← Chapters

အခန်း (၂၂၉)

Vol. 16 Ch. 229

အခန်း (၂၂၉)

Vol. 16 Ch. 229

ဒုတိယမြောက်နေ့တွင် ချမ်းဘော့ဒ်တပ်ဖွဲ့သည် မနက်စာချက်ပြုတ်စားသောက်ပြီးချိန်တွင် မီးတုတ်များ၏အခိုးငွေ့များအောက်တွက် ဆက်လက်၍ ခရီးဆက်ကြတော့သည်။ မိုင်းတွင်းကျေးကျွန်များသည် လမ်းပါ့ဒ်၊ ဒရော့ဂ်၊ ပီးရာ့စ်တို့နှင့်အတူ ချမ်းဘော့ဒ်သို့ပြန်ရန်အတွက် ထွက်ခွာသွားကြ၏။ ကြယ်နက္ခတ်ပစ္စည်းသုံးခုကို ရယူပြီးသည့်အချိန်တွင် သူတို့သုံးယောက်၏အစွမ်းများသည် သိသာစွာဖြင့်တိုးမြင့်သွားပြီဖြစ်ပြီး မိုင်းတွင်းကျေးကျွန်များကိုကာကွယ်၍ ချမ်းဘော့ဒ်သို့ပြန်ပို့ရန်မှာ သူတို့အတွက်ပြသနာရှိတော့မည်မဟုတ်ပေ။ တစ်ဖက်တွင် ဖှေးသည်လည်း တပ်ဖွဲ့ကိုဦးဆောင်ကာ မင်းသမီးနှင့်အတူ အင်ပါယာမြို့တော်ထံသို့ထွက်ခွာသွားတော့သည်။ နှစ်ဖွဲ့မှာ အင်ပါယာမြို့တော်၏အပြင်တွင်ရှိသော လွင်ပြင်တစ်ခုတွင် ၆ရက်အတွင်း ပြန်လည်ပေါင်းစည်းကြမည်ဟု ကတိပြုထားခဲ့ကြသည်။

မနက်ခင်းလေပြေမှာ အနည်းငယ်အေးစက်နေပြီး မနက်ခင်းနေလုံးကြီးမှာလည်းသွေးကဲ့သို့ပင် နီရဲနေ၏။

မဟူရာခံတပ်သည်လည်းထပ်မံ၍ အလုပ်များနေပြန်သည်။

မနေ့တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းတွင် မဟူရာစစ်သည်အယောက၄၀၀ခန့်နီးပါးမှာ ဤနေရာတွင်အသတ်ခံခဲ့ရသည်။ မြေပြင်ပေါ်တွင် အလောင်းများသွေးကွက်မားအပြင် စွန့်ပစ်ခြင်းခံထားရသည့်ချပ်၀တ်များ၊ လက်နက်အကျိုးပဲ့များတို့စုပုံနေသည်။ မနေ့ကဖြစ်ပွားခဲ့သည်ကိုမြင်တွေ့ခဲ့ရသည့် ယခင်မိုင်းတွင်းကျေးကျွန်များသည် ထိုလက်နက်များနှင့် ချပ်၀တ်များကို ကောက်ယူပြီးတပ်ဆင်အသုံးပြုရန်အတွက်၀န်လေးမနေကြပေ။ ထို့နောက်တွင် ခံတပ်အတွင်းရှိအဖိုးတန်မည်ဟုယူဆရသည့် အရာအားလုံးကိုလိုက်လံယူဆောင်ကာ လှည်းများပေါ်သို့တင်ကြသည်။

