အခန်း (၂၃၀)
Vol. 16 Ch. 230
သို့သော် ဤမီးမှုတ်သားရဲမှာ သူ့ထံသို့လူစိမ်းတစ်ယောက်ချည်းကပ်လာသည်ကို တွေ့ရသော်အခါရုတ်တရက်ရန်လိုလာတော့သည်။ သူ၏ ရှေ့ခွာများကိုလေပေါ်သို့မြှောက်လိုက်ပြီး အောက်သို့အားဖြင့်နင်းချေလိုက်ရန်အတွက် အသင့်ဖြစ်နေပြီဖြစ်သည်။ ဤအချိန်တွင် အမဲရောင်ခွေးကြီးမှာ ရုတ်တရက်သူ၏မျက်လုံးများကိုဖွင့်လိုက်ကာ စိတ်ဆိုးစွာဖြင့် ဟောင်လိုက်သည်။ ရယ်စရာကောင်းသည့်မြင်ကွင်းတစ်ခုဖြစ်ပျက်သွား၏။ ဆရာတစ်ယောက်သည် တပည့်တစ်ယောက်အားသင်ခန်းစာပေးလိုက်သကဲ့သို့ ဤမီးမှုတ်သားရဲမှာ သူ၏ခွာများကိုရှက်ရွံ့စွာဖြင့်ပြန်လည်ကာ ရုတ်သိမ်းလိုက်တော့သည်။ တစ်ခုရှိသည်မှာ သူသည် ဇိုလာရစ်နှင့် လူကာတို့ကို အနားသို့လုံး၀အကပ်မခံပေ။
ဖှေးလည်းအနည်းငယ်ရှက်ရွံ့သွားသကဲ့သို့ခံစားလိုက်ရသည်။
ဤသားရဲသည် သူကိုမျက်နှာသာမပေးမည်ဟု သူထင်မထားပေ။ သူဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲပြီး ဤကောင်လေးနှင့် စကားပြောရန်ပြင်သည့်အချိန်တွင် လှပသည့်ပုံရိပ်တစ်ခုသည် သူ၏ဘေးမှဖြတ်လျှောက်သွား၏။ သွယ်လျကာ ကျောက်စိမ်းကဲ့သို့သောလက်ချောင်းလေးများသည် ဤမီးမှုတ်သားရဲ၏ ဦးခေါင်းကိုအသာယာပုတ်လိုက်သည်။ သူမပြုံးလိုက်ပြီး ဇိုလာရစ်နှင့် လူကာတို့ကို လှမ်း၍အချက်ပြလိုက်၏။ အံ့သြဖွယ်ရာတစ်စုံတစ်ခုဖြစ်ပျက်သွား၏။ ရက်စက်ကြမ်းကြတ်သည့် ထိုသားရဲသည် ဇိုလာရစ်နှင့် လူကာတို့ထံသို့ သူပါသူလမ်းလျှောက်သွားပြီး အရှေ့တွင်ဒူးထောက်လိုက်သည်။
“အန်ဂျယ်လာ နင်ဘယ်လိုများလုပ်လိုက်တာလဲ...”
