← Chapters

အခန်း (၂၂၆)

Vol. 16 Ch. 226

အခန်း (၂၂၆)

Vol. 16 Ch. 226

“ပဲဂဆက်..ဒါကို...ဟားဟား ငါတကယ်ရှာနိုင်တာပဲ...ဒါအထင်ကြီးစရာပဲ..” ဖှေးသူ၏မေးစေ့ကိုပွတ်သပ်နေရင်းဖြင့် အကြံကောင်းတစ်ခုကို တွေးလို

က်မိသည်။

မကြာမှီတွင်...

“အမြင့်ဆုံးမျှော်စဥ်ပေါ်မှာ ငါ့ကိုလာတွေ့ကြ...”

ဖှေး၏ အသံကို လမ်းပါ့ဒ်၊ အိုလတ်ဂ်၊ တိုးရိစ်၊ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့၏နားထဲတွင် ကြားလိုက်ရသည်။ သူတို့သည် တစ်ညလုံးမအိပ်ကြသေးပေ။ ခံတပ်အ

တွင်းတွင် လှည့်လည်ကာ ကင်းပတ်နေခြင်းအပြင် သူတို့၏စွမ်းအားများကို အချိန်ရသ၍လေ့ကျင့်ရန်လည်းအတက်နိုင်ဆုံးကြိုးစားနေကြသည်။ လာမည့်စစ်ဘက်ဆို

င်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင် ချမ်းဘော့ဒ်ကိုသူတို့အားလုံးရလဒ်ကောင်းကောင်းရစေလိုသောကြောင့်ပင်။ ဖှေး၏ပခုံးပေါ်မှ ၀န်ထုပ်၀န်ပိုးများကိုလျှော့ချနိုင်ရန်အတွက်

သူတို့အားလုံးအတက်နိုင်ဆုံးမိမိကိုယ်မိမိ တင်းကြပ်ကာ ကြိုးစားနေကြသည်။ ဖှေးအသံကိုကြားလိုက်သည့်အချိန်တွင် သူတို့အားလုံးလေပေါ်တွင် ၀ဲပျံကာအမြင့်

ဆုံးမျှော်စဥ်ခေါင်မိုးထိပ်ပေါ်သို့ တိတ်ဆိတ်စွာဖြင့်ရောက်ရှိလာကြသည်။

“အရှင်မင်းကြီး...” သူတို့ခြောက်ယောက်မှာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကာအရိုသေပေးလိုက်သည်။

“ထကြ...” ဖှေးမျှော်စဥ်အဆုံးတွင် ရပ်နေရင်းဖြင့်ပြောလိုက်သည်။ ညဘက်တွင် တိုက်ခတ်နေသည့် လေပြေအေးသည် သူ၏အမဲရောင်ဆံပင်များနှင့် အ

င်္ကျီများကို လေးထဲတွင်လွှင့်မြောကာနေစေသည်။ ဖှေးကောင်းကင်ပေါ်သို့ ညွှန်ပြလိုက်ပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “မင်းတို့အတွက်ကတော့ ကောင်းက

င်ပေါ်ကကြယ်တွေက တောက်ပနေပြီးရေတွက်လို့မရနိုင်ဘူးလို့ထင်နေကြမယ်ထင်တယ်။ ဒါပေမယ့် ကောင်းကင်ပေါ်ကကြယ်တွေက သူ့ပါသူရောက်ချင်တဲ့နေရာ

ရောက်နေကြတာမဟုတ်ပဲ..သူ့နေရာနဲ့သူမှာ စနစ်တကျတည်ရှိနေကြတယ်ဆိုတာကို မင်းတို့သတိထားမိကြလား...သူတို့က ကောင်းကင်မှာ သူ့နေရာနှင့်တူရှိ

နေကြပြီး အတူပူးပေါင်းပြီး ကြယ်နက္ခတ်လို့ခေါ်တဲ့အရာတွေကို ဖန်တီးပေးနေကြတယ်...ကောင်းကင်ပေါ်မှာ စုစုပေါင်းကြယ်တာရာနက္ခတ်ပေါင်း၈၈ခုရှိတယ်လေ

...”

“ကြယ်တာရာနက္ခတ်တွေလား...”