လွတ်မြောက်သွားသည့် ကျေးကျွန်အများစုမှာ နှစ်ကာလများစွာနှိပ်စပ်ခံထားရခြင်းကောင့် ခန္ဓာကိုယ်များမှာ အခြေအနေမကောာင်းကြသေးသော်လည်း ချမ်းဘော့ဒ်၏သူတော်စဥ်ဘုရင်ကိုယ်တိုင်ကောင်းကင်ပေါ်မှဆင်းလာကာ သူတို့အားကယ်တင်ခဲ့သည့်အတွက် သူတို့၏စိတ်ဓာတ်များမှာ အမြင့်ဆုံးသို့ရောက်ရှိနေကြသည်။ မျှော်လင့်ချက်ရောင်ခြင်အသစ်များဖြင့် သူတို့သည် လမ်းပါ့ဒ်၏ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းပုံပြင်ဆင်လိုက်ကြသည်။ အေဇာရုတိုက်မှာ လူများသည် စွမ်းအားနှင့် ခွန်အားတိ့ကို အသားပေး၊ တန်ဖိုးထားကြသူများဖြစ်ကြသည်။ ထို့ကြောင့် ယောက်ျားအများစုမှာ ဓား၊ လှံစသကဲ့သို့အခြေခံလက်နက်များအသုံးပြုပုံကိုသိထားတတ်ထားကြသည်ဖြစ်၏။ ယခုအချိန်တွင် ယောက်များများမှာ မြင်းဇောင်းမှခိုးယူထားသည့် မြင်းများပေါ်တွင် စီးနှင်းလျှက်ရှိကြပြီး မိန်းမများနှင် ကလေးများသည်လည်းမြင်းလှည်းများပေါ်တွင် လိုက်ပါလာလျှက်ရှိကြသည်။ လက်နက်များစွဲထုတ်ထားပြီး၊ သတ်ဖြတ်လိုနေသည့်အရှိန်၀ါများဖြင့် ဤတပ်ဖွဲ့သည် လွှမ်းမိုးနိုင်သည့်အရှိန်၀ါများတောက်ပေနေကြသည်။

တပ်ဖွဲ့နှစ်ခုသည် မတူညီသည့် လမ်းကြောင်းနှစ်ခုမှာ ထွက်ခွာသွားကြတော့သည်။ လမ်းပါ့ဒ်ဦးဆောင်သည့် တပ်ဖွဲ့မှာ ဖှေးအားအလေးပြုနှုတ်ဆက်ပြီးချိန်တွင် စတင်၍ ထွက်ခွာသွားကြတော့သည်။

အခိုက်တန့်တစ်ခုစာခန့်် ခံတပ်ထဲတွင်ရှိနေသည့် ရင်ပြင်ပေါ်တွင် နှုတ်ခွန်းဆက်သံမဂုတောင်းမေတ္တာပိုသသံများဖြင့် ဆူညံကာသွား၏။

ဤအချိန်တွင် ကောင်လေးလူကာသည် အဖိုးကြီးဇိုလာရစ်ကိုတွဲကာ ဖှေးထံသို့လမ်းလျှောက်လာသည်။

ဖှေးအားအလေးပြုပြီးချိန်တွင် အဖိုးကြီးဇိုလာရစ်သည် မြေပြင်ပေါ်သို့ဒူးတစ်ဖက်ထောက်ချလိုက်ပြီး “အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော်မျိုးကိုအရှင်မင်းကြီးတို့တပ်ဖွဲ့နဲ့လိုက်လာခွင့်ပေးပါ။ အဲ့နေမင်းတောင်က ၀ေးလှံခေါင်ဖျားပြီး မြူတွေနဲ့ဖုံးလွှမ်းနေပြီးအတော်အန္တရာယ်များတဲ့တောင်တန်းတစ်ခုဖြစ်ပါတယ်။ တောနက်တဲ့အပိုင်းတွေ၊ မြေမျက်နှာပြင်မက်စောက်တဲ့နေရာတွေနဲ့ ပြည့်နှက်နေပါတယ်။ တကယ်လို့သာ အရှင်မင်းကြီးတို့တပ်ဖွဲ့မှာ လမ်းပြမပါဘူးဆိုရင်လွယ်လွယ်နဲ့လမ်းပျောက်သွားနိုင်ပါတယ်။ ကျွန်တော်မျိုးက အသက်နှစ်ဆယ့်ခြောက်နှစ်ကတည်းက ဒီနေရာကိုဖမ်းခေါ်လာခံရပြီး မိုင်းတွင်းလုပ်သားတစ်ဦးဖြစ်ခဲ့ပါတယ်။ အဲ့တာကြောင့် ကျွန်တော်မျိုး ဒီနေမင်းတောင်ပေါ်မှာရှိတဲ့ လမ်းသွယ်တွေ၊ မိုင်းတွင်းတွေ၊ လမ်းမတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေရှိနိုင်တဲ့တည်နေရာတွေအကုန်လုံးကို သိရှိပြီးဖြစ်ပါတယ်။ ကျွန်တော်မျိုးရဲ့အကူညီနဲ့ဆိုရင် ချမ်းဘော့ဒ်တပ်ဖွဲ့က နေမင်းတောင်ကို အချိန်တိုအတွင်းမှာ ဖြတ်ကျော်နိုင်သွားမယ်လို့ကျွန်တော်မျိုးကတိပြုပါတယ်။

