အခန်း (၂၃၂)
Vol. 16 Ch. 232
ရေကန်ဘေးတွင် ညနက်သည်ထက်နက်လာပြီဖြစ်သည်။
ရေကန်ဘေးတွင်ရှိနေသည့် ကျောက်တုံးထူးထပ်သည့်လွင်ပြင်တစ်ခုတွင် မီးတုတ်များသည် မီးပွားစများကို ဖန်တီးလျှက်ကျယ်လောင်စွာတောက်လောင်နေပြီး အဖွဲ့စည်းနှစ်ခုမှာ ထိပ်တိုက်ရန်စောင်နေကြ၏။
တစ်ဖက်မှာ လူအင်အား၄၀ခန့်ရှိသည့် ကုန်သည်အဖွဲ့တစ်ခုဖြစ်ပုံရပြီး ပေါ့ပါးသည့် ချပ်၀တ်များကို၀တ်ဆင်ထားကြသည်။ သူတို့အားလုံးသည် သပ်ရပ်စွာဖြင့်၀တ်စားထားကြပြီး အလည်တွင်တင်းကြပ်စွာဖြင့်၀ိုင်းထားခြင်းခံနေရ၏။ သူတို့အားလုံးသည် စိတ်လှုပ်ရှားသည့်အမူရာများရှိနေကြပြီး တစ်ချို့ဆိုလျှင်ချွေးများပင်ပျံနေကြပြီဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူမှာ နီရဲနေသည့်နှာခေါင်းနှင့် အဖိုးကြီးတစ်ယောက်ဖြစ်ပြီး အမဲရောင်၀တ်ရုံတစ်ခုကို၀တ်ဆင်ထားသည်။ သူ၏ဘေးဘယ်ဘက်နှင့် ညာဘက်တွင် အဖြူရောင်၀တ်ရုံနှင့် ဓားသမားတစ်ယောက်နှင့် အနီရောင်စကတ်၀တ်ဆင်ထားသည့် မိန်းမလှလေးတစ်ယောက်တို့ရှိနေကြ၏။ သူတို့သုံးယောက်လုံး၏ မျက်နှာအမူရာများသည် အဆင်ပြေသည့်ပုံမပေါ်ချေ။ သူတို့သုံးယောက်လုံးအနောက်တွင်ရှိနေသည့် သူတို့၏ကုန်တင်ရထားများကို ကာကွယ်ထားကြ၏။
သူတို့အား၀ိုင်းထားသည်မှာ သွေးစွန်းနေသည့်ဓားတစ်ချောင်းပုံသင်္ကေတပါရှိသည့် အနီရင့်ရောင်၀တ်ရုံများကို၀တ်ဆင်ထားသည့် လူပေါင်းနှစ်ရာကျော်ခန့်ပင်။ သူတို့သည် လူအင်အားသာအသာစီးရရှိထားသည်မဟုတ်ပေ။ သူတို့၏လက်နက်များမှာလည်း သာလွန်နေသည်။ အလည်သို့ချိန်ရွယ်ထားသည့် ဒူးလေး၁၀လက်ခန့်လဲရှိနေသေးသည်။ ထိုဒူးလေးများသည် လေးလံသည့်သံမဏိချပ်၀တ်များကိုထိုးဖောက်နိုင်စွမ်းရှိသည်မှာ အထင်ရှားပင်။ ထိုတပ်ဖွဲ့၏အရှေ့ဆုံးတွင်ရပ်နေသည်မှာ ခေါင်းဆောင်ဟုယူဆရသည့်အနီရင့်ရောင်ချပ်၀တ်များ၀တ်ဆင်ထားကြသည့်လူလေးယောက်ပင်။ မျက်စိတစ်ဖက်ကွယ်နေသည့် လူသန်ကြီးတစ်ယောက်၊ အပြင်ပန်းကြည့်ပါက သဘောကောင်းသည်ဟုယူဆရသည့် အသက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်၊ တစ်ဖက်တွင်ရှိနေသည့် ကောင်မလေးအားစိုက်ကြည့်နေသည့်အသားဖြူဖြူနှင့် ခပ်ပိန်ပိန်လူငယ်တစ်ယောက်နှင့် အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်တို့ဖြစ်ကြသည်။
