← Chapters

အခန်း (၂၃၁)

Vol. 16 Ch. 231

အခန်း (၂၃၁)

Vol. 16 Ch. 231

“ဒါတော်တော်ထူးဆန်းတာပဲ။ ဒီရေကန်ရှိတာကို သိတဲ့လူတွေသိပ်မရှိပါဘူး။ ဘာလို့ဒီနေရာမှာ လူတွေအများကြီးရောက်နေတာပါလိမ့်။” ရေကန်ဘေးတွင်ရှိနေသည့် နေရာတော်တော်များများတွင် လူများရောက်ရှိနေပြီးဖြစ်သည်ကို တွေ့လိုက်ရသဖြင့်အဖိုးကြီးဇိုလာရစ်မှာ ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူဘုရင်အား အကြံပေးခဲ့သည့် နေရာမှာ လူပြည့်နေပြီဖြစ်သောကြောင့် သူလမ်းပြတစ်ယောက်အနေဖြင့် တာ၀န်မကျေသလိုခံစားနေရသည်။

“ပြသနာမရှိပါဘူး ငါတို့အရင်သွားကြည့်ကြတာပေါ့။” ဖှေးအ၀ေးတွင်ရှိနေသည့် မီးရောင်များကိုကြည့်ရင်းပြုံးလိုက်သည်။ “ရေကန်ဘေးမှာကနေရာတွေတော်တော်များများကျန်ပါသေးတယ်။ နည်းနည်းတော့ လူကြပ်ပေမယ့် ငါတို့တွေတစ်ညလောက်နားဖို့အတွက်တော့အဆင်ပြေမှာပါ။”

သို့သော် ထိုအခိုက်တန့်တွင်...

“၀ှစ်”

သွေးသုတ်ထားသည့် အဖြူရောင်မြှားတစ်ချောင်းသည် အ၀ေးတစ်နေရာမှာ ပျံသန်းလာပြီး သူတို့ခြေထောက်ရှေ့တွင်ရှိနေသည့် မြေပြင်ပေါ်တွင်စိုက်သွား၏။ မြှားတစ်၀က်ခန့်မှာ မြေကြီးထဲတွင်စိုက်၀င်နေပြီးဖြစ်သော်လည်း အရှိန်မသေသေးသဖြင့် မြှားအရိုးတံမှာ တုန်ခါလျှက်ရှိသည်။ မြှားနှင့်အတူအ၀ေးတစ်နေရာမှ အော်ဟစ်သံတစ်ခုလည်းထွက်ပေါ်လာ၏။ “သွေးစွန်းကြေးစားတပ်ဖွဲ့က ဒီနေရာမှာ ကိစ္စတစ်ခုလုပ်စရာရှိနေတယ်။ မင်းတို့ကောင်တွေမသေချင်ရင်အကုန်ထွက်သွားကြ။”

သွေးများပေနေသည့် အဖြူရောင်ငှက်တောင်မွေးဖြင့်မြှားမှာ ဤနေရာအားခြေတစ်လှမ်းကျော်လွန်ပြီး ရှေ့သို့တိုးလာပါက သေခြင်းတရားနှင့်ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးလိုက်ခြင်းပင်။

ဤကဲ့သို့ သတိပေးသည့်နည်းမှာ အေဇာရုတိုက်တွင် အလွန်ခေတ်စားသည့်နည်းတစ်ခုဖြစ်သည်။ ဖှေးတို့တပ်ဖွဲ့မဟူရာတိုင်းပြည်ကို ဖြတ်သန်းလာစဥ်ကလဲ လာရောက်နှောင့်ယှက်သည့်မဟူရာမြင်းတပ်များကို အနားသို့ကပ်မလာစေရန်အတွက်ထိုကဲ့သို့သတိပေးခဲ့ကြသည်။ ပြောလိုက်သည့်စကားလုံးများမှာ ရိုင်းပျသော်လည်း အကျိုးကြောင်းဆက်စက်မှုရှိနေဆဲပင်။ အ၀ေးတစ်နေရာတွင် တပ်ဖွဲ့တစ်ခုသည် သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကိုဆောင်ရွက်နေစဥ်တွင် ဖှေးတို့တပ်ဖွဲ့မှာ မပြောမဆိုဖြင့် ချည်းကပ်သွားပါက ရိုင်းပြရာကျပေလိမ့်မည်ဖြစ်၏။

