စောင်လှမ်းပို့ လိုက်တယ်။
"ညီအစ်ကို ,ကျေးဇူးပြုပြီး ဒေါ်လာ ၁၀၀၀ လောက်ချေးပါလား..."
စာ ပြန်လာခြင်း မရှိပေ..။
*ဒင်*
ရုတ်တရက် ဖုန်းက တုန်ခါသွားခဲ့တယ်။
အသံ မက်ဆေ့ ဝင်လာခဲ့တာပါ..။
"ဒေါ်လာ တစ်ထောင် မပြောနဲ့..ဒေါ်လာ ၁၀၀ ဆိုရင်တောငိ မင်းကို ချေးမှာ မဟုတ်ဘူး..။ပြီးတော့ ငါ့ကိုလည်း ညီအစ်ကို လို့မခေါ် စမ်းပါနဲ့.။ဒါပဲ..စကားပြောရင် သတိထားပြီးပြော.."
ကောင်လေးဟာ ဖုန်းကို ကိုင်ထားရင်း စိတ်တိုသွားခဲ့တယ်..။
"ချီးပဲ..မေ့လိုက်တော့..။ငါချမ်းသာတဲ့ အထိသာ စောင့်နေလိုက်..မင်းရဲ့ အပြုအမူတွေကို..နောင်တရအောင် လုပ်ပြမယ်.."
သူ လောင်းကစား လုပ်ပြီး ချမ်းသာချင်နေခဲ့တာပါ..။
အရင်တုန်းက သူ့မှာ..စုဆောငိးထားတဲ့ ပိုက်ဆံ အနည်းငယ် ရှိပါသေးတယ်။သို့ပေမယ့် သူလောင်းကစားကို စွဲလန်းသွားတဲ့ အချိန်က စပြီး သူ့မှာ ရှိသမျှ အကုန်လုံး..ဆုံးရှုံးသွားခဲ့ပါတယ်..။သူ့မိသားစု သူ့အကြွေး ဒေါ်လာ သောင်းဂဏန်းလောက် ဆပ်ပေးခဲ့သေးပေမယ့်လညိး..အဆုံးမှာတော့ သူတို့ မထိန်းနိုင်တော့ပဲ.. ဒီတိုင်းထားဖို့ကိုသာ ရွေးချယ်ခဲ့ကြပါတယ်။
"ဒင် ဒေါင်"
"သား အပြင်ကို ထွက်လာပြီး တစ်ခုခု စားဦးလေ.."
မိန်းမကြီး တစ်ယောက်ရဲ့ အသံဟာ ထွက်ပေါ်လာခဲ့တယ်..။
"လာ မနှောက်ယှက်နဲ့...သားအခုတော်တော် စိတ်ဓာတ်ကျနေတာ..။ပိုက်ဆံရှိလား...ရှိရင်သာ သားကို ပေး.."
ချန်းရှင်း အော်လိုကိတယ်..။သူအခုတွေးနေတာက ပိုက်ဆံ ရဖို့ဖြစ်ပြီး ဒါမှ သူ ရှုံးထားတာတွေကို ပြန်အနိုင်ရအောင် လုပ်နိုင်မှာပါ..။
"သား အိမ်မှာက ပိုက်ဆံ မရှိတော့ဘူးလေ..။လောင်းကစား လုပ်ဖို့ စိတ်မကူးနဲ့တော့..မင်းဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး.."
ချန်းရှင်း ပြန်ပြောလိုက်တယ်။
"အဲတာ ဘာကိုပြောတာလဲ..ဒီတိုင်း ကံမကောင်းဖြစ်သွားတာပါဆို ။တစ်လှည့် နှစ်လှည့် ကစားလိုက်တာနဲ့ ဒေါ်လာ သန်းချီ အနိုင်ရနိုင်တာ အမေ သိလို့လား..။သား ထပ်မပြောချင်တော့ဘူး..ပြောလည်း နားလည်မှာမှ မဟုတ်တာ.."
ရုတ်တရက် တစ်အိမ်လုံး တိတ်ဆိတိသွားခဲ့တယ်။သက်ပြင်းချတဲ့ အသံတစ်ခုသာ ကြားနေရပါတယ်။
ယင်းနောက် ဖုန်းမြည်လာခဲ့တယ်။ဒါက နောက်ထပ်..မက်ဆေ့ တစ်စောင်ပါ။
ချန်းရှင်း အံ့ဩသွားခဲ့တယ်။
ဟင်..ဒီ ညီအစ်ကိုက ငါ့ကို ပိုက်ဆံ ချေးတော့မှာလား မသိဘူး...
