← Chapters

ကျွမ်းကျင်မှု နည်းနည်းပြမယ်

Vol. 19 Ch. 273

ကျွမ်းကျင်မှု နည်းနည်းပြမယ်

Vol. 19 Ch. 273

လူအများကြီး ရဲ့ ရုပ်ရည်အသွင်အပြင်ကို တွက်ချက်နေရင်း...ဒီအရာက နက်ရှိုင်းပြီး ဆန်းကျယ်တယ် ဆိုတာကို သိလိုက်ရပါတယ်။ဥပမာအားဖြင့် သူ့ရှေ့မှာ ရှိနေတဲ့ မိန်းကလေးပါပဲ..။သူမက တကယ်ကို လှပတာပါ..။သူမရဲ့ ရုပ်ရည်သွင်ပြင်က ကြည့်မိသူတိုင်းအတွက်..ကျေနပ်ရပြီး..ဒါက သူမကို..ကံကောင်းစွာ မွေးဖွားလာတယ် လို့ သတ်မှတ်လို့ရပါတယ်...။

လင်းဖန်ခေါင်းညိမ့်လိုက်တယ်..ဘယ်မိနိးမလှ လေးကမှ..ဆင်းရဲသားရပ်ကွပ်မှာ ချို့ချို့တဲ့တဲ့ မွေးဖွား မလာခဲ့ပါဘူး..။

ယောက်ျားလေးတွေ အတွက်ကတော့ ရုပ်ရည်သွင်ပြင်ပိုင်းကို ခနမေ့လိုက်ဖို့ပဲ တတ်နိုင်ပါတောယ်။ယာက်ျားလေးတွေ အတွက်က ရုပ်ရည်ခန့်ညားလဲ..အဆိုးအကောင်း ဒွန့်တွဲနေပြီး..သတမတ်ထဲ ပြောလို့မရပေ..။

ရုပ်တရက် သူအရမ်းရုပ်ဆိုးပြီး..ထူးဆန်းတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်..။ယင်းနောက် သူ စွမ်စုံကျမ်းကနေ တဆင့် ဒီလူရဲ့ရုပ်ရည်သွင်ပြင်ကို စစ်ဆေးလိုက်ပါတယ်..။စွယ်စုံကျမ်းမှာက ရုပ်ရည်သွင်ပြင် အမျိူးအစား ပေါင်းစုံကို ခန့်မှန်းဖို့ နည်းလမ်း ပါဝင်နေခဲ့တာပါ..။

ဂျက် မား လား..

ဒီငနဲက ဘယ်သူတုန်း....

လင်းဖန် ဒီလူကို မသိပေမယ့် စွမ်စုံကျမ်းကနေ တဆင့် ဖတ်ကြည့်လိုက်ပါတယ်..။

"မျက်ခုံးမွှေးထူပြီး..မျက်လုံး ကျယ်တဲ့..လူတစ်ယောက်..။သူ့ရဲ့ မျက်ခုံးမွေးတွေက ထူပေမယ့်လည်း..ဒီထဲမှာ..အရည်အသွေးပြည့်ပြီး..ထူးချွန်မူတွေကို တွေ့နေရပါတယ်..."

လင်းဖန် သိပ်နားမလည် တဲ့ အတွက် ဆက်ပြီး လေ့ဘာကြည့်လိုက်တယ်..။

"ပြူးကျယ်တဲ့ မျက်လုံး...ထူထဲတဲ့ မျက်ခုံးမွှေး..ကြီးမားတဲ့.အရိူးတွေ.။ဒီလူက ရုပ်ဆိုးပေမယ့်လည်း ဆန်းကျယ်ပြီး ထူးချွန်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်.."

အမြင်ကျယ်စေတာပဲ..

တကယ်ကို အမြင်ကျယ် စေတယ်...

ယင်းနောက် လင်းဖန်ဟာ အခန်းထဲမှာ ရှိနေကြတဲ့ ချမ်းသာပြီး ဂုဏ်သိက္ခာရှိတဲ့ လူတွေကို ဆကိပြီး လေ့လာနေခဲ့တယ်..။ဒီတစ်ခေါက်က အတော်အမြင်ကျယ်စေတယ်ဆိုတာကိုတော့ သူဝန်ခံရမှာပါ..။

ရုတ်တရက် လင်းဖန်ဟာ မျက်လုံးရှေ့မှာ ရောက်နေတဲ့..အဖြူရောင်..တောင်ကြားတစ်ခုကို မြင်ပြီး အမ်မထင် ရေရွတ်လိုက်တယ်...။

"လှလိုက်တာ.."

