← Chapters

အခန်း (၂၂၇)

Vol. 16 Ch. 227

အခန်း (၂၂၇)

Vol. 16 Ch. 227

နတ်ဘုရားပေးသည့်အစွမ်း [ပေးဝေခြင်း]သည် ဖှေး သူပုန်စခန်း၏ မဟာခေါင်းဆောင်ဖြစ်လာခဲ့စဥ်ကရရှိခဲ့သည့် အစွမ်းသုံးခုထဲမှ တစ်ခုဖြစ်သည်။

ဖှေးချက်ချင်းပင်ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားလိုက်မိသည်။ သူသူပုန်စခန်းမြေပုံအား သူ၏ဇာတ်ကောင်၇ခုလုံးဖြင့် အောင်မြင်ပြီးသည့်အချိန်တွင် သူပိုင်ဆိုင်ထားသည့် နတ်ဘုရားပေးသည့်အစွမ်းသုံးခုမှာလည်း လယ်ဗယ်မြှင့်တင်သွားဖြင်းဖြစ်ပေလိမ့်မည်။ ယခုလက်ရှိပုံအရဆိုပါက ထိုအစွမ်းများလယ်ဗယ်မြင့်တက်သွားခြင်းမှာ ဖှေးထင်ထားသည်ထက်ပင် ပို၍သာလွန်နေ၏။ လယ်ဗယ်မမြင့်ရသေးခင်က ဖှေးသည် ပေးဝေခြင်းကို အသုံးပြု၍ ဒရော့ဂ်ဘာကို တောရက်စ်ဦးဆောင်းနှင့် ပီးရာ့စ်ကိုမူ အက်စ်ကာလီဘာဓားတို့က်ို ပေးအပ်ခဲ့သည်။ ယခုအကြိမ်တွင်မူသူသည် လမ်းပါ့ဒ်အား လိရိုသူတော်စဥ်ချပ်ဝတ်နှင့် ကြယ်တာရာရာထူးတစ်ခုကိုပါ ပေးအပ်နိုင်သွားပုံရ၏။

“ဖုန်း...”

ချပ်ဝတ်မှရရှိသော စွမ်းအားများကို ခံစားရအပြီးတွင် လမ်းပါ့ဒ် သူ၏လက်သီးကိုဝှေ့ရမ်းကြည့်လိုက်သည်။ လေသည် မည်သည့်အရာမှ မဖြစ်ပျက်သွားသကဲ့သို့ လှုပ်ရှားသွား၏။

သို့သော် ဖှေးနှင့် ကျန်စစ်သည်များသည် မယုံနိုင်စရာကောင်းသည့်တစ်စုံတစ်ခုကို တွေ့လိုက်မိကြသည်။ မျှာ်စဥ်နှင့် ၂၀မီတာခန့်ကွာဝေးသည့် မဟူရာခံတပ်ကျောက်သားနံရံပေါ်တွက် ၁မီတာခန့် အချင်းရှိသည့် အချိုင့်ကြီးတစ်ခု ထင်သွားခြင်းပင်။

အချိုင့်တစ်ခုသာ ဖြစ်သော်လည်း ထိုအချိုင့်မှာ အတော်နက်ရှိုင်းသည်။ အချိုင့်၏အစွန်းများမှာ အလွန်​​သေသပ်လှသဖြင့်ထိုအချိုင့်သည် ယခင်ကတည်းက ဤနေရာတွင်ရှိနေခဲ့သကဲ့သို့ပင်။ အက်ကွဲချောင်းများမရှိချေ။

ထို့နောက်တွင် လေထုသည့်ကြီးမားသည့်ဖိအားကြောင့် ပေါက်ကွဲသွားသကဲ့သို့ ကြီးမားသည့်ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

အလွန်လျှင်မြန်သည့် လက်သီးချက်တစ်ခုပင်။

“ဒီလိုစွမ်းအားတွေတိုးမြှင့်သွားက လမ်းပါ့ဒ် လီရိုသူတော်စဥ်ချပ်ဝတ်ကို ဝတ်လိုက်တဲ့အတွက်ကြောင့်လား....”

