← Chapters

အခန်း (၂၂၈)

Vol. 16 Ch. 228

အခန်း (၂၂၈)

Vol. 16 Ch. 228

“ဒါက...စစ်သည်လက်နက်လား...ဖရန့် ခင်ဗျားက လဆင့်စစ်သည်တစ်ယောက်အဆင့်ကိုရောက်သွားတာလား...”

တိုးရိစ်ဤမြင်ကွင်းကို မြင်လျှင်မြင်လိုက်ခြင်းပင် သူတစ်စုံတစ်ခုကိုစဥ်းစားမိလိုက်ပြီး အော်ဟစ်လိုက်သည်။ ဤမျှော်စဥ်ပေါ်တွင်ရှိနေသည့် လူတိုင်းသည်လည်းအံ့သြနေကြသည်။

အေဇာရုတိုက်တွင် ကြယ်အဆင့်စစ်သည်များနှင့် မှော်ဆရာများသည် ပိရပစ်၏အောက်ဆုံးတွင်ရှိနေကြသည့်လူများဖြစ်ကြသည်။ ထိုစစ်သည်များ လဆင့်သို့ရောက်လာသည့်အချိန်မှသာလျှင်သူတို့သည် ပထမဆုံးအဆင့်ကို ကျော်ဖြတ်နိုင်သွားပြီဖြစ်ပြီး လေ့ကျင့်မှုအစစ်မှန်များကိုစတင်၍ လေ့ကျင့်နိုင်ပြီဖြစ်သည်။ လအဆင့်စစ်သည်များ လေ့ကျင့်သည့်နည်းလမ်းမှာ ကြယ်အဆင့်စစ်သည်များ လေ့ကျင့်သည့်ပုံနှင့် လုံး၀ပင်တူညီခြင်းမရှိပေ။ ကြယ်ကိုးလုံးထိပ်ဆုံးအဆင့်သို့ရောက်ရှိသွားသည့်အချိန်တွင် လူသားခန္ဓာကိုယ်သည် ကြယ်ကိုးလုံးအဆင့််ထက်ကျော်လွန်၍ လုံလောက်သည့် အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များကို ထိမ်းသိမ်းထားသိုနိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့်အတွင်းအားများပိုမိုစုဆောင်း၍ စွမ်းအားတိုးမြင့်အောင်လုပ်ရန်မှာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့်ဘိုးဘေးများသည် စွမ်းအားများကို ထိုအဆင့်ထက်ကျော်လွန်၍ အစွမ်းထက်အောင်ကျင့်ကြံရန်အတွက် နည်းလမ်းပေါင်းများစွာကို စမ်းသပ်ခဲ့ကြသည်။ အသုံးအများဆုံးနည်းလမ်းတစ်ခုမှာ စစ်သည်တစ်ယောက်သည် သူနှင့်ကိုက်ညီသည့်စွမ်းအားမြင့်လက်နက်တစ်မျိုးကို ရှာဖွေကာ သူ၏လက်ဆွဲတော်လက်နက်အဖြစ်သက်မှတ်လိုက်ခြင်းပင်။ လအဆင့်စစ်သည်များသည် လူတို့၏လက်နက်များကို သူတို့၏ခန္ဓာကိုယ်အတွင်းတွင် ထားသိုကာသိမ်းဆည်းထားနိုင်စွမ်းရှိကြသည်။ လမ်းပါ့ဒ် လီရိုသူတော်စဥ်ချပ်၀တ်အား သူ၏ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းလိုက်သကဲ့သို့ပင်။ ထို့ကြောင့်ပင် တိုးရိစ်သည် သူတော်စဥ်ချပ်၀တ်ကို စစ်သည်လက်နက်တစ်ခုဟုယူဆလိုက်ပြီး လမ်းပါ့ဒ်သည်လည်း လအဆင့်သို့ရောက်ရှိသွားပြီဟု ထင်လိုက်မိခြင်းပင်။

“မဟုတ်ဘူး...အဲ့တာက...” လမ်းပါ့ဒ်သူ၏ခေါင်းကိုခါရမ်းကာပြောလိုက်သည်။ “အဲ့တာက အတော်ထူးဆန်းတဲ့အခြေအနေတစ်ခုပဲ..ငါလဲသေခြာရှင်းမပြတတ်ဘူး...”