ယင်းနောက် သူ အသိစိတ်ဝင်လာပြီး သေချာကြည့်လိုက်တဲ့ အချိ်န်မှာ ကျို့ကျို့ဟာ ဝိုင်ခွက်လေးကိုင်ပြီး သူ့ရှေ့မှာရပ်နေတာ တွေ့လိုက်ရပါတယ်..။

သူမဟာ လင်းဖန် ရှေ့မှာ ရပ်နေပြီး..အပြုံးမျက်နှာလေးနဲ့ မေးလိုက်တယ်...။

"ဘာတွေကြည့်နေတာလဲ ...လူချောလေး.."

ကျို့ကျို့ဟာ ပြုံးပြီး လင်းဖန်ရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်ပါတယ်။

လင်းဖန် ရှက်ရွံ့စွာရယ်မောလိုက်တယ်..။

"ဘာမှ မဟုတ်ပါဘူး...ရုပ်လက္ခဏာကို လိုက်ကြည့်နေတာပါ..."

ကျို့ကျို့ အံ့ဩသွာခဲ့တယ်..။ယင်းနောက် သူမဟာ ပြုံးလိုက်ပြီး..

"လူချောလေး..ရှင်က ရုပ်လက္ခဏာကို ကြည့်တတ်တာလား..."

"နည်းနည်းပါးပါးပါ.."

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တာပါ..။

ကျို့ကျို့ရဲ့ လှပတဲ့ မျက်လုံးတွေဟာ ရွေ့သွားပြီး.ဘေးနားမှာ စကားပြောနေကြတဲ့ မိန်းမလှလေးတွေကို လှမ်းခေါ်လိုက်တယ်...။

"မိန်းကလေးတို့ ဒီကိုလာကြ..လူချောလေးက ရုပ်လက္ခဏာ ကြည့်တတိတယ်တဲ့..။ဒီနေ့တော့ လူချောလေးကို ငါတို့ အတွက် တွက်ချက်ခိုင်းရမယ်.."

စကာပြောနေကြတဲ့ ယောက်ျားလေး တစ်ချို့ဟာလည်း လှမ်းကြည့်လာခဲ့ကြပါတယ်။သူတို့ သိချင်သွားခဲ့ကြတယ်..။

"ဝမ်မင်ယန်ရဲ့ သူငယ်ချင်းက ရုပ်လက္ခာ ကြည့်တတ်တာလား..။ငါတို့ သွားကြည့်ကြမလား.."

"ဒါအကြံဥာဏ်ကောင်းပဲ..မင်ယန်က သူ့သူငယ်ချင်းကို ထားခဲ့တာကို ငါတို့က ဒီမှာ စကားကောင်းနေကြတယ်လေ..။ငါတို့ သူအရှက်မရအောင် သွားထောက်ခံပေးသင့်တယ်.."

ကျို့ကျို့ဟာ လျောက်လာနေတဲ့ လူတွေကို ကြည့်ပြီး ပြောလိုကိတယ်..။

"ရှင်တို့က ဘာလို့လာကြတာလဲ.။ကျွန်မနဲ့ မိန်းမလှလေးတွေက လူချောလေးကို ရုပ်လက္ခဏာကြည့်ခိုင်းမလို့..."

လူတစ်ယောက်ဟာ ပြောလိုက်တယ်..။

"ငါတို့က လာလို့မရဘူးလား...။ငါတို့လည်း ကြည့်ချင်တာပေါ့..."

လင်းဖန် .သူဝန်းကျင်က အခြေအနေတွေကို ကြည့်ပြီး..အပြစ်ကင်းစွာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်..။

ညီအစ်ကို မောင်နှမတို့ ဘာလာလုပ်ကြတာလဲ..။ငါ့ဟာငါ တစ်ယောက်ထဲ နေလို့ မရဘူးလားကွာ....

သူတို့တွေ အကုန်လုံးက ဝမ်မင်ယန်ရဲ့ သူငယ်ချင်းတွေဖြစ်ကာ..ချမ်းသာပြီး...အဆင့်အတန်း ရှိတဲ့ လူတွေကြီးပါပဲ..။တကယ်လို့ ချမ်းသာတဲ့ အဆင့်တွေကို သာ တန်းစီလိုက်ရင်..လင်းဖန်က ဒီမှာ နောက်ဆုံးအဆင့်ပါပဲ..။

"ကျုပ်က အစ်ကိုဝမ်ရဲ့ သူငယ်ချင်း လီဟောင်ပါ..။အစ်ကို ဝမ်က မင်းကို အရမ်းတွေ ချီးမွှမ်းနေတော့ ကျုပ်အနည်းငယ်တောင်...သိချင်းစိတ်ဖြစ်မိတယ်.."