သို့သော် ထိုကြေးစားစစ်သည်တပ်ဖွဲ့၏နာမည်ကိုကြားသည့်အချိန်တွင် ဖှေး၏မျက်နှာအမူရာမှာ ပြောင်းလဲသွား၏။

ဖှေးတစ်ယောက်ထဲသာမဟုတ်ပေ။ သူ၏ဘေးတွင်ရှိနေသည့် အဖိုးကြီးဇိုလာရစ်နှင့် လူကာတို့နှစ်ယောက်သည်လည်း ထိန်းချုပ်၍မရတော့အောင်တုန်ခါလာကြတော့သည်။

သူတို့အားလုံး လက်သီးများကိုတင်းကြပ်စွာဆုပ်ထားကြပြီး ရက်စက်သည့်မီးတောက်တစ်ခုသည် သူတို့၏မျက်လုံးများထဲတွင်တောက်ပနေသည်။

သွေးစွန်းကြေးစားတပ်ဖွဲ့။

ဤသည်မှာ အမှန်တကယ်ပင် သွေးစွန်းကြေးစားတပ်ဖွဲ့ပင်။

ဤနာမည်တစ်ခုသည် ချမ်းဘော့ဒ်မှာ မိုင်းတွင်းကျေးကျွန်များကိုအိမ်မက်ဆိုးများကို ပြန်လည်မြင်ယောင်လာနိုင်စေသည်။

အဘယ်ကြောင့်ဆိုသော် ချမ်းဘော့ဒ်တိုင်းပြည်မှ မိုင်းတွင်းကျေးကျွန်များ၏ ၈၀-၉၀ရာခိုင်နှုန်းခန့်ကို ဤကြေးစားတပ်ဖွဲ့မှာ တိုင်းပြည်အတွင်းတွင် နေ့ခင်းကြောင်တောင်၌သော်လည်းကောင်း၊ ညအမှောင်ရိပ်အောက်တွင်လည်းကောင်း ဖမ်းဆီးကာ မဟူရာတိုင်းပြည်ထံသို့ရောင်းစားခဲ့ခြင်းဖြစ်သည်။ သွေးစွန်းကြေးစားတပ်ဖွဲ့သည် အဆင့်၅ကြေးစားတပ်ဖွဲ့တစ်ခုဖြစ်ပြီး ဇီးနစ်အင်ပါယာတွင် အတော်တန်နာမည်ကျော်ကြားသည့် ကြေးစားစစ်သည်တပ်ဖွဲ့တစ်ခုဖြစ်သည်။ အဖွဲ့ထဲတွင် ကျွမ်းကျင်စစ်သည်တစ်ချို့လည်းရှိပြီး ၄င်းတို့၏နာမည်ဆိုးမှာ အင်ပါယာတစ်ခွင်တွင်ကျော်ကြားလှသည်။ ပိုက်ဆံရမည်ဆိုပါက မည်သည့်အလုပ်မျိုးကိုမဆိုလက်ခံမည်ဖြစ်သည်။ ကျေးကျွန်အဖြစ်ရောင်းစားရန်အတွက် လူများလိုက်လံဖမ်းဆီးခြင်းမှာ ဤအဖွဲ့၏အဓိကပိုက်ဆံရှာသည့်နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အင်ပါယာအတွင်းရှိ အဆင့်၆ အဆင့်၅ အဖွဲ့၀င်တိုင်းပြည်တော်တော်များများမှာ ဤအဖွဲ့၏ အနိုင်ကျင့်နှိပ်စက်ခြင်းကိုခံခဲ့ကြရသည်။ သို့သော် အဖွဲ့ထဲတွင်ရှိနေသည့် ခေါင်းဆောင်တစ်ချို့မှာ ပါးနပ်ပြီးအင်ပါယာမှာ အကောင်ကြီးများနှင့်အဆက်သွယ်ထားသဖြင့် အင်ပါယာတပ်ဖွဲ့၏အရေးယူခြင်းကို ယနေ့တိုင်မခံခဲ့ရသေးပေ။ သူတို့တာ၀န်များဆောင်ရွက်သည့်အချိန်တွင်လည်း ခြေရာလက်ရာများအသက်ရှင်ကျန်ရစ်သူများကို ချန်ထားခဲ့ခြင်းမရှိကြပေ။ ထို့ကြောင့်ကိစ္စတစ်ခုသည် အင်ပါယာတရားခွင်သို့ရောက်ရှိသွားစေကာမူ အင်ပါယာတပ်ဖွဲ့သည်သက်သေအထောက်ထားခိုင်ခိုင်လုံလုံမရှိသဖြင့် သူတို့အားအရေးယူနိုင်ကြမည်မဟုတ်ပေ။

