အခန်း (၂၃၃)
Vol. 16 Ch. 233
ဖှေး၏အပြုမူကြောင့်ထိပ်ပြောင်၏ ဘေးတွင်ရှိနေသည့် လူငယ်မှာ ဒေါသဖြစ်သွား၏။ သူ၏မျက်လုံးများကို ဆိုရိုကုန်သွယ်ရေးအဖွဲ့ဘက်တွင်ရှိနေသည့် မိန်းမ
လှလေး၏ ခန္ဓာကိုယ်မှ နောက်ဆုံးတွင် ခွာလိုက်ပြီး ဖှေးကိုခြေဆုံးခေါင်းဆုံးကြည့်ကာ အေးစက်သည့်အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်ပေါက်လာတော့
သည်။
“ငါလောကမှာ အမုန်းဆုံးကဘာလဲသိလား...” လူငယ်မှာ စတင်၍စကားပြောလိုက်သည်။ “မင်းတို့ကောင်တွေလို ပန်းဥယျာဥ်ထဲမှာ ကြီးပြင်းလာတဲ့ ပန်းနု
နုလေးတွေကိုပဲကွ...ဒီမှာကောင်လေး မင်းဘ၀မှာ လူသေအလောင်းတစ်ခုကိုတောင်မြင်ဖူးလို့လား။ လူတစ်ယောက်ကိုရောသတ်ဖူးလား။ လူတစ်ယောက်ရဲ့ခေါင်းကို
ပိုင်းဖြတ်လိုက်ရာကနေထွက်လာတဲ့အသံကိုလဲ မင်းကြားဖူးလား။ မင်းမျက်နှာမှာ ပေနေတဲ့ပူပူနွေးနွေးသွေးနံ့ကိုလည်း မင်းခံစားဖူးလား။” သူစကားပြောနေရင်းဖင်း့
သူ၏အသံနေအသံထားမှာ တစ်စထက်တစ်စ ပို၍ကြမ်းတမ်းလာတော့သည်။ မနာလိုမှုနှင့် ဒေါသအရိပ်ရောင်တို့ကိုဖော်ပြနေ၏။ “မင်းတို့လို ကိုယ့်ကိုယ်ကိုမှန်တ
ယ်ထင်နေတဲ့ဆွေကြီးမျိုးကြီးကောင်တွေအပြင်ကမ္ဘာရောက်နေပြီဆိုရင် မင်းတို့ရဲ့သုံးစားလို့မရတော့တဲ့မာနတွေကို ဘေးဖယ်ထားလိုက်တော့။ ဒီမှာမင်းက အသတ်ခံရ
ဖို့စောင့်နေတဲ့ ခွေးတစ်ကောင်ထက်ဘာမှမပိုတော့ဘူး။”
ဒီဘဲက ကျပ်မပြည့်ဘူးလား။
ဖှေးသူ၏ မေးစေ့ကိုပွတ်သပ်နေရင်းဖြင့်တွေးလိုက်မိသည်။ ငါကဒီနေရာကို လူသတ်ဖို့ရောက်လာတာကို ဒီဘဲက ဘာဒသနတွေလာဟောနေတာလဲ။
“အရှင်မင်းကြီး ဒီကောင်ရဲ့နာမည်က ဒေးဗစ်ဘန်တလီလို့ခေါ်ပါတယ်။ သူက သွေးစွန်းဂိုဏ်းရဲ့ အလည်လတ်ခေါင်းဆောင်တစ်ယောက်ပါ။ သူကဆွေကြီးမျိုးကြီး
မိသားစုကနေရာထူးပြုတ်ပြီးဆင်းလာရတဲ့ ဆာမူရိုင်းတစ်ယောက်လို့ပြောကြပါတယ်။ သူ့ရဲ့အတိတ်ကြောင့်လားနေမယ်သူက ဆွေကြီးမျိုးကြီးတွေကို သူများတွေနား
မလည်နိင်လောက်တဲ့အထိကို မုန်းတီးတဲ့လူတစ်ယောက်ပါ။ သူက ကြယ်၄လုံးအဆင့်လောက်ရှိတဲ့ ရေခဲစွမ်းအင်သုံးစစ်သည်တစ်ယောက်ပါ။ ဟိုထိပ်ပြောင်ကတော့
