← Chapters

ရွေးစရာမရှိတော့ပဲ ရှိုးပွဲဆက်ကရတော့မယ်..

Vol. 19 Ch. 275

ရွေးစရာမရှိတော့ပဲ ရှိုးပွဲဆက်ကရတော့မယ်..

Vol. 19 Ch. 275

"အကြီးအကဲ ဂျင်..ဘာတွေများလုပ်နေကြတာတုန်း..။တစ်ခုခု ပျော်ရွှင်စရာများ ရှိလို့လား..။ဘာလို့ ကျုပ်တို့ကို မခေါ်တာလဲ.."

"ကျုပ်တို့ ဒီနားမှာ လူတွေစုနေလို့..လာကြတာ..။တစ်ခုခု..ထူးခြားတာ ရှိလို့လား..."

ဒီ ဧည့်ခံပွဲကို လာကြတဲ့ လူတွေ အကုန်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက်..ရင်းနှီးကြပါတယ်..။ဘယ်လိုပျော်ရွှင်စရာ မဆို တစ်ယောက်နဲ့ တစ်ယောက်..မျှဝေကြရမှာပါ..။သူတို့ ဒီမှာ လူတွေ..အများကြီး စုဝေးနေတာ မြင်တဲ့ အချိန်မှာ..သိချင်စိတ် ဖြစ်လာကြတယ်.။သူများတွေ ပျော်နေတာမြငိတော့ သူတို့လည်း ပျော်ချင်ကြပါတယ်..။

ကျို့ကျို့ဟာ မာစတာ လင်းကို အတော်ယုံကြည်နေခဲ့ပါပြီ။သူ မာစတာ လင်းရဲ့ အကြံဥာဏ်အတိုင်း ဆေးရုံကို သွားစစ်ဆေးမှာပါ..။အနာဂတ် နေထိုင်ပုံတွေ အတွက်ကတော့..သူမဖြည်းဖြည်းချင်း..ပြောင်းလဲယူဖို့ ဆုံးဖြတ်ထားပြီးပါပြီ။ငယ်ရွယ်ပြီး ချောမောတဲ့ ကောင်လေးတွေ သူမဘေးနားမှာ...ရှိနေတဲ့အချိန်မှာ..လွတ်မပေးနိုင်ပဲ ကစားချင်တဲ့ စိတ်ကတော့ ရှက်စရာပါပဲ..။

လင်းဖန်ကတော့ သူမကို အများကြီး အပြစ်မတင်ပေ..။ယောက်ျားတွေ အများကြီးကို..အဝတ်လဲသလို ထည်လဲ တွဲ..နေတာကလည်း..ကျွမ်းကျင်မူ တစ်ခုပါပဲ။သူမသာ အကုန်လုံးကို အဆက်အသွယ်ဖြတ်မယ် လို့ ပြောလိုက်ရင်..လူတစ်ချို့ဟာ သတ်သေသွားနိုင်ပါတယ်။

သူမလို ကစားရဲဖို့ ဆိုတာက လုံလောက်တဲ့ စွမ်းဆောင်ရည်နဲ့ သတ္တိရှိဖို့လည်း လိုအပ်ပါတယ်။

"ဘာမှ ထွေထွေထူးထူးမဟုတ်ပါဘူး..။မာစတာ လင်းက ကျုပ်တို့ကို တွက်ချက်ပေးနေတယ်..။ကျုပ်မတို့ ဒီတစ်ခါတော့ အတော်ကံကောင်းတာပဲ..။အစ်ကို မင်ယန်ရဲ့ သူငယ်ချင်းက အရမ်းကြမ်းတမ်းလွန်းတယ်.."

ကျို့ကျို့ဟာ ပြုံးပြီး ပြောလိုက်တာပါ..။သူမရဲ့ လှပတဲ့ မျက်နှာမှာ..ကျေနပ်မူတွေနဲ့ ပြည့်နေခဲ့ပါတယ်။

အခုမှ ရောက်လာတဲ့ လူတွေဟာ ကြောင်အသွားခဲ့ကြတယ်.။

အနာဂတ်ကို ​ဟောပြောပေးနေတာလား...

ဘယ်လိုလုပ် ယုံကြည်လို့ရမှာလဲ...