အဖွဲ့စည်းနှစ်ခု၏ ကြားထဲတွင်ရှိနေသည့် လေထုမှာ ခင်မင်ရင်းနှီးမှုမရှိသည်မှာ အသေချာပင်။
လူနှစ်ဆယ်ကျော်ခန့်မှာ သေဆုံးပြီးဖြစ်သောကြောင့်ဖြစ်ပေလိမ့်မည်။ ထိုလူနှစ်ဆယ်မှာ ဒူးလေးဒဏ်ရာများဖြင့်ပင်အသတ်ခံလိုက်ရပြီး အခြေအနေမကောင်းသည့်အဖွဲ့ဘက်မှ လူများဖြစ်ပုံရသည်။
“သွေးစွန်းကြေးစားတပ်ဖွဲ့လား...” မှော်တုတ်တံတစ်ချောင်းကိုကိုင်ဆောင်ထားသည့် နှာခေါင်းနီနီနှင့်အဖိုးကြီးမှာ နက်ရှိုင်းသောအသံဖြင့် ကြုံး၀ါးလိုက်သည်။ “မင်းတို့အဖွဲ့ရူးနေတာလား။ အဆင့်ငါးကြေးစားစစ်သည်အဖွဲ့လေးက ငါတို့ဆိုရိုကုန်သွယ်အဖွဲ့ကိုလာပြီးရန်ရှာရဲတယ်ပေါ့။ ခေါင်းဆောင်ကြီးဆိုရိုသာဒီအကြောင်းကိုသိတယ်ဆိုရင်မင်းတို့တပ်ဖွဲ့တစ်ခုလုံးကိုမြေမြုပ်ပစ်လိုက်မယ်ကွ။”
“ဟားဟား ခင်ဗျားပြောတာလဲမှန်ပါတယ်...ဆိုရိုကုန်သွယ်အဖွဲ့ကအင်အားကြီးတယ်ဆိုတာ သိတာပေါ့ဗျာ။ တစ်ခြားအချိန်တွေမှာဆိုရင်တော့ သွေးစွန်းကြေးစားတပ်ဆယ်ဖွဲ့ရှိရင်တောင် ခင်ဗျားတို့ကိုလာပြီးမထိရဲပါဘူး။ ဒါပေမယ့် ဒီတစ်ချိန်မှာတော့ ခင်ဗျားကကိုယ့်ကိုယ်ကိုလည်လှပြီထင်ပြီးတောင် နေမင်းတောင်ဖြတ်လမ်းကနေလာဖို့စီစဥ်လိုက်တာကို ကျုပ်တို့ညီအကိုတွေသိသွားတာပဲ။ ဒါက ဘုရားသခင်ရဲ့ဆန္ဒပဲမဟုတ်ဘူးလားဗျ။ ခင်ဗျားတို့ကိုအကုန်သတ်လိုက်ပြီဆိုရင် ခေါင်းဆောင်ကြီးဆိုရိုလဲ ဒီအကြောင်းကိုလုံး၀သိလိုက်မှာ မဟုတ်တော့ဘူးလေ။ ငါတို့သွေးစွန်းဂိုဏ်းရဲ့လက်ချက်မှန်း သူဘယ်လိုလုပ်ပြီးသိနိုင်ဦးမှာလဲ...”
သွေးစွန်းဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် မျက်စိတစ်ဖက်လပ်နှင့် လူသန်ကြီးမှာ အဘိုးကြီး၏ ချိမ်းခြောက်စကားကိုအမှုမထားပဲ ပြုံးလိုက်၏။
“မင်းတို့ကောင်တွေ ဒီအကြောင်းကိုဘယ်လိုလုပ်ပြီးသိသွားတာလဲ...”