သွေးစွန်းဂိုဏ်းရဲ့ အဓိကတိုက်ခိုက်ရေးသမား ၆ယောက်ထဲကတစ်ယောက်ပါ။ သူကဘယ်ကလာမှန်းမသိပါဘူး။သူ့ရဲ့အစွမ်းကို အတိကျမသိပေမယ့် ဘန်တလီထ
က်တော့ အပုံကြီးသာပါတယ်။ ဟိုသဘောကောင်းတဲ့ပုံစံနဲ့ အသက်လတ်ပိုင်းအရွယ်လူကတော့ ဆန်နာပါ သူလည်းခေါင်းဆောင်တစ်ယောက်ပါပဲ။ မျက်နှာက
လူကောင်းတစ်ယောက်ပုံဖြစ်နေပေမယ် သူကအတော်ရက်စက်တဲ့နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အလွန်ဉာဏ်များပြီး အပြုံးနဲ့လူသတ်တတ်တဲ့
လူတစ်ယောက်ပဲ။ သူ့ဘေးမှာရှိတဲ့အသက်၁၈နှစ်လို့ထင်ရတဲ့အမျိုးသမီးကတော့ တကယ်တန်းတော့ အသက်၃၀ကျော်နေပါပြီ။ သူက အမှောင်နတ်သူငယ်သွေးတစ်
၀င်နှောထားတဲ့မျိုးနွယ်ကဖြစ်ပါတယ်။ သူမကလဲ လူသတ်ဖို့အတွက်သွေးဆာတဲ့ အမျိုးသမီးတစ်ယောက်ပဲ။”
အဖိုးကြီးဇိုလာရစ်မှာ လမ်းကြောင်းများသာ ကျွမ်းကျင်သည်မဟုတ်ပေ။ အံ့သြဖွယ်ရာအထွေထွေဗဟုသုတများကိုလည်း ပိုင်ဆိုင်ထားသည့်သူတစ်ယောက်ဖြစ်သည်။
ထိုလူများကိုတစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့၏အကြောင်းများကို တန်း၍ပြောလိုက်နိုင်၏။
“ငါ့ရဲ့ချမ်းဘော့ဒ်တိုင်းပြည်က ပြည်သူတွေကို လူကုန်ကူးတဲ့နေရာမှာ ဒီလူတွေကပါ၀င်ပတ်သက်နေလား။” ဖှေးမေးလိုက်သည်။
“သူတို့တွေအကုန်ပါပါတယ်...” ဇိုလာရစ်မဖြေရသေးခင်မှာပင် ကောင်လေးလူကာမှာ ၀င်ရောက်ဖြေကြားလိုက်သည်။ “အရှင်မင်းကြီး ဒီလူတွေက သွေးစွန်း
ဂိုဏ်းလက်အောက်မှာရှိတဲ့ မြောက်ပိုင်းလူကုန်ကူးအဖွဲ့ရဲ့ အဓိကခေါင်းဆောင်တွေပါ။ သူတို့တွေရဲ့လက်မှာ ချမ်းဘော့ဒ်ပြည်သူတွေရဲ့သွေးတွေစွန်းထင်းနေပါတယ်။
လွန်ခဲ့တဲ့၃နှစ်လုံးချမ်းဘော့ဒ်ပြည်သူပေါင်း၄၀၀၀လောက် မဟူရာတိုင်းပြည်ကမိုင်းတွင်းတွေစီကို လူကုန်ကူးခံခဲ့ရတာ ၆၀ရာခိုင်နှုန်းလောက်က သူတို့ရဲ့လက်ချက်ပါ။”
ဤအခိုက်တန့်တွင် ပိန်ချောက်ချောက်လူငယ်လေးနှင့် ဆံပင်ဖြူအဖိုးကြီးတို့၏မျက်လုံးများထဲတွင် အမုန်းတရားများဒေါသများဖြင့်ပြည့်နှက်နေ၏။