သူတို့အားလုံးက ဘွဲ့ရထားပြီး..အဆင့်အတန်းမြင့်တဲ့ လူတွေလို့ပြောလို့ရပါတယ်..။ဒါတောင် ဒီလိုအ ရာတွေကို ယုံကြည်ဖို့ ဆိုတာက သိပ်တော့ မဖြစ်နိုင်ပါဘူး..။

ကျို့ကျို့ သူတို့ကို ကြည့်လိုက်တယ်..။

"ရှင်တို့က မယုံကြည်ကြဘူးလား...။ဒါပေမဲ့ အဆင်ပြေပါတယ်..ကျွန်မတို့ ယုံကြည်နေရင် ပြီးတာပဲ...။ဟုတ်တယ်မလား အစ်ကို ဂျင်.."

အသက်လေးဆယိအရွယ် အကြီးအကဲ ဂျင်ဟာ ပြုံးလိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ..ငါတကယ်ယုံကြည်ပါတယ်.."

အခုမှ ရောက်လာတဲ့..ကြောင်အသွားခဲ့တယ်..။ဒီလူတွေ အကုန်လုံးက ထိန်းချုပ်ခံထားရသလိုပါပဲ..။

"အကြီးအကဲ ဂျင် ခင်ဗျားတို့တော့ တစ်ခုခုပဲနော်။ဒီလို အရာတွေမှာ အများကြီး မယုံကြည်သင့်ဘူး..။ဒီ လူငယ်လေးက နောက်နေတာလည်း ဖြစ်မှာပေါ့..."

ဟီချနး်ဟန် က ပြောလိုက်တာပါ..။ဒါက ဝမ်မင်ယန် ရဲ့ သူငယ်ချင်းဆိုတာ သိနေတဲ့ အတွက် မစော်ကားချင်ပါဘူး..။သူ့အမြင်ကိုသာ အပြုသဘော သက်သက်နဲ့ ပြောလိုက်တာပါ..။

သူ ပြောလိုက်ရင် ဒီလူငယ်လေးက စနောက်ပြီး ပြန်ဖြေလာမယ်လို့ ထင်ထားပေမယ့်လည်း...သူ့ကို အံ့ဩစေတာက ဒီလူငယ်လေး ပြောလာတဲ့ စကားတွေပါ..။

"အကြီးအကဲ ဟီ ကျွန်တော် သူတို့ကို နောက်နေတာ မဟုတ်ဘူး..။ဒါက အမှန်တရားတွေချည်းပဲ..။ကျွန်တော် လင်းဖန်က..တိမ်ဖြူလမ်းမှာ ကျော်ကြားတဲ့ လူတစ်ယောက်ပါ..။လူတွေက ကျွန်တော်ကို မာစတာ လင်း လို့ ခေါ်ကြတယ်..။ကျွန်တော် ဘယ်သူ့ကိုမှ မလိမ်ညာဘူး.."

ချီးပဲ..

အကြီးအကဲ ဂျင်နဲ့ ကျန်တဲ့ လူတွေဟာ ကြောင်အသွားခဲ့တယ်။မာစတာ လင်းက အစကတော့ အရမ်းဖော်ရွေပေမယ့်..အခုတော့ ဆတ်ဆတ်ထိ မခံဖြစ်သွားခဲ့ပါပြီ..။ဒါက တကယ်ကို မြနိဆန်လွန်းတာပါ..။

ဟီချနိးဟန် ပြောလိုက်တယ်..။

"မင်းငါ့ကို သိလို့လား.."

လင်းဖန်ပြုံးလိုက်တယ်..

"အစတုန်းကတော့ မသိပါဘူး..။ဒါပေမဲ့ ခင်ဗျား ကျုပ်ရှေ့မှာ ရပ်နေတဲ့ အတွက် ခင်ဗျားရဲ့ ဘဝတစ်ခုလုံးနဲ့..ဘာတွေ လုပ်ခဲ့လဲ ဆိုတာကို မြင်နေရတယ်.."

ဒါပေါ့.လင်းဖန် အလိမ်အညာတွေ ပြောနေတာမဟုတိပါဘူး..။သူ ဒီလူရဲ့ ဆွေမျိူး ၁၈ ဆက်လောက်ကိုတောင် မြင်နေတာပါ။

အတိတ်ကို ပြန်ကြည့်တာက လွယ်ကူတဲ့ အရာဖြစ်ပေမယ့် အနာဂတ်ကို တွက်ချက်ရတာကတော့ .ပိုပြီး ခက်ခဲပါတယ်။

ဟီချန်းဟန် ရယ်လိုက်တယ်..။

"ငါတော့ မင်းကို မယုံကြည်ဘူး..။ငါတကယ် မယုံကြည်ဘူး..။ဒီလိုလူတွေ စုဝေးအောင်လုပ်တာက ကျို့ကျို့ရဲ့ အကြံအစည်ပဲ ဖြစ်ရမယ်..။အခု ငါတို့ အကုန်ဒီရောက်နေပြီ ဆိုတော့ ဘယ်လို ဂိမ်းမျိုး ကစားချင်လဲ.."