တပ်ဖွဲ့မဟူရာခံတပ်အတွင်းမှ စတင်ထွက်ခွာသည့်အချိန်တွင် ဖှေးသူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်မေးလိုက်၏။ သူသည် သူ၏ဇနီးလောင်းလေးကို ပွေ့ပိုက်ကာ ဘလက်ကီ၏ ကြောပေါ်တွင်စီးနင်းနေခြင်းဖြစ်သည်။ သူ၏ နှာခေါင်းထဲတွင် ရရှိနေသည့်သင်းပျံ့သည့်ကိုယ်သင်းနံ့တစ်ခုကြောင့် အေးစက်သည့််ဆောင်းဦးမနက်ခင်းမှာ သိပ်ပြီးမဆိုး၀ါးလှတော့ချေ။
မနက်ခင်းမှာ အေးစက်နေသော်လည်း အန်ဂျယ်လာသည် ရထားလုံးထဲတွင် လိုက်ပါကာ မစီးနင်းလိုချေ။ သူမသည် ပါးလွှာသည့်အဖြူရောင်၀တ်စုံတစ်ခုကို ၀တ်ဆင်ထားသည်။ သူမ၏အ၀တ်စများမှာ လေထဲတွင်လွှင့်ပျံနေပြီး သူမ၏ခြေထောက်ကို သုံးပုံနှစ်ပုံခန့်ဖုံးကွယ်ထားသည်။ သူမသည့် ၀တ်စုံ၏အောက်တွင် အမဲရောင်ကိုယ်ကြပ်ဘောင်းဘီတစ်ခုကို၀တ်ဆင်ထားသည်။ အဖြူနှင့်အမဲပေါင်းစပ်ကာ သူမသည်အလွန်လှပ၍နေ၏။ ဖှေးနှင့်အတူ ဘလက်ကီပေါ်တွင်စီးနှင်ရန်မှာ သူမ၏ ဆန္ဒဖြစ်၏။ တစ်ခြားလူများ၏ အကြည့်များအပြုံးများသည် သူမအားရှက်ရွံ့စေသည်။ သူမသည် သူမ၏ခါးတွင်ဖက်ထားသည့် သန်မာသောလက်များနှင့် သူမ၏အနောက်တွင်ရှိသော နွေးထွေးသည့် ပခုံးတို့ကိုသာခံစားရ၏။
“ငါလဲမသိဘူး.. “ အန်ဂျယ်လာဖှေး၏ မေးခွန်းကိုပြန်ဖြေရင်းဖြင့် မျက်မှောင်ကြုံ့လိုက်သည်။ “သူတို့က ငါ့ကိုနားလည်နိုင်တယ်လို့ခံစားရတယ်..သူတို့ကလဲကလေးလေးတွေလိုချစ်စရာကောင်းတယ်လေ..”
ဤသည်မှာ တူညီသောအဖြေပင်။
ဖှေးပြုံးလိုက်သည်။ အန်ဂျယ်လာထံတွင် တိရစ္ဆာန်များကိုသူမအားခင်တွယ်စေသည့် ထူးဆန်းသည့်အစွမ်းတစ်ခုရှိနေကြောင်းကိုဖှေးတွက်ချက်ပြီးဖြစ်သည်။ စစ်သည်များ မီးမှုတ်သားရဲများနှင့် စစ်မြင်းများကိုလေ့ကျင့်ပေးစဥ်ကလည်းသူမ၏စွမ်းရည်ကိုများစွာအသုံးပြုခဲ့ရသည်။ မည်မျှရက်စက်ကြမ်းကြုတ်ကာ ရက်စက်တတ်သည့် သားရဲတစ်ကောင်ဖြစ်နေစေကာမူ ဤမိန်းကလေးအရှေ့တွင်ရောက်ပါက ချစ်စရာကောင်းကာ အမိန့်နာခံတတ်သည့် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကဲ့သို့ပင်ဖြစ်သွားမည်ဖြစ်သည်။
သို့သော် အန်ဂျယ်လာကိုယ်တိုင်ပင်လျှင်သူမ၏ အစွမ်းမည်သည့်နေရာမှလာသည်ကို မသိရှိသေးသည်မှာ ထင်ရှားသည်။
သူတို့နှစ်ယောက်စကားပြောနေရင်းဖြင့် ချမ်းဘော့ဒ်တပ်ဖွဲ့သည် မဟူရာခံတပ်၏အပြင်သို့ရောက်လာခဲ့ပြီဖြစ်သည်။
“ငါဒီခံတပ်ကို မဟူရာဘုရင်လိုကောင်ရဲ့လက်ထဲမှာ အကောင်းတိုင်းမထားခဲ့နိုင်ဘူး...”