ဖော်ပြရမည့်တစ်ခုမှာ အေဇာရုတိုက်တွင် ကြေးစားတပ်ဖွဲ့များမှာလည်း အရာရောက်သည့်အင်အားစုတစ်ခုပင်။

သူတို့သည်မည်သည့်တိုင်းပြည်နှင့်မှ သက်ဆိုင်ခြင်းမရှိကြချေ။ ထိုအစားသူတို့သည် တိုက်ပေါ်တွင်ရှိနေသည့်အစိတ်ပိုင်းတိုင်းကို ထိုးဖောက်ကြ၏။ မတူညီသောအဖွဲ့စည်းများမှ အခပေးကာ အပ်နှံသည့် အလုပ်တာ၀န်များကိုလက်ခံကြလေ့ရှိသည်။ စစ်ပွဲများတွင် ၀င်ရောက်တိုက်ခိုက်ပေးခြင်းများပင် ပါ၀င်သည်။ သူတို့၏ အရိပ်များသည် အင်ပါယာကြီးတစ်ခုနှင့် တစ်ခုဖြစ်ပွားသည့်တိုက်ပွဲများတွင်ပင်ပါ၀င်ပတ်သက်နေကြသည်။ စွမ်းအားအရဆိုပါက တစ်ချို့ကြေးစားတပ်ဖွဲ့များသည် ပိုင်နက်နေရာများအတိကျမရှိသော်လည်း အင်ပါယာများဖြင့်ပင်ယှဥ်နိုင်သည်အထိအင်အားကြီးသည့် ကြေးစားတပ်ဖွဲ့များလည်းရှိကြ၏။

သွေးစွန်းကြေးစားတပ်ဖွဲ့မှာ ဇီးနစ်အင်ပါယာထဲတွင်လှုပ်ရှားနေသည့် ထိပ်သီးကြေးစားတပ်ဖွဲ့သုံးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။ ဖှေး အမဲရောင်ခွေးကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ၏ဦးခေါင်းကိုပွတ်သက်ပေးလိုက်သည်။ ဤခွေးကြီးမှာ ဖှေးဆိုလိုသည်ကိုနားလည်ပြီး အိပ်ပျော်နေသည့်အန်ဂျယ်လာကို အလုံခြုံဆုံးနေရာဖြစ်သည့် ချမ်းဘော့ဒ်တပ်ဖွဲ့၏အလည်သို့ခေါ်ဆောင်သွား၏။ ဖှေးအ၀ေးတစ်နေရာတွင်ရှိနေသည့် နှစ်တစ်ရာသစ်ပင်ကြီးထံသို့တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ပင် သူသစ်ကိုင်းပေါ်တွင် ဒူးလေးတစ်လက်ကိုင်ကာရပ်နေသည့် ခပ်ပိန်ပိန်ကြေးစားစစ်သည်တစ်ယောက်ကိုချက်ချင်းပင်တွေ့ရှိလိုက်သည်။ သူသည် အမဲရောင်၀တ်စုံတစ်ခုကို ၀တ်ဆင်ထားပြီး ၀တ်စုံပေါ်တွင်အနီရောင်ဓားတစ်လက်ပုံပါရှိသည့် သင်္ကေတတစ်ခုကိုရေးဆွဲထားသည်။ သူသည် ဖှေးရှိရာထံသို့ စိန်ခေါ်သည့်အပြုံးပြုံးကာ လှမ်း၍ ကြည့်ရှုနေ၏။

