← Chapters

အပိုင်း(၁၂၇)-ရှည်လျားသောလက်ကောက်

Vol. 002 Ch. 127

အပိုင်း(၁၂၇)-ရှည်လျားသောလက်ကောက်

Vol. 002 Ch. 127

“ဆိုဖီယာတောင်တန်းအထက်မှာ ကာထားတဲ့အလွှာရှိလို့လေ၊ အဲမှာ အံ့ဖွယ်အဆင့်သားရဲတွေ အများကြီးရှိတယ်၊ မင်းက အဆင့်မြင့်ဆုံးဝိညာဉ်  ဖြစ်ရင်တောင် မင်းထွက်သွားတာနဲ့ အံ့ဖွယ်အဆင့်သားရဲ အကောင်ပေါင်းရာချီ တွေ့ရလိမ့်မယ်၊ အမှားတစ်ခုလောက်နဲ့ မင်းအသက်ဆုံးပြီးသာမှတ်” ဝူရန်ဖေ ပြောထားသည်။

“ဝိညာဉ်သားရဲရာချီ” ဖက်တီးကျူသက်ပြင်းရှိုက်လိုက်သည်။ အဲဒီဆိုဖီယာတောင်တန်းက တကယ်ပဲအန္တရာယ်ကြီးတာလား။

ပူလွောင်တောင်တန်းမှာတုန်းက သူတော်စင်အဆင့် မျောက်ဝံသာရှိခဲ့သည် သို့သော် ဆိုဖီယာတောင်တန်းတွင်တော့ သူတော်စင်အဆင့်သားရဲရာပေါင်းများစွာရှိသည်။ အားလုံးသည် အလွန်အမင်းအံ့သြနေခဲ့သည်။

“အပြင်မှာ သူတော်စင်အဆင့်သားရဲတွေရှိတော့ ကာကွယ်ထားတဲ့ အတားအဆီးရှိတာမဆန်းပါဘူး၊ အဲဒါကြောင့်ပဲ ဘယ်သူမှထွက်လို့မရတာပေါ့” အားလုံးသည် နောက်ဆုံးတွင် နားလည်သွားကြသည်။

“ယူယူ ဒီအကြောင်းကို ဝူရန်ဖေ အရှင်းလင်းဆုံးပြောနိုင်မယ်ဆိုတာ မင်းဘယ်လိုသိလဲ” ဘေဂုံထန်မေးလိုက်သည်။

“ငါမှန်းကြည့်တာပါ” ရှီမာယူယူပြောလိုက်သည်။

“မင်းက ဉာဏ်ကောင်းတာပဲ မင်းအမြဲမှန်းတတ်တယ်” ဖက်တီးကျူပြောလိုက်သည်။

“ဝူရန် မင်းမြို့တော်ကို ဘယ်အချိန်ကရောက်တာလဲ” ဝေကျိရွှီ မေးလိုက်သည်။

ဝူရန်ဖေ တစ်ခဏတာမျှစဉ်းစားကာ ပြောလိုက်သည် “ကျောင်းက ကျောင်းသားသစ်တွေမခေါ်ခင် နှစ်လလောက်က”

သူထိုသို့ ပြုမူနေသည်ကို ကြည့်ကာ သူသည် ခက်ခက်ခဲခဲဖြေရသည်ကို အားလုံးသိကြသဖြင့် သူ့အားထပ်မမေးတော့ပေ။

“အရင်ကမသိခဲ့တော့ ထားတော့၊ အခုသိသွားပြီဆိုတော့ တစ်နေ့တော့ အပြင်ကိုထွက်ပြီးသေချာပေါက်သွားကြည့်ရမယ်” ဝေကျိရွှီသည် လက်သီးဆုပ်ကာ မသိခဲ့ရသော ကမ္ဘာကို တမ်းတနေခဲ့သည်။