ဒရော့ဂ်ဘာ၊ ပီးရာ့စ်နှင့် အိုလတ်ဂ်တို့သည့် ဖှေးဖန်တီးသည့် မှော်ဆန်ဆန်ပြကွက်မြောက်များစွာကိုမြင်တွေ့ဖူးပြီးဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ထက်မံ၍အံ့သြရပြန်သည်။ လမ်းပါ့ဒ်၏စွမ်းအားများသည် နှစ်ဆကျော်ခန့်ပင် မြင့်တက်သွားသည်ကို သူတို့အားလုံးမယုံနိုင်ကြသေးပေ။ ပို၍ ထူးဆန်းသည်မှာလမ်းပါ့ဒ်အား လွှမ်းခြုံထားသည့်စွမ်းအားများမှာ စစ်သည်အတွင်းအားများလည်းမဟုတ်ပေ။ မှော်ဆရာအတွင်းအားများလည်းမဟုတ်ပေ။ ဤစွမ်းအင်များသည် ရှေးကျကာ ငြိမ်းချမ်းပြီး အကန့်သက်မဲ့နေသကဲ့သို့ခံစားရသည်။ ကြယ်များပေါ်မှ ဆင်းသက်လာသည့်စွမ်းအင်များဖြစ်နေသကဲ့သို့ပင်။

ဖှေးလည်းထိတ်လန့်အံ့သြနေရာမှ ပြန်လည်ကာ သတိဝင်လာတော့သည်။

သူသည် နတ်ဘုရားပေးသည့်အစွမ်းသုံးခုဖြစ်သည့် သင်ယူခြင်း၊ ပေးဝေခြင်းနှင့်၊ ဆင့်ခေါ်ခြင်းတို့မှာ ထင်သလောက်မရိုးရှင်းမှန်း သိလာတော့၏။ သူ၏ မေးစေ့ကိုပွတ်သပ်ရင်းဖြင့် တိုးရိစ်၏ ခါးတွင် ချိတ်ဆွဲထားသည့် ဓားရှည်ကို ရုတ်တရက်ဆွဲထုတ်လိုက်သည်။ သူ၏ လက်ကိုဝှေ့ရမ်းလိုက်ပြီး ခုတ်ချက်တစ်ချို့ဖြင့် လမ်းပါ့ဒ်၏ လက်မောင်း၊ရင်ဘက်၊ လက်ခေါက်ဝတ်၊ ပေါင်နှင့် ဒူးတို့ကို ခုတ်ပိုင်းတိုက်ခိုက်ကြည့်လိုက်သည်။ ခုတ်ပိုင်းချက်များမှာ ရက်စက်လှသဖြင့် သွေးနံ့များကိုပင်ရလိုက်သကဲ့သို့ပင်။

သို့သော် လမ်းပါ့ဒ်သည် ထိုနေရာ၌ပင်ရှိနေပြီး ရွှေ့လျားခြင်းမရှိပေ။ မျှော်စဥ်ပေါ်တွင်ရှိနေသည့် စစ်သည်များပင် အံ့သြသွားခြင်းမရှိချေ။ သူတို့၏ဘုရင်အား ၁၀၀%ယုံကြည်ကြသည်။

“ချွင် ချွင် ချွင်...”

မှောင်မိုက်သောညထဲတွင် နေရာအနှံ့မှပေါ်လာကြသည့် မီးပွားစများမှာ မျက်စိပသာသဖြစ်ဖွယ်ပင်။

“ချွတ်...”