ဖှေးအဆုံးထိဂရုတစိုက်နားထောင်ပြီးနောက်တွင် ဘေးပတ်ပတ်လည်တွင်ရှိနေသည့် ကြေးစားစစ်သည်အယောက်၂၀၀ခန့်ကို ကြည့်ကာအလွန်တည်ငြိမ်သည့်အသံတစ်
ခုဖြင့်မေးလိုက်သည်။ “ကဲအခုဆိုရင် မင်းတို့ရဲ့ဘုရင်က ဘာအကြွေးပြန်လာတောင်းတယ်ဆိုတာကို မင်းတို့ကောင်တွေသိပြီမလား။ မင်းတို့ကောင်တွေဘာလို့အသ
တ်ခံရလဲမသိပဲနဲ့ သေစရာမလိုတော့ဘူးပေါ့။”
သူ၏အသံမှာ ဖြေးညှင်းပြီးတည်ငြိမ်သော်လည်း သံသယကင်းသည့် စိတ်ပိုင်းဖြတ်မှုကို ပြသလျှက်ရှိသည်။ သူ၏မျက်လုံးများထဲတွင် သွေးစွန်းဂိုဏ်းမှာ ကြေးစားစ
စ်သည်များသည် ယခုအချိန်တွင် သေလူများဖြစ်နေပြီဖြစ်သည်။
မင်းတို့ရဲ့ဘုရင်လား
ထိုနာမည်ကိုကြားလိုက်သည့်အချိန်တွင် ထိပ်ပြောင်၏ခေါင်းထဲတွင် မီးလုံးတစ်ခုလင်းလတ်သွား၏။ သူမကြာသေးမှီအချိန်က နာမည်ကျော်ကြားစပြုလာသည့် ဘုရင်
ငယ်တစ်ပါး၏အကြောင်းကို ချက်ချင်းပင်သတိရလိုက်သည်။ သူသည် ထိတ်လန့်အံ့သြသွားကာ တစ်စုံတစ်ခုပြောရန်အတွက် ပြင်နေဆဲအချိန်မှာပင် သူ၏ဘေးတွင်
ရှိနေသည် ဘန်တလီမှာ သည်းခံနိုင်ခြင်းမရှိတော့ပဲခုန်၀င်သွားတော့၏။
“အတွေးတိမ်တဲ့ကောင်သေစမ်းကွာ...” ဘန်တလီ သူ၏ခါးတွင်ချိတ်ထားသည့် ဓားရှည်ကိုချက်ချင်းပင် ဆွဲထုတ်လိုက်၏။ သူ၏ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့်
အတွင်းအားများသည် ဆူနာမီရေလှိုင်းများကဲ့သို့ထကြွလာပြီး လေထုကိုနှစ်ပိုင်းပိုင်းလိုက်၏။ ၆မီတာခန့်ရှည်လျားသည့် အေးစက်သည့်အပြာရောင်လေဓားပုံစံစွမ်းအ
င်များသည် သူ၏ဓားမှ ထွက်ခွာသွားပြီး ဖှေးနှင့် လူနှစ်ယောက်ထံသို့ဦးတည်ကာ ပျံသန်းသွားတော့သည်။
“ရေခဲဓားသွား...” အပြာရောင်စွမ်းအင်ဓားသွားမှ တောက်ပနေသည့်အလင်းရောင်အောက်တွင် ဘန်တလီ၏ မျက်နှာပုံရိပ်မှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
ကြယ်လေးလုံးအဆင့်ရှိသည့် ရေခဲဓားသွားသိုင်းကွက်သည် အလွန်အေးစက်သည့်စွမ်းအင်များကို သိပ်သည်းပြီး ဓားသွားတစ်ချောင်းအဖြစ်ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး
ရန်သူ၏ခန္ဓာကိုယ်နှင့် ထိလိုက်မိပါက ချက်ချင်းပင် ရခဲရုပ်တုတစ်ခုကဲ့သို့အေးစက်သွားတော့မည်ဖြစ်သည်။ ဤသည်မှာ အလယ်အလတ်အဆင့်ရှိသည့်ရေခဲစွမ်းအ
င်တစ်ခုဖြစ်သည်။ ဖှေးဤသိုင်းကွက်၏ အကြောင်းကို အီဗန်၏ ပစ္စည်းထားသိုသည့်မှော်လက်စွပ်အတွင်းမှရရှိသည့် ကျင့်စဥ်စာလိပ်တစ်ခုတွင်ဖတ်ရှုဖူးသဖြင့် အ
လွန်ရင်းနှီးပြီးသားဖြစ်သည်။
ရင်းနှီးပြီးသားဖြင်သော်ကြောင့် မည်ကဲ့သို့လွယ်ကူစွာခုခံရမည်ဆိုသည်ကိုလည်းသိရှိပြီးဖြစ်သည်။
လေထုအားဆုပ်ကိုင်လိုက်သည့်အချိန်တွင် အစိမ်းရောင်ထူးဆန်းသည့်ပုံစံရှိသည့်ဓားတစ်ချောင်းသည် ဖှေးလက်အတွင်းသို့ရောက်ရှိလာတော့သည်။ ဘန်တလီကဲ့သို့
ကျယ်လောင်သည့်အော်ဟစ်သံလဲမရှိပေ၊ အတွင်းအားများထကြွလာခြင်းလဲမရှိပေ၊ ဖှေးယဥ်ကောင်တစ်ကောင်အားသတ်နေသကဲ့သို့ပင် သူ၏လက်ကိုအသာယာ၀ှေ့ရ
မ်းလိုက်၏။
သိုင်းကွက်နှစ်ခုကို နှိုင်းယှဥ်ကြည့်ပါက အနိုင်ရရှိမည့်သူအား ဆုံးဖြတ်ပြီးသည့်ဟန်ပင်။
“ဂရုစိုက်...” ဆိုရိုကုန်သွယ်အဖွဲ့ဘက်တွင်ရှိသည့် အနီရောင်၀တ်စုံနှင့်မိန်းကလေးသည် ဖှေးအားအော်ဟစ်ကာ သတိပေးလိုက်မိသည်။
သို့သော်...
ဤအခိုက်တန့်တွင် လေထုသည် ရုတ်တရက်ပြောင်းလဲသွားသည်။
လူတိုင်း၏ကျက်သေသေနေသည့် အမူယာများအောက်တွင် ဘေးတွင်ရှိနေသည့် သစ်ပင်ကြီးများကိုပင် အေးခဲပစ်နိုင်သည်ဟုထင်ရသည့် ဘန်တလီ၏စွမ်းအားမြင့်
ရေခဲစွမ်းအင်ဓားသွားသည် ဖှေးခန္ဓာကိုယ်အနီးသို့ပင်မရောက်ရှိလိုက်ချေ။ ရုတ်တရက်အလည်မှ နှစ်ခြမ်းပိုင်းဖြတ်ခြင်းကိုခံလိုက်ရပြီး ဘေးနှစ်ဖက်သို့လွှင့်စင်ကာ
သွားတော့သည်။ ဖှေးတို့၏ ဘေးနှစ်ဖက်တွင်ရှိနေသည့် သစ်ပင်ကြီးများကို အေးခဲလိုက်သော်လည်း ဖှေးနှင့်သူနှင့်အတူရှိနေသည့် လူနှစ်ယောက်ကိုမူ တစ်စုံတစ်
ရာအန္တရာယ်ပြုလိုက်နိုင်ခြင်းမရှိပေ။
ထို့နောက်တွင် ပို၍ပင်မယုံနိုင်စရာကောင်းသည့် အရာတစ်ခုဖြစ်ပျက်သွားတော့သည်။
ဘန်တလီ၏ လက်ထဲတွင်ရှိနေသည့်အဖိုးတန်ဓားသည် သူ၏ငယ်ရွယ်နုပျိုသည့် ခန္ဓာကိုယ်နှင့်အတူရုတ်တရက်နှစ်ပိုင်းပိုင်းပြတ်သွားတော့၏။