အမဲရောင်၀တ်ရုံနှင့် အဖိုးကြီးမှာ သူ၏မှော်ကြိမ်လုံးကို တင်းကြပ်စွာဆုပ်ကိုင်ရင်းမေးလိုက်သည်။ သူသည် သူ၏ကံကြမ္မာကိုလက်ခံနိင်ပုံမရသေးပေ။
“ဘယ်ကသိတာလဲ ဟုတ်လား...ခင်ဗျားသေမှပဲအဖြေရှာလိုက်တော့” ခေါင်းပြောင်ပြောင်နှင့် လူသန်ကြီးမှာ မတော်တဆကိစ္စများဖြစ်ပွားသွားမည်ကို မလိုလားသဖြင့် စကားအများကြီးမပြောလိုချေ။ သူ၏ဒူးလေးသမားများကို ပစ်သတ်ရန်အတွက် အမိန့်ပေးရန်ပြင်လိုက်သည်။ သို့ရာတွင် တစ်စုံတစ်ခုကို ကြားလိုက်ရသဖြင့် သူ၏မျက်နှာအမူရာမှာလည်းပြောင်းလဲသွားကာ အ၀ေးတစ်နေရာသို့လှမ်းကြည့်လိုက်သည်။
ဤမြင်ကွင်းကြောင့် လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားပြီး ထိုခေါင်းပြောင်ကြည့်နေသည့်နေရာသို့ လိုက်ပါပြီးကြည့်လိုက်ရာတွင် ဆံပင်အနက်ရောင်နှင့် လူငယ်တစ်ယောက်မှာ အပျင်းပြေလမ်းလျှောက်နေသကဲ့သို့ သူတို့ထံသို့ချည်းကပ်လာနေသည်ကိုတွေ့လိုက်ရ၏။ သူ၏အမူအယာမှာ အလွန်ပင်သက်တောင့်သက်သာပင်ဖြစ်ပြီး သူ့အနောက်တွင်သူနှင့်အတူပါလာသည်မှာ အဖိုးကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ပင်။ အဘိုးကြီးမှာ တစ်ခေါင်းလုံးတွင်ရှိနေသည့် ဆံပင်များအားလုံးဖြူဖွေးနေပြီး ကလေးမှာ အဟာရမပြည့်၀သကဲ့သို့ပိန်ချောက်ကပ်နေသည်။ သူတို့နှစ်ယောက်လုံးသည် တိုက်ခတ်နေသည့် လေညင်းနှင့်အတူ လွင့်ပါသွားနိုင်သည်ဟုပင်ထင်ရသည်။
သူတို့အနီးသို့ရောက်ရှိလာသည့်အချိန်တွင် လူတိုင်းသည်အနီးကပ်သေချာကြည့်ရှုနိုင်ပြီဖြစ်သည်။
အမဲရောင်၀တ်စုံနှင့် လူငယ်သည် ရေတံခွန်ကဲ့သို့အမဲရောင်ဆံပင်များရှိနေပြီး အတော်တန်ရုပ်ဖြောင့်သည့် ယောက်ျားတစ်ယောက်ပင်။ သူ၏မျက်လုံးများသည်လည်း သွေးစွန်းဂိုဏ်းမှလူများကို သတ်ဖြတ်ခံရခါနီးဖြစ်သည့် ၀က်များကဲ့သို့ အဆက်မပြတ်ကြည့်ရှုလျှက်ရှိသည်။ သူ၏အနောက်တွင်ရှိနေသည့် အဘိုးကြီးနှင့် ကလေးငယ်မှာ အနည်းငယ်စိတ်လှုပ်ရှားနေသည့်အမူယာရှိသည်။ သို့သော်လည်း သူတို့နှစ်ယောက်သည်လည်း သွေးစွန်းဂိုဏ်းမှာလူများကို သတ်ဖြတ်လိုသည့်မျက်လုံးများဖြင့်စိုက်ကြည့်လျှက်ရှိသည်။
“မင်းက ဘယ်သူလဲ...”
တစ်စုံတစ်ခုလွဲချော်နေသည်မှာ သေချာသည်။ ဤလူသုံးယောက်သည် မီတာတစ်ရာခန့်၀န်းကျင်သို့ရောက်ရှိလာသော်လည်း သစ်ပင်ပေါ်တွင်ကင်းပုန်းချထားသည့် လူများထံမှာ အချက်ပေးခရာသံကိုကြားရခြင်းမရှိပေ။ သူတို့တစ်ခုခုဖြစ်သွားသည်မှာ ထင်ရှားသည်။ ထိုကဲ့သို့စဥ်စားမိပြီး ထိပ်ပြောင်နှင့် လူသန်ကြီး၏ မျက်လုံးများသည် အနည်းငယ်ကျဥ်းမြောင်းသွားတော့သည်။
“ဒီတိုင်း အနားကဖြတ်သွားတဲ့လူတစ်ယောက်ပါ...”