အေဇာရုတိုက်တွင်ရှိသည့်လူများသည်လည်း ကြယ်တာရာများကိုလေ့လာကြဖူးပြီး၊ သီအိုရီအမျိုမျိုးနှင့် ကြယ်ပွင့်များနှင့်ပတ်သက်သည့် ပါးစပ်ပြောပုံပြင်များလ

ည်းမြောက်များစွာရှိ၏။ သို့သော် ကြယ်တာရာနက္ခတ်ဟူသည့်စကားလုံးမှာ သူတို့အတွက်အသစ်အဆန်းဖြစ်နေကြသည်။ သူတို့အားလုံးဘုရင်မည်သည့်အတွက်ကြောင့်

ဤကဲ့သို့ပြောနေခြင်းမသိသော်လည်း သူတို့အားလုံးတိတ်ဆိတ်စွာဖြင့်စိတ်ရှည်လက်ရှည်နားထောင်နေကြ၏။

“ပုံပြင်တွေအရဆိုင်ရင် ကောင်းကင်ပေါ်မှာရှိတဲ့ ကြယ်နက္ခတ်၈၈ခုက မြေပြင်ပေါ်မှာရှိတဲ့ စွမ်းအားအကြီးဆုံးစစ်သည် ၈၈ယောက်ကိုကိုယ်စားပြုတယ်တဲ့လေ..

.အဲ့စစ်သည်တွေက ချစ်ခြင်းမေတ္တာနဲ့ တရားမျှတမှုကို ကာကွယ်ဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ အသက်ရှင်နေနေကြတဲ့လူတွေ။ သူတို့ရဲ့လက်သီးတွေက ဟင်းလ

င်းပြင်ကို နှစ်ခြမ်းခွဲနိုင်ပြီး သူတို့ရဲ့ခြေထောက်တွေကမြေပြင်ကို အက်ကွဲစေနိုင်တယ်။ သူတို့မှာ ပြိုင်ဘက်ကင်းတဲ့စွမ်အားတွေရှိကြတယ်လေ။ သူတို့ရဲ့နာမည်ကို

တော့မင်းတို့ကြားဖူးပြီးသားဖြစ်မှာပါ သူတော်စဥ်ဆဲယာလေ။ အဲ့တာကြောင့် ငါက ဘုရင့်အစောင့်တပ်ဖွဲ့ကိုသူတော်စဥ်ဆဲယာတပ်ဖွဲ့ဆိုပြီး အမည်ပြောင်းပေးခဲ့တာပဲ

...” သေချာကြည့်ကြည့်က မြောက်ဘက်မှာရှိတဲ့ ကြယ်၉၆လုံးနှင့် ပြုလုပ်ထားတဲ့ကြယ်နက္ခတ်က ခြင်င်္သေ့တစ်ကောင်ဟိန်းနေတဲ့ပုံနဲ့တူတယ်မလား...”

သူတို့ခြောက်ယောက်သား ဖှေးညွှန်ပြနေသည့်အရပ်သို့ကြည့်လိုက်ကြရာ ကြယ်ပေါင်းများစွာကို တွေ့လိုက်ရသည်။ ထိုကြယ်များကို သူတို့၏ စိတ်ကူးဖြင့်မျဥ်းများ

ဆက်ကြည့်ပြီး ပုံဖော်ကာကြည့်လိုက်သည့်အခါတွင် အမှန်တကယ်ပင် ခြင်္သေ့တစ်ကောင်ဟိန်းဟောက်နေသည့်ပုံဖြင့်တူသည်ကိုတွေ့လိုက်ရသည်။

“အဲ့ကြယ်နက္ခတ်ကိုတော့ လီရိုလို့ခေါ်တယ်...”

ဖှေးပြောရင်းဖြင့်တစ်ဖက်သို့လှည့်ကာ သူတို့အားကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် လမ်းပါ့ဒ်ထံသို့ကျရောက်သွားပြီးပြောလိုက်သည်။ “ရွှေရောင်လီရိုသူ

ရဲကောင်းက လီရိုသူတော်စဥ်ဆဲယာကို မှီငြမ်းထားတာပဲ...သူရဲ့အစွယ်တွေကို အသုံးပြုပြီး ရန်သူကို အပိုင်းပိုင်းဖြစ်အောင်ဆုတ်ဖြဲပစ်နိုင်တယ်...သူ့ရဲ့လက်

သီးတွေကလဲ လျှပ်စီးစွမ်းအားတွေနဲ့ပြည့်နှက်နေတယ်..”

ဖှေးထိုကဲ့သို့ပြောနေရင်းဖြင့် လက်ကိုဆန့်တန်းလိုက်ရာ ခြင်္သေ့တစ်ကောင်ပုံပါရှိသည့် သံမဏိသေတ္တာတစ်လုံးသည် ဘယ်နေရာမှရောက်ရှိလာမှန်းမသိပဲပေါ်ပေါက်

လာ၏။ လူတိုင်းသေတ္တာအားစိတ်၀င်တစားဖြင့်စိုက်ကြည့်နေစဥ်မှာပင် ဖှေးသေတ္တာကိုဖွင့်လိုက်သည်။ အပြင်သို့ခုန်ထွက်တော့မည်ဟုထင်ရသည်အထိပင် အသက်၀

င်လှသည့် သံမဏိခြင်္သေ့ရုပ်တစ်ကောင်ကိုတွေ့လိုက်ရတော့သည်။

“လီရို သူတော်စဥ်ချပ်၀တ်ပဲ ဖရန့်လမ်းပါ့ဒ်။ ဒီသူတော်စဥ်ချပ်၀တ်က ဦးလေးအတွက် အထူးဒီဇိုင်းဆွဲပြီးပြုလုပ်ထားတာပဲ....ဦးလေး၀တ်ဆင်လိုက်တာရဲ့ လီရီု

ရဲ့အစွမ်းတွေကို ခံစားရလိမ့်မယ်...”