“အဲမတိုင်ခင် အားလုံးသေချာကျင့်ကြံပြီး စွမ်းအားတွေတိုးလာအောင်လုပ်ရမယ်” ဘေဂုံထန်ပြောလိုက်သည် “တခြားမရှိတော့ရင် ငါတို့အခန်းပြန်တော့မယ်”

“ငါတို့လည်းပြန်တော့မယ်” ဖက်တီးကျူပြောလိုက်သည် “ငါမလစ်တော့ဘူး၊ အခွင့်အရေးရတာနဲ့ ကျင့်ကြံတော့မယ်၊ ဒီမှာ တစ်သက်လုံးပိတ်မိမယ်လို့တော့မထင်ဘူး”

ဝေကျိရွှီမတ်တတ်ရပ်ကာ ပြောလိုက်သည် “ငါလည်းပြန်တော့မယ်”

သူတို့သုံးယောက်ပြန်သွားသောအခါ ဝူရန်ဖေနှင့် ရှီမာယူယူတို့သာကျန်ခဲ့လေသည်။

“ငါက ဒုံချန်းနိုင်ငံကလူမဟုတ်တာ မင်းဘယ်လိုသိလဲ” ဝူရန်ဖေ ရှီမာယူယူအားကြည့်ကာ မေးလိုက်သည်။

“ငါပြောခဲ့တယ်လေ၊ မှန်းကြည့်တာပါလို့” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ပြီးတော့ ခံစားလို့ရတယ်၊ ဝူရန် မင်းဘာတွေပဲကြုံခဲ့ကြုံခဲ့ အနည်းဆုံးတော့ မင်းအခုဒီရောက်နေပြီ၊ မင်းတွေ့ကြုံခဲ့ရတာတွေကို ငါတို့ကိုပြောချင်တယ်ဆိုရင် မင်းပြောလိုက်၊ မင်းမပြောချင်ဘူးဆိုရင်လည်း ဘယ်သူမှမင်းကို အပြစ်မတင်ဘူး”

“ငါသိပါတယ်၊ ဒါပေမယ့် ဒီအကြောင်းတွေကို မင်းတို့အားလုံးမသိတာပိုကောင်းပါတယ်” ဝူရန်ဖေမတ်တတ်ရပ်လိုက်သည် “ငါပြန်တော့မယ်”

ဝူရန်ဖေ ထွက်သွားသည်ကို ရှီမာယူယူကြည့်ကာ သက်ပြင်းချလိုက်သည်။ သူနှင့် ဘေဂုံထန်တို့သည် လျှို့ဝှက်ချက်များသော သူများဖြစ်ကြသည်။ ထို့နောက်တွင် သူမ၏သရုပ်မှန်…. ကြည့်ရသည်မှာ ဝေကျိရွှီနှင့် ဖက်တီးကျူတို့သည်သာ သူတို့အုပ်စုတွင် အပူအပန်မရှိသော ပတ်ဝန်းကျင်တွင်ကြီးပြင်းခဲ့ကြသည်။

“ဟူး” ရှီမာယူယူ သက်ပြင်းရှည်ချကာ တံခါးပိတ်လိုက်ပြီး လျင်မြန်စွာ ဝိညာဉ်ပုလဲအတွင်းသို့ ဝင်ခဲ့လေသည်။

မိုရှားသည် သူမအားစောင့်နေခဲ့သည်။ သူမအားမြင်သော်အခါ သူပြောလိုက်သည် “ငါတို့ ဒီနေ့ဆေးမဖော်ဘူး”

“ဘာလို့လဲ” ရှီမာယူယူ တစ်ခဏမျှကြက်သေသေသွားကာ မေးလိုက်သည်။

“မင်းရဲ့ လက်ရှိအခြေအနေကမကောင်းဘူး၊ အဲဒါက ဆေးဖော်ရာမှာအကျိုးသက်ရောက်လိမ့်မယ်၊ မင်းအခြေအနေတည်ငြိမ်တဲ့အချိန် နှစ်ရက်လောက်မှဆက်မယ်” မိုရှားအေးစက်စွာပြောလိုက်သည်။