“ဒါပေမယ့် အဘိုးရဲ့ခန္ဓာကိုယ်က...” ဖှေးသည် ခရီးလမ်းများနှင့် ပတ်သက်ပါက အလွန်ညံ့ဖျင်းသည့်လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လမ်းပျောက်ရခြင်း၏ ဒုက္ခကို ဖှေးကောင်းကောင်းနားလည်သဘောပေါက်ပြီးဖြစ်၏။ ထို့ကြောင့် သူဤစကားကိုကြားသည့်အချိန်တွင် သူ၏မျက်လုံးများတောက်ပသွာခြင်းဖြစ်သည်။ အဖိုးကြီးဇိုလာရစ်ပြောသည်မှာ အဓိပ္ပာယ်ရှိသည်။ ဖှေး တစ်ခါမှမရောက်ဖူးသည့်နေရာတစ်ခုအား တပ်ဖွဲ့တစ်ခုကို ဦးဆောင်၍ဖြတ်ကျော်ရန်မှာ လမ်းပြတစ်ယောက်လိုအပ်သည်မှာ အမှန်ကန်ပင်ဖြစ်သည်။ သို့သော် သူ၏အရှေ့တွင် ရှိနေသည့်အဖိုးကြီးမှာ ဒဏ်ရာများပြန်လည်ပျောက်ကင်းလာခါစသာဖြစ်သေးသည်။ ဒိုင်ယာဘလိုကမ္ဘာမှာ မှော်ဆေးပုလင်းများသည် သူ၏ဒဏ်ရာများကို ကုသပေးပြီးဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှာမူ ပင်ပန်းနွမ်းနယ်နေစဲဖြစ်၏။ ထို့ကြောင့် စစ်ဘက်ဆိုင်ရာခရီးစဥ်တစ်ခုကို လိုက်ပါလာပါက ခန္ဓာကိုယ်အခြေအနေသည် ပို၍ဆိုး၀ါးလာနိုင်သည်။

“ကျွန်တော့ အတွက် မစိုးရိမ်ပါနဲ့အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့အရိုးတွေက အိုမင်းနေပေမယ့် မာကြောနေပါသေးတယ်။” ဤအဖိုးကြီးမှာ အလွန်ဒူပေဒါပေခံနိုင်၏။ သူ၏ ဆံပင်ဖြူများလေထဲတွင် လွှင့်၀ဲနေခြင်းနှင့်အတူ သူ၏ဘေးတွင်ရှိနေသည့် ပေါင်တစ်ရာခန့်လေးလံသော ကျောက်တုံးကြီးတစ်တုံးကိုကိုင်မလိုက်သည်။ ထို့နောက်တွင် ဟန်ရေးပြသည့်အသံဖြင့် “ကြည့်လိုက်ပါအရှင်မင်းကြီး ဒီကအဖိုးကြီးက ကြီးမားတဲ့ကျောက်တုံးကြီးတွေကို ကိုင်မနိုင်တုန်းပါပဲ။ ဒါကြောင့်မို့ ကျွန်တော်မျိုးဇိုလာရစ်လမ်းလျှောက်နိုင်တုန်းကို ချမ်းဘော့ဒ်အတွက်အကျိုးပြုခွင့်ပေးပါ။” ဇိုလာရစ်မှာ စိတ်ခံစားချက်ပြင်းထန်လာပြီး အော်ဟစ်လိုက်သည်။ “နှစ်နှစ်ဆယ်ကျော်လောက်ကျွန်တော်မျိုး ဒီလိုနေ့မျိုးကို စောင့်မျှော်နေတာကြာပါပြီ။”

ဖှေးတစ်ယောက် ဇိုလာရစ်၏ စိတ်အားထက်သန်မှုနှင့် ရဲစွမ်းသတ္တိတို့ကိုသဘောကျသွား၏။

“ကောင်းပြီလေ...ဒီလိုဆိုရင် အိုလတ်ဂ် ဟောဒီက အတွေ့ကြုံရှိတဲ့ငါတို့ရဲ့လမ်းပြကြီးအတွက် မီးမှုတ်သားရဲတစ်ကောင်ယူလာခဲ့စမ်းကွာ။”

သူထိုကဲ့သို့ပြောနေရင်းဖြင့် ဖှေးသူ့ကိုကြည့်နေသည့် လူငယ်လေးလူကာကိုကြည့်ကာ ပြုံးလိုက်ပြီး “ကောင်လေး မင်းရောဦးလေးဇိုလာရစ်နဲ့အတူစီးပြီးလိုက်ခဲ့။ မင်းသူကိုလမ်းတစ်လျှောက်မှာ ဂရုစိုက်ပေးရမယ်..”