ဖှေးပြန်ဖြေလိုက်သည်။
ထို့နောက်တွင် သူချက်ချင်းပင် ထရယ်ချင်စိတ်ပေါက်သွား၏။ သို့ရာတွင်သူရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ “ငါဒီမှာ အသိအကျွမ်းဟောင်းတစ်ချို့ကို တွေ့လိုက်မိလို့ လမ်းကြုံတုန်းအကြွေး၀င်တောင်းသွားမလို့ပါ။ အတိုးရောပေါ့။”
ဖှေးခန္ဓာကိုယ်မှ အတွင်းအားအရိပ်ရောင်များကိုလုံး၀မတွေ့ရချေ။ မှော်စွမ်းအင်များကိုလည်းတစ်စက်မှ ခံစားရခြင်းမရှိပေ။ သူသည် အားနည်းသည့်သာမန်လူငယ်တစ်ယောက်ဟုပင် ထင်ရ၏။ သူ၏အနောက်တွင်ရှိနေသည့် လူနှစ်ယောက်ဆိုလျှင်ခြေလှမ်းများပင် တည်ငြိမ်ခြင်းမရှိပေ။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့သည်တိုက်ခိုက်ရေးသမားများမဟုတ်ကြောင်းကို တပ်အပ်ပြောနိင်၏။
သို့သော် ဤကဲ့သို့အန္တရာယ်မရှိပုံရသည့် လူသုံးယောက်ရောက်ရှိလာခြင်းသည် သွေးစွန်းဂိုဏ်းခေါင်းဆောင်ထပ်ပြောင်ကြီးကို မအီမသာဖြစ်စေ၏။
သတိထားသည့်အနေဖြင့် ထိပ်ပြောင်နှင့်လူသန်ကြီးမှာ ချက်ချင်းပင် တုန့်ပြန်ခြင်းမရှိသေးပေ။ သို့သော် သူသည် ဆိုရိုကုန်သွယ်အဖွဲ့ကိုထွက်ပြေးလို့မရရန်အတွက် ပို၍တင်းကြပ်စွာ၀ိုင်းထားရန် သူ၏လူများကိုတိတ်ဆိတ်စွာဖြင့် အချက်ပြအမိန့်ပေးလိုက်သည်။ ထို့နောက်တွင် အသာယာပြောလိုက်၏။ “အော် အကြွေးလာတောင်းတာလား...ဘယ်လိုအကြွေးမျိုးပါလိမ့်။”
“သွေးကြွေးပေါ့...” ဖှေးသူ၏ မေးစေ့ကိုပွတ်ပြီး ပြုံးကာပြန်ဖြေလိုက်သည်။
“ဘယ်သူ့စီကလဲ...” ထိပ်ပြောင်လူသန်ကြီး၏ မျက်နှာအမူယာမှာ ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကိုချက်ချင်းပင် တွေးလိုက်မိ၏။
“သွေးစွန်းဂိုဏ်းစီက...” ဖှေးဤတစ်ကြိမ်တွင် စကားကိုတစ်လုံးခြင်းပြတ်ပြတ်သားသားပြောလိုက်ပြီး သူ၏မျက်နှာအမူယာသည်လည်းချက်ချင်းပင် အေးစက်သွားတော့သည်။ သူ၏မျက်လုံးများသည် ဓားသွားများကဲ့သို့ပင် သွေးစွန်းဂိုဏ်းခေါင်းဆောင်၏မျက်နှာထံသို့ချိန်ရွယ်ထားသည်။ ထို့နောက်တွင် ဖှေးသူ၏စွမ်းအင်များကိုထုတ်လွှတ်လိုက်တော့သည်။ ရုတ်တရက်ထွက်ပေါ်လာသည့် စွမ်းအားအရှိန်၀ါများသည် လေထုအခြေအနေကိုပြောင်းလဲပစ်လိုက်ပြီး သွေးစွန်းဂိုဏ်းတွင်ရှိနေသည့် ဆရာများသည် ဖှေးအားမျက်လုံးခြင်းပင်စုံပြီးမကြည့်ရဲကြတော့ချေ။