လူတိုင်းအပြင်သို့ရောက်ရှိပြီးသည့်အချိန်တွင် ဖှေးလူရိုင်းဇာတ်ကောင်၏ခွန်အားများကိုအသုံံးပြု၍ ခံတပ်အတွင်းတွင် ရှိနေသည့်အဆောက်ဦးများနှင့် နံရံများစွာကိုမြေပြင်ပေါ်သို့ဖြိုချပစ်လိုက်သည်။ ဂရုတစိုက်တည်ဆောက်ပြီး မဟူရာမင်းဆက်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့ရသည့်ခံတပ်မှာ အပျက်စီးပုံတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့သည်။ မဟူရာတိုင်းပြည်သည် သူ၏ယခင်တိုင်းပြည်အင်အားကို ပြန်လည်ထူထောင်လိုပါက ဤခံတပ်ကို သုံးနှစ်ခန့်အချိန်ယူကာ ပြန်လည်တည်ဆောက်ပြုပြင်ရတော့မည်ဖြစ်သည်။
......
နောက်တစ်နေ့ချမ်းဘော့ဒ်တပ်ဖွဲ့၏ ခရီးစဥ်မှာ ချောမွေ့သည်။
နေမင်းတောင်အတွင်းသို့ ချမ်းဘော့ဒ်တပ်ဖွဲ့ပို၍ရောက်ရှိလာလေလေ ပို၍အန္တရာယ်များလာတော့လေလေဖြစ်သည်။ ထူးဆန်းသည့် မြေမျက်နာသွင်ပြင်များ၊ တောင်စွန်းများသည် နေရာအနှံ့တွင်တည်ရှိနေ၏။ နေရောင်ခြည်ကို မြင့်မားသည့်နှစ်တစ်ရာသစ်ပင်ကြီးများမှာ ဖုံးကာထားသဖြင့်မြေပြင်ပေါ်သို့ကျရောက်နိင်ခြင်းမရှိပေ။ နေ့လည်ခင်းကျော်လွန်သွားသည့်အချိန်တွင် မှုန်၀ါး၀ါးမျှသာမြင်တွေ့ရတော့သည်။ ညရောက်သည့်အချိန်တွင် ကြီးမားသည့်မြူထုကြီးတစ်ခုရောက်ရှိလာပြီး မြင်နိုင်စွမ်းမှာ အလွန်ပင်ဆိုး၀ါးလှ၏။ လမ်းဘေးတွင် ကျောက်တုံးများသစ်ပင်မျာစွာရှိနေပြီး၊ သစ်ရွက်ခြောက်များ၊ ရေညှိများသည်လည်း လမ်းပေါ်တွင်ပြည့်နှက်နေ၏။ လမ်းကြောင်မရှင်းလင်းခြင်းနှင့် ကောင်းစွာမမြင်နိုင်ခြင်းတို့ကြောင့် လမ်းပျောက်ရန်မှာ အလွန်ပင်လွယ်ကူလှ၏။
ဤအချိန်တွင် ဖှေး ဇိုလာရစ်ကို အလွန်ပင်ကျေးဇူးတင်မိနေတော့သည်။
အဖိုးကြီးပြောသကဲ့သို့ပင် သူသည်တောင်တန်းပေါ်တွင်ရှိနေသည့် လမ်းများအားလုံးကို ကျွမ်းကျင်စွာသိရှိထားပုံရသည်။ ရှင်းလင်းသောလမ်းဖြစ်စေ၊ မသွားလာသည်မှာကြသဖြင့် ပုံပျက်နေသည့် လမ်းဖြစ်စေကာမူ အဘိုးကြီးသည် ထိုလမ်းများဘယ်နေရာတွင်ရှိသည်အားကောင်းစွာသိရှိသည်။ လမ်းပျောက်သကဲ့သို့ဖြစ်သွားသည့်အချိန်တိုင်းတွင် အဖိုးကြီးသည်သွားရမည့်နေရာကိုတိတိကျကျညွှန်ပြပြီး ဖှေးတို့တပ်ဖွဲ့ကိုအချိန်ကုန်များစွာသက်သာစေမည်ဖြစ်သည်။
