လေ့လာမှု ...လေ့လာမှု...
Vol. 19 Ch. 272
ဒီရက်ပိုင်းအတွင်းမှာ လင်းဖန်ဘာမှ အလုပ်မများပါဘူး..။အကြီးအကဲ ဟောင်..ထောက်ခံပေးထားတဲ့..့ပြင်ဆင်တဲ့ ကုမ္ပဏီက..အတော်ယုံကြည်ရ ပြီး ကြိုးလည်း ကြိုးစားပေးပါတယ်..။သူတို့ ပထမနေ့မှာတင် ဒီဇိုင်းဆွဲပြီး..နောက်နေ့မှာပဲ စတင်အလုပ်လုပ်..ခဲ့ကြတယ်။
လင်းဖန် မီတာ ၃၀ ပတ်လည်ရှိတဲ့ နေရာတစ်ခုကို ရွေူချယ်လိုက်တာပါ..။ဒါက သေးမနေပဲ..ပန်ကိတ်ရောင်းဖို့နဲ့..ဗေဒင်ဟော ဖို့အတွက် လုံလောက်တယ် လို့ ပြောလို့ရပါတယ်..။
သူက နေ့ထက်တိုင်းကို ပျော်ရွှင်ပြီး သက်သောင့်သက်သာ နဲ့ ဖြတ်သန်းချငိတဲ့ လူပါ..။ပန်ကိတ်ရောင်းတာနဲ့..ဗေဒင်ဟောတာကတော့ ..သူ့အတွက် ဒုတိယ ဦးစားပေးပါပဲ..။တစ်ချိန်တည်းမှာပဲ သူဒီက လူတွေကို ပန်ကိတ်နဲ့ ဆွဲဆောငိပြီး..လွတ်မြောက်နိုင်စွမ်းမရှိအောင် လုပ်မှာပါ..။
လူလိမ် ထျန်နဲ့ ကျောက်ကျန်းယန်ဟာ လညိး ဘာမှလုပိစရာ သိပ်မရှိပေ..။သူတို့က ဆိုင်ပြင်ဆင်တဲ့ နေရာကို မကြာခနသွားပြီး..စကားတွေ ဘာတွေ ပြောတတ်ကြပါတယ်..။
လူတိုင်းမှာ မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိတယ် ဆိုတာ လင်ဖန် ဒီကနေ တဆငိ့မြင်နိုင်ပါတယ်။
သူတို့ နေရာသစ်ကို ပြောင်းရွေ့ပြီ ဆိုမှတော့...ဝိုက်ဘိုပေါ်မှာ ပို့စ်တင်ပြီး..လူတိုင်းကို တိမ်တိမ်ဖြူလမ်းကနေ ထျန်ဟောင် စီးပွားရေးလမ်းကို ပြောင်းလာပြီဆိုတဲ့ အကြောင်း အသိပေးရပါဦးမယ်။အထူးသဖြင့် မသန်စွမ်း ကလေးထိန်းသိမ်းရေး ကျောင်းက..ထျန်ဟောင် စီးပွားရေး လမ်းနဲ့ နီးနေတာကတော့ ဝမ်းသာစရာ ကိစ္စပါပဲ..။
* ကလင် ကလင်.*
ဝမ်မင်ယန် ဆီကနေ ဖုန်းခေါ်လာခဲ့တယိ။
သူဖုန်းကို ပြန်ဖြေလိုက်တာနဲ့ ဝမ်မင်ယန် ရဲ့ တက်ကြွတဲ့ အသံကို ကြားလိုက်ရပါတယ်..။
"ငါ..ဧည့်ခန်းဆောင် တစ်ခုမှာ ..ဒီည အခမ်းအနားမှူးလုပ်မလို့..။ငါ့ကို လာအားပေးစမ်းပါ.."
"ဧည့်ခံ ခန်းမဆောင်.."
လင်းဖန် ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူဟာ ရယ်မောလိုက်ပြီး..
"နားထောင်ရတာတော့ အတော်အဆင့်မြင့်မယ် ထင်တယ်.."
ဝမ်မင်ယန် ရယ်မောလိုက်တယ်။
"ငါ့ဖင်ကြီးကို အဆင့်တန်းမြင့်ပါလား..။ငါဒီကောင်တွေ ရဲ့ ပါးစပ်ပေါက်ကို ပိတ်ပစ်ချင်လို့ အရည်အချင်းရှိတဲ့ လူတွေကို စုထားတာ..."