ဖှေးလက်ထဲတွင် ရှိနေသည့်ဓားမှာ ဒဏ်မခံနိုင်တော့ပဲ ကျိုးကြေကာ လေးပိုင်းပြတ်သွားတော့သည်။

“ငါ အားကုန်သုံးပြီးခုတ်လိုက်တာပဲ...” ဖှေးသူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

ခုတ်ချက်များမှ ပါလာသည့် ကြီးမားသည့်ခွန်အားသည် စွမ်းအားကြီးစစ်သည်တစ်ယောက်ဖြစ်သည့် လမ်းပါ့ဒ်ကို အနောက်သို့ခြေလှမ်း၅လှမ်းခန့်ဆုတ်သွားစေသော်လည်း ထိုခုတ်ချက်များသည် လီရိုသူတော်စဥ်ချပ်၀တ်ပေါ်တွင် အစင်းရာများ၊ အချိုင့်ရာများတစ်ခုမှဖြစ်ပေါ်စေခြင်းမရှိခဲ့ပေ။ ဤချပ်၀တ်မှာ ဖျက်ဆီး၍မရနိုင်သကဲ့သို့ပင်။ နတ်ဆိုးအကြွင်းကျန်များသည် ဖှေးကို စိတ်မပျက်စေခဲ့ပေ။ ထို့အပြင် ဤချပ်၀တ်သည် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကိုသာ ကာကွယ်ခြင်းမဟုတ်သည်မှာ လည်းထင်ရှားသည်။ ဤမျှပြင်းထန်သည့်တိုက်ခိုက်မှုအား အောက်မှာပင် ရိုက်ခတ်လိုက်သည့်အားများကို ၆၀၊၇၀ရာခိုင်နှုန်းခန့်လျှော့ချလိုက်ပုံရသည်။ လမ်းပါ့ဒ်၏မျက်နှာ အမူအယာအရ နာကြင်မှုတစ်စက်မျှပင် ခံစားလိုက်ရဟန်မရှိချေ။

မျှော်စဥ်ပေါ်တွင်ရှိနေသည့် စစ်သည်များအားလုံးသည် တွေးခေါ်နိုင်စွမ်းများပင် ပျောက်ဆုံးသွားတော့သည်။

မှော်ဆန်သည့် သူတော်စဥ်ချပ်၀တ်တစ်ခုပင်။

ထို့နောက်တွင် ပို၍ပင် မှော်ဆန်သည့်အရာတစ်ခုဖြစ်ပျက်သွားသည်။ လမ်းပါ့ဒ်သူ၏လက်မောင်းများကို အသာယာမြှောက်လိုက်သည့်အချိန်တွင် ကြယ်၉၆လုံးဖြင့်ပူးပေါင်းကာ ပုံဖော်ထားသည့် ခြင်္သေ့တစ်ကောင်ဟိန်းဟောက်နေသည့်ပုံသည် သူ၏အနောက်တွင် ခပ်ရေးရေးပေါ်ပေါက်လာသည်။ ဤပုံရိမ်မှာ အသက်၀င်ပြီး လှပလှ၏။ ထို့နောက်တွင် လမ်းပါ့ဒ်ကိုယ်ပေါ်တွင်ရှိနေသည့် ချပ်၀တ်အစိတ်ပိုင်း၉၆ခုမှာ လမ်းပါ့ဒ်ကိုယ်မှာ ကွာသွားပြီး သေတ္တာထဲတွင် ရှိနေစဥ်ကသကဲ့သို့ သံမဏိခြင်္သေ့ရုပ်တစ်ကောင်အဖြစ်သို့ပြန်လည်ပေါင်းစပ်ကာ ပြောင်းလဲသွားတော့သည်။ ထို့နောက်တွင် အခွံပေါ်တွင်ခြင်္သေ့ရုပ်များစွာထွင်းထုထားသည့် အမဲရောင်သေတ္တာမှာ လေပေါ်သို့၀ဲပျံလာပြီး သံမဏိခြင်္သေ့ရုပ်ကို လွှမ်းခြုံကာပြန်လည်သိမ်းဆည်းလိုက်တော့သည်။ ထို့နောက်တွင် သေတ္တာအဖုံးပိတ်သွားပြီး အမဲရောင်အလင်းများတောက်ပလာတော့သည်။ အလင်းများအတောက်ပဆုံးဖြစ်လာသည့်အချိန်တွင် ထိုသေတ္တာတစ်ခုလုံးမှာ လမ်းပါ့ဒ်ထံသို့ပျံသန်းသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့၀င်ရောက်ကာပျောက်ကွယ်သွားတော့သည်။

All Chapters