ဖှေး ထိူသူအား သွားများပေါ်သည်အထိပြန်လည်ကာ ပြုံးပြလိုက်သည်။

ထို့နောက်တွင် သတိပေးသည့်အနေဖြင့် လှမ်း၍ပစ်လွှတ်လိုက်သည့် မြှားကိုနှစ်ပိုင်းချိုးကာ ကိုင်မြှောက်ပြလိုက်တော့သည်။

ဤကဲ့သိုပြုမူမှာ “လီးမှာ စောက်ဂရုမစိုက်ဘူး” ဟုပြောလိုက်ခြင်းပင်။

ကြေးစားစစ်သည်၏မျက်နှာမှာ ပြောင်လဲသွားတော့သည်။ ဖှေးအနောက်တွင်ရှိနေသည့် ချမ်းဘော့ဒ်တပ်ဖွဲ့ကိုတွေ့လိုက်ရသည့်အချိန်တွင်မူ ပို၍ပင်ထိတ်လန့်အံ့သြသွားတော့၏။ သူသည်နောက်တွင်လွယ်ထားသည် ခရာကိုလှမ်းယူပြီး အဖွဲ့ကိုသတိပေးရန်အတွက် ပါးစပ်တွင်တေ့လိုက်သည်။

သို့သော်----

“၀ှစ်”

ချွန်ထက်သည့်မြှားတစ်ချောင်းသည် ညအမှောင်ထုထဲတွင် တိတ်ဆိတ်စွာဖြင့်ဖြတ်သန်းလာပြီး ထိုသူ၏ဖွင့်နေသည့်ပါးစပ်အတွင်းသို့စိုက်၀င်သွားတော့၏။

“ဖုတ်”

ကြေးစားစစ်သည်မှာ အော်ဟစ်ရန်ပင်အချိန်မရလိုက်တော့ချေ။ သစ်ပင်ပေါ်မှာ ချက်ချင်းပင်ပြုတ်ကျသွား၏။

“ဖျောက် ဖျောက် ဖျောက် ဖျောက်” တစ်ချိန်တည်းမှာပင် မြှားပေါင်းများစွာမှာ ဆံပင်ရွှေရောင်နှင့် တိုးရိစ်၏ လေးအတွင်းမှာ ထွက်ခွာသွားတော့သည်။ ချှန်ထက်သော်မြှားများ၏ အရှိန်မှာ မယုံနိင်ဖွယ်ပင်။ သို့ရာတွင် ဆူညံသံတစ်သံမှ ထွက်ပေါ်လာခြင်းမရှိပေ။ ထိုမြှားများသည် တစ်ခြားသစ်ပင်များပေါ်တွင်ရှိနေသည့် ကြေးစားစစ်သည်ကင်းထောက်များကို သတ်ဖြတ်ပစ်လိုက်၏။

မြှားတစ်ချောင်းသည် အသက်၀ိဉာဥ်တစ်ခုကို ချွေယူသွားပြီး မြှားများအားလုံးသည် ညှာတာမှုကင်းမဲ့လှသည်။

ဖှေးသူ၏ဘေးတွင်ရှိနေသည့် ဆံပင်ရွှေရောင်နှင့်လူငယ်လေးအား ချီးကျုးသည့်အကြည့်တစ်ခုပေးလိုက်သည်။ သူအား ဆဂျီတားရိရက်စ်သူတော်စဥ်အဖြစ်ကျင့်ကြံစေခြင်းမှာ မှန်ကန်သည်ရွေးချယ်မှုတစ်ခုပင်။ တိုးရိစ်၏ လေးအတတ်တွင် အခံပါရမီမှာ အလွန်ထူးခြားပြီးရှားပါးလှ၏။

“ချီတပ်”

ဖှေးအမိန့်ပေးလိုက်ရာ ထောင်မူးအိုလတ်ဂ်၊၊ တိုးရိစ်နှင့် ပီတာတို့သည် သူတော်စဥ်စစ်သည်၁၀ယောက်စီခန့်ကို ဦးဆောင်သွားပြီး မတူညီသောအရပ်မျက်နှာများမှ ချည်းကပ်ကာသွားကြတော့သည်။ ဖှေးမှာမူ လူကာနှင့် ဇိုလာရစ်တို့နှင့်အတူ မီးတောက်များရှိရာအရပ်သို့ အေးဆေးလမ်းလျှောက်သွားတော့၏။

All Chapters