လေထဲတွင်ရှိနေသည့် မမြင်နိုင်သည့်လူတစ်ယောက်သည် ဓားတစ်ချောင်းကို၀ှေ့ရမ်းပြီး ကိတ်မုန့်ခွဲသကဲ့သို့ သူ၏ခန္ဓာကိုယ်အား ပိုင်းဖြတ်လိုက်သကဲ့သို့ပင်။ မုန်တို
င်းပေါင်းများစွာကို ကြံ့ကြံ့ခံနိင်ခဲ့သည်ဟု ကြုံး၀ါးနေခဲ့သည့် လူငယ်၏ခန္ဓာကိုယ်သည်လည်းနှစ်ခြမ်းပိုင်းပြတ်ကာသွားတော့၏။
“ဖုတ်”
ဓားနှင့် ခန္ဓာကိုယ်သို့မြေပေါ်သို့ပြုတ်ကျသည့်အသံမှာ ပတ်၀န်းကျင်တွင် ပဲ့တင်သံထပ်သွားပြီး ရေကန်ဘေးပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတော့၏။
ဖှေးအား ဆဲဆိုနေခဲ့သည့် ဘန်တလီမှာ ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်ရေးမရလိုက်ပဲသေဆုံးသွားခဲ့ပြီဖြစ်သည်။ ပေါ်လာသည့်ကြွက်ကလေးများကို သူတို့၏ဆ
ရာများမှ ရှင်းလင်းရန်အတွက် ထီမမြင်သည့်အပြုံးများဖြင့် စောင့်စားနေခဲ့ကြသည့် ကြေးစားစစ်သည်များသည်လည်း သူတို့၏မျက်မနှာအမူယာများအေးစက်သွား
ကြတော့သည်။ သူတို့အားလုံးသေမင်းသည် သူတို့နားတွင် ရစ်၀ဲနေသည်မှန်းခံစားလိုက်မိကြ၏။
အကွက်တစ်ခုတည်းဖြင့်ပင် လေထုမှာရုတ်တရက်ပြောင်းလဲသွားတော့သည်။
ဆရာတစ်ပါးပင်။
မယုံနိုင်စရာကောင်းသည့်ဆရာတစ်ပါးပင်။
ကြယ်လေးလုံးအဆင့်စစ်သည်တစ်ယောက်အား ကြက်ကလေးငှက်ကလေးသတ်သကဲ့သို့တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်ခြင်းသည် ဤနေရာတွင်ရှိနေသည့်
လူအားလုံးကိုထိတ်လန့်အံ့သြသွားစေ၏။
ထိပ်ပြောင်ပြောင်နှင့်လူသန်ကြီးသည် အပြင်ပိုင်းတွင်တည်ငြိမ်နေသည့်ဟန်ရှိသော်လည်း သူ၏နှလုံသားထဲတွင်မူမုန်တိုင်းထန်နေပြီးဖြစ်သည်။ သူ၏စွမ်းအားများသည်
ဘန်တလီထက်များစွာကြီးမားသည် ထို့ကြောင့် ထိုနှစ်ယောက်တိုက်ခိုက်လိုက်သည့်အခိုက်တန့်ကို ကောင်းစွာမြင်လိုက်နိုင်သည်။ တစ်ဖက်တွင်ရှိနေသည့် ဆံပင်အန
က်ရောင်နှင့် လျို့၀ှက်ထူးဆန်းသည့်လူငယ်မှာ အထူးအတွင်အားများ၊ မှော်စွမ်းအင်များကို တစ်စက်မှ အသုံးပြုလိုက်ခြင်းမရှိပေ။ ဓားကို၀ှေ့ရမ်းလိုက်ခြင်းမှာ ခွန်