တပ်ဖွဲ့သည် လမ်းတစ်လျှောက်တွင် မဟူရာတိုင်းပြည်ပိုင်သည့်မိုင်းတွင်းတစ်ချို့ကိုလည်းဖြတ်ကျော်လာရသည်။ ဖှေး ထောင်မှူးအိုလတ်ဂ်အားစေလွှတ်ကာ မိုင်းတွင်းများကို ဖျက်ဆီး၊ အစောင့်များကိုသတ်ဖြတ်၍ ကျေးကျွန်များကို လွတ်ပေးစေသည်။ ချမ်းဘော့ဒ်တိုင်းပြည်မှ ကျေးကျွန်များကို မဟူရာတိုင်းပြည်ဘုရင်ကိုယ်တိုင်စုစည်းထားခဲ့သောကြောင့် ယခုမိုင်းတွင်းများမှ ကျေးကျွန်များမှာ ချမ်းဘော့ဒ်မှမဟုတ်ကြချေ။ ထိုကျေးကျွန်များထဲတွင် ဇိုလာရစ်ကဲ့သို့သောတောင်တွင်းလမ်းများကိုကျွမ်းကျင်သည့် လူတစ်ချို့လဲပါရှိသည်။ ကျေးကျွန်များမှာ အိမ်ပြန်ရန်အတွက် မစောင့်နိုင်ကြတော့ချေ။ သူတို့အားလုံးဖှေးအရှေ့တွင် ဒူးထောက်ပြီးကျေးဇူးတင်စကားပြောကာ မြူများအတွင်းတွင်ပျောက်ကွယ်ပြီး သက်ဆိုင်ရာတိုင်းပြည်များထံသို့ပြန်သွားကြတော့သည်။
သုံးနာရီခန့်ခရီးဆက်ပြီးချိန်တွင် နေမင်းတောင်သည် အလွန်မှောင်မိုက်လာပြီဖြစ်ပြီး ဆက်လက်ခရီးဆက်ရန်အတွက် ခက်ခဲလာတော့သည်။ နေမ၀င်သေးသော်လည်း သစ်ပင်ကြီးများသည် နေရောင်ကိုဖုံးကွယ်ထားသည့်အတွက်ကြောင့်ပင်။
“အရှင်မင်းကြီး ဒီကနေမ၀ေးတဲ့နေရာမှာ ရေကန်တစ်ကန်ရှိတယ်လို့ကျွန်တော်မှတ်မိတယ်။ ကျောက်တုံးသေးသေးလေးတွေနဲ့ဖုံးနေတဲ့ မြေပြင်တစ်ခုလဲရှိတယ်။ စခန်းချဖို့အတွက်ကောင်းတာပေါ့။ ကျွန်တော်တို့ဒီညအတွက် အဲ့နေရာမှာပဲစခန်းချပြီး အနားယူလိုက်ကြတော့မလား။ “ အဖိုးကြီးဇိုလာရစ်မှာ အကြံပြုလိုက်သည်။
“ကောင်းပြီ..” ဖှေး သူ၏လက်မောင်းထဲတွင် အိပ်ပျော်နေသည့်အန်ဂျယ်လာ၏ မျက်နှာလေးကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
နာရီ၀က်ခန့်ခရီးဆက်ပြီးသည့်အချိန်တွင် ရေကန်တစ်ခုကိုထင်ထင်ရှားရှားတွေ့လိုက်ရသည်။ မြေပြင်ပေါ်တွင် တစ်၀က်ခြောက်သွေ့နေသည့် မြက်ပင်များပေါက်ရောက်နေကြသည်။ ကျောက်တုံးများသည် ခြောက်သွ့ကာ ပြားကပ်နေသဖြင့် စခန်းချရန်အတွက်အဆင်ပြေသည့် မြေမျက်နှာသွင်ပြင်တစ်ခုပင်။
ဆောင်းဦးရာသီတွင် တောင်တန်းများနှင့် ရေကန်၏ရှုခင်းမှာ အံ့မခန်းပင်။
သို့သော်ဖှေးမျက်မှောင်ကြုံ့လိုက်၏။
ရေကန်ပတ်လည်တွင် မီးပုံများအလင်းရောင်များကို လှမ်းတွေ့နေရ၏။ လူသားများပြုလုပ်သည့် ဆူညံသံများလည်းထွက်ပေါ်လာလျှက်ရှိသည်။ ထိုနေရာတွင် လူများရောက်ရှိနေနှင့်ပြီးဖြစ်ပြီး လူအရေတွက်မှာလည်းများပြားလှသည်။