လီဟောင်က အရာရှိ တစ်ယောက်ရဲ့ သားတစ်ယောက်ပါ..။သူ ဝမ်မင်ယန်နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က စပြီး သိကျွမ်းခဲ့ရတာပါ..။သူက ဂုဏ်မြင့်ပြီး အနည်းငယ် အေးစက်တဲ့ လူတစ်ယောက်ဖြစ် ပေမယ့်လည်း..အစ်ကို ဝမ်ရဲ့ သူငယ်ချင်းကို တော့ ရင်းနှီစွာ ဆက်ဆံပါသေးတယ်..။

သို့ပေမယ့် ဝမ်မင်ယန်က လင်းဖန်ကို မိတ်ဆက်တုန်းက အရမ်းကို..ချီးမွမ်းခဲ့တော့..လီဟောင် သိချင်စိတ်ဖြစ်မိတာက ပုံမှန်ပါပဲ..။

တစ်ခြား လူတွေက အသက် သုံးဆယ် လေးဆယ်..လောက်ရှိကြပါတယ်။သူတို့ဟာ တော့ ပြုံးပြီးသာ နေကြပြီး.အခြအနေကို ဘာမှ အများကြီ ဂရုမစိုက်ကြပေ..။ဝမ်မင်ယန် ချဲ့ကားပြီး ပြောသွားတယ် လို့ပဲ တွေးထားကြတာပါ..။

ကျို့ကျို့ဟာ ချောမောပြီး ချမ်းသာတဲ့ မိသားစုက ဖြစ်တာကြောင့် အစားအသောက်..နဲ့ အဝတ်အစား အတွက် ဘယ်တော့မှ စိတ်မပူခဲ့ရပေ..။သူမဟာ လက်ကို ဝေ့ယမ်းလိုက်ပြီး...

"ရှင်တို့ အကုန်လုံးသွားသင့်ပြီ ထင်တယ်နော်..။လူချောလေးက ကျွန်မတို့ကို ရုပ်လက္ခဏာတွက်ပေးတော့မလို့..။အစ်ကို မင်ယန်က တစ်စုံတစ်ယာက်ကို ဒီလောက်အထိ မချီးမွမ်းဖူးဘူး...။ကောင်းပြီ ကျွန်မကို တွက်ချက်ပေးပါဦး.."

လီဟောင် ရယ်မောလိုက်တယ်...။

"အစ်မကျို့ သူ့ကို အခက်တွေ့အောင် မလုပ်ပါနဲ့..။ရုပ်လက္ခဏာလို အရာတွေက ။ယုံကြည်လို့ မရဘူးလေ..."

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ဒီစကားက အမြဲတမ်း မှန်နေတာတော့ မဟုတိပါဘူး.."

လီဟောင် အံ့ဩသွားခဲ့တယ်..ပြီးမှ ပြုံးလိုက်ပြီး..

"ဒီစကားက အမြဲတမ်း မှန်နေတာ မဟုတ်ဘူးလား..။ငါတော့ မယုံကြည်ဘူး..."

ကျို့ကျို့ဟာ ရယ်မောပြီး ပြောလိုက်တယ်..။

"မယုံကြည်ဘူးဆိုရင်လည်း ဘာလာလုပ်ကြတာတုန်း..။ကျွနိမကတော့ ယုံကြည်တယ် ဒီတော့ လူ​ေချာလေးကို တွက်ချက်ခိုင်းရမယ်.."

လင်းဖန် ကျို့ကျို့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"မိန်းမလှလေး ကျို့ကျို့..ဒီအရာက သေချာတွေးတောမှ ရမယ်နော်..။ကျုပ်ဟောတာက အရမ်းတိကျတယ်..ဒီတော့ မကျေနပ်စရာတွေလည်း ရှိလာနိုင်တယ်..။ကျုပိပြောရင် ခင်ဗျား စိတ်ဆိုးလို့ မရဘူးနော်..."

ကျို့ကျို့ နှုပ်ခမ်းကို ကိုက်ပြီး ပြောလိုက်တယ်..။

"ပြောပါ လူချောလေး..။ကျွန်မ ရှုင့်ကို စိတ်မဆိုးပါဘူး..."

ဘေးနားမှာ ရှိတဲ့.မိန်းကလေးတွေဟာ ရယ်မောလိုက်ကြတယ်..။

"ငါတို့ရဲ့ ကျို့ကျို့က တွေ့ဖူးသမျှလူတွေထဲမှာ အကောင်းမြင်တတ်ဆုံးပဲ ...။သူမ စိတ်ဆိုးမှာကိုတော့ လုံးဝ စိတ်မပူနဲ့.."