အားချည်းသပ်သပ်သာဖြစ်၏။ ထူးဆန်းသည့်လက်နက်၏ ထားသွားမှာ ထင်မထားလောက်သည်အထိပင် မြန်ဆန်စွာ၀ှေ့ရမ်းသွားပြီး လေထုကိုသိပ်သည်းကာ
လေဓားသွားတစ်ခုကိုဖန်တီးလိုက်ခြင်းသာြဖစ်သည်။ ထိုလေဓားသွားမှာ အစွမ်းကုန်သုံးထားသည့် ကြယ်လေးလုံးအဆင့်စစ်သည်ကို လွယ်ကူစွာပင်ပိုင်းဖြတ်သွား၏။
ဤကဲ့သို့သော ခွန်အားသည် အရာအားလုံးထက်ပင်သာလွန်နေသည်။ ထိုထိပ်ပြောင်ကြားဖူးသည့် ကျော်ကြားစပြုလာသည့်ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်ငယ်၏
သတင်းများတွင်ပါရှိသည်ထက်ပင် များစွာသာလွန်နေသည်။ သူချက်ချင်းပင် သဘောပေါက်လိုက်သည်။ ယနေ့တွင် ပြသနာကြီးတစ်ခုကိုသူကြုံတွေ့ရတော့မည်ဖြစ်
၏။
ဆိုရိုကုန်သွယ်ရေးအဖွဲ့ ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင်မူ သေခြင်းတရားမှလွတ်မြောက်သည့် ကျေနပ်ဖွယ်ခံစားချက်ကို ခံစားလိုက်ရသည်။
အထူးသဖြင့် သူ၏မှော်ကြိမ်လုံးကိုတင်းကြပ်စွာဆုပ်ကိုင်ပြီး အရှေ့ဆုံးတွင်ရပ်နေသည့် အဖွဲ့ခေါင်းဆောင်နှာခေါင်းနီမန်နေဂျာပင်။ သူ၏နှလုံးသားထဲတွင် ခံစားလိုက်
ရရသည့် အံ့သြထိတ်လန့်မှုတို့မှာ ဖော်ပြ၍မရလောက်အောင်ပင်။ လွန်ခဲ့သည့်၃မိနစ်ခန့်က ဖှေးတို့လူသုံးယောက်ရောက်လာသည့်အချိန်တွင် သူအနည်းငယ်၀မ်း
သာသွားခဲ့သည်။ သို့ရာတွင် ဖှေးတို့အဖွဲ့ထံမှ အတွင်းအားများ၊ မှော်စွမ်းအင်အရိပ်ယောင်များကို ခံစားရခြင်းမရှိသည့်အတွက် သူတို့သုံးယောက်သည် သာမန်လ
မ်းသွားလမ်းလာသုံးယောက်ဟုပင် ထင်မှတ်သွားသဖြင့် ပြန်လည်ကာ စိတ်ဓာတ်ကျသွားခဲ့၏။ သို့သော် ဤဆံပင်အမဲရောင်နှင့် လူငယ်မှာ အလွန်စွမ်းအားကြီးသည့်
ဆရာတစ်ယောက်ဖြစ်မည်ဟုသူလုံး၀ပင်ထင်မထားခဲ့ချေ။
“ဟယ်ရီ ကျွန်မတို့ဒီအခွင့်ရေးကိုအသုံးပြုပြီး ထွက်ပြေးကြတော့မလား....” သူ၏ဘေးတွင်ရှိနေသည့် ချစ်စရာကောင်မလေးသည့် တီတိုးကာပြောကြားလို
က်သည်။
“အလျှင်လိုစရာမလိုပါဘူး...ငါတို့ခနနေပြီး အခြေနေတွေဘယ်လိုပြောင်းလဲသွားမလဲတစ်ချက်စောင့်ကြည့်ကြတာပေါ့။” နှာခေါင်းနီသည် သူ၏ဦးခေါင်းကိုခါရမ်း