ဖှေးစကားပြော၍ မပြီးဆုံးသေးခင်မှာပင် မှော်ဆန်သည့်အဖြစ်ပျက်တစ်ခုမှာ စတင်ဖြစ်ပျက်တော့သည်။

လီရိုသူတော်စဥ်ချပ်၀တ်မှာ အမှန်တကယ်ပင် စတင်၍အသက်၀င်လာတော့သည်။ ထူးဆန်းသည့် စွမ်းအားတစ်ခုကို ထုတ်လွှင့်ကာ လေပေါ်တွင်၀ဲပျံနေသည်။ တ

စ်ချိန်တည်းမှာပင် လမ်းပါ့ဒ်သည် ဤစွမ်းအား၏ဆွဲငင်ခြင်းကို ခံလိုက်ရသကဲ့သို့ပင် သူ၏အတွင်းအားများကို အသုံးပြုခြင်းမရှိပဲ လေပေါ်တွင်စတင်၍ ၀ဲပျံလာသည်။

သူလေပေါ်တွင် ၀ဲပျံနေဆဲတွင် သူတော်စဥ်ချပ်၀တ်သည် ရုတ်တရက်တောက်ပသည့်အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး အပိုင်း၉၆ပိုင်းခွဲဖြာသွားတော့သည်။

ထိုအစိတ်ပိုင်းများသည် လမ်းပါ့ဒ်ထံသို့ပျံသန်းသွားကြပြီး လမ်းပါ့ဒ်ကိုယ်ပေါ်တွင် စတင်၍တပ်ဆင်တော့သည်။

“ဖုန်း...”

သူမြေပြင်ပေါ်သို့ပြန်ကျသည့်အချိန်တွင် မျှော်စဥ်တစ်ခုလုံးပင်တုန်ခါသွားသည်။

အိုလတ်ဂ်၊ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့မှာ အံ့သြလှသဖြင့်မျက်လုံးများပြူးကျယ်နေကြသည်။

သူတို့၏အရှေ့တွင် လမ်းပါ့ဒ်သည် ထူးဆန်းသည့်ပုံစံရှိသည့် ချပ်၀တ်တစ်စုံကိုခန္ဓာကိုယ်ပြည့် ၀တ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်အစိတ်ပိုင်းများအားလုံးကို ချပ်၀

တ်အစိတ်ပိုင်း၉၆ခုလုံးမှ အပြည့်၀ဖုံးလွှမ်းကာ ကာကွယ်ထား၏။ ချပ်၀တ်၏ အစိတ်ပိုင်းတစ်ခုစီတိုင်းသည် ပြီးပြည့်စုံနေသည်။ သူတို့သည် ခန္ဓာကိုယ်အစိတ်ပိုင်း

များကို ကာကွယ်ထားသော်လည်း လမ်းပါ့ဒ်၏ ရွှေ့လျားမှုများကိုမူ နှောင့်နှေးစေခြင်းမရှိပေ။ ကမ္ဘာပေါ်တွင် ဤမျှပြီးပြည့်စုံသည့် ချပ်၀တ်တစ်ခုရှိလိမ့်မည်ဟု သူ

တို့တစ်ယောက်မှ မတွေးခဲ့ဖူးကြချေ။

လမ်းပါ့ဒ်ကိုယ်တိုင်သည်လည်းကျက်သေသေကာ အံ့သြနေသည်။

သူသည် တစ်ခါမှမကြုံဖူးသေးသည့်စွမ်းအားနှင့် သက်တောင့်သက်သာရှိခြင်းတို့ကို ခံစားလိုက်ရသည်။ ဤချပ်၀တ်သည် သူနှင့် သွေးသားခြင်းပင်ဆက်နွယ်နေသ

ည်ဟု ခံစားရ၏။ သူချပ်၀တ်ကို၀တ်ဆင်လိုက်သည့်အချိန်တွင် ထိုချပ်၀တ်သည်လည်း သူ၏ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုဖြစ်လာသကဲ့သို့ပင်။ သာမန်ချပ်၀တ်များကို

၀တ်ဆင်ရသကဲ့သို့ လေးလံခြင်း၊ လှုပ်ရရှားရအဆင်မပြေဖြစ်ခြင်းများကိုမူ မခံစားရချေ။ ထို့အစား လှုပ်ရရှားရသည်မှာ သာမန်ထက်ပင် ပျော့ပျောင်းကာ ငြင်

သာနေ၏။

စွမ်းအား....

