အပိုင်း(၁၂၆)-ကမ္ဘာ့အနောက်တွင်…
Vol. 002 Ch. 126
ဖန်ကျိရှင်းထွက်သွားသည်ကို ရှီမာယူယူကြည့်ကာ ဝင်ပေါက်တဖြည်းဖြည်း ပိတ်သွားသည်အထိ ကြည့်နေခဲ့သည်။
သူမ သူ့နောက်ကိုလိုက်သွားလျှင် တခြားတစ်ဖက်ရှိကမ္ဘာသို့ဝင်သွားနိုင်မည်ကို သူမသိသည်။ ဒီနေရာသို့ သူမအား ဘာလို့ပို့လိုက်သလဲဆိုသည်ကိုသိရမည်ကိုလည်း သိသည်။ သို့သော် သူမ မလှုပ်ရှားပါ အဘယ့်ကြောင့်ဆိုသော် သူမလက်ရှိစွမ်းအင်နှင့်ဆိုလျှင် ထိုနေရာသို့သွားလျှင် သေချာပေါက်သေမည်ကို သိသောကြောင့်ပင်။
သူမ လက်နှစ်ဖက်အားတင်းကြပ်စွာပိုက်ကာ တစ်နေ့တော့ ထိုကမ္ဘာဦးရှေးဟောင်းနယ်မြေကို သေချာပေါက်သွားမည်ဟု စိတ်ထဲတွင် ကတိပေးလိုက်ပြီး ဖန်ကျိရှင်း သူမအားပြောရန်ချန်ထားသော အကြောင်းအရာများကို သူမကိုယ်တိုက်သိအောင်လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ညလေသည် တိုက်ခတ်လာသည်၊ သူမ တောင်ထိပ်တွင်ရပ်လိုက်သောအခါ တိုက်ခတ်လာသော လေသည် သူမဆံပင်အား ဖွပေးလေသည်။
တောင်ထိပ်တွင် အချိန်တစ်ခုမျှနေပြီး သူမစိတ်များတည်ငြိမ်သည်အထိစောင့်ကာ အဆောင်သို့ပြန်လာခဲ့လေသည်။
ဖက်တီးကျူသည် သူ့အခန်းမှထွက်လာသည်။ သူမအား တွေ့သောအခါ မေးလိုက်သည် “ယူယူ ဆရာဖန်က မင်းကိုဘာလို့ခေါ်တာလဲ မင်းပြန်တာနောက်ကျလိုက်တာ”
ဖက်တီးကျူအား ရှီမာယူယူကြည့်ပြီး ခေါင်းခါပြလိုက်ကာ သူမအိမ်ထဲသို့ တိုက်ရိုက်ဝင်လာခဲ့လိုက်သည်။
“ဒီကောင်ဘာဖြစ်လာတာလဲ ကြည့်ရတာ စိတ်ညစ်နေသလိုပဲ” ဖက်တီးကျူ တွေးရခက်ကာ ရှီမာယူယူ၏အခန်းသို့ကြည့်လိုက်သည်။
နောက်တစ်နေ့တွင် ကျောင်းသားများ အတန်းအေသို့သွားကြသောအခါ… ထိုအတန်းသည် ဖန်ကျိရှင်း၏အတန်းချိန်ဖြစ်သော်လည်း တခြားဆရာကြီးတစ်ယောက်ဝင်လာသည်။
“ဖန်ကျိရှင်းက သူကိစ္စပေါ်လာလို့ ကျောင်းကနေထွက်သွားတယ်၊ ဒီနေ့ကစပြီး ငါမင်းတို့ဆရာဖြစ်သွားပြီ၊ ငါက လင်းပိုင်… မင်းတို့မေးစရာရှိရင် အတန်းပြီးတော့ ငါ့ကိုလာမေးလို့ရတယ်၊ ငါတို့ ဒီသတင်းကို တစ်မိနစ်စာလောက်ပြောပြီးသွားပြီဆိုတော့ အတန်းစကြအောင်” လင်းပိုင်သည် စကားပြောပြီးနောက် စာအုပ်ကိုဖွင့်ကာ ခေါင်းငုံ့လိုက်သည်။
အတန်းတစ်ခုလုံးသည် ပွက်ပွက်ညံသွားသည်။ ရှီမာယူယူမှလွဲ၍ တခြားသူများသည် ထိုသတင်းကို အံ့အားသင့်စွာပြောနေကြသည်။
ဝူရန်ဖေနှင့် တခြားသူများသည် ရှီမာယူယူအားကြည့်နေကြသည်။ သူမသည် မျက်လွှာချထားခြင်းရော စားပွဲအား နုံးချည့်စွာ မှီနေခြင်းလည်းမရှိပဲ သူမမျက်နှာသည် အံ့သြမှုကင်းမဲ့နေသည်။ သူမသည် အရင် သိနှင့်နေပြီးဖြစ်ကြောင်းကို သူတို့သိသွားကြသည်။