သို့ပေယ့် မက်ဆေ့ကို မြင်တဲ့ အချိန်မှာ သူအံ့ဩသွားခဲ့တယ်။ဒီငနဲက တိုက်ရိုက်ထုတ်လွင့်မူ တစ်ခုကို လင့်ပို့ထားတာပါ..။
"ကိုယ့်ဟာကိုယ် ကြည့်လိုက်...မင်းလို စောက်ရူးမျိုးပဲ ဒီလို ဘဝနဲ့ အဆုံးသတ်တာ.."
.
"ချီးပဲ မင်းက အရိုက်ခံချင်နေတာလား.."
ချန်းရှင်းဟာ ဒီစာကို မြင်ပြီး စိတ်တိုသွားခဲ့တယ်။အရင်တုန်းက ဒီလူက သူ့ကို ညီအစ်ကို လို့ခေါ်ပြီး
ယဥ်ယဥ်ကျေးကျေး ဆကိဆံခဲ့တာပါ..။အခုတော့သူ့ကို အရူးလို့ပါ သုံးနှုန်း နေခဲ့ပါပြီ။
တကယ့် ညီအစ်ကို ကောင်းပဲ..။
ယင်းနောက် ဖုန်းမြည်လာခဲ့တယိ..။
"ညီအစ်ကို ရှင်း.ဒီနေ့သွားမှာလား..ဒီနေ့ စီစဥ်သူတွေ ကံမကောင်းကြဘူးလို့ ကြားတယ်..။ဒေါ်လာ ငါးသောင်း လောင်းနိုင်တဲ့ လူတိုင်း အနိုင်ရမယ် လို့ကြားတယ်နော်.."
နတ်ဆိုးဆနိတဲ့ အသံတစ်ခုဟာ ဖုန်းထဲကနေ ထွက်လာပြီး..ချန်းရှင်းကို ဆွဲဆောငိဖို့ ကြိုးစားနေခဲ့ပါတယ်။
"ဒါ တကယ်ပဲလား.."
ချန်းရှင်း အံ့ဩသွားခဲ့တယ်။သူလည်း လုပ်နိုင်မယ် လို့ ယုံကြည်ထားပါတယိ။
"ဒါပေါ့ ..ကျုပ်တောင် ရောက်တော့မယ်..။လာမှာလား မလာဘူးလား ဆုံးဖြတ်..ဒီတစ်ကြိမ်လွဲသွားရင်တော့ သွားပြီပဲ.."
ချန်းရှင်း ပြန်ဖြေလိုက်တယ်...။
"ချီးပဲ.ငါတကယ်သွားချင်ပါတယ်.။ဒါပေမဲ့ အခုငါ့မှာ ပိုက်ဆံ မရှိဘူး..။
"ဟေး..ငါတို့က ဘယ်သူတွေတုန်း..။ငါတို့ ညီအစ်ကိုရှင်းကို ပိုက်ဆံ မရှိပဲ ထားစရာလား.။ကျုပ်စီစဥိပေးမယ်..။ဒါပေမဲ့ အိမ်ဂရမ်တော့ ယူလာခဲ့ဖို့ လိုမယ်နော်..။မဟုတ်ရင်..ကူညီပေးဖို့ ခက်ခဲလိမ့်မယ်။ဒါပေမဲ့ စိတ်မပူနဲ့ ဒီနေ့ နိုင်ရင် နိဗ္ဗာန်ရောက်ပြီပဲ.."
ချန်းရှင်း ခနလောက်တွေ ဝေပြီးမှ ပြောလိုက်တယ်။
"ကောင်းပြီ ပြသနာ မရှိဘူးး..။ငါ အခုသွားရှာလိုကိမယ်..ငါ့အမေဘယ်နားထားလဲတော့ မသိဘူး.."