လင်းဖန်ကတော့ မသွားချင်ပေ..။
"ကျုပ်မလာသင့်ဘူး ထင်တယ်နော်..။ဒါက အဆင့်အတန်းမြင့်တဲ့ လူတွေပဲ လာကြမှာလေ..။ကျုပ်က ဘာအတွက် လာရမှာတုန်း.."
"ချီး..ဘာကို..အဆင့်အတန်းမြင့်တာတွေ ပြောနေတာတုန်း..။အားလုံးက သူငယ်ချင်းတွေဖြစ်ပြီး ရင်းရင်းနှီးနှီးပဲ..။မင်းရဲ့ ဆိုင်ကလည်း ပြင်ဆင်နေတာဆိုတော့..ဘာမှလုပ်စရာ မရှိဘူးလေ..။မင်းသာ အပြင်ထွက်ပြီး လေကောင်းလေသန့် မရူရင် ပျင်းစရာ ကောင်းနေမှာပေါ့..။ငါမင်းကို ထပ်ပြောရဦးမှာ..ဒီမှာ ချမ်းသာတဲ့ မိန်းမလှလေးတွေလည်း အများကြီးပဲနော်.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ကောင်းပြီ ခင်ဗျားက ကျုပ်ကို ဆွဲဆောင်ဖို့ အစွမ်းကုန် ကြိုးစားနေတာပဲ..ဟုတိတယ်မလား.။ဒါပေမဲ့ ခင်ဗျားလူမှားနေပြီ..။ကျုပ်က တစ်စုံတစ်ယောက် အရူးလုပ်တာကို ခံမယ့် လူများထင်နေလား.."
ဝမ်မင်ယန် သဘောကျစွာ ရယ်မောလိုက်တယ်။
"ကောင်းပြီ ကောင်းပြီ..မင်းက အဲလိုလူမျိုး မဟုတ်ပါဘူး..ဟုတ်ပြီလား..။ဒီည ခြောက်နာရီခွဲ ငါမင်းကိုစောင့်နေမယ်.."
"ခနလေး..ကျုပ်အခုထိ သဘောမတူရသေးဘူးလေ..။ကျုပ် စျေးပေါတဲ့ အဝတ်အစားတွေ ဝတ်လာမိလို့..ခင်ဗျား.ကို မျက်နှာပျက်စေရင် ဘယ်လိုလုပ်မလဲ.."
လင်းဖန် ဒီတိုင်းပဲ မေးကြည့်လိုက်တာပါ..။သူ ဒီကိ္စ္စတွေကို လုံးဝ ဂရုမစိုက်ပါဘူး..။
ဝမ်မင်ယန် ထူးဆန်းတဲ့ အမူအရာနဲ့ မေးလိုက်တယ်..။
"မင်းရုပ်ရှင်တွေ အရမ်းကြည့်ဖြစ်လား..။ဒီနေ့ လာတဲ့ လူတိုင်းက သူငယ်ချင်းတွေဖြစ်ပြီး မင်းက ငါ့နဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေ..။သူတို့ မင်းကိုအထင်သေး ရဲမှာ မဟုတ်ဘူး..။သူတို့ လုပ်ရဲလို့ရှိရင် အကုန်လုံးကို အမှုန့်ကြိတ်ပစ်မယ်..။ငါ မင်းအကြောင်းဘယ်လောင်တောင် သိထားလဲ ဆိုတာ အကုန်လုံးသိအောင် ပြောထားပြီးသား။တကယ်လို့ မင်းသာ ဒီနေ့ည မလာရင် ငါရယ်စရာပဲ ဖြစ်နေတော့မှာပေါ့.."
လင်းဖန် ရယ်မောလိုက်တယ်..။သူလည်း ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိတော့ သဘောတူယုံသာ တတ်နိုင်ပါတော့မယ်။
"ကောင်းပြီ ကောင်းပြီ ကျုပ်လာခဲ့မယ်။ကျုပ်လည်း လေ့လာစရာ လေးတွေ ရှိသေးတယိ..။ဒီညတော့ ခင်ဗျားတို့ကို ဓာတ်ခွဲခန်းထဲက ကြွက်ကလေးတွေအဖြစ် ..သတ်မှတ်ရတော့မှာပေါ့..."
"မင်းသာ လာမယ်ဆိုရင် ..ငါတို့ ဓာတ်ခွဲခန်းထဲက ကြွက်ဖြစိရလည်း အဆင်ပြေတယ်.."
ဝမ်မင်ယန် ပျော်ရွင်စွာ ပြောလိုက်တာပါ..။
"ကောင်းပြီ..ခင်ဗျား ကိုယ်ပြောတာ ကိုယ်မှတ်ထားနော်..."