“ဟာ တကယ်လား...ကျေးဇူးပါအရှင်မင်းကြီး...”

လူကာမှာ ပျော်ရွှင်မှုကြောင့် ခုန်ပေါက်တော့မတတ်ပင်။ သူသည်လည်း ဘုရင်နှင့်အတူလိုက်ပါလိုသဖြင့် ခွင့်တောင်းတော့မည်ဟု ကြံနေခြင်းဖြစ်သည်။ ဘုရင်သည်ဦးစွာသူ့အားခေါ်လိမ့်မည်ဟု ထင်မထားပေ။ ဖှေးပြုံးကာ သူ့အားလက်ကမ်းခေါ်နေသည့်ပုံရိပ်မှာ သူ၏နှလုံးသားထဲတွင် စွဲထင်သွားပြီဖြစ်သည်။ ဘုရင့်အနောက်မှလိုက်ပါခွင့်ရရှိခြင်းမှာ သူကြားဖူးသမျှထဲတွင် အကောင်းဆုံးအခွင့်ရေးတစ်ခုပင်။

ထောင်မှူးအိုလတ်ဂ်မှာ သန်မာထွားကျိုင်းသည့်မီးမှုတ်သားရဲတစ်ကောင်ကို ချက်ချင်းပင်ယူဆောင်လာခဲ့သည်။

မျိုးဆက်ပေါင်းများစွာ လေ့ကျင့်ပေးပြီးသည့်နောက်တွင် ဤမီးမှုတ်သားရဲများမှာ လိမ္မာပါးနပ်ပြီးယဥ်ပါးလာခဲ့ပြီဖြစ်သည်။ သို့သော် ငြိမ်သက်သည့်သဘာ၀မှာလည်း ဤသားရဲ၏ခွန်အားများကို အဆင့်တစ်ခုလျှော့ကျသွားစေခဲ့သည်။ ထို့ကြောင့်ပင် သူတို့သည် ချမ်းဘော့ဒ်မှာ သံမဏိချပ်၀တ်၀တ်ဆင်ထားသည့် စစ်သည်များနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အချိန်တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။ သို့သော် သူတို့နေ့စဥ်စားသောက်သည့် အစာများထဲသို့ ဟော့ခ်ဆေးပုလင်းအနည်းငယ်ရောစပ်ပြီးတိုက်ကျွေးပြီးချိန်တွင် သူတို့၏ခွန်အားများသည်လည်း သိသိသာသာမြင့်တက်လာပြီဖြစ်သည်။ သူတို့၏လေးလံသောပစ္စည်းများသယ်ဆောင်နိုင်စွမ်းများမှာ သိသိသာသာပင်တိုးမြှင့်လာခဲ့သည်။ သူတို့၏ခွာများ၀န်းကျင်တွင် အနီရောင်စွမ်းအင်မီးတောက်များတောက်ပနေ၏။ သူတို့ပါးစပ်များတွင်ရှိနေသည့် အစွယ်များသည်လည်းပို၍ကြီးမားကာ ချွန်ထက်လာခဲ့ပြီး သူတို့၏တောရိုင်းဆန်သည့် သဘာ၀ကိုပြန်လည်ကာရရှိလာခဲ့သည်။ သူတို့သည် ပြန်လည်၍ရက်စက်ကြမ်းကြုတ်ကာ ရန်လိုတတ်လာသော်လည်း သူတို့သည့်သူတို့၏သခင်များ၏အမိန့်ကို နာခံနေဆဲပင်။

ကောင်လေးလူကာမှာ စိတ်လှုပ်ရှားစွာဖြင့် မီးမှုတ်သားရဲထံသို့ပြေးသွားပြီး မြင်းဇာတ်ကျိုးကိုဆွဲကိုင်လိုက်သည်။

All Chapters