ရှီမာယူယူ သူမ၏ လက်ရှိအခြေအနေကိုစဉ်းစားလိုက်ရာ စိတ်ရောကိုယ်ပါနှစ်၍ ဆေးဖော်ရန်မဖြစ်နိုင်သည်ကို သိသည်။ သူမ အောင်မြင်လျှင်လည်း အပျက်သဘောဆောင်မည့် ရလဒ်ရနိုင်မည်။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပြီ”

“ပြီးတော့ ငါဝိညာဉ်ကျောက်တုံးလုပ်တာပြီးသွားပြီ” မိုရှားပြောပြီးသည်နှင့် နတ်ဆိုးညွှတ်ပန်းလက်ကောက်သည် သူတို့နှစ်ယောက်ရှေ့တွင်ပေါ်လာလေသည်။

“ဒါလား”

ရှီမာယူယူ လက်ဆန့်ထုတ်ကာ လက်ကောက်အားအနည်းငယ်ထိလိုက်သည်။ ထိုလက်ကောက်သည် အာရုံခံနိုင်သည့်ပုံပင်၊ သူမလက်ကောက်ဝတ်တွင် အလိုလိုပတ်ပြီးသားဖြစ်သွားသည်။ သူမ၏ ဖြူဖွေးသော လက်ကောက်ဝတ်တွင် ထူးခြားသော ဆွဲဆောင်မှုဖြစ်နေသည်။

“ဒီလက်ကောက်က ဝိညာဉ်ပုလဲထဲက ဆေးဖက်ဝင်ပစ္စည်းနဲ့ ဝိညာဉ်ကျောက်တုံးကိုသုံးပြီးလုပ်ထားတဲ့ လက်ကောက်ပဲ၊ ဝိညာဉ်ထည့်မှ သုံးလို့ရတာ” မိုရှားပြောလိုက်သည်။

“မင်း ဝိညာဉ်ပုလဲထဲမှာအဆင်မပြေလို့လား” ရှီမာယူယူမေးလိုက်သည်။

“ငါက ဝိညာဉ်ပုလဲ အတွင်းရော အပြင်ကိုပါမြင်နိုင်ပေမယ့် ငါ့ဝိညာဉ်တစ်ခြမ်းကိုသာ ခံစားလို့မရတာ” မိုရှားပြောလိုက်သည်။ “မင်းရဲ့ လက်ကောက်ဝတ်မှာ ဒါကိုဝတ်ထားရင် အဝေးမှာရှိရင်တောင် မင်းရဲ့အပြုအမူကိုငါခံစားလို့ရတယ်၊ ငါ့ဝိညာဉ်တစ်ဝက်ကို မင်းတွေ့တဲ့အချိန်ကျရင် ဒါမှမဟုတ် သူသာ ဝေးဝေးမှာရှိမနေရင် ငါခံစားလို့ရတယ်”

“သြော်အဲလိုလား” ရှီမာယူယူလက်မြောက်လိုက်ကာ သူမလက်ကောက်ဝတ်မှ လက်ကောက်အားကြည့်ကာ မေးလိုက်သည် “ဒါက မင်းရဲ့ ဝိညာဉ်ထည့်ထားတယ်ဆိုတော့ တခြားဝိညာဉ်တွေကျဘယ်လိုလုပ်မလဲ”

မိုရှားသူမအားကြည့်ကာ ပြောလိုက်သည် “ငါက တခြားသူတွေကို ငါနဲ့အတူတူနေခိုင်းမယ်ထင်နေလားဓ

သူ့စကားနောက်ကွယ်မှအဓိပ္ပာယ်သည် ရှင်းလင်းသည်။ သူမအလိုမရှိသောကြောင်ြ့ဖစ်သည်။ သူမသာ တခြားဝိညာဉ်များကို အဝင်ခံပါက အထဲတွင် ကြည့်တောင်မကြည့်ပဲအမျိုးဖြုတ်ပစ်လိမ့်မည်။