ဖှေးပြုံးကာ တစ်ခြားအကြောင်းအရာတစ်ခုကိုပြောလိုက်သည်။

“နက္ခတ်တာရာတစ်ခုခြင်းစီတိုင်းမှာ သူတော်စဥ်ချပ်၀တ်တစ်ခုစီရှိပြီး သူတို့အားလုံးကထူးခြားကြတယ်...သူတို့တွေကိုအဖိုးတန်တဲ့ ပစ္စည်းတွေသုံးပြီးပြုလုပ်ထားတာ။ ချမ်းဘော့ဒ်အကျိုးအတွက် ရဲရဲတောက်ဆောင်ရွက်ခဲ့တဲ့သူရဲကောင်းတိုင်း သူတို့ကိုယ်ပိုင်သူတော်စဥ်ချပ်၀တ်တစ်ခုကိုရရှိလိမ့်မယ်...လမ်းပါ့ဒ်က တော်၀င်မိသားစုကို လွန်ခဲ့တဲ့လေးနှစ်ပတ်လုံးကာကွယ်ပေးခဲ့ပြီးတော့် ၀န်ကြီးချုပ်ဘစ်ဇားအပြည့်အ၀အာဏာရမသွားအောင်လည်း ထိန်းချုပ်ပေးထားခဲ့တယ်။ နောက်ပြီး အမဲရောင်ချပ်၀တ်ရန်သူတွေနဲ့တိုက်ပွဲမှာရော၊ တိုင်းပြည်ကိုးခုတိုက်ပွဲမှာရော ငါ့ကိုကူညီခဲ့တယ်။ သူပြုလုပ်ပေးခဲ့တာတွေကအများကြီးပဲလေ။ အဲ့တာကြောင့် ငါသူ့ကိုလီရိုသူတော်စဥ်ချပ်၀တ်ကို ချီးမြှင့်လိုက်တာပဲ..မင်းတို့တွေ သဘောမကျတာရှိလား..”

“လုံး၀မရှိပါဘူးအရှင်မင်းကြီး...” ဆံပင်ရွှေရောင်နှင့် တိုးရိစ်၏မျက်နှာပေါ်မှ အားကျသည့်အရိပ်ယောင်များသည် ဖုံးကွယ်ထားခြင်းမရှိပေ။ ဤသည်မှာ မနာလိုဖြစ်နေခြင်းမဟုတ်ပေ။ သူ၏မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများတောက်ပလာပြီး “ကျွန်တော်မျိုးလဲတစ်နေ့ကျရင် ချမ်းဘော့ဒ်အတွက် ကောင်းကျိုးကိစ္စအကြီးကြီးတစ်ခုကိုဆောင်ရွက်နိုင်အောင်လုပ်ပြီး ကျွန်တော့ကိုယ်ပိုင်သူတော်စဥ်ချပ်၀တ်တစ်ခုရအောင်ကျိုးစားပါ့မယ်..”

“ကျွန်တော်မျိုးလည်း အရှင်မင်းကြီး၏ဆုံးဖြတ်ချက်နဲ့ လုံး၀သဘောတူပါတယ်...မစ်စတာ လမ်းပါ့ဒ်က ဒီဆုလာဘ်နဲ့ လုံး၀ကိုထိုက်တန်ပါတယ်...”