သူ ဖုန်းချလိုက်တယ်။
ချန်းရှင်း ပိုက်ဆံတွေ အများကြီး ရဖို့ကိုပဲ စဥိးစားနေခဲ့တာပါ..။ဒါက သူ့အနိုင်ရရှိဖို့ အတွက် အခွင့်အရေး ပြန်ရရှိလာခဲ့တဲ့ အတိုင်းပါပဲ..။သူ ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ပါဘူး..။
ဟို ငနဲ သူ့ကို ဒေါ်လာ တစ်ထောင် မချေးတာကို ပြန်တွေးမိပြီး..ဒေါသထွက်လာခဲ့တယ်။သူ ဆုံးရှုံးမူတွေ ပြန်အနိုင်ရပြီးမှ ဒီငနဲကို သွားတွေ့ရမှာပါ.။
*ဂျောက်*
သူ တံခါးကို ဆွဲပေမယ့်လည်း လော့ကျနေခဲ့တယ်။
"တံခါးဖွင့်.."
ချန်းရှင်း အော်လိုက်တာပါ..။
"နင်ငါ့ကို သတ်မယ် ဆိုရင်တောင် ဖွင့်ပေးမှာ မဟုတ်ဘူး..။ငါတို့ နောက်ဆုံးပိုင်ဆိုင်တဲ့ အရာလေးကိုပါ ယူသွားရင်..ဘာမှ ရှိတော့မှာ မဟုတ်ဘူး.."
ချန်းရှင်..ဒေါသထွက်နေခဲ့တယ်..။
"အမေ..သားကို ယုံကြည်မှရမယ်..။ဒီတစ်ခါ အရာအားလုံးကို ပြန်နိုင်တော့မှာ..။သားအောင်မြင်မဲ့ လမ်းကြောင်းကို မတားဆီး ချင်ပါနဲ့.."
သူတို့ အပြန်အလှန်အော်နေကြပေမယ့် ..တံခါးကတော့ လော့ချ ထားဆဲပါ..။
ချန်းရှင်းဒေါသထွက်နေခဲ့တယ်။သူ အိပ်ယာထဲမှာ ပြန်ထိုင်ပြီး တံခါးဖွင့်ဖို့ စဥ်းစားပေမယ့် ဘာအကြံဥာဏ်မှ ထွက်မလာခဲ့ပါဘူး..။
သူ တစ်ယောက်ယောက်ကို ဖုန်းခေါ်ပေမယ့်လည်း ဖုန်းမဝင်ခဲ့ပေ။နောက်ဆုံမှာတော့ သူဆီကို ပို့ထားတဲ့ ့လင့်ကိုပဲ ဝင်ကြည့်လိုက်ပါတယ်။
တိုက်ရိုက် ထုတ်လွင့်မူတွင်တော့ စကားပြောနေခဲ့တယ်။
"ကမ္ဘာပေါ်မှာ သနားစရာ အကောင်းဆုံးလူက..သူမွဲပြာကျနေတာတောင် လောင်းကစား ဆက်လုပ်ချင်နေတဲ့ လူပဲ.။ဒီလူက အဲ့အတိုင်းဆက်ပြီး လောင်းကစား အပေါ်နစ်မြောနေရင် ဘယ်တော့မှ ဘဝအသစ်စနိုင်မှာ မဟုတ်ဘူး.."
"တစ်စုံတစ်ယောက် မေးဖူးတယ် လောင်းကစားကနေ ရရှိတဲ့ အအောင်မြင်ဆုံးအခြေအနေက ဘာလဲတဲ့..။အခု အဖြေကို ပြောပြမယ် အအောင်မြင်ဆုံး အခြေအနေက လောင်းကစားကို ရပ်တန့်လိုက်ခြင်းပဲ.."
"အချိန်က ပိုက်ဆံပဲ..။လောင်းကစားထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ မင်းရဲ့ ငွေတွေ ဆုံးရှုံးနေတော့မှာ..."
ချန်းရှင်း ဒီအရာတွေကို နားမထောင် ပါဘူး..သို့ပေမဲ့ သူ့မျက်လုံးတွေက လင်းဖန်ရဲ့ လက်ကို စိုက်ကြည့်နေခဲ့ပါတယ်။
အဲ့အချိန်မှာ လင်းဖန်ဟာ ကြည့်ရူသူတွေနဲ့ စကားပြောနေခဲ့ပြီး..သူလက်ထဲက ကတ်တွေကိုတော့ ကစားနေခဲ့ပါတယ်။သူ လိုချင်တဲ့ ကတ်ကို ရယူနိုင်စွမ်းရှိပြီး..သူလုပ်တာတွေကို လူတိုင်းက မြင်နေခဲ့ပါတယ်။
ချန်းရှင်း ရေရွတ်လိုက်တယ်။
"လောင်းကစား နတ်ဘုရားပဲ.."