“ငါရှေ့လျောက်ဒီမှာရှိပေမယ့် အထဲက ရွှေမြွေအသီးကထုတ်တဲ့ အငွေ့ကိုတောင်စုပ်ယူလို့ရသေးတယ်” မိုရှားစကားပြောပြီးသည်နှင့် အမည်းရောင်အငွေ့အဖြစ်ပျောက်သွားကာ လက်ကောက်အတွင်းဝင်သွားလေသည်။

ရှီမာယူယူ လက်ကောက်အားထိလိုက်ကာ ပြောလိုက်သည် “ဒီလူက ဒီဟာကိုလုပ်တာဆိုတာတော့မသေချာဘူး၊ ဒါပေမယ့် ပုံစံကိတော့မဆိုးပါဘူး၊ သာမာန်ဝိညာဉ် အဆင်တန်ဆာတော့မဟုတ်လောက်ဘူး၊ မြင့်မြတ်တဲ့ ဒါမှမဟုတ် အံ့ဖွယ်အဆင့် တန်ဆာဖြစ်နိုင်တာပဲ လှလိုက်တာ ငါဒါကို နတ်ဆိုးညွှတ်လက်ကောက်လို့ပဲခေါ်တော့မယ်”

မိုရှား ဆေးမဖော်ဘူးဟုပြောလိုက်သဖြင့် သူမသည် ကျင့်ကြံသည့်အခန်းသို့သွားကာ ကျင့်ကြံပြီး သူမစိတ်အား မူလအတိုင်း ပြန်ကုစားလေသည်။

နှစ်ရက်အကြာတွင် ဆေးစတင်ဖော်ရန် မိုရှားပြောလာသည်။ ရှီမာယူယူ လက်ကောက်အားယူကာ ဝိညာဉ်ပုလဲအတွင်းဝင်လိုက်သည်။

နှစ်ရက်လောက်နားပြီးနောက်တွင် ရှီမာယူယူ၏စိတ်ဘောင်သည် အားပြန်ပြည့်ကာ မိုရှား၏ ဆေးဖော်စပ်မှုတွင် ကျေနပ်လောက်စရာဖြစ်ခဲ့သည်။

သူတို့ ဆေးဖော်သည့်အခန်းရောက်ချိန်တွင် ဝိညာဉ်လေးသည် သူ့အကျင့်အတိုင်း ဆေးဖော်ရန် လိုအပ်သည့်အရာအားလုံးကိုပြင်ဆင်ပြီးဖြစ်လေသည်။ သူတို့နှစ်ယောက်သည် စစ်ဆေးပြီး ဆေးဖော်ခြင်းလုပ်ငန်းစဉ်ကို စတင်တော့သည်။

အရင် ဆေးဖော်ခဲ့သည့် အတွေ့အကြုံများကြောင့် ဆေးဖော်ခြင်းလုပ်ငန်းစဉ်သည် အရင်ကထက်ချောမွေ့ခဲ့သည်။ ရှီမာယူယူသည်ပင်လျှင် ဆန့်ကျင်ရေးဆေးတစ်ရာဖော်ရာတွင် လိုအပ်သော ဝိညာဉ်ချီကိုရင်းနှီးပြီးဖြစ်၍ သူမခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီကိုထုတ်ယူသော်လည်း အရင်တုန်းကလောက် မပင်ပန်းတော့ပေ။

“ပြီးသွားပြီ” မိုရှား မီးတောက်အားငြှိမ်းကာ ပင်ပန်းနေသော ရှီမာယူယူအားကြည့်လိုက်သည်။ သူပြောလိုက်သည်မှာ “မင်းရဲ့ခန္ဓာကိုယ်မှာ ဝိညာဉ်ချီတွေနည်းလာပေမယ့် အဲဒါကလည်း အကျိုးှရှိစေမှာပဲ၊ နောက်တစ်ခါ ဝိညာဉ်ချီတည့်တဲ့အခါကျရင် မင်းပိုပြီးအာရုံစိုက်နိုင်ပြီး မင်းရဲ့အားလည်းတိုး လာမယ်၊ မင်းလွယ်လွယ်နဲ့ အားလျော့တော့မှာမဟုတ်ဘူး”