ဒရော့ဂ်ဘာမှာ သူ၏ဦးခေါင်းကို ကုတ်ကာ ရယ်မောလိုက်သည်။

ပီးရာ့စ်နှင့် အိုလတ်ဂ်တို့လဲ ငြင်းဆန်လိုခြင်းမရှိကြချေ။ ပီးရာ့စ်အား အသက်အန္တရာယ်မှ ဖှေးကယ်တင်ခဲ့ခြင်းဖြစ်ပြီး၊ နာမည်ပျက်ရှိခဲ့သည့် အိုလတ်ဂ်သည်လည်း ဖှေး၏အရှိန်အ၀ါကြောင့်လက်ရှိရာထူးကိုပိုင်ဆိုင်ထားဆဲဖြစ်နေခြင်းဖြစ်သည်။ သူသည် ယခင်က ၀န်ကြီးချုပ်ဘစ်ဇား၏ လူယုံတစ်ယောက်ဖြစ်ခဲ့ပုံရပြီး သူသည်လည်း စစ်ဘက်ဆိုင်ရာတရားသူကြီးကွန်းကကဲ့သို့အဆုံးသတ်မသွားသည်မှာ ကံကောင်းသည်ဆိုရမည်ဖြစ်သည်။

သူတို့၏သစ္စာရှိမှုများအပြင် ဟော့ခ်ဆေးပုလင်းအာနိသင်မှာလည်းသူတို့ကိုပို၍သစ္စာရှိလာစေခဲ့သည်။ တစ်စုံတစ်ယောက်သည် ဖှေးအားဓားစာခံအဖြစ်ဖမ်းဆီးထားပြီး သူတို့ကိုယ်သူတို့သတ်သေခိုင်းပါက လုံး၀တွံ့ဆုတ်ခြင်းမရှိပဲ ပြုလုပ်မည့်လူများပင်။

“ဒါပေမယ့်မင်းတို့တွေလည်းကောင်းတာတွေလုပ်ခဲ့ကြပါတယ် ပီးရာ့စ်မင်းကကျတော့ ရန်သူရဲ့လှေကားကြီးတစ်ခုကို အသက်စွန့်ပြီးဖျက်စီးခဲ့လို့မင်းအဲ့တာကြောင့် သေခါနီးနီးဖြစ်ခဲ့တယ်..ဒရော့ဂ်ဘာမင်းကလဲ ရန်သူပေါင်းထောင်ချီနဲ့ရင်ဆိုင်ရမယ့်အချိန်မှာတောင် ငါနဲ့အတူလိုက်ပါပြီးမင်းရဲ့ရဲစွမ်းသတ္တိကိုပြသခဲ့တယ်...မင်းလဲရန်သူပေါင်းတစ်ရာကျော်လောက်ကိုသတ်ဖြတ်ခဲ့ပြီး ဒဏ်ရာလည်းအပြင်းထန်ရခဲ့တယ်။ နောက်ပြီး တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့တိုက်ပွဲနဲ့ ဒီနေ့တိုက်ပွဲမှာလည်း မင်းတို့ရဲ့စွမ်းဆောင်ရည်တွေကို ငါသဘောကျတယ်...ဒါကြောင့်မင်းတို့နှစ်ယောက်လဲသူတော်စဥ်ချပ်၀တ်တစ်ခုစီနဲ့ထိုက်တန်ပါတယ်...”

ဖှေးပြောနေရင်းဖြင့် သူ၏လက်ကို ၀ှေ့ရမ်းလိုက်ပြီး သူ၏ထားသိုရာအကန့်ထဲမှာ သံမဏိသေတ္တာနှစ်လုံးထုတ်ယူလိုက်သည်။