လိုက်သည်။ အတွေ့ကြုံရှိသည့်ကုန်သည်တစ်ယောက်ဖြစ်သည့်အတွက် သူဤနေရာတွင်ရှိနေပါက သူ့အတွက်အခွင့်ရေးကြီးတစ်ခုစောင့်ကြိုနေကြောင်းကို သူအာရုံ
ခံလိုက်မိသည်။
တစ်ဖက်တွင်။
ဘန်တလီအား တစ်ချက်ထဲဖြင့် သတ်ဖြတ်ပြီးချိန်တွင် ဖှေးသူ၏ဓားကိုစိတ်ကျေနပ်စွာဖြင့်ကြည့််လိုက်သည်။
ဤအစိမ်းရင့်ရောင်လက်တစ်ဖက်ထဲဖြင့်ကိုင်တွယ်အသုံးပြုရသည့် [ဘူးလ်-ခါးတို့စ်၏ မျိုးနွယ်စောင့်ဓား]မှာ လေးလံပြီး ထူးဆန်းသည့်ပုံစံရှိပြီး ယခင်ကအသုံး
ပြုနေကြဖြစ်သည့် ခရမ်းရောင်နှင့် အစိမ်းရောင်ဓားတို့နေရာတွင် ပြောင်းလဲအသုံးပြုရန်အတွက် အထူးသင့်လျှော်သည့် ဓားတစ်ချောင်းဖြစ်သည်။ ယခင်က လူရို
င်းခေါင်းဆောင်ဖြစ်သည့် [မသေမျိုးဘုရင်]အသုံးပြုခဲ့ဖူးသည့် ဓားပြီသစွာပင် အစွမ်းအား၅၀ရာခိုင်နှုန်းကို ကန့်သက်ထားသော်လည်း သူ၏စွမ်းရည်မှာ မယုံနိုင်စ
ရာကောင်းနေဆဲပင်။
ဖှေးသွေးစွန်းဂိုဏ်းထံသို့ ခြေတစ်လှမ်းခြင်းလှမ်းကာ လျှောက်လာ၏။ သူ၏ပုံရိပ်မှာ လွှမ်းမိုးနိုင်သည့်တောင်တန်းကြီးတစ်ခုကဲ့သို့ပင် လူတိုင်းကို အသက်ရှူမှား
လောက်သည့် ခံစားချက်မျိုးကိုပေးလျှက်ရှိသည်။
“ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားလား..ငါတို့ထိုင်ပြီး သေချာစကားအရင်ပြောရအောင်..” ထိပ်ပြောင်မှာပြောလိုက်သည်။
“လီးကို စကားပြောမှာလား...”
ဖှေးကြုံး၀ါးလိုက်၏။ သူ၏စကားသံမဆုံးသေးခင်မှာပင် သူသည်လေပွေတစ်ခုအသွင်သို့ပင် ပြောင်းသွားပြီး သွေးစွန်းဂိုဏ်းထံသို့ပြေး၀င်သွား၏။ သူယခင်ကရပ်နေခဲ့
သည့်နေရာတွင် သူ၏ပုံရိပ်တစ်ခုမှာ ကျန်ရှိနေခဲ့ဆဲဖြစ်သော်လည်း သူ၏ဓားသွားမှာ ရန်သူများစွာ၏ လည်ပင်းကိုပိုင်းဖြတ်ပြီးဖြစ်သည်။ ထိပ်ပြောင်မတုန့်ပြန်နိုင်
သေးခင်မှာပင် ဦးခေါင်းလေးခုသည် လေပေါ်သို့လွင့်ပျံသွားပြီး ဦးခေါင်းကင်းမဲ့သည့်အလောင်းလေးခုသည် မြေပေါ်သို့လဲကျသွား၏။ ဤသည်မှာ ရပ်တန့်၍မရနိုင်
သည့် ညအမှောင်ထဲရှိလူသတ်ပွဲကြီးကို စတင်လိုက်ခြင်းပင်။
“သေစမ်းကွာ သူ့ကိုသတ်ပစ်ကြ..”