လီဟောင်လည်း ယဥ်ကျေးစွာ ပြောလိုက်တယ်။

"ပြောပါ လူချောလေး.။အစ်မကျို့ စိတ်မဆိုးဘူးဆိုတာ ငါ အာမခံပါတယ်..။သူမသာ မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံရင် အစ်ကို မင်ယန် ဒေါသထွက်သွားလိမ့်မယ်.."

"လူချောလေး...ငါတကယ်သိချင်နေပြီ..။မြန်မြန်သာ တွက်ချကိပေးတော့.."

ကျို့ကျို့က ပြောလိုက်တာပါ..။

ဘေးနားမှာ ရပ်နေတဲ့ လူတွေကတော့ ပြုံးယုံသာ ပြုံးနေကြပြီး လုံးဝ မယုံကြည်ကြပေ..။သို့ပေမယ့် သူတို့ လင်းဖန်ကို ဖော်ထုတ်မှာ မဟုတိပါဘူး..။ဘာပဲဖြစ်ဖြစ် သူက အစ်ကို မင်ယန်ရဲ့ သူငယ်ချင်းပါ..။ထပ်ပြောရရင် ဒီနေရာက ပါတီတစ်ခုဖြစ်ပြီး အကုန်လုံး​ပျော်ရွှင်နေဖို့ လိုပါတယ်..။

"တကယ်ပြောစေချငိတာမလား.."

လင်းဖန် ပြုံးပြီး ထပ်မေးလိုက်တာပါ..။ဒီတစ်ခါတော့ သူ့ရဲ့ အရည်အချင်းတွေကို နည်းနည်း ပြသပေးရပါတော့မယ်။

"ပြောပါ..ငါတကယ်သိချင်နေပြီ..။ရှင်​​ေ ဟာတာက တိကျမယ် ဆိုရင်တော့ ဝမ်းသာစရာပဲပေါ့.."

ကျို့ကျို့ဟာ လင်းဖန်ကို ဆွဲဆောငိတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တာပါ..။

"ဒါဆို ပြောပြီနော်.."

လင်းဖန် ​ထပ်ပြောလိုက်တယ်..။

"ပြောပါ.."

လင်းဖန် သူမကို သေချာကြည့်ပြီး ​ပြောလိုက်တယ်..။

"အစ်မကျို့က ဒီရက်ပိုင်းမှာ အကြောက်အလန့်ကင်းပြီး..ရဲရဲတင်းတင်း ပြုမူ နေထိုင်ခဲ့တယိလေ..။ဒါပေမဲ့ ဒီရက်ပိုင်းမှာ ကိုယ့်ကိုကို ထိန်းသိမ်းသင့်တယ်..။ခင်ဗျားမှာ ရည်းစားတွေ အများကြီးရှိပေမယ့်လည်း..ကိုယ့်ခန္တာကိုယ်ကို.ဂရုစိုက်သင့်တယ်.."

အာ...

ရုပ်တရက် လူတိုင်း ကြောင်အသွားခဲ့တယ်..။

ကျို့ကျို့ဟာ ကြောင်အသွားခဲ့ပါတယ်။ယင်းနောက် သူမဟာ ရယ်မောလိုက်ပြီး..

"လူချောလေး ဒါက ရုပ်လက္ခဏာ တွက်ချက်ပြီး ထွက်လာတဲ့ အဖြေလား..။ငါ့ကို သိတဲ့လူတိုင်းက ငါကောင်လေးတွေကို အဝတ်အစားလဲ တာထက် ပိုပြီး မြန်မြန် ပြောင်းလဲ တယ်ဆိုတာ သိကြတယ်..။ဒါပဲ ဆိုရင်တော့ အများကြီး ပြောစရာ မလိုတော့ပါဘူး.."

လီဟောင် ရယ်မောလိုက်တယ်။

"အစ်ကို မင်ယန် က သူ့ကို ပြောပြီး လောက်ပြီ ဒီတော့ အစ်မကျို့ ဂရုစိုက် မှရတော့မယ်နော်..။ဘာပဲဖြစ်ဖြစ် အစ်မကျို့က ယောက်ျားလေးတွေရဲ့ အသဲကို ခွဲနေတဲ့ လူပဲလေ.."