သေတ္တာနှစ်လုံးကိုဖွင့်လိုက်သည့်အချိန်တွင် ခမ်းနားကြီးကျယ်ပြီးလွှမ်းမိုးနိုင်သည့်အရှိန်အ၀ါရှိသည့် သံမဏိကျွဲနက်ရုပ်ကြီးနှင့် ဦးချိုနှစ်ဖက်သည် ကောင်းကင်သို့ထိုးဖောက်တော့မည့်သကဲ့သို့ချွန်ထက်နေသည့် သံမဏိဆိတ်ရုပ်တုတို့ကိုတွ့လိုက်ရတော့၏။ လမ်းပါ့ဒ်၏သူတော်စဥ်ချပ်၀တ်ကဲ့သို့ပင် တောရက်စ်ကြယ်နက္ခတ်ကိုကြယ်ပေါင်း၁၂၀ဖြင့်ဖန်တီးထားခြင်းဖြစ်သည်။ ထို့ကြောင့်တောရက်စ်သူတော်စဥ်ချပ်၀တ်တွင် ချပ်၀တ်အစိတ်အပိုင်းပေါင်း ၁၂၀ခုရှိသည်။ ကပ်ပရီကွန်းကြယ်နက္ခတ်တွင် ကြယ်စု၅၀ပါ၀င်သဖြင့် ထိုသူတော်စဥ်ချပ်၀တ်တွင် အစိတ်ပိုင်းအခု၅၀ပါ၀င်၏။ အစိတ်ပိုင်းတစ်ခုခြင်းစိတိုင်းသည် ကောင်းကင်ပေါ်တွင်ရှိသည့် ကြယ်တစ်လုံးခြင်းစီတိုင်းကို ကိုယ်စားပြုပြီး မတူညီသည့်စွမ်းအင်းတစ်မျိုးကိုသယ်ဆောင်ထားကြသည်။ ဖှေးသူ၏ခေါင်းထဲတွင် ကြားနေရသည့်အေးစက်စက်အသံကြီးနှင့် ဆက်သွယ်ကာ ပေး၀ေခြင်းအစွမ်းကိုအတည်ပြုလိုက်သည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံးကြယ်တာရာရာထူးတစ်ခုစီရရှိသွားပြီး ချပ်၀တ်များသည်လည်း သူတို့ထံသို့ပျံသန်းသွားတော့သည်။ ကြယ်ရောင်များအောက်တွင် သူတို့သည်စွမ်းအင်မီးတောက်များဖြင့်တောက်ပကာ ထိုလူနှစ်ယောက်၏ခန္ဓာကိုယ်ပေါ်တွင် အလိုအလျှောက်တပ်ဆင်ပေးနေကြ၏။

ချက်ချင်းပင် သူတို့နှစ်ယောက်လုံးစွမ်းအားများနှင့် ချပ်၀တ်နှင့် သူတို့ခန္ဓာကိုယ်များဆက်နွယ်သွားမှုကို ယခင်က လမ်းပါ့ဒ်ခံစားလိုက်ရသကဲ့သို့ခံစားလိုက်ရတော့သည်။ တစ်ချိန်တည်းမှာ ရှေးကျကာငြိမ်းချမ်းပြီး အဆုံးအစကင်းမဲ့သည့် ကြယ်တာရာစွမ်းအင်များသည်သည်း သူတို့ခန္ဓာကိုယ်မှ ထွက်ခွာလာကြတော့၏။ ဤစွမ်းအင်များကို ၀ေ၀ေ၀ါး၀ါးသာခံစားရသော်လည်း ထိုစွမ်းအင်များရှိနေသည်မှာ သေချာသည်။

“မင်းတို့နှစ်ယောက်အတွက်ကတော့ မင်းတို့လဲကောင်းတာတွေလုပ်ခဲ့တာမို့ မင်းတို့ကိုလဲဆုပေးသင့်ပါတယ်..ဒါမယ့်အပြည့်အ၀တော့မပေးသေးဘူး...”

ဖှေး တိုးရီစ်နှင့် အိုလတ်ဂ်တို့နှစ်ယောက်ကိုကြည့်ပြီး သူတို့အတွက်သင့်လျှော်သည့် ဆုလာဘ်များကိုလည်းပေးအပ်လိုက်သည်။ တိုးရိစ်သည် ဆာဂျီတားရိရက်စ်သူတော်စဥ်ချပ်၀တ်မှ အစိတ်ပိုင်းတစ်ခုဖြစ်သည့် နတ်ဘုရားလေးတစ်လက်ကိုရရှိလိုက်ပြီး အိုလတ်ဂ်သည် ကန်ဆာသူတော်စဥ်ချပ်၀တ်မှာ အစိတ်ပိုင်းတစ်ခုဖြစ်သည့် ကိုယ်ချပ်၀တ်တစ်ခုနှင့် လက်သီးလက်နက်တစ်ခုကိုရရှိလိုက်၏။

All Chapters