ဖုန်းချပြီးနောက်မှာ.. လင်းဖန် လက်ရှိ အဝတ်အစားတွေကို..ကြည့်လိုက်တယ်။ဒီဝတ်စုံ အတိုင်းသွားရင် သိပ်ပြီးတော့ မသင့်တော်လှပါဘူး..။ဝမ်မင်ယန် က ပြသနာ မရှိဘူးလို့ ပြောနေပေမယ့်လည်း..သူ ပိုကောင်းတဲ့ အဝတ်အစားနဲ့ သွားမှ ရမှာပါ..။မဟုတ်ရင် သူ့ကြောင့် ဝမ်မင်ယန် မျက်နှာပျကိရပါလိမ့်မယ်..."
ညနေဘက်အချိန်။ခြောက်နာရီခွဲ..။
အချိန်မှန်ပဲဖြစ်ပြီး ..တစ်စက္ကန့်တောင် နောက်မကျပေ..။
မာစီးတီး ကားလေးဟာ ဝမ််မင်ယန်ရဲ့.ဗီလာထဲကို မောင်းဝင်သွားထဲတယ်။ဒီကားက တစ်ခြားကားတွေနဲ့ ယှဥ်ရင် အရမ်းကြီးတော့ နောက် မကျနေခဲ့ပါဘူး..။
"ဒီလမ်း.."
လင်းဖန် ကားပေါ်က ဆင်းတဲ့ အချိန်မှာ ဝမ်မင်ယန်ဟာ နောက်ကနေ ပုတ်လိုက်တယ်..။
ဝမ်မင်ယန်ဟာ ပြုံးပြီး ပြောလိုက်ပါတယ်..။
"ငါမင်းကို စောင့်နေတာ မိနစ်နှစ်ဆယ်လောက် ရှိနေပြီ.."
လင်းဖန် အချိန်ကို ကြည့်လိုက်တယ်..။
"ခင်ဗျား ခြောက်နာရီခွဲလို့ ပြောခဲ့တာ မဟုတ်ဘူးလား..။အခု အတိအကျပဲလေ..နောက် မှမနောက်ကျတာ.."
ဝမ်မင်ယန်ဟာ..အကူညီမဲ့စွာ ပဲ လင်းဖန်ကို ဆွဲခေါ်သွားခဲ့တယ်။
"အထဲကို ဝင်ကြရအောင်..ငါမင်းကို သူငယ်ချငိးတွေနဲ့ မိတ်ဆက်ပေးမယ်..။ဒီကောင်တွေက ငါသိတဲ့ ကောင်လေးက ဘယ်လောက်ကြမ်းလဲ စောက်ရမ်းသိချင်နေကြတာ.."
ဝမ်မင်ယန် ဒီလောက်အထိ ဖြစ်နေလိမ့်မယ်လို့ ထလင်းဖန် မထင်ထာမိခဲ့ပေ..။
ကျုပ်ကဘာတွေ စောက်ရမ်းကြမ်းနေလို့လဲ..
သို့ပေမယ့် သူပြောထားပြီးပြီ ဆိုမှတော့ လိုက်ပြီး သရုပ်ဆောင်ဖို့ပဲ တတ်နိင်ပါတော့မယ်....
အိမ်ထဲတွင်။
ဒီမှာ လူအတော်များများ ရောက်နေကြပြီဖြစ်ပြီး..သုံးယောက် လေးယောက် တစ်အုပ်စုစီ စကားပြောနေခဲ့ကြပါတယ်..။သူတို့က အရာရာတိုင်းကို တောင်ရောက် မြောက်ရောက်...ကောင်းကင်ရောက်လိုက် မြေကြီးရောက်လိုက် ပြောေိထဲ့ကြတာပါ။သူတို့ဟာ အလုပ်ကိစ္စတွေ ဒါမှမဟုတ် နေ့စဥ်ဘာတွေ လုပ်တယ် ဆိုတာက အစ အစုံပါပဲ..။
*Clap clap*
* ဖြောင်း ဖြောင်း.*
ဝမ်မင်ယန် လက်ခုပ်နှစ်ချက်တီး လိုက်တဲ့ အချိနိမှာ အထဲမှာ ရှိတဲ့ လူတိုင်းက သူ့ကို ကြည့်လိုက်ကြတယ်။သူဟာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"အားလုံးပဲ ဒါကကျုပ်ရဲ့ အချစ်ဆုံး ညီအစ်ကို လင်းဖန်..။မာစတာ လင်းလို့လည်း လူသိများသေးတယ်။သူက လုံးဝသာမန် လူမဟုတ်ဘူးနော်..။သူက..ပိုက်ဆံနဲ့ ကြွယ်ဝ ချမ်းသာမူတွေ မဟုတ်ပေမယ့်..သူ့ရဲ့ စွမ်းဆောင်ရည်တွေက လုံးဝ ခန့်မှန်းကြည့်ဖို့ လွယ်တဲ့ အရာမဟုတ်ဘူး..။ဒါပေါ့ သူ့မှာ ဘာအရည်အချင်းတွေ ရှိလဲ ဆိုတာကိုတော့ မပြောတော့ဘူး..။ကျုပ်ပြောနိုင်တာကတော့ ..သူ့ဆီက အကြံပေးတဲ့ စကားအနည်းငယ် ကြားခွင့်ရတာကတင် ခင်ဗျားတို့ အတွက် ကံကောင်းမူကြီးပဲ..."
လူအုပ်ကြီးဟာ ကြောင်အသွားခဲ့တယ်။ယင်းနောက် တစ်စုံတစ်ယောက်ဟာ ရယ်မောလိုက်ပြီး..
"မင်းယန် ..မင်းက ငါတို့ကို လှည့်စားဖို့ လုပ်နေတာလား..။မင်းရဲ့ သူငယ်ချင်းဆိုတာကလည်း ငါတို့ရဲ့ သူငယ်ချင်းပဲလေ..။မင်းက မင်းသူငယ်ချင်းကိုဘနတ်ဘုရားလို မိတ်ဆက်နေရင် ..သူ နေထိုင်ရတာ ခက် မှာပေါ့.."
"ဟုတ်တယ်..ငါမင်ယန် နဲ့ စတွေ့တုန်းက အချိန်ကို မှတ်မိသေးတယ်..။ဒီကောင်က ချဲ့ကားပြောတဲ့ နေရာမှာတော့..အတော်တော်တဲ့ကောင်..။အဆုံးမှာတော့ အဲတာတွေကြောင့် ငါပဲ အရှက်ရခဲ့တယ်လေ..။အဲ့ ကိစ္စကို ငါတစ်ဘဝလုံး မှတ်မိနေတော့မှာ.."
တစ်ချို့ ချမ်းသာတဲ့ မိသားစုက မိန်းမလှလေးတွေဟာ လင်းဖန်ကို စိတ်ဝင်စားစွာ ကြည့်နေခဲ့တယ်..။ဒီငယ်လေးက တကယ်မဆိုးပါဘူး..။သူက သန့်စင်ပြီး တည်ငြိမ်လှပါတယ်..။ဒါပေါ့ ဒါတွေက မိန်းမလှလေး တွေရဲ့ အတွေးသက်သက်ပါပဲ..။
ယောက်ျားလေးတွေ အတွက်ကတော့..ဝမ်မင်ယန်ဟာ လူတိုင်းရှေ့မှာ ဒါက သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါလို့ ဘယ်တော့မှ မပြောပါဘူး..။ဒါကသူတို့ အကုန်လုံးကို အံ့ဩသင့်စေပါတယ်..။အရင်တုန်းက ဝမ်မင်ယန်ဟာ ဒါမျိူး တစ်ခါမှ မပြောဖူးပါဘူး..။
အဲ့အချိန်မှာပဲ လူအုပ်ထဲမှာ ရှိနေပြီး.အဆင့်အတန်းမြင့်စွာ ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက်ဟာ ပြုံးပြီးပြောလိုက်တယ်..။
"အစ်ကို မင်ယန်..။အစ်ကို သူငယ်ချငိးက..သန့်ရှင်းပြီး တည်ကြည်တာပဲ..။ညီမစိတ်ဝင်စားနေပြီ..မိတ်ဆက်ပေးပါဦးလား.."
ဝမ်မင်ယန် ရယ်မောလိုက်တယ်။
"အစ်မ ကျုကျု...ကျုပ်သူငယ်ချင်းကို လျော့မတွက်သင့်ဘူးနော်..။သူက အချစ်ရေးရာမှာ ဆရာကြီးပဲ..တကယ်လို့ အစ်မသာ သူ့လက်ထဲမှာ ရောက်သွားရင် ကျုပ်တောင် ပြန်ကယ်နိုင်မှာ မဟုတ်ဘူး.."
လင်းဖန် ဒီစကားကို ကြားပြီး စိတ်ညစ်သွားခဲ့တယ်။
ဒီငနဲက ဘာလို့ ဒီစကားကို ထပြောရတာလဲ....
သူဝမ်မင်ယန်ရဲ့ ဗိုက်ကို ခပ်ဖွဖွ ရိုက်လို်က်ပြီး..
"စကားအများကြီး ပြောနေတာပဲ..။ခင်ဗျား မပြောလို့လည်း ဘယ်သူမှ အ နေတယ် လို့ထင်မှာ မဟုတ်ဘူး.."
ဝမ်မင်ယန်ဟာ သဘောကျစွာ ရယ်မောလိုက်တယ်။
"ကောင်းပြီ ကောင်းပြီ ..ဟာသတွေ တော်လောက်ပြီး..။ဒါပေမဲ့..ငါပြောတာတွေက ၉၉ ရာခိုင်နှုန်း အမှန်တွေချည်းပဲနော်..။ကောင်းပြီ လစဥ် ပြုလုပ်တဲ့ အခမ်းအနားကတော့ တရားဝင်စတင်လိုက်ပါပြီ..။အားလုံးပဲ လက်ခုပ်တီးပြီး ကျုပ်ညီအစ်ကိုကို ကြိုဆိုလိုက်ရအောင်.."
လူတိုင်းဟာ ရယ်မောပြီး လက်ခုပ်တီးလိုက်ကြတယ်..။ဒီလို..လက်ခုပ်တီးတယ် ဆိုတာက ဝမ်မင်ယန်ကို လေးစားမူ အဖြစ်ပြသဖို့ ပါပဲ။လင်းဖန် အတွက်ကတော့ သူတို့မှာ..အေးစက်တဲ့ ခံစားချက်တွေ မရှိပေမယ့်...စိတ်လည်း မဝင်စားကြပေ..။
သို့ပေမယ့် သူက ဝမ်မင်ယန်ရဲ့ သူငယ်ချင်းဖြစ်နေတဲ့ အတွကိ ဝမ်မင်ယန် မျကိနှာကြောင့် လက်ခုပ်တီးပေးကြတာပါ။
ဝမ်မင်ယန် ပြောလိုက်တယ်။
"ငါနဲ့ လိုက်ကစားမလား.."
လင်းဖန် ပတ်ဝန်းကျင်ကို မျက်လုံး ကျဥ်းကာ ကြည့်လိုက်ပြီး..လက်ဝေ့ယမ်းကာ ပြောလိုက်တယ်။
"ခင်ဗျားသွားစရာ ရှိတာသွားပါ..။ကျုပ်ဟာကျုပ် ေ့လ့လာလိုက် မယ်.."
"ကောင်းပြီ ငါသွားတော့မယ်..။ကဒ္မကစားရတာက အတော်ကြာနေပြီ..အခု ဘော်ဒါတွေ အကုန်ရှိနေပြီ ဆိုတော့ အတော်ပျော်စရာ ကောင်းမှာ.."
ဝမ်မင်ယန် ရယ်ပြီး ပြောလိုက်တာပါ..။
လင်းဖန် ခနကြာ ကြောင်အသွားပြီးမှ အသိစိတ်ပြန်ဝင်လာခဲ့တယ်။ဝမ်မင်ယန် ရဲ့ စိတ်လှုပ်ရှာနေတဲ့ အမူအရာကို ကြည့်ရတာတောပ..ဝမ်မင်ယန် လောင်းကစား လုပ်ရတာ အတော်ကြိုက်တယ် ဆိုတာက ..ပေါက်ကရ ပြောနေတာ မဟုတ်ပါဘူး.. ။
ဝမ်မင်ယန် ထွက်သွားပြီးနောက် မှာ လင်းဖန် တစ်နေရာမှာ ဝင်ထိုင်ပြီး တစ်ယောက်ပြီးတစိယောက် လေ့လာကာ ကြည့်လိုက်တယ်။
သူ ဗေဒင်ပညာ စွမ်းရည်ကို ရပြီးကတည်းက လူများစွာရဲ့ ..မျက်နှာကို ကြည့်ပြီး တွက်ချက်ခဲ့ပေမယ့် ချမ်းသာတဲ့ လူတွေတော့ သိပ်မပါခဲ့ပါဘူး..။အခု ချမ်းသာတဲ့ လူတွေ အများကြီး သူ့ရှေ့မှာ ရှိနေတော့ စိတ်ကြိုက် လေ့လာလို့ ရပါတယ်။
မျက်လုံးတစ်စုံဟာ ဧည်ခန်းမရဲ့ လူတွေဆီမှာ..ဝဲပျံနေခဲ့တယ်။တစ်ချို့လူတွေဟာ တစ်စုံတစ်ယောက် သူတို့ကို ထောက်လှမ်းနေတယ် လို့တောင် ခံစားနေကြရပါတယ်။