ဤသည်မှာ သူတော်စဥ်ချပ်၀တ်ကို ၀တ်ဆင်လိုက်ရသည့်အတွက် လမ်းပါ့ဒ်ခံစားရသည့်တစ်ခုတည်းသောအရာပင်။

ဤပြပွဲ၏ ဒါရိုက်တာဖြစ်သူဖှေးကိုယ်တိုင်သည်လည်း အံ့သြမိနေသည်။ သူသည် မကြားရသည်မှာ ကြာပြီဖြစ်သည့် အေးစက်စက်နှင့် လျို့၀ှက်ထူးဆန်းသည့်အ

သံကြီး သူမြင်နေရသည့် အဖြစ်ပျက်ကိုရှင်းပြနေသည်ကိုနားထောင်နေ၏။

“[ပေး၀ေခြင်း]ကိုစတင်လိုက်ပါပြီ။ အသင်ဖရန့်လမ်းပါ့ဒ်ကို လီရိုကြယ်နက္ခတ်ရာထူးပေးပြီး လီရိုသူတော်စဥ်ချပ်၀တ်ကို ပေးလိုပါသလား...”

သုံးစက္ကန့်အကြာတွင် အေးစက်စက်အသံတစ်ခုကို ဖှေး၏ခေါင်းထဲတွင်ကြားလိုက်ရ၏။ ဖှေးသည် ဤအသံကိုမကြားရသည်မှာကြာပြီဖြစ်ပြီး သူပြောလိုက်သည့်အ

ရာကြောင့် အံ့သြသွား၏။

ဤအသံသည် ဒိုင်ယာဘလိုကမ္ဘာနှင့်ဆက်နွယ်နေမည်ဖြစ်ပြီး “ဂိမ်းကစားစနစ်”၏အသံဖြစ်မည်ကို ဖှေးကြိုတင်ခန့်မှန်းမိပြီးဖြစ်သည်။ သို့သော် ယခုအခါတွင်မူ

ထိုအသံမှာ ရုတ်တရက်ပေါ်ပေါက်လာပြီး ဖှေးအား “ကြယ်တာရာရာထူး”နှင့် “လီရိုသူတော်စဥ်ချပ်၀တ်” အကြောင်းကိုပြောလျှက်ရှိ၏။ ဤအချက်မှာ ချက်

ချင်းပင် ဖှေး၏ယခင်ကတွက်ချက်ထားခဲ့သည့် သီအိုရီကိုပြောင်းပြန်လှန်ပစ်လိုက်သည်။ ဤအသံမှာ ဒိုင်ယာဘလိုကမ္ဘာနှင့် ဆက်နွယ်ကောင်းဆက်နွယ်နေနိုင်သော်

လည်း ဒိုင်ယာဘလိုကမ္ဘာတစ်ခုတည်းနှင့်သာ သက်ဆိုင်သည့်ပုံမရချေ။ ဤအေးစက်စက်နှင့် လျို့၀ှက်ထူးဆန်းသည့်အသံပိုင်ရှင်မှာ ဒိုင်ယာဘလိုဂိမ်းစနစ်ကို ထိန်းချု

ပ်နေသည့်လူဖြစ်နိုင်သည်။

သို့သော် ယခုအချိန်တွင်မူဖှေးတွင် ထိုကိစ္စအားစဥ်းစားနေရန်အတွက် အချိန်မရှိသေးပေ။ သူချက်ပင်းပင် ပေးမည်ဖြစ်ကြောင်းကိုအတည်ပြုလိုက်သည်။

ထို့နောက်တွင် ယခင်ကဖော်ပြသည့်အရာတစ်ခုဖြစ်ပျက်သွားခဲ့ခြင်းပင်။

ဖှေးကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ပြီး ချယ်စီနတ်ဆိုးအရိုးများနှင့် မဟူရာသတ္တုများကိုအသုံးပြုကာ ထုလုပ်ထားခဲ့သည့် လီရိုသူတော်စဥ်ချပ်၀တ်မှာ မျက်စိစူးစေသည့်အလ

င်းရောင်တမျိုးဖြင့် တောက်ပနေ၏။ ချပ်၀တ်အစိတ်ပိုင်း ၉၆ပိုင်းမှာ လေပေါ်တွင်၀ဲ လမ်းပါ့ဒ်ခန္ဓာကိုယ်ထံသို့ အလိုအလျာက်ပင် ပျံသန်းသွားသည်။

All Chapters