လင်းဖန် ပြုံးလိုက်ပြီး လီဟောင်ကို ပြောလိုက်တယ်..။

"ခင်ဗျားရဲ့ ရုပ်လက္ခဏာကတော့ သိပ်မဆိုးပါဘူ..။ငယ်ငယ်ရွယ်ရွယ်နဲ့ သားတစ်ယောက်တောင်ရနေပြီ..။ဒါပေမဲ့ ခင်ဗျားရဲ့ ရုပ်လက္ခဏာအရ အိမ်ထောင်ရေးမှာ အနှောက်အယှက်လေးတွေ ရှိလိမ့်မယ်..။ခင်ဗျားမှာ သားလေးတစ်ယောက်ရနေပေမယ့် အိမ်ထောင်မပြုရသေးဘူးလေ..။ဒီတော့ အမြန်သွားစစ်ဆေးသင့်တယ်..။

တစ်ချိန်လုံး ပြုံးနေတဲ့ လီဟောင်ဟာ ဒါကိုကြားပြီး ကြောင်အသွားခဲ့တယ်။သူ့မျက်လံူးတွေကတော့ ပြူးကျယ်နေပြီး တစ္ဆေတစ်ကောင်ကို မြင်နေရတဲ့ အတိုငိးပါပဲ..။

ဘေးနားမှာ ရှိတဲ့ လူကြီးဟာ ရယ်မောလိုက်တယ်။

"ဒါမဖြစ်နို်င်ဘူးနော် လီဟောင်က အမြဲတမ်း တစ်ယောက်တည်းနေတာ..။ဒါသာ အမှန်ဆိုရင်တော့ ဂုဏ်ပြုရမှာပဲ..သူ့အဖေက ထပ်ပြီး နားပူနားဆာ လုပ်မှာ မဟုတ်တော့ဘူး.."

လင်းဖန် ဒီတစ်ကြိမ်မှာ သက်လတ်ပိုင်းလူကြီး ဆီကို လှည့်ပြီး ပြောလိုက်တယ်။

"ဂျင်ယန်မင်..ခင်ျားရဲ့ ချမ်းသာမူမှာ ကံတရားက မဆိုးပါဘူး..။ဒါပေမယ့် လတ်တလောမှာ အကျဘက်ကို ရောက်နေတယိ..။ခင်ဗျား ပိုက်ဆံ ဆုံးရှုံးနိုင်ခြေရှိထင်လို့ မြင်ရတာပဲ..ဒါက ပမာဏ အများပေမယ့်လည်း နည်းတဲ့ အထဲတော့ မပါဘူး.."

"မိန်မလှလေး မင်းရဲ့ ကံတရားက တကယ်မဆိုးဘူး..။ဒါပေမဲ့ မိဘတွေကို သေချာ ဂရုစိုက်သင့်တယ်နော်..။တွက်ချက်ကြည့်ရသလောက်တော့ မင်းမိဘနဲ့ ပတ်သက်ပြီး အရှုပ်အထွေး တွေကို မကြာခင်တွေ့ရဖို့ ရှိနေတယ်.."

"ရှင်.."

ဘေးနားက လူတွေဟာ လင်းဖန် တစ်ယောက်ချင်းလိုက်တွက်ချက်နေတာကို ကြည့်ပြီး ဆွံ့အနေခဲ့ကြပါတယ်။

အဆုံးမှာတော့..လင်းဖန် ရှက်ကိူးရှက်ကန်း ရယ်မောပြီး ပြောလိုက်တယ်..။

"ဒါက ကျုပ်တတ်တဲ့ ပညာသေးသေးလေးပါ..။အရမ်းကြီး တိကျချင်မှလည်း တိကျလိမ့်မယ်..။ကျေးဇူးပြုပြီး အများကြီး မတွေးကြပါနဲ့..."

သို့ပေမယ့်..ဘေးနားမှာ ရှိနေတဲ့ လူတွေ အကုန်လုံး ပါးစပ်တွေ ဟောင်းလောင်း ဖြစ်နေကြပါပြီ..။သူတို့ရှေ့မှာ သရဲတစ္ဆေတစ်ကောင် ရပ်နေတဲ့ အတိုင်းပါပဲ..။

ဒါကို မတိကျဘူး လို့ ဘယ်ကောင်က ပြောရဲလဲ...

လင်းဖန်ရဲ့ ပုံစံက သူတို့မှာ ဖြစ်ပျက်နေတဲ့ အရာရာတိုင်းက သိနေတဲ့ အမူအ ရာနဲ့ပါ..။

ချီးပဲ...

စောက်ရမ်း မိုက်တယ်...

ဝမ်မင်ယန်က ချဲ့ကား ပြောဆိုခဲ့တာ မဟုတ်ပါဘူး..။ဒီငနဲကိုက စောက်ရမ်းတွေ ဆန်းကျယ်လွန်းနေခဲ့တာပါ..။

All Chapters