ဤမြင်ကွင်းသည် ထိပ်ပြောင်ဘိုးတော်၏မျက်နှာကို သိသာစွာပြောင်းလဲသွားစေသည်။ သူအော်ဟစ်ကာ သူ၏လက်နက်နှစ်ခုကိုဆွဲထုတ်လိုက်သည်။ ထိုလက်နက်
များမှာ ထူးဆန်းသည့်အေးစက်စက်အလင်းရောင်များတောက်ပနေသည့် ပုဆိန်ကြီးနှစ်လက်ပင်။ ပုဆိန်မှာ ကောင်းကင်ပေါ်သို့ထောင်တက်သွားသည်။ ညကောင်းက
င်ကို နှစ်ခြမ်းပိုင်းဖြတ်လိုက်ပြီး ဖှေးတို့ထံံသို့ဦးတည်လာ၏။ ပုဆိန်ကျရောက်မလာခင်မှာပင် မြေပေါ်တွင်ရှိနေသည့်သစ်ရွက်ခြောက်များမှာ အရှိန်ကြောင့်လွင့်ပျံကု
န်ကြသည်။ ဤသည်မှာ ရပ်တံ့၍မရပဲကြမ်းကြုတ်လှသည်။
“ဟားဟား ခင်ဗျားက လူရိုင်းဇာတ်ကောင်ရှေ့မှာ ပုဆိန်စွမ်းလာပြရဲတယ်ပေါ့...”
ဖှေးလှောင်ပြောင်ရယ်မောပြီး [ဘူးလ်-ခေးတို့စ်၏ကလေးငယ်များ]စုံတွဲပစ္စည်းများထဲမှာ တစ်ခုဖြစ်သည့် ကိုလိုဆက်ဓားကိုဆွဲထုတ်လိုက်သည်။ ချက်ချင်းပင် စုံ
လိုက်ပစ္စည်းနှစ်ခုလုံးကိုတပ်ဆင်လိုက်ပြီဖြစ်သည်။ ဓားနှစ်လက်ဖြတ်သန်းသွားပြီး သွေးစွန်းကြေးစားစစ်သည်များမည်မျှပင် ကြိုးစားခုခံစေကာမူ သူတို့သည် တံစ
ဥ်းအောက်တွင်ရှိနေသည့်ကောက်ပင်များကဲ့သို့ပင်။
မကြာမှီတွင် ဖှေးလက်ထဲတွင်ရှိနေသည့် ဓားနှစ်လက်နှင့် ထိပ်ပြောင်၏ ပုဆိန်တို့တွေ့ဆုံကြတော့သည်။
ချွင်
ညအမှောင်ထဲတွင် မီးပွားစများလင်းလတ်သွား၏။
“ဖွီး....ဒါမဖြစ်နိုင်ဘူး...”
ထိပ်ပြောင်နှင့် လူသန်ကြီး၏ ပါးစပ်မှာ ရုတ်တရက်သွေးများပန်းထွက်လာတော့သည်။ သူ၏လက်ထဲတွင်ရှိနေသည့် ပုဆိန်နှစ်လက်သည်လည်းအစိတ်စိတ်အမွာမွာဖြ
င့်ကြိုးကြေသွားပြီဖြစ်ပြီး ပုဆိန်ရိုးနှစ်လက်သာ ကျန်ရှိခဲ့တော့၏။ သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ သူမြေပြင်ပေါ်သို့လဲကျသည် အ
ထိခြေလှမ်းများကိုနောက်ဆုတ်နေပြီး လဲကျသွားသည့်တိုင်အောင်အနောက်သို့ဆုတ်နေဆဲဖြစ်သည်။