ကျို့ကျို့ အနည်းငယ် စိတ်ပျက်သွားခဲ့တယ်။

"အစ်ကို ဟီ..ဒါက ဂိမ်းကစားနေတာ မဟုတ်ဘူး..။ညီမပြောတာက အမှန်တွေ ချည်းပဲ..။မာစတာ လင်းက တကယ်တော်တာ..။ကျွန်မတို့ရဲ့..အနာဂတ်တွေကိုလည်း တွက်ချက်ပြီးသွားပြီ.."

ကျို့ကျို့က ဒီလိုပြောလာတာတောင်..ဟီချန်းဟန်က မယုံကြည်သေးပါဘူး..။

"ကောင်းပြီ ကောင်းပြီ..ကစားနေတာ တော်လောက်ပြီ..။တကယ့်သရုပ်ဆောင်တွေရဲ့ စကေးတောင် မင်းတို့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး..။ရပ်လိုက်ကြတော့..ငါတော့ မင်းတို့ရဲ့..အကွက်တွေထဲမှာ အရူးလုပ်ခံမှာ မဟုတ်ဘူး.."

အခုမှ ရောက်လာတဲ့ လူတွေ အကုန်လုံး ရယ်မောလိုက်ကြတယ်။

လင်းဖန်ဟာ ဝမ်မင်ယန်ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နေတဲ့ အတွက် ဟီချန်းဟန်ကို အရှက်ရစေတဲ့ စကားလုံးတွေ ပြောမှာ မဟုတ်ပါဘူး..။ဒီတော့ ဒီတိုင်း လွှတ်ထားဖို့သာတတ်နို်င်ပါတော့တယ်။

ကျို့ကျို့ကတော့ တကယ်စိတ်ပျက်နေခဲ့ပါပြီ..။

"ဒါအမှန်ပဲ..."

ဂျင်ယန်မင် ပြောလိုက်တယ်။

"အစ်ကို ဟီ ကျုပ်ကို မယုံကြည်ဘူးလား..။ဒီမာစတာ လင်းက တကယ်..စွမ်းဆောင်နိုင်စွမ်းရှိတာ..မင်ယန်ပြောတာ အမှန်ပဲ..။ကျုပ်တို့သာ သူ့ရဲ့ အကြံဥာဏ်စကားကို နားထောင်ရရင် ဒါက ကောင်းချီးပေးခံရသလိုပဲ.။တကယ်လို့ သူပြောတာတွေသာ မှန်လာမယ် ဆိုရင် ကျွန်တော်တော့ ပိုတောင် ယုံကြည်လာဦးမှာ.."

အဲ့အချိန်မှာပဲ လင်းဖန် အကြံဥာဏ်တစ်ခု ရသွားခဲ့တယ်။သူ ဒီကို ဘာအကြံအစည်မှ မရှိပဲ ထွက်လာခဲ့ပေမယ့် ဒီလိုလူမျိုးတွေကို မသနိစွမ်းဂေဟာ အတွက် အကျိုးပြုခိုင်းရင် အတော် ထိရောက်မှာပါ။

"အကြီးအကဲ ဟီ အရုပ်လုပ်ငန်းကို လုပ်ကိုင်တာမလာ.။ကျွန်တော်တို့ အလောင်းအစားတစိခု လုပ်ကြမလား."

ဟီချန်းဟန် အနည်းငယ် စိတ်ဝင်စားသွားပြီး မေးလိုက်တယ်..။

"ကောင်းပြီ ဒီနေ့က ပျော်စရာ နေ့ပဲ..။တစ်ခြားနေတွေဆိုရင် လက်ခံမှာ မဟုတ်ပေမယ့် ဒီနေ့မိုလို့ လက်ခံလိုက်မယ်။ဒါပေမဲ့ မင်းက လောင်းချင်တယိ ဆိုရင်တော့ လောင်မယ့် အရာရှိသင့်တယ်နော်..။ဘယ်လို လောင်းချင်လဲ.."

လင်းဖန် ပြုံးလိုက်တယ်။

"ဒါက ရိုးရှငိးပါတယိ။ခင်ဗျားက ကျုပ်ကို မယုံကြည်ဖူးလို့ ပြောတယ်နော်..။ဒါပေမဲ့ ခင်ဗျား ယုံကြည်လာအောင် ကျွန်တော် ကြိုးစားနိုင်ရင် မသန်စွမ်း မိဘမဲ့ ဂေဟာ ရဲ့ ကလေးတိုင်းကို အရုပ်တစ်ခုစီပေးရမယ်။တကယ်လို့ ကျွန်တောိ မသိမ်းသွင်းနိုင်ခဲ့ရင်...အားလုံး ပျော်ပျော်ပါးပါး ကြည့်ရအောင်..ဒီအိမ်ကို ဝက်လက်စလစ်နဲ့ တစ်ပတ်ပတ်ပြေးမယ်.."

သူပြောလို့ ဆုံးသွားတဲ့ အချိနိမှာ.ဟီချန်းဟန် ဘာမှမပြောပေမယ့် ဘေးနားက လူတွေဟာ ပြောလာခဲ့ပါတယ်။

"ဒီအလောင်းအစားက စိတ်ဝင်စားစရာပဲ..ငါလည်းပါမယ်။တကယ်လို့ အစ်ကို ဟီကို သိမ်းသွင်းနိုင်ရင်ငါကလေးတွေအတွက်..အဝတ်တစ်စုံစီ လှူပေးမယ်.."

"ငါက ..ကွန်ပြူတာ ရောင်းတာဆိုတော့..လီနိုဗို အမျိုးအစား ကွန်ပြူတာ အခုတစ်ရာ လှူမယ်ကွာ.."

"ငါလည်းပါမယ်..ကလေးတွေ သင်ယူတာလွယ်တဲ့..အထောက်အကူပစ္စည်း တစ်ရာလှူမယ်။ဒီအရာတွေနဲ့ ဆိုရင်..ကလေးတွေ တတ်တာ ပိုမြန်မှာပဲ.."

ကျို့ကျို့ဟာ ဝင်ပြောလာခဲ့တယိ။

"ရှင်တို့ အကုန် အစ်ကိုဟီ ဘက်က ပါတော့ ကျွန်မက မာစတာ လင်းဘက်ကနေ လောင်းမယ်။မာစတာလင်းရှုံးရင် မာစတာ လင်းလုပ်တဲ့ အတိုင်းလိုက်လုပ်မယ်.."

အကြီးအကဲ ဂျင် ရယ်မောလိုက်တယိ။

"ငါက အသက်နဲနဲကြီးပေမယ့် နှလုံးသားထဲမှာ ငယ်နေတုန်းပဲ..။ငါလည်း မာစတာ လင်းဘက်ကနေမယ်.."

လီဟောင်လည်း မာစတာ လင်း ဘက်ကနေ..ရပ်တည်လိုက်ပါတယ်။

"ကျွန်တော်ရောပဲ..။မာစတာ လင်း ရှုံးရင် အပြင်မှာကျွန်တော်ယူလာတဲ့ ပြိုင်ကားကို အစ်ကို ဟီကိုပေးမယ်.."

ဟီချန်းဟမ် ရယ်မောလိုကထတယ်။

"ငါက မင်းကားကိုဘာလို့ ယူရမှာလဲ.."

လီဟောင် လိုက်ရယ်လိုက်တယ်။

"အစ်ကိုဟီက တကယ်အနိုင်ရမယ် လို့ထင်နေတာလား.."

ဟီချန်းဟန် ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

"မာစတာ လင်း..ကျုပ် အရှုံးကို ဝန်မခံမှာ မကြောက်ဘူးလား..။ဒါဆို မင်း သိိမ်းသွင်းလို့ရမှာ မ

ဟုတ်တော့ဘူးနော်.."

လင်းဖန် ရယ်မောလိုက်ပြီး..

"အကြီးအကဲ ဟီ ဒီလိုလူမျိုး မဟုတ်ဘူဆိုတာ ကျွန်တော် ယုံကြည်ပါတယ်..။လောင်းကစား လုပ်ရဲ တယ်ဆိုမှတော့ ရှုံူးနိမ့်မူကို ဝန်ခံရဲလို့ပေါ့..။ကျုပ်မှန်နေရင်..ဝန်ခံဖို့ ဘာများ ခက်ခဲမှာ မို့လို့လဲ..."

"ကောင်းပြီ ကောင်းပြီ..ဒါက အဓိပါယ်ရှိတယ်..။စိတ်မပူပါနဲ့..ငါ ဟီချန်းဟန်က အနည်းငယ် ခေါင်းမာပေမယ့်..လောင်းကစားနဲ့ ပတ်သက်လာရင် အရှံးကို ဝန်ခံနိုင်ပါသေးတယ်။မင်းသာ သိမ်းသွင်းနိုင်ရင် ငါ ဝန်ခံဖို့ တွန့်ဆုတိနေမှာ မဟုတ်ဘူး..."

တစ်ခြားနေရာတွေမှာ စကားပြောနေကြတဲ့ လူတွေဟာလည်း စုဝေးလာခဲ့ကြတယ်။

"ဘာတွေ လုပ်နေကြတာတုန်း...ငါတို့လည်း ပါမယ်လေ.."

"ငါလည်း ပါချင်တယ်.."

"အာ..လူငယ်လေးက အကြီးအကဲ ဟီ နဲ့ လောင်းမှာလား.။ငါကတော့ အကြီးအကဲ ဟီ ဘက်ကဲဟေ့ ."

"သူက အစ်ကိုဟီကို ဗေဒင်ပညာနဲ့ သိမ်းသွင်းချငိတာလား..။ငါ အစ်ကို ဟီဘက်က နေမယ်ကွာ..ဒါဖြစ်လာမှာ မဟုတ်ဘူး.."

လူတွေ အများကြီးဟာ ..ဟီချန်းဟန် ဘက်ကသာ ရပ်တည်နေခဲ့ကြတယ်။ ဟီချန်းဟန်ဟာ ပြုံးပြီး ပြောလိုက်ပါတယ်..။

"မာစတာလင်း...ကြည့်ရတာ မင်းကို ဘယ်သူမှ မယုံကြည်ကြဘူးထင်တယ်..။ခုချိန်နောက်ဆုတိရင် နောက်မကျ သေးဘူးနော်.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး.

"နောက်မဆုတိဘူး..။ဒီမှာ ရှိနေတဲ့ လူတိုင်းက သက်သေပဲ..နောက်မှ အရှုံးကို ဝန်ခံဖို့ အတွန့်ဆုတ်နဲ့နောိ.."

"စိတ်မပူပါနဲ့ ငါတို့ အဲလောက် အရှက်မမဲ့ ပါဘူး.."

လင်းဖန် ပြောလိုက်တယ်။

"ကျွန်တော် စိတ်ပူတာ အဲတာမဟုတ်ဘူး..။ဟိုက အစ်ကိုက ကျွန်တောိဘက်က ဆယ်သနိး လောင်းပေးချငိနေတာ..အဲတာ ခင်ဗျားတို့ သူ့ကို လျောပေးစေချင်သေးလား.."

"ပြသနာ မရှိဘူး..။မင်းနိုင်မယ် ဆိုတာဖြစ်မှ မဖြစ်နိုင်တာ..။ဘာပဲဖြစ်ဖြစ် အကြီးအကဲ ဂျင် ကိုယ်တုံးလုံးနဲ့ ပတ်ပြေးမှာကို ဆယ်သန်းနဲ့ ကြည့်ရမှာ တန်ပါတယ်.."

လင်းဖန် ရယ်လိုက်တယ်။

"အိုကေ.ဒါဆို စလိုက်ရအောင်။အကြီးအကဲ ဟီ .တကယ်လို့ မကျေနပ်တဲ့ အကြောင်းအရာတွေ ပါရင် စိတ်မဆိုးရဘူးနော်."

ဟီချန်းဟန် လက်ဝေ့ယမ်းလိုက်တယ်။

"မဆိုးပါဘူး.. ဒီမှာ လူတိုင်းစုဝေးနေတာ ပျော်စရာ ပါတီ အတွက်ပဲ..။မင်းသာ ငါ့ကို သိမ်းသွင်းနိုင်ရင် အခုကစပြီး ညီအစ်ကိုတွေ ဖြစ်ပြီပဲ..."

ကောင်းပြီ..။

ပြောစရာ ရှိတာတော့ ပြောပြီးသွားပါပြီ။

ရွေးချယ်စရာ မရှိမှတော့..ပြပွဲကို ဆက်ကယုံပါပဲ။

All Chapters