“ငါနားလည်ပါတယ်” ရှီမာယူယူမြေပေါ်သို့ထိုင်လိုက်ကာ ဖျော့တော့သော မျက်နှာဖြင့်ပြောလိုက်သည်။

မိုရှား နတ်ဆိုးညွှတ်လက်ကောက်အတွင်းဝင်သွားသည်နှင့် ရှီမာယူယူ ဆေးထုတ်ကာစားလိုက်သည်။ သူမ ခန္ဓာကိုယ်မှ စွမ်းအင်များ ပြန်ပြည့်သွားကာ ထပြီး ဆေးဖိုဘေးလာကာ ဆေးများကိုသိမ်းလိုက်သည်။

ဆေးများသည် ကျောက်စိမ်းပုလင်းအတွင်း တစ်လုံးပြီးတစ်လုံးဝင်သွားကာ သူမသည် နောက်ဆုံးအချိန်တွင် ကြက်သေသေသွားခဲ့သည်။ သူမသည် လက်ဖဝါးအတွင်းသို့သွန်ချကာ သူမမှားတွက်မိမည်စိုးသဖြင့် ထပ်ရေတွက်လိုက်သည်။

“မိုရှား ဆေးက တစ်ခါထွက်ရင် အများဆုံးဆယ်လုံးပဲထွက်မယ်လို့ ပြောခဲ့တာလား၊ ဒီတစ်ခါ ဘယ်လိုလုပ်ဆယ့်တစ်လုံးထွက်နေတာလဲ”

မိုရှား၏ ပျင်းရိသောအသံသည် နတ်ဆိုးညွှတ်လက်ကောက်အတွင်းမှ ထွက်လာသည်။ သူပြောသည်မှာ “ငါ့ ခန္ဓာကိုယ်နဲ့တုန်းက တစ်သုတ်ဆို အနည်းဆုံးဆယ်လုံးထုတ်နိုင်တယ်၊ အခုငါ ဝိညာဉ်ပုံစံနဲ့ဆိုတော့ ဆယ်လုံးတောင်မနည်း ထုတ်နေရတယ်”

“သြော်” ရှီမာယူယူ ဆေးများကိုထုတ်ကာ ပျော်ရွှင်စွာကြည့်လိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်ကဖော်ထားတာနဲ့ပေါင်းရင် ဆယ့်နှစ်လုံး၊ ဒီတစ်ခါတော့ ငါဆေးရှစ်လုံးပဲလိုတယ်၊ အခုငါ့မှာ အပိုသုံးလုံးရှိတယ်၊ ငါဝိညာဉ်ချီ အားပြန်ပြည့်တာနဲ့ အဘိုးနဲ့တခြားသူတွေ စောစောစားလို့ရအောင်သွားပေး  လိုက်မယ်”

သူမသည် ဆန့်ကျင်ရေးဆေးတစ်ရာကို သူမမှော်ဝင်လက်စွပ်အတွင်းထည့်ကာ ခြေထောက်ချိတ်ပြီး ကြမ်းပြင်တွင်ထိုင်လိုက်သည်။ သူမသည် ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများကို စတင်စုပ်ယူတော့သည်။

ထိုအချိန်တွင် လူတစ်စုသည် ဆိုဖီယာတောင်တန်းကိုဖြတ်ကာ ဒုံချန်းနိုင်ငံကိုဝင်လာကာ မြို့တော်သို့ တည့်တည့်ဦးတည်လာလေသည်။ ရှီမာလိုင်သာ ထိုနေရာတွင်ရှိလျှင် ထိုနေ့က သူ့အား ဒဏ်ရာရအောင်လုပ်ခဲ့သည့်သူကို သေချာပေါက်မှတ်မိလိမ့်မည်….

All Chapters