“မနေ့က မင်းဖန်ကျိရှင်းကို နှုတ်ဆက်ဖို့သွားခဲ့တာလား” ဘေဂုံထန်မေးလိုက်သည်။
“အင်း… ဆရာက သူ့အိမ်မှာ တစ်ခုခုဖြစ်လို့ပြန်သွားတာလို့ပြောတယ်” ရှီမာယူယူ မတ်တတ်ရပ်ကာပြောလိုက်သည်။
ဘေဂုံထန်နှင့်တခြားသူများသည် ဖန်ကျိရှင်းအား ရှီမာယူယူဆရာအဖြစ်သတ်မှတ်သည်ကို သိသည်၊ ထို့ကြောင့် သူနှုတ်ဆက်ရန် သူမအားခေါ်ခဲ့ခြင်းဖြစ်မည်။
“သူဖြေရှင်းစရာတစ်ခုခုရှိလို့ထွက်သွားပေမယ့် တစ်နေ့တော့ပြန်တွေ့မှာပါ” ဘေဂုံထန် တစ်ခဏမျှတွေဝေပြီးမှ ပြောလိုက်သည်။
ရှီမာယူယူအံ့သြသွားကာ ဘေဂုံထန်၏မျက်နှာအား လှည့်ကြည့်လိုက်သည်။ ထိုအရာသည် သူမ တစ်ယောက်ယောက်အားနှစ်သိမ့်ပေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“အင်း ငါလည်းသိပါတယ်” ရှီမာယူယူပြောလိုက်သည် “ရုတ်တရက်ဖြစ်လွန်းတော့ ဒီသတင်းကို နေသားကျအောင် အချိန်လိုရုံလေးပါ၊ ကျေးဇူးပဲ ငါအဆင်ပြေပါတယ်” ရှီမာယူယူ သူမမျက်နှာအား ပုတ်လိုက်ကာ ပြုံးရန် ကြိုးစားလိုက်သည်။
တစ်မိနစ်အကြာတွင် လင်းပိုင်သည် ခေါင်းထောင်လာကာ ပြောလိုက်သည် “ငါတို့ဒီနေ့အတန်းစမယ်”
အတန်းပြီးသော် ရှီမာယူယူနှင့် တခြားသူများသည် ကိုယ်ပိုင်အဆောင်များသို့ ပြန်လာကြသည်။
“ယူယူ ဆရာဖန် ဘာလို့ထွက်သွားလဲမင်းသိလား” ဖက်တီးကျူသည် သူမဘေးမှ လျှောက်လာကာ ပြောလိုက်သည်။
ဖန်ကျိရှင်း သူမအား ပညာရှိစံအိမ်တော်အကြောင်းပြောခဲ့သည်ကို တွေးလိုက်သည်။ သို့သော် ထိုအကြောင်းသည် လေးနက်မည်ဟုတွေးသဖြင့် သူမခေါင်းရမ်းကာ ပြောလိုက်သည် “သူဘာမှမပြောဘူး၊ သူ့မျိုးနွယ်မှာ တစ်ခုခုဖြစ်တယ်၊ သူတို့ကပြန်ခေါ်တယ်လို့ပဲပြောတယ်”
“ဒါဆို သူပြန်လာမှာလား” ဝေကျိရွှီမေးလိုက်သည်။
“ငါလည်းထင်တာပဲ” ရှီမာယူယူပြောလိုက်သည် “ဒါပေမယ့် ငါတစ်နေ့ကို ကမ္ဘာဦးရှေးဟောင်းနယ်မြေကို သွားရင် သူ့ကိုတွေ့မယ်လို့ပြောတယ်၊ ငါသူ့ကို အဲမှာသွားရှာလို့ရတယ်”
ကမ္ဘာဦးရှေးဟောင်းနယ်မြေအကြောင်းကို ကြားလိုက်ရချိန်တွင် ဘေဂုံထန်၏ ခန္ဓာကိုယ်သည် တောင့်သွားသည်။ မသိသာသော်လည်း ရှီမာယူယူနှင့် တခြားသူများ၏ သတိပြုမှုကို ရှောင်လွဲမရပေ။
“ကမ္ဘာဦးရှေးဟောင်းနယ်မြေဟုတ်လား” ဖက်တီးကျူ ရှီမာယူယူအားကြည့်လိုက်သည် “ငါတို့က ရီလင်းတိုင်းပြည်မှာ မဟုတ်ဘူးလား၊ ဆရာဖန်က ဒီကလူမဟုတ်ဘူးလား”
“မဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည်။ “ငါတို့က ရှီလင်းတိုင်းပြည်မှာပဲ၊ ကမ္ဘာဦးရှေးဟောင်းနယ်မြေက ငါတို့ဆီမှာထက် အဆင့်မြင့်တယ်၊ တိုင်းပြည်ရဲ့ ပတ်ဝန်းကျင်က ငါတို့ဆီမှာထက်ကောင်းပြီး သူတို့အဆင့်တွေကလည်း မြင့်ကြတယ်လို့ပြောကြတယ်၊ ငါ အံ့ဖွယ်အဆင့်မရောက်မချင်း ကမ္ဘာဦးနယ်မြေကိုမသွားနဲ့လို့ ဆရာကပြောတယ်”
“အံ့ဖွယ်အဆင့်ဟုတ်လား” ဖက်တီးကျူနှင့် ဝေကျိရွှီသည် အံ့သြသွားသဖြင့် သူတို့မျက်လုံးများ ပြုးသွားလေသည်။
“အင်း အဆင့်အမြင့်ဆုံးရဲ့ အထက်က အံ့ဖွယ်အဆင့်ပဲ၊ ငါအံ့ဖွယ်အဆင့်ရောက်ရင် ကမ္ဘာဦးရှေးဟောင်းနယ်မြေကို သွားလို့ရပြီ” ရှီမာယူယူပြောလိုက်သည်။
“ဒါပေမယ့် ဒီကလူတိုင်းက အမြင့်ဆုံးအဆင့်ကိုရောက်ကြပြီး အံ့ဖွယ်အဆင့်ရောက်တာနည်းတယ်လေ” ဖက်တီးကျူပြောလိုက်သည်။
“မဟုတ်ဘူး၊ ရီလင်းတိုင်းပြည်မှာက အဆင့်မြင့်ဝိညာဉ်မရှိတာမဟုတ်ဘူး သူတို့က ဒီမှာကြာကြာမနေနိုင်တာ” ဝူရန်ဖေပြောလိုက်သည်။
“ဝူရန် မင်းဘယ်လိုသိလဲ” ဝေကျိရွှီပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါတွေ့ဖူးလို့ပဲ” ဝူရန်ဖေပြောလိုက်သည်။
“မင်းတွေ့ဖူးတယ်ဟုတ်လား၊ ဒုံချန်းနိုင်ငံမှာ အဆင့်မြင့်ဝိညာဉ်ရှိတယ်လို့မကြားဖူးပါဘူး” ဖက်တီးကျူသည် ခေါင်းကုပ်လိုက်သည်။
“ဝူရန်ဖေပြောတာ ရီလင်းတိုင်းပြည်ကိုပြောတာ ဒုံချန်းနိုင်ငံကိုပြောတာမဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည် “ဒုံချန်းနိုင်ငံက ရီလင်းတိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲ ဒီနေရာက ပြည်နှင်ဒဏ်ခံရတဲ့သူတွေနေတာပဲ”
“ဘာပြောတယ်” ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် တုန်လှုပ်သွားလေသည်။ သူတို့အား ဘေးပတ်ပတ်လည်မှ ဝိုင်းကြည့်ကြလေသည်။
ဖက်တီးကျူနှင့် ဝေကျိရွှီတို့အံ့အားသင့်သွားသည်ကို ရှီမာယူယူမြင်သောအခါ ပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်သည်။ သူမပြောသည်မှာ “အဆောင်ရောက်မှ ဆက်ပြောရအောင်”
သူတို့အဆောင်ပြန်ရောက်သောအခါ လုပ်နေကြအတိုင်းပင် ရှီမာယူယူ၏ အိမ်တွင် စုဝေးကြသည်။
ရှီမာယူယူ စကားစပြောသည်ကို ဖက်တီးကျူမစောင့်နိုင်တော့ပဲ မေးလိုက်သည် “ယူယူ၊ ဒီနေရာက ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေအတွက်လို့ပြောတာ အဲဒါဘာအဓိပ္ပာယ်လဲ”
ရှီမာယူယူ ဝူရန်ဖေအားကြည့်ကာ ပြောလိုက်သည် “ဝူရန်ဖေရှင်းပြတာ ပိုရှင်းလိမ့်မယ်လို့ငါထင်တယ်၊ ဟုတ်တယ်မထား ဝူရန်”
“ဝူရန်” ဖက်တီးကျူနှင့် ဝေကျိရွှီသည် သူ့အားကြည့်နေသည် “မင်းသိတာလား”
ဝူရန်ဖေသည် ရှီမာယူယူအားစိုက်ကြည့်ကာ သူ့မျက်နှာတွင် ပုံမှန်မဟုတ်သော အမူအရာဖြစ်နေသည်။ သူပြောသည်မှာ “ရီလင်းတိုင်းပြည်မှာ ငါးနိုင်ငံနဲ့ အင်အားကြီးနိုင်ငံလေးခုရှိတယ်၊ အနောက်နိုင်ငံ၊ တောင်နိုင်ငံ၊ မြောက်နိုင်ငံနဲ့ ပြည်မကြီးတို့ပဲ တစ်ခုကတော့ ပြည်နှင်ဒဏ်ပေးခံရတဲ့ အရှေ့နိုင်ငံ ဒုံချိန်းနိုင်ငံပဲ၊ ရှီမာယူယူပြောသလိုပဲ ဒီနေရာက အင်အားကြီးလေးနိုင်ငံကနေမှ ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေနေတာပဲ”
“ဝူရန် ဒီအကြောင်းတွေကို မင်းဘယ်လိုသိတာလဲ” ဝေကျိရွှီပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါအပြင်ကလာတာမို့လို့ပဲ” ဝူရန်ဖေပြောလိုက်သည် “ငါက တောင်ပိုင်းနိုင်ငံကလာတာပဲ၊ အကြောင်းတစ်ခုကြောင့် ရွေးချယ်စရာမရှိပဲ ငါဒီကိုရောက်လာတာ”
“ဒုံချန်းနိုင်ငံက တစ်ကမ္ဘာလုံးဖြစ်လိမ့်မယ်လို့ ငါအမြဲတမ်းထင်ခဲ့တာ၊ ဒုံချန်းနိုင်ငံက ရီလင်းတိုင်းပြည်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲဆိုတာကို မထင်ခဲ့မိဘူး” ဖက်တီးကျူပြောလိုက်သည်။
“ဒီကမျိုးနွယ်အများစုက အပြင်ကနေလာတာ ဒါမှမဟုတ် သူတို့ဘာသာ ထွက်ပြေးလာကြတာပဲ” ရှီမာယူယူပြောလိုက်သည် “တခြားရှိမလားတော့မသိဘူး ဒါပေမယ့် ကျူမျိုးနွယ်၊ ဝေမျိုးနွယ်နဲ့ ရှီမာမျိုးနွယ်ရောပဲ”
“ဒုံချန်းနိုင်ငံက မြေဆီလွှာမကောင်းဘူး၊ သယံဇာတလည်း ရှားပါးတယ်၊ ငါတို့ကျင့်ကြံခြင်း အရှိန်နှုန်းတွေက နိမ့်ကြတယ်၊ ပြီးတော့ အကြောင်းတစ်ခုကြောင့် အပြင်ကထက် ဝိညာဉ်ချီနည်းတယ်” ဝူရန်ဖေပြောလိုက်သည်။
“ဒီလိုဆိုရင် လူတွေဘာလို့မထွက်ပြေးကြလဲ” ဝေကျိရွှီနားမလည်နိုင်ပေ။
“ဘာလို့လဲဆိုတော့ ဒီမှာ သဘာဝအတိုင်း တားဆီးထားတာတွေရှိတယ်၊ ဝိညာဉ်အင်ပါယာနဲ့ ဖုံးထားပြီး အဲအတားအဆီးကို ဖျက်ဆီးဖို့မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ ဒုံချန်းနိုင်ငံမှာ ဝိညာဉ်နယ်မြေရှင်တွေ ဘယ်လောက်ထွက်ပေါ်လာလဲ၊ အချိန်ကြာသွားရင် ဒီအကြောင်းတွေက တဖြည်းဖြည်းမေ့သွားကြမှာ” ဝူရန်ဖေပြောလိုက်သည် “ဒီတားဆီးထားတဲ့ အတားအဆီးတွေကြောင့်ပဲ ဝိညာဉ်ချီနည်းတာ၊ ဝိညာဉ်သစ်သီးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေလည်းတွေ့ရခဲတာ”
“အဆင့်မြင့်ဆုံးဝိညာဉ်ဖြစ်ဖို့ဆို ဒီနေရာကနေထွက်သွားရမှာပေါ့” ဖက်တီးကျူပြောလိုက်သည်။
“နည်းလမ်းတစ်ခုရှိလိမ့်မယ်လို့ငါထင်တယ်၊ နည်းလမ်းရှိရင်တောင် စွမ်းအားလုံလုံလောက်လောက်မရှိရင် ဒီနေရာကနေထွက်မသွားနိုင်ဘူး” ဝူရန်ဖြေပြောလိုက်သည်။
